Chapter 31 (Zawgyi)

3.1K 83 2
                                    

Chapter 31

နောက်တစ်ရက်တော့ ကျွန်တော် Mcqueen ဆီသို့ ရောက်သွားခဲ့သည် ။

Mcqueen အကူအညီတောင်းသော ကိစ္စမှာ သူ ရိုက်ကူးထားသည့် Documentary ရုပ်ရှင် တစ်ခုတွင် နောက်ခံစကားပြောပေးရန်သာ ဖြစ်သည် ။

" စကားပြောရင် အသံ အတက်အကျ သိပ်မများဘဲ တည်တည်ငြိမ်ငြိမ် ပြောတတ်တဲ့လူမျိုးကို ကိုယ်က လိုချင်တာ... ကိုယ်တွေးလိုက်တော့ ကိုယ့်ခေါင်းထဲ ပေါ်လာတာ မင်းပဲ Edd... "

Mcqueen က ပြုံးပြီးပြောသည် ။

Documentary က ထောင်သားတစ်ယောက်နှင့် အင်တာဗျူး လုပ်ထားသော အကြောင်း ဖြစ်ပြီး ကျွန်တော် လိုလိုလားလားပင် ကူညီပေးဖို့ သဘောတူလိုက်သည် ။

ထိုအင်တာဗျူး၏ ရည်ရွယ်ချက်ကို ကျွန်တော် မေးချင်သော်လည်း မမေးဖြစ်ခဲ့ ။

" ကျေးဇူးတင်ပါတယ် နူးညံ့တဲ့ အသံပိုင်ရှင်လေးရေ... "

Mcqueen က ကျွန်တော့်ကို ချိုသာစွာ ပြောလာရင် ကျွန်တော့်ရင်ထဲ လှပ်ကနဲ ခုန်သွားမိသည် ။

ဗီဒီယိုကို နှစ်ယောက်သား အထပ်ထပ် ပြန်ကြည့်ပြီးချိန်တွင်တော့ သူရော ကျွန်တော်ပါ ပျင်းနေကြပြီ ဖြစ်သည် ။

" ဒီဗီဒီယိုပဲ အခေါက်ခေါက် ပြန်ကြည့်နေရပြီး အခန်းထဲပဲ နေနေရတာ မွန်းကျပ်နေပြီမလား... ကိုယ်တို့ အပြင်ထွက် လမ်းလျှောက်ကြမလား... အခု မိုးလည်း တိတ်သွားပြီ ဆိုတော့... "

ကျွန်တော်ကိုယ်တိုင်လည်း ပျင်းနေပြီမို့ ခေါင်းကို အမြန်ညိတ်လိုက်မိသည် ။

ကျွန်တော်ကိုယ်တိုင်လည်း ပျင်းနေပြီမို့ ခေါင်းကို အမြန်ညိတ်လိုက်မိသည် ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

" ကိုယ် အဝတ်အစား သွားလဲ လိုက်ဦးမယ် Edd... ခဏ စောင့်ဦးနော်... "

ရေပြင်ပေါ်၌ လမ်းလျှောက်ခြင်း Completed ( မြန်မာဘာသာပြန်)Where stories live. Discover now