Chapter 6
ယုံချင်ယုံ မယုံချင်နေ ။
တရုတ်တန်းသည် New York တွင် ဒုစရိုက်မှု အနည်းဆုံးနေရာ ဖြစ်သည် ။ဒီလို လူစည်ကားတဲ့ တရုတ်တန်းမှာ လမ်းလျှောက်နေရတာဟာ ကျွန်တော့်အတွက်တော့ Manhattan ရောက်နေတာထက် တရုတ်ပြည် ရောက်နေတယ်လို့ပဲ တွေးတောမိစေပါတယ် ။
ကျွန်တော်ဟာ ငယ်ငယ်ကတည်းက တရုတ်လူမျိုးတွေကြားမှာ ကြီးပျင်းခဲ့ရသူမို့ အထက်တန်း မတက်ခင်အထိ ကိုယ့်ကိုယ်ကို တရုတ် တစ်ယောက်လို့ပဲ ထင်ခဲ့ဖူးတယ် ။
ဟိုးအတိတ်နေ့တွေကို ကျွန်တေယ် မှတ်မိပါသေးတယ် ။
ကျွန်တော့်အဖိုးဟာ ' အမေရိကန် အိပ်မက် ' အနောက်လိုက်ခဲ့တဲ့ ကိုရီးယားလူမျိုးတွေထဲက တစ်ယောက် ဖြစ်ခဲ့တယ် ။အိပ်မက်တွေ တစ်ပွေ့တစ်ပိုက်ကြီးနဲ့ ဒီ အမေရိကန် မြေပေါ်ကို အချေချခဲ့သူတွေထဲမှာ တစ်ယောက် အပါအဝင်ပေါ့ ။
ဆင်းရဲသားရပ်ကွက်လေးမှာ အဖိုးဟာ အဝတ်လျှော်ဒိုဘီဆိုင် အသေးလေးကို စတင်ဖွင့်လှစ်ခဲ့တယ် ။
အဖိုးနဲ့ ကျွန်တော် ၂ ယောက်ထဲပဲ အမြဲ အတူနေခဲ့ကြတယ် ။
ကျွန်တော့် အသက် ၅ နှစ် နောက်ပိုင်းက စလို့ အမေဆိုတာကို ကျွန်တော် သေသေချာချာ မမှတ်မိခဲ့ဘူး ။" အဖိုး... အမေက ဘယ်တော့ အိမ်ပြန်လာမှာလဲဟင်... "
အဲ့လိုမေးတိုင်း အဖိုးက စိတ်ဆိုး မာန်ဆိုးနဲ့ ပြန်ဖြေလေ့ ရှိတယ် ။
" အဲ့မိန်းမအကြောင်း ထပ်မပြောစမ်းနဲ့... မင်းကို မွေးပြီးတာနဲ့ ထွက်ပြေးသွားတဲ့ မိန်းမ... "
YOU ARE READING
ရေပြင်ပေါ်၌ လမ်းလျှောက်ခြင်း Completed ( မြန်မာဘာသာပြန်)
RomanceAbout the life and love of Gay Porn Actors Total 62 Chapters + 4 extra Chapters