Chapter 36 (Zawgyi)

2.4K 88 0
                                    

Chapter 36

အိမ်သွားကြည့်ရန် ကျွန်တော်တို့ ချိန်းထားသော နေရာသို့ Janine ရောက်လာချိန်တွင် Mcqueen လည်း ပါလာသည်ကို ကျွန်တော် တွေ့လိုက်ရသည် ။

" ဟေး Edd "

" ဟေး Janine... Mcqueen လည်း ပါလာတာကိုး... "

" ကိုယ် မင်းနဲ့ တူတူ သွားချင်လို့ Edd... ဘာလို့လဲ ဆိုတော့ အိမ်ပိုင်ရှင်က ကိုယ်နဲ့ သိတယ်လေ... ခဏနေရင် တွေ့ပါလိမ့်မယ်... "

ခေတ္တခဏမျှ လမ်းလျှောက်ပြီးသောအခါ လမ်းတစ်လမ်းသို့ရောက်လာသည်တွင် Janine က တိုက်တစ်ခုကို လက်ညှိုးထိုးပြပြီး ပြောလေသည် ။

" ရောက်ပြီ Edd... ဒီတိုက်ပဲ... သူကတော့ အခန်း ဆေးသုတ်နေတယ်... "

ကျွန်တော် တိုက်ကို မော့ကြည့်လိုက်သည် ။
တိုက်သည် ကျွန်တော့်အလုပ်နှင့်နီးပြီး နေရာကလည်း အရမ်းကြီး ချောင်မကျသောကြောင့် မဆိုးလှပေ ။

ကျွန်တော်နေရမည့်အခန်းသည် ၄ လွှာတွင် ရှိသောကြောင့် အနည်းငယ် မြင့်သည်ဟု ဆိုနိုင်သော်လည်း အရမ်းတော့ မဆိုးလှ ။

ထို့အပြင် Manhattan လိုနေရာမျိုးတွင် ပြူတင်းပေါက်ပါသော အခန်းကျယ်တစ်ခန်းကို ဤဈေးဖြင့် နေနိုင်သည်ကပင် တော်လှချေပြီ ။

" ဒီအခန်းကို ရတဲ့အတွက် Lehman ကို ကျေးဇူးတင်ရမယ်... Edd မှတ်မိတယ် မလား ... Edd နဲ့ ရုပ်ရှင်တူတူ ရိုက်ဖူးတဲ့ ဟိုအိမ်ခြံမြေအကျိုးဆောင်လေ... "

Janine ပြောပြလိုက်မှပင် ကျွန်တော့်ကို လိပ်စာကဒ်ပေးဖူးသော ထိုတစ်ယောက်ကို ပြန်သတိရသွားမိသည် ။

" Ahh... ကျွန်တော် မှတ်မိပြီ... "

" အခန်း ၄၀၂ ပဲ "

အခန်းရှေ့ ရောက်တော့ Mcqueen က ဘဲလ်ကို တီးလိုက်သည် ။

တံခါးလာဖွင့်ပေးသည်က ၅ နှစ်ခန့်အရွယ် ကလေးလေး တစ်ယောက် ဖြစ်ပြီး Mcqueen ကို မြင်သည်နှင့် ဝမ်းသာအားရ Mcqueen အပေါ် ခုန်တက်လေသည် ။

" ဟာ Mcqueen "

" ဟေး Cecil... "

" Mcqueen... သားအတွက် ကွတ်ကီးတွေ အရုပ်တွေ ဝယ်လာခဲ့လား... "

ရေပြင်ပေါ်၌ လမ်းလျှောက်ခြင်း Completed ( မြန်မာဘာသာပြန်)Where stories live. Discover now