Chapter 41 (Zawgyi)

2.6K 71 1
                                    

Chapter 41

ချန်းကော၏ မျက်လုံးများက ကျွန်တော့်လက်ထဲက ဖုန်းဆီမှတစ်ဆင့် Cecil ပေးထားသော ဖုန်းကီးချိန်းဆီသို့ ရောက်သွားလေသည် ။

" ချစ်စရာလေးပဲ... "

" အင်း... လက်ဆောင်ရထားတာ... "

" မိန်းမတစ်ယောက်ယောက်ဆီက ရတာလား... "
ချန်းကော၏ ပါးစပ်ကသာ ကီးချိန်းကို ချစ်စရာလေးဟု ပြောနေသော်လည်း သူ၏ အမူအရာက ထိုကီးချိန်းကို ဝါးစားတော့မတတ်ပင် ။

 "ချန်းကော၏ ပါးစပ်ကသာ ကီးချိန်းကို ချစ်စရာလေးဟု ပြောနေသော်လည်း သူ၏ အမူအရာက ထိုကီးချိန်းကို ဝါးစားတော့မတတ်ပင် ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

" အင်း ... ဒီလိုပါပဲ... "
ကျွန်တော် ပြီးပြီးရော စကားကို ဖြတ်ပစ်လိုက်သည် ။

ကျွန်တော် ခုံကနေ အမြန်ဆုံးထလိုက်သည် ။
Mcqueen အခုလောက်ဆို ကျွန်တော့်ကို စောင့်နေလေတော့မည် ။

" ဒီနေ့ ပြဇာတ် လိုက်ပြတဲ့အတွက် ကျေးဇူးတင်ပါတယ်... "

ချန်းကောကို နှုတ်ဆက်ပြီး ပြန်လိုက်တော့မည်ဟု ကြံလိုက်သည် ။

" ကိုယ်တို့ ညစာသွားစားရအောင်လေ... "

" အာ... ဆောရီး  ... ကျွန်တော် လိုက်လို့ မရတော့ဘူး... သူငယ်ချင်းနဲ့ သွားတွေ့ဖို့ ရှိလို့... "
ယခုအထိ သူနှင့်တွေ့ပေးနေရသည်ကပင် တော်လောက်ပြီ လုံလောက်ပြီဟု ကျွန်တော် တွေးလိုက်သောကြောင့် ချက်ချင်း ငြင်းလိုက်မိသည် ။

" ကိုယ် အခုထိ နေ့လည်စာတောင် မစားရသေးဘူးလေ... "
ခင်ဗျားဘာသာ မစားရသေးတာ ကျွန်တော်နဲ့ ဘာဆိုင်လဲဟု အော်ပစ်လိုက်ချင်သော်လည်း စိတ်ကိုသာ ထိန်းလိုက်ရသည် ။

" ကျွန်တော် ညစာစားဖို့ ချိန်းထားပြီးသားလို့ ပြောထားတယ်လေ ချန်းကော... "
ကျွန်တော် အတတ်နိုင်ဆုံး စိတ်ကိုလျှော့ထားသော်လည်း အသံက ခပ်ပြတ်ပြတ် ဖြစ်နေသည် ။

ရေပြင်ပေါ်၌ လမ်းလျှောက်ခြင်း Completed ( မြန်မာဘာသာပြန်)Where stories live. Discover now