Chapter 61 (Unicode)

4K 311 18
                                    

Chapter 61

ကျွန်တော် ရုတ်တရက် အဖွားလင်းပေါင် မဆုံးမီ တစ်ပတ်အလိုက ညနေခင်းကို သတိရလိုက်မိသည် ။

" ချန်းကော  ... စောင့်ရှောက်ရေး ဂေဟာက ဖုန်းဆက်လာတယ်... အဖွားလင်းပေါင် နေမကောင်းဘူးတဲ့... ကျွန်တော်တို့ အတူ သွားကြည့်ကြရအောင်လေ... နော်... ကျွန်တော့်ကို ခေါ်သွားပေးနော်.. "

ထိုစဥ်က ကလေးသာသာ အရွယ်သာ ရှိသေးသော ကျွန်တော်သည် စောင့်ရှောက်ရေး ဂေဟာကို တစ်ယောက်ထဲ မသွားတတ်သောကြောင့် ချန်းကောကို အကူညီတောင်းခဲ့ရသည် ။

အဖွာလင်းပေါင် ထိုနေရာတွင် တစ်ယောက်ထဲ ဖြစ်နေမည်ကို ကျွန်တော် စိုးရိမ်ခဲ့မိသည် ။
သူ့မြေးအရင်း အဖြစ် ဟန်ဆောင်ရင်းပဲ ဖြစ်ဖြစ် အဖွားအနားတွင် နေပေးချင်ခဲ့မိသည် ။

" သူက ဖျားတာပဲလေ... သေခါနီး ဖြစ်နေတာမှ မဟုတ်တာ... မင်းသွားချင်ရင် မင်းဘာသာမင်း သွားပေါ့... "
ချန်းကော အသံက အေးစက်လျက် ။

" ချန်းကော... ဘာလို့ အဖွားကို မုန်းရတာလဲ... ဘာပဲ ဖြစ်ဖြစ် အဖွားက ကောရဲ့ မိသားစုဝင်ပဲလေ... "

" ငါ့မှာ မိသားစု ဆိုတာ မရှိဘူး... ငါက တစ်ကောင်ကြွက်  ... "

ထို့နောက် ကျွန်တော့်ကို စပ်ဆုတ်သလို ကြည့်ပြီး ပြောလာလေသည် ။

" မင်းရောပဲ... မင်းကလည်း ငါ့အတွက် ဘာမှ မဟုတ်ဘူး... ငါတို့ ကြားထဲကို ဝင်ရှုပ်နိုင်တာနဲ့ပဲ မင်းကိုယ်မင်း ငါတို့ရဲ့ မိသားစုဝင် ဖြစ်လာလိမ့်မယ်လို့ တွေးမနေနဲ့ ... ဘယ်သူကမှ ဒီလို အတုအယောင်ကို မလိုချင်ဘူး..   "

ကျွန်တော် ထိုစဥ်က ချန်းကောကို ဝမ်းနည်းစွာ ပြန်ကြည့်ခဲ့မိသည် ။
ထိုအချိန်မှစ၍ ကျွန်တော့်ဘဝတွင် ချန်းကောကို ဘယ်သောအခါမှ မလိုအပ်တော့ဘူးဟု တွေးခဲ့မိပုံပင် ။

ထိုနေ့က ကျွန်တော် လွန်စွာ အရှက်ရခဲ့ပြီး ချန်းကောကို ဘယ်သောအခါမှ တစ်သက်လုံး ပြန်မတွေ့တော့ဟု ဆုံးဖြတ်ချက် ချခဲ့သည် ။

သို့သော်လည်း ကျွန်တော်က သူ့ကို ရှောင်ခဲ့သောအခါ ချန်းကောက ကျွန်တော့်ကို ပြန်လာရှာခဲ့ပြီး ကြင်နာမှုတို့ ပြခဲ့ ပြန်လေသည် ။

ရေပြင်ပေါ်၌ လမ်းလျှောက်ခြင်း Completed ( မြန်မာဘာသာပြန်)Where stories live. Discover now