Chapter 50 (Unicode)

3.7K 340 23
                                    

Chapter 50

" မင်း တစ်ချိန်လုံး အိမ်မှာပဲ ရှိနေခဲ့တာလား ယော့ဝန်း... ကိုယ်မင်းကို မင်းတို့ တိုက်အောက်မှာ စောင့်နေခဲ့တာ... "
Mcqueen က ခေါင်းငုံ့ကာ ပြောနေသည် ။
သူ့ပုံစံမှာ လူနှင့် အသိစိတ်တို့ မကပ်သည့်ပုံပင် ။

" အင်း... ဟုတ်တယ်... ကျွန်တော် Mcqueen ကို ဆက်သွယ်လို့ မရလို့ စိတ်ပူနေတာ... ဖုန်းဆက်တော့လည်း ဆက်မရဘူး...  "

Mcqueen က သူ့ဖုန်းကို အိတ်ထဲက ထုတ်ပြီး ကြောင်တောင်တောင် ကြည့်နေလေသည် ။
" အိုး... ကိုယ့်ဖုန်း... ဟုတ်သားပဲ... တစ်ချိန်လုံး ဖုန်း အဝင်ကောလ်တွေ အများကြီး ဝင်ပြီး နောက်ဆုံး ဘက်ထရီပါ အားကုန်ပြီး ဖုန်းပိတ်သွားတာပဲ... "

Mcqueen က နွမ်းနယ်နေသော အပြုံးတို့ဖြင့် ပြုံးလာလေသည် ။

Mcqueen ၏ နွမ်းလျသော အပြုံးတို့ကို မြင်ရလျှင် ကျွန်တော့် ရင်ထဲ စိတ်မကောင်း ဖြစ်လိမ့်မည်ဟု မျှော်လင့်ခဲ့မိသည် ။
ထို့အပြင် သူ့ကို ဆက်သွယ်၍ မရသောကြောင့် စိတ်ပူမိခြင်းအပေါ် ကျွန်တော် Mcqueen ထံမှ ချီးကျူးမှုခံစားရလိမ့်မည်ဟု မျှော်လင့်ခဲ့မိသည် ။

သို့သော် ထူးဆန်းစွာပင် ကျွန်တော့်ရင်ထဲ၌ ဘာခံစားမှုမှ ဖြစ်မလာခဲ့ပေ ။
Mcqueen က အံကြိတ်လျက် ဖုန်းကို တင်းတင်း ဆုပ်ကိုင်ထားလေသည် ။

" အင်း... "
ကျွန်တော် အေးစက်စွာပင် ပြန်ဖြေလိုက်မိသည် ။

" မင်း ညစာ စားပြီးပြီလား ယော့ဝန်း... "

" မစားရသေးဘူး... "
အမှန်တော့ စားချင်စိတ် မရှိခြင်းသာ ။

" ဒါဆိုရင် ကိုယ်တို့ အပြင်ထွက်ပြီး သွားစားကြရအောင်... ကိုယ် မနက်ထဲက အခုထိ ဘာမှ မစားရသေးဘူး... ကိုယ် အတော်လေး ဗိုက်ဆာနေပြီ... "

ကျွန်တော် မငြင်းဘဲ Mcqueen အနောက်က တိတ်တဆိတ်လိုက်လျှောက်လာလိုက်မိသည် ။

ဆိုင်ထဲတွင် ထိုင်မိကြတော့ TV တွင် Mcqueen အကြောင်းက သတင်းထဲ ပါနေလေသည် ။
အိုး... ဘယ်နေရာရောက်ရောက် ဒီအရိပ်ကြီးက မလွတ်မြောက်နိုင်ပါ့လား ။
ကျွန်တော့် စိတ်ထဲ အလွန်ပင် ရှုပ်ထွေးနေခဲ့မိလေသည် ။

ရေပြင်ပေါ်၌ လမ်းလျှောက်ခြင်း Completed ( မြန်မာဘာသာပြန်)Where stories live. Discover now