Chapter 42 (Unicode)

4.6K 354 4
                                    

Chapter 42

အရှေ့က ထွက်သွားသော Mcqueen ၏ ကျောပြင်ကို ကြည့်ရသည်မှာ အေးစက်ပြီး သူစိမ်းဆန်နေသလို ခံစားရသည် ။
Mcqueen ၏ ဝမ်းနည်း စိတ်မကောင်းဖြစ်မှုအတွက် မည်သို့မည်ပုံ နှစ်သိမ့်ပေးရမည်ကို ကျွန်တော် မစဥ်းစားတတ်အောင် ရှိရသည် ။

သို့သော် ကျွန်တော့်တွင် အခြားရွေးခြယ်စရာ မရှိ ။
ယခု လုပ်နိုင်သော တစ်ခုတည်းသော အရာမှာ Mcqueen အနောက်သို့ ခြေလှမ်းကျဲကြီးများနှင့် လိုက်ရန်သာ ရှိတော့သည် ။

Mcqueen က ဘေးနားက ဟိုတယ်ထဲသို့ ဝင်သွားသည် ။
ကျွန်တော် လိုက်ဝင်ရကောင်းနိုး မဝင်ရကောင်းနိုး စဥ်းစားနေချိန်၌ပင် Mcqueen က ကျွန်တော့်ကို မျက်မှောင်ကျုံ့၍ လှည့်ကြည့်လေသည် ။
ဘာလို့ ဝင်မလာသေးတာလဲ ဟူသော အကြည့်မျိုး ဖြစ်သည် ။

ကျွန်တော် ကူကယ်ရာမဲ့စွာပင် လိုက်ဝင်သွားလိုက်တော့ Mcqueen က hotel reception တွင် အခန်းယူနေလေသည် ။

ဤနေရာသည် Mcqueen နေသော နေရာနှင့်ဆိုလျှင် မဝေးလှ ။
သို့သော်လည်း Mcqueen က သူ့နေရာအထိ သွားဖို့ပင် မစောင့်နိုင်လောက်အောင် လောနေပြီလား မသိ ။
တစ်ရက်လျှင် ဒေါ်လာ 2500 ကျော် ပေးရသော အကောင်းဆုံးအခန်းကို ရွေးချယ်လိုက်သည်မှာလည်း သူ့စိတ်ထွက်ပေါက် တစ်ခုအတွက်ပင် ထင်သည် ။

အခန်းက ထင်ထားသည်ထက်ပင် ပို၍ ခမ်းနားလှပနေလေသည် ။
သို့သော်လည်း ယခုအချိန်သည် အခန်း မည်မျှ လှပကြောင်း စာဖွဲ့နေရမည့်အချိန် မဟုတ်ပေ ။

Mcqueen အား စိတ်သက်သာရာ ရစေရန် မည်သို့သော စကားလုံးများဖြင့် နှစ်သိမ့်ရပါမည်လဲ ဟု ကျွန်တော် စဥ်းစားနေမိသည် ။
မည်သို့ပင် ပြောသည်ဖြစ်စေ ထိုစကားတို့သည် ဆင်ခြေဆင်လက် တစ်ခုသာ ဖြစ်နေပေလိမ့်မည် ။

အခန်းထဲ ရောက်သည်နှင့် Mcqueen က သူ့အပေါ်ဝတ်ကို ချွတ်လိုက်ပြီး ကျွန်တော့်နားကပ်လာကာ ကျွန်တော့်ခါးကို လာဖက်လေသည် ။
ထို့နောက်တွင် Mcqueen ၏ လက်များက ခါးမှတစ်ဆင့် ကျွန်တော့် ဘောင်းဘီကြားထဲသို့ ဝင်လာပြီး ကျွန်တော့် တင်ပါး ဖြူဖြူဖွေးဖွေးလေးကို လာညှစ်နေလေတော့သည် ။

ရေပြင်ပေါ်၌ လမ်းလျှောက်ခြင်း Completed ( မြန်မာဘာသာပြန်)Where stories live. Discover now