Chapter 4 (Zawgyi)

5.3K 127 0
                                    

Chapter 4

ဖုန်း Ringtone မြည်လာချိန်သည် ကျွန်တော် ရေချိုးနေချိန် ဖြစ်သည် ။
ရေချိုးခန်းမှ ပြန်ထွက်လာချိန်တွင်တော့ ဖုန်းမှာ ကျသွားခဲ့ပြီဖြစ်သည် ။

တဘက်နှင့် ကိုယ်ခန္ဓာ အနှံ့ကို သုတ်နေရင်းမှ ဖုန်းကို ယူကြည့်လိုက်သည် ။
ဦးစွာ text message တစ်စောင် ဝင်ထားသည်ကို တွေ့ရသည် ။

ကျွန်တော် စာတိုကို ချက်ချင်း ဖတ်လိုက်သည် ။

" Hi Ed, တို့ပါ... Janine ပါ...
ဒီ စာတိုကို မြင်ရင် တို့ကို ဖုန်းပြန်ခေါ်ပါဦး... "

ကျွန်တော် ဖုန်းကို စစ်လိုက်တော့ ထိုနံပါတ်နှင့် Missed call ၂ ကြိမ် ဝင်ထားသည် ။

ကြောင်ကလေးက ကျွန်တော့ခြေရင်းတွင် လာရောက်ပွတ်နေသောကြောင့် ကျွန်တော် ကောက်ချီလိုက်ရသည် ။

ပြီးနောက် Janine ကို ဖုန်းပြန်ခေါ်လိုက်လေသည် ။

" Janine ... ဘာဖြစ်လို့ ဖုန်းခေါ်ထားတာလဲ... ?"

" Ah... Ed... နေကောင်းလား... ? ဘာမှတော့ အရေးတကြီး မဟုတ်ပါဘူး... Ed ရိုက်ခဲ့တဲ့ Solo
Shoot က အခု အောင်မြင်ပြီး Hit ဖြစ်နေတယ် ဆိုတာ ပြောပြချင်လို့ပါ... "

Janine က ဆက်ပြောသည် ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Janine က ဆက်ပြောသည် ။

" ဒါနဲ့... တခြား Porn Actor တစ်ယောက်နဲ့ တွဲပြီး ရိုက်ရမယ် ဆိုရင်ကော Ed စိတ်ဝင်စားလား... ?"

Janine က တကယ် စကားပြောကောင်းတဲ့သူ တစ်ယောက်ပဲ ။
ဒီလို Porn မျိုး ရိုက်တာဟာ ဘာမှ အထူးအဆန်း မဟုတ်ဘဲ လုပ်ရိုးလုပ်စဉ် သာမာန် ဖြစ်စဉ်တစ်ခုလိုပဲ ကျွန်တော့်ကို ပြောပြသွားလေရဲ့ ။

" အားလုံးကလည်း Tommy Ross တစ်ယောက် ဘယ်အချိန် video အသစ် ထပ်ရိုက်မလဲ ဆိုပြီး မေးနေကြတာ Ed ရဲ့... ပြီးတော့ Ed က Top နေရာမှာ နေပေးရုံနဲ့ ပိုက်ဆံက ဟိုတစ်ခါ ရတာရဲ့ ၂ ဆ ရမှာ... သိရဲ့လား... "

ရေပြင်ပေါ်၌ လမ်းလျှောက်ခြင်း Completed ( မြန်မာဘာသာပြန်)Where stories live. Discover now