Chapter 13 (Zawgyi)

4.6K 81 0
                                    

Chapter 13

New York မြို့သည် လွန်ခဲ့သည့် အပတ်မှ စ၍ မိုးများ သည်းထန်စွာ ရွာသွန်းနေခဲ့လေသည် ။

နေသာသော နေ့ရက်များ ကုန်လွန်သွားခဲ့ချေပြီ ။

လေဆိပ်တွင် အချိန်နောက်ကျနေသော လေယာဉ်များ ၊ ဒေါသထွက်နေသော ခရီးသည်များဖြင့်သာ ပြည့်နှက်နေသည် ။

လမ်းများသည်လည်း ရေများ ကြီးလျက် ကားများသည် သတိကြီးစွာ မောင်းနှင် သွားလာနေကြရသည် ။

ကျွန်တော် မိုးရေတွေ ကြားမှ Mcqueen တို့ ရုံးခန်း ရှိရာသို့ ရောက်အောင် လာခဲ့ရသည် ။

ကုမ္ပဏီကို ရောက်တော့ အားလုံး အလုပ်ရှုပ်နေကြလေသည် ။

" တို့တွေ ရိုက်ကူးရေးအတွက် အင်္ဂလန် သွားရမှာနော်... သွက်သွက်လုပ်ကြပါဟဲ့... "

ဂျနီဖာက အဖွဲ့သားတွေကို လောဆော်နေသည် ။

ကျွန်တော်နှင့် Lancer တို့ ရိုက်မည့် episode အတွက်လည်း ပြင်ဆင်နေဆဲ ဖြစ်လေသည် ။

Janine က ကျွန်တော် ဝင်လာသည်ကို မြင်သွားသည် ။

" Ed ရေ... ကြိုဆိုပါတယ်... ဒီမှာတော့ မြင်တဲ့အတိုင်းပဲ မနက်ထဲက အလုပ်တွေ တအား ရှုပ်ယှက်ခတ်နေတာ... Ed တို့ ရိုက်ကူးရေး အတွက်လည်း ပြင်ဆင်နေတုန်းပဲ... စိတ်မရှိဘူး ဆိုရင် ဒုတိယထပ် တက်သွားပြီး ခဏ စောင့်နေပေးပါလား  ... "

" အိုကေ... စောင့်နေလိုက်မယ်... "

ကျွန်တော် ဒုတိယထပ်ကို တက်လာလိုက်သည် ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


ကျွန်တော် ဒုတိယထပ်ကို တက်လာလိုက်သည် ။

အခန်းတံခါးကို ဖွင့်ပြီး ဝင်လိုက်ချိန်တွင်တော့ ဆိုဖာပေါ်၌ အိပ်နေသော Mcqueen ကို မြင်လိုက်ရလေသည် ။

ရေပြင်ပေါ်၌ လမ်းလျှောက်ခြင်း Completed ( မြန်မာဘာသာပြန်)Where stories live. Discover now