Chapter 40 (Unicode)

4.8K 354 13
                                    

Chapter 40

ရှီကျောင်သည် ပိတ်ရက်တိုင်း လူများ ပြည့်နှက်၍ စည်ကားလေ့ရှိသော နေရာ ဖြစ်လေသည် ။
ကျွန်တော် ဝင်လာသည်ကို မြင်လိုက်သည်နှင့် ယွမ်က ဝမ်းသာအားရ ကျွန်တော့်ကို လက်ပြပြီး အော်ကြီးဟစ်ကျယ် အော်ခေါ်လေတော့သည် ။

" ဟေး... ယော့ဝန်း... ဒီကို ဘယ်လို ရောက်လာတာတုန်း... ငါပို့လိုက်တဲ့စာ ရလို့ လာတာလား... "

ယွမ်က လူပျိုဖော်ဝင်လာပြီ ဖြစ်သောကြောင့် နောက်ဆုံး မြင်ခဲ့တုန်းကထက်ပင် အရပ်ပိုရှည်လာ၍ လူကောင် ပိုထွားလာလေသည် ။

ယွမ်က လူပျိုဖော်ဝင်လာပြီ ဖြစ်သောကြောင့် နောက်ဆုံး မြင်ခဲ့တုန်းကထက်ပင် အရပ်ပိုရှည်လာ၍ လူကောင် ပိုထွားလာလေသည် ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


" မင်းကို ချန်းကော တစ်ခုခု မပြောထားဘူးလား ယွမ်... "

" ဟမ်... မပြောထားပါဘူး... ဘာဖြစ်လို့လဲ... "

" ငါ သူနဲ့ အလုပ်လုပ်တော့မလို့ ယွမ်... "
ကျွန်တော် ကူကယ်ရာမဲ့စွာဖြင့် စိတ်လက်မသာမယာ ပြန်ဖြေလိုက်မိလေသည် ။

" ဘာ... ယော့ဝန်း... မင်းရဲ့ သက်တော်စောင့် အလုပ်ကနေ အလုပ်ထုတ်ခံလိုက်ရတာလား ... ဘာဖြစ်လို့ အဲ့ကောင် ချန်းနဲ့ အလုပ်တွဲလုပ်မှာလဲ... ဟမ်... "
ယွမ်က ကျွန်တော့် ပုခုံးကို ဆုပ်ကိုင်ကာ လှုပ်ရင်းမယုံနိုင်သည့်ပုံဖြင့် အသံကျယ်ကျယ် အော်ဟစ်ကာ မေးလေသည် ။

" မဟုတ်ပါဘူး... အလုပ်ထုတ်မခံရပါဘူး... ငါက ဆန်းဒေးနဲ့ မန်းဒေး နှစ်ရက်ပဲ ချန်းကော ဆီမှာ အလုပ်လုပ်မှာပါ... ဘာအလုပ်လဲတော့ မသိပေမယ့် သူက ငါ့ကို အဲ့ ၂ရက် သူနဲ့ လာကူရမယ် ပြောထားလို့... "

" ဘာလုပ်ရမှန်းတောင် မသိဘဲနဲ့ မင်းက ဘယ်လို ကူမှာတုန်း ယော့ဝန်းရ... ဘာလဲ... ပိုက်ဆံကြောင့်ပဲ မဟုတ်လား... "

" အင်း... "
ကျွန်တော် အနည်းငယ် ရှက်ရွံ့စွာဖြင့် ကိုယ့်မျက်နှာကိုကိုယ် လက်ဖြင့် အမှုမှတ်မဲ့ အုပ်ထားလိုက်မိသည် ။
ယွမ်က စိတ်လျှော့လိုက်ပုံဖြင့် သက်ပြင်းချလေသည် ။

ရေပြင်ပေါ်၌ လမ်းလျှောက်ခြင်း Completed ( မြန်မာဘာသာပြန်)Where stories live. Discover now