Chapter 49 (Zawgyi)

2K 59 0
                                    

Chapter 49

နောက်တစ်ရက်တွင် သတင်းများ၏ ခေါင်းစီးတွင် ထူးခြားစွာပင် Mcqueen ၏ နာမည်က ပါလာခဲ့လေသည် ။

' ယခုလတ်တလော နာမည်ကြီးနေသော The Insignificant Stories We shared In Bed ရုပ်ရှင်ကား၏ မူရင်းဝတ္ထုမှ ဇာတ်လိုက်ကောင်လေးဟာ အပြင်လောကတွင်တော့ နာမည်ကြီး Gay Porn တွေရိုက်ကူး ထုတ်လုပ်နေတဲ့ Glenn Mcqueen ဆိုသူ ဖြစ်နေသည် '
ဟူသော ခေါင်းစီးက သတင်းများ၏ ထိပ်ဆုံးတွင် ပါလာခဲ့လေသည် ။

" The Insignificant ဟူသော နိုင်ငံတကာရုပ်ရှင် ဇာတ်ကားဟာ ဘာမှ အထူးတလည် ကြော်ငြာခြင်း မပြုဘဲ ရုပ်ရှင်လောကမှ အောင်မြင်ခဲ့ပါတယ် ။ ဒီကားရဲ့ ဒါရိုက်တာဟာ နယူးယော့ခ် ရုပ်ရှင် ပွဲတော်မှာ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့ပါတယ် ။ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာလည်း ဒီကားဟာ အကောင်းဆုံး ဇာတ်ညွှန်းဆုကို ရရှိခဲ့ပါတယ် ။ ဒီကားရဲ့ ဇာတ်ညွှန်းရေးဆရာလို့ ကျွန်မတို့ သိထားကြတာကတော့ Creed ဆိုသူပါ ။ Creed ဟာ ဒီဇာတ်လမ်းဟာ သူ့ဘဝ ဇာတ်ကြောင်း ဖြစ်တယ်ဆိုပြီး ဇာတ်လမ်းစစချင်းမှာထဲက ဝန်ခံထားခဲ့ပါတယ် ။ ဒါပေမယ့် အဲ့သည့် Creed ဆိုသူဟာ Porn လောကမှာ နာမည်ကြီးပြီး Gay Porn များစွာကို ကိုယ်တိုင် ရိုက်ကူး ထုတ်လုပ်နေတဲ့ Glenn Mcqueen ဆိုတာ သိပြီးတဲ့ နောက်မှာတော့ ရုပ်ရှင်လောကကြီး တစ်ခုလုံး Shock ရသွားခဲ့ရပါတယ် ။ "

အခြေအနေက ထင်သည်ထက် ပိုမိုဆိုးဝါးခဲ့လေသည် ။
Mcqueen ၏ ရုံးခန်းအနီးတွင် သတင်းထောက်များ များစွာ ရှိနေကြပြီး Mcqueen ထွက်လာသည်နှင့် မေးခွန်းများ တရစပ် ထွက်ပေါ်လာလေသည် ။

" ခင်ဗျားကိုယ်ခင်ဗျား Creed ဆိုတာ ဘာလို့ ဖုံးကွယ်ထားခဲ့တာလဲခင်ဗျ... "
" ခင်ဗျား ဘာကြောင့် Gay Porn ရိုက်ဖို့ကို ရွေးခြယ်ခဲ့တာလဲ ဖြေပေးပါ... "

သတင်းထောက်များ၏ စိတ်ဝင်စားမှုသည် Mcqueen အပေါ် အပြည့်အဝ သက်ရောက်နေကြလေသည် ။
ရုပ်ရှင်၏ အောင်မြင်မှု ကြီးလေလေ ၊ တန်ပြန် ပေးဆပ်ရမှု များလေလေပင် ဖြစ်သည် ။

Mcqueen က ဘာမှ ပြန်မဖြေဘဲ လက်ကာပြပြီး ရုံးထဲသို့ ပြန်ဝင်သွားသောအခါ အနောက်မှ တီးတိုးပြောသံများက ညံနေခဲ့လေသည် ။

ရေပြင်ပေါ်၌ လမ်းလျှောက်ခြင်း Completed ( မြန်မာဘာသာပြန်)Where stories live. Discover now