Chapter 56 (Unicode)

3.6K 323 8
                                    

Chapter 56

ထိုနေ့က ကျွန်တော် Mcqueen နှင့် ချန်းကောတို့ကို ထားခဲ့ကာ ထွက်သွားပြီးနောက် သူတို့ နှစ်ယောက်တည်း အောက်မှာ ကျန်ခဲ့ကြသည် ။

ထိုနေ့က သူတို့ နှစ်ယောက် အဆင်ပြေပြေ ပြီးသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့သော်လည်း ယခုလောက်အထိ ဆိုးသွားလိမ့်မည်ဟုတော့ မထင်မိခဲ့ ။

ယခု တွေ့လိုက်ရသော Mcqueen မျက်နှာသည် အညိုအမဲတို့ စွဲနေပြီး သူနှင့် ချန်းကောတို့ ထိုနေ့က ရန်ဖြစ်ပြီး ထိုးကြိတ်ခဲ့ကြကြောင်းကို သက်သေ ပြနေလေသည် ။

Mcqueen ၏ အစဥ်သဖြင့် ခန့်ညားလျက်ရှိသော မျက်နှာလေးတွင် အနာတရ ဒဏ်ရာ ရခဲ့လေပြီ ။

အပြင်က ရာသီဥတုက အလွန်အေးနေသည် ။
ထို့ကြောင့် သူ့ဒဏ်ရာတို့မှာ ကျိန်းသေပေါက် ကိုက်ခဲနေပေလိမ့်မည် ။

ကျွန်တော် အေးနေသော ညအချိန်၌ ကားအပြင်၌ ရပ်ရင်း ကျွန်တော့်ကို ရပ်စောင့်နေရှာသော Mcqueen အပေါ် ကြင်နာ ကရုဏာသက်စိတ် ဖြစ်သွားရလေသည် ။

" အပြင်မှာ အေးနေတယ် ... အထဲသွားပြီး စကားပြောရအောင်... "

ကျွန်တော်တို့ အနီးအနားရှိ ဘား တစ်ခုသို့ အတူ ဝင်ဖြစ်ကြသည် ။
ဆိုင်တွင် ထိုင်ကြတော့ Mcqueen က ကျွန်တော့် လက်မှ ပတ်တီးစီးထားသော ဒဏ်ရာကို ဂရုတစိုက် ကြည့်နေသည် ။

" ယော့ဝန်း... မင်းလက် ဘာဖြစ်တာလဲ... "

" ကျွန်တော် ခိုက်မိထားတာ... "

" ... "

Mcqueen ၏ ပုံစံကို ကြည့်ရသည်မှာ ထပ်မေးချင်နေသေးပုံပေါ်သည် ။
သို့သော်လည်း ထိုဒဏ်ရာသည် ချန်းကော၏ အတင်းအကျပ် ဆက်ဆံမှုကြောင့် ရလာသော ဒဏ်ရာဖြစ်ကြောင်း Mcqueen ကို ကျွန်တော် မပြောပြလိုပေ ။

" ဆေးလိပ်သောက်ဦးမလား... "

Mcqueen က ကျွန်တော့်ကို ဆေးလိပ်ဗူး လှမ်းပေးလာသည် ။
ထိုဆေးလိပ်သည် တစ်ခါက သူ ကျွန်တော့်အတွက် တစ်ပါကင် ဝယ်ပေးခဲ့ဖူးသော သူနှင့် ကျွန်တော် နှစ်သက်ခဲ့ရသည့် ဆေးလိပ်ဖြစ်သည် ။

" ကျွန်တော်... ဆေးလိပ်ဖြတ်လိုက်ပြီ... "

 "

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ရေပြင်ပေါ်၌ လမ်းလျှောက်ခြင်း Completed ( မြန်မာဘာသာပြန်)Where stories live. Discover now