Chapter 9 (Zawgyi)

4.1K 103 0
                                    

Chapter 9

" ဟေး Mcqueen... ဒီလောက် အစောကြီးကို မီးပိတ်ပြီး ဘာတွေ လုပ်နေတာလဲ "

အမှန်တော့ ၉ နာရီ ကျော်ပြီမို့ မစောတော့ပါ ။
သို့သော် Mcqueen ရုံးခန်းက လိုက်ကာတွေ ပိတ်ထားသည်မို့ မှောင်မည်းနေခြင်းဖြစ်သည် ။

ထိုသူက ပြောပြောဆိုဆို မီးများကိုပါ ဖွင့်လိုက်သည် ။
Mcqueen က ထိုသူကို စိတ်မသက်မသာဖြစ်ဟန် ကြည့်၍ စကားပြန်လေသည် ။

" ဒီအချိန်ကြီး မင်းက ဒီကို ဘာလာလုပ်တာလဲ... ?"

" ဘာလဲ... ? ကျွန်တော် လာလို့ မရဘူးလား...? ကျွန်တော်က ကြိုက်တဲ့အချိန် လာခွင့်ရှိတယ် ထင်နေတာ... "

သူက Mcqueen ကို အမေးဖြင့်သာ ပြန်တုံ့ပြန်သည် ။

" ဒါနဲ့ မင်း ကလေးကကော ?"

" ဘေးအိမ်က အဒေါ်ကြီး ဆီမှာ ခဏထားခဲ့တယ်... ဒါနဲ့ Mcqueen... ခင်ဗျား England မှာ porn ရိုက်ဖို့ ရှိတယ်ဆို... ဟုတ်လား... ? "

ဒီတစ်ကားကတော့ England အထိ သွားရိုက်မည် ဖြစ်သောကြောင့် Mcqueen ကိုယ်တိုင် ဝင်ရောက် သရုပ်ဆောင်မည် ထင်သည် ။

သူက ကျွန်တော်တို့ အနောက်ကို ရောက်လာ၍ Mcqueen ၏ ပုခုံးပေါ်သို့ လက်ကို ပိုင်စိုးပိုင်နင်း တင်လိုက်သည် ။

" ကျွန်တော့်ကိုပါ အတူခေါ်သွားပေး... "

" မဖြစ်ဘူး

Hoppsan! Denna bild följer inte våra riktliner för innehåll. Försök att ta bort den eller ladda upp en annan bild för att fortsätta.

" မဖြစ်ဘူး... ကိုယ်တို့ သွားမယ့်လူတွေ အကုန်လုံး စာရင်းလုပ်ပြီး ပြင်ဆင်ထားပြီးသား... "

" အဲ့လို မလုပ်ပါနဲ့ Mcqueen ရဲ့... "

ထိုသူ၏ အသံက ချွဲချွဲနွဲ့နွဲ့ နိုင်လှသည် ။

" ကျွန်တော်က ကလေးအတွက်လည်း ပိုက်ဆံ ရှာရသေးတယ်လေ... "

ထိုသူ၏ မျက်နှာက Mcqueen ၏ ပါးနားအထိ ကပ်လာသည် ။
Mcqueen က စိတ်မသက်သာလေဟန်ဖြင့် မျက်စိကို မှိတ်ထားလေသည် ။

ရေပြင်ပေါ်၌ လမ်းလျှောက်ခြင်း Completed ( မြန်မာဘာသာပြန်)Där berättelser lever. Upptäck nu