Chapter 21 (Unicode)

5.9K 392 6
                                    

Chapter 21

ကျွန်တော် ချန်းကော၏ အကြည့်များကို ပုံဖော် အဓိပ္ပါယ် ရှာမိသည် ။

ထိုအကြည့်များသည် " မင်းဟာ တော်တော် မျက်နှာပြောင် တိုက်ပြီး အရှက်မရှိတာပဲ " ဟု စွပ်စွဲနေသည့် အကြည့်များဟု ကျွန်တော့် စိတ်ထဲ ခံစားမိရသည် ။

ထိုအကြည့်များကို ငယ်စဥ်ကတည်းကပင် ကျွန်တော် ရင်းနှီး အသားကျခဲ့ဖူးပြီးသား မဟုတ်ပါလား  ။

အတွေးထဲတွင် ကျွန်တေယ်နှင့် ချန်းကောတို့၏ အတိတ်အကြောင်း ပြန်ပေါ်လာလေသည် ။

အတိတ်တွင် ကျွန်တော်တို့ ဆက်ဆံရေးသည် ထင်သလောက်တော့ မဆိုးခဲ့ကြပါ ။

ကျွန်တော် ကလေးဘဝတုန်းက ချန်းကောနှင့် ကျွန်တော့်ကြားတွင် သွေးသားတော်စပ်မှု ရှိလိမ့်မည်ဟု ယုံကြည်ခဲ့ဖူးသည် ။

ချန်းကောသည် ကျွန်တော်နှင့် တစ်နည်းနည်းအားဖြင့်များ အမျိုးတော်နေလေမလားဟု တွေးခဲ့ဖူးသည် ။

ချန်းကောသည် ကျွန်တော်နှင့် တစ်နည်းနည်းအားဖြင့်များ အမျိုးတော်နေလေမလားဟု တွေးခဲ့ဖူးသည် ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

" မင်းနဲ့ ချန်လျှို့နဲ့က ရုပ်ချင်း အရမ်းဆင်တယ်နော်... ငါဆို စတွေ့ကာစတုန်းက မင်းတို့ နှစ်ယောက်ကို ညီအစ်ကို အရင်းတွေလို့ ထင်နေခဲ့တာ... "

ကျွန်တော်တို့ နှစ်ယောက်ကို အတူ တွဲတွေ့ဖူးသူတိုင်းဆီမှ ကြားနေကျ စကားပင် ဖြစ်သည် ။

အနောက်နိုင်ငံသားများ၏ မျက်လုံးထဲတွင် အာရှသားများ အားလုံး ရုပ်အတူတူဟုများ ထင်နေကြသလား မပြောတတ် ။

သို့သော်လည်း သူတို့ ပြောကြသလို တူသည်ကတော့ တကယ် တူလေသည် ။

တဖြည်းဖြည်း ကြီးလာသောအခါမှ ကျွန်တော်တို့ နှစ်ယောက် ကြားတွင် နေပုံထိုင်ပုံ အပြုအမူတို့က အလွန်ပင် ခြားနားကြကြောင်း သိရှိလာရသည် ။

ရေပြင်ပေါ်၌ လမ်းလျှောက်ခြင်း Completed ( မြန်မာဘာသာပြန်)Where stories live. Discover now