Chapter 1 (Unicode)

36.6K 1.1K 23
                                    

Intro Chapter

'' အရပ်အမြင့်? "

" ၆ ပေ ( 182cm) ပါ "

" အရင်က ဒီလိုမျိုး Gay Porn တွေ ရိုက်ခဲ့ဖူးလား? "

ကျွန်တော် ခေါင်းခါလိုက်သည် ။

" ဟင့်အင်း... "

" ကိုယ်တို့ စပြီး ရိုက်တော့မယ်နော်... ဒါနဲ့ Gay Porn အကြောင်းကိုတော့ နည်းနည်းပါးပါး နားလည်ရဲ့ မဟုတ်လား... ? "

တစ်ဖက်က အမျိုးသားက အနည်းငယ်မျှပင် ရှိုးတို့ရှန်းတန်း ဖြစ်ပုံ မပေါ်ဘဲ ကျွန်တော့်ကို မေးလိုက်ခြင်း ဖြစ်သည် ။

ကျွန်တော် မျက်နှာ ရဲသွားရသည် ။
နှုတ်မှ အဖြေပြန်မပေး ။
မျက်လုံးမှိတ်ပြီး ခေါင်းကိုသာ လေးပင်စွာ ငြိတ်လိုက်သည် ။

" ကဲ... ဒါဆိုရင် စလိုက်ရအောင်... "

မီးများ လင်းထိန်လာသည် ။
ရိုက်ကူးရေး စချေပြီ ။

မီးများ လင်းထိန်လာသည် ။ ရိုက်ကူးရေး စချေပြီ ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


Chapter 1

မည်းမှောင်အုံ့မှိုင်းသလိုရှိသော်လည်း ခမ်းနားကြီးကျယ်ပုံရသော နေရာ ။
ထိုနေရာ၌ အမျိုးသား အမျိုးသမီးများစွာတို့သည် ပြည့်တန်ဆာ အဖြစ် လှုပ်ရှားလုပ်ကိုင် အသက်မွေးလျက် ရှိကြသည် ။

ကျွန်တော် ထိုနေရာ အဆောက်အဦကို ငေးမောကြည့်နေမိသည် ။
" ဘုရားသခင် ပညတ်ထားသော အပြစ်ဒဏ် " ဟူသည့် စကားလုံးသည် ကျွန်တော့်ခေါင်းထဲ၌ ဗလာသက်သက်မျှသာ ဖြစ်နေလေသည် ။

ထိုနေရာသို့ ကျွန်တော် ရောက်လာရပုံကို စတင်ပြောပြချင်သည် ။
လွန်ခဲ့သည့် ရက်သတ္တပတ်တစ်ခုမှ အစပြုရပေမည် ။

ပြင်းထန်ပင်ပန်းသော နေ့တစ်နေ့၏ အလုပ်ခွင် အပြီး၌ ကျွန်တော် သူငယ်ချင်းများနှင့် ညဘက် ဘားသို့ သွားစဥ် တစ်ဖက်ဝိုင်းမှ အမျိုးသားတစ်ယောက်၏ အသံကို ကြားခဲ့ရခြင်းဖြစ်သည် ။

ရေပြင်ပေါ်၌ လမ်းလျှောက်ခြင်း Completed ( မြန်မာဘာသာပြန်)Where stories live. Discover now