Chapter 47 (Zawgyi)

1.8K 73 0
                                    

Chapter 47

Mcqueen ၏ ဘဝအကြောင်းကို ရေးသားထားသည့် ရုပ်ရှင်သည် မထင်မှတ်လောက်စွာပင် အောင်မြင်သွားခဲ့ပြီး ရုပ်ရှင်ပွဲတော်များ၏ ဆုပေးပွဲများအတွက် ဇကာတင်စာရင်းများစွာ ပါဝင်လာလေသည် ။
ဝတ္ထုကို ရေးသော သူကိုပါ ဇကာတင်စာရင်းတွင် ထည့်သင့်သည်ဟု ရေးထားသော ဆောင်းပါးမျိုးကိုပင် ကျွန်တော် ဖတ်ရှုခဲ့ရသေးသည် ။

" ရုပ်ရှင်ထဲမှာ အမှန်တရားကို အမြဲ ရှာဖွေပြီး ဖြောင့်မတ်ခဲ့တဲ့ လူငယ်လေးဟာ အပြင်လောကမှာတော့ Porn ရိုက်တဲ့သူတစ်ယောက် ဖြစ်သွားခဲ့သတဲ့လေ... "
Mcqueen ဆီက ကျွန်တော် ကြားခဲ့ဖူးသော စကားပင်ဖြစ်သည် ။
" လူတွေက ဒီလို ဇာတ်သိမ်းမျိုးကိုကျတော့ လိုချင်ကြမှာ မဟုတ်ဘူး ယော့ဝန်းရဲ့... သိပ်ဝမ်းနည်းဖို့ကောင်းတယ်လေ... "
Mcqueen ၏ သက်ပြင်းချသံ သဲ့သဲ့ကိုပါ ကြားခဲ့ရသည် ။

ရုပ်ရှင်ပိုစတာအရှေ့တွင် ကျွန်တော် ရပ်ရင်း တွေးတောငေးမောနေချိန်တွင် စကားသံ တစ်ခုကို ကြားလိုက်ရသည် ။
" အိုး... ကျွန်တော်တို့ ထပ်တွေ့ကြပြန်ပြီနော်... တိုက်ဆိုင်လိုက်တာ... ကျွန်တော့်ကို မှတ်မိသေးလားဗျ... "
ထိုအမျိုးသားသည် ဟိုးတစ်လောကမှ ကျွန်တော် ရထားပေါ်၌ တွေ့ခဲ့ဖူးသော သတင်းထောက် အမျိုးသားမှန်း ကျွန်တော် မှတ်မိသွားရသည် ။
" ဘူတာမှာတုန်းက ကျွန်တော့် လိပ်စာကဒ်ပေးပြီး ကျွန်တော် ခင်ဗျားဖုန်းကို စောင့်နေပါ့မယ်လို့ ပြောခဲ့ဖူးတယ်လေ... "

ကျွန်တော် ဘာမှ ပြန်မပြောဘဲ ငြိမ်သက်နေလိုက်သည် ။ " ဒါပေမယ့် ကျွန်တော် မြင်ခဲ့ရတာကတော့ ခင်ဗျား နည်းနည်းလေးတောင် တုံ့ဆိုင်းမှု မရှိဘဲ အဲ့တာကို အမှိုက်ပုံးထဲကို လွှင့်ပစ်ခဲ့တယ်လေ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ကျွန်တော် ဘာမှ ပြန်မပြောဘဲ ငြိမ်သက်နေလိုက်သည် ။
" ဒါပေမယ့် ကျွန်တော် မြင်ခဲ့ရတာကတော့ ခင်ဗျား နည်းနည်းလေးတောင် တုံ့ဆိုင်းမှု မရှိဘဲ အဲ့တာကို အမှိုက်ပုံးထဲကို လွှင့်ပစ်ခဲ့တယ်လေ... "

ရေပြင်ပေါ်၌ လမ်းလျှောက်ခြင်း Completed ( မြန်မာဘာသာပြန်)Where stories live. Discover now