Chapter 22 (Unicode)

6K 422 8
                                    

Chapter 22

ချန်းကောဆီက ပြန်လာကတည်းက ကျွန်တော့်စိတ်ထဲတွင် သက်တောင့်သက်သာ မရှိ ဖြစ်ခဲ့ရသည် ။

ကျွန်တော့်စိတ်အခြေအနေ လက်တလော မကောင်းလှပေ ။

မနက်ဖြန်က အလုပ်ပိတ်ရက် ဖြစ်သောကြောင့် Mood လေး ကောင်းအောင် တစ်ခုခုတော့ လုပ်မှဟု တွေးလိုက်မိသည် ။

ဇာတ်လမ်းဇာတ်အိမ် ငြိမ့်ငြိမ့်ညောင်းညောင်း ဖြစ်သော ရုပ်ရှင်ကားမျိုးလေး ကျွန်တော် ကြည့်ချင်မိသည် ။

ကျွန်တော် မကြာခဏ သွားလေ့ရှိသော DVD ဆိုင်ဘက်သို့ ဦးတည်လှည့်လိုက်သည် ။

ထိုသို့ သွားနေရင်းမှ ရုတ်တရက် သူ့ကို သတိရသွားမိသည် ။

" မင်း ကြည့်ချင်တဲ့ ရုပ်ရှင်ကား ရှိရင် ကိုယ့်ဆီက ငှားလို့ ရတယ်နော်... "

Mcqueen ။
Mcqueen ဆီက ငှားလို့ ရတာပဲ ဟု ကျွန်တော် တွေးလိုက်မိသည် ။

ဒါပေမယ့် သူ့နေရာက ဒီကနေဆို အဝေးကြီးပဲလေ ။

ကျွန်တော် DVD လေး တစ်ချပ်ငှားဖို့အတွက် အဲ့လောက် အဝေးကြီး သွားဖို့ လိုရဲ့လား ။

ကျွန်တော် တွေးလို့ မဆုံးမီမှာပင် Mcqueen တို့ဘက်သို့ ဦးတည်သော ရထားပေါ်သို့ ကျွန်တော် တက်ပြီးသွားခဲ့လေပြီ ။

ကျွန်တော့်အဖြစ်ကို ကျွန်တော် ပြန်တွေးပြီး ရယ်မိသွားသည် ။

ဘာပဲ ဖြစ်ဖြစ် စိတ်တော့ နည်းနည်း ပေါ့သွားသည်ဟု တွေးမိသည် ။

ကျွန်တော် ရောက်သွားချိန်၌ အဆောက်အဦး တစ်ခုလုံး တိတ်ဆိတ်နေလေသည် ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ကျွန်တော် ရောက်သွားချိန်၌ အဆောက်အဦး တစ်ခုလုံး တိတ်ဆိတ်နေလေသည် ။

တစ်ယောက်မှ မရှိကြဘူး ထင်တယ် ။

ကျွန်တော် Mcqueen ကို ဖုန်းဆက်ကြည့်လိုက်ရ ကောင်းမလားဟု တွေးမိသည် ။

ရေပြင်ပေါ်၌ လမ်းလျှောက်ခြင်း Completed ( မြန်မာဘာသာပြန်)Where stories live. Discover now