Chapter 51 (Unicode)

3.4K 287 7
                                    

Chapter 51

လူတစ်ယောက် ပြောသော စကားကို ကျွန်တော် ကြားဖူးသည် ။
လူတွေဟာ ကိုယ့်သိက္ခာ ကိုယ့်မာနကို ထိန်းသိမ်းဖို့အတွက် ပျော်ရွှင်အောင် နေနေကြရတယ်တဲ့ ။

အမှန်တော့ ထိုစကားသည် Mcqueen ရေးခဲ့သော ဇာတ်ညွှန်းမှ စကား တစ်ခုမျှသာ ။

သူ၏ ပျော်ရွှင်မှုကို ထိန်းသိမ်းရန်အတွက် ၊ သိက္ခာနှင့် မာနကို ထိန်းသိန်းရန်အတွက် Mcqueen သည် ကျွန်တော့်အား ဘယ်သောအခါမှ မဆက်သွယ်လာခဲ့တော့ပေ ။

ကျွန်တော့်ဘက်မှလည်း ဘယ်သောအခါမှ စတင် ဆက်သွယ်လိမ့်မည် မဟုတ်ပေ ။
အဘယ်ကြောင့် ဆိုသော် ကျွန်တော့်တွင် ယခု ကျန်ရှိနေသည်မှာ သိက္ခာနှင့် မာနသာ ဖြစ်သောကြောင့်ပင် ။

ထိုအရာများမှ လွဲ၍ ကျွန်တော့်တွင် ဘာမှ မကျန်ရစ်ခဲ့တော့ပေ ။

ကျွန်တော့်တွင် လွန်ခဲ့သော နှစ်က သူ လက်ဆောင်အဖြစ် ဝယ်ပေးခဲ့သော စီးကရက်ဗူးလေးများ ရှိခဲ့သေးသော်လည်း ယခုမူ စိတ်ဖိစီးလာတိုင်း စီးကရက်ကိုသာ ဖိသောက်လာသောကြောင့် သူပေးခဲ့သည့် စီးကရက် တစ်ပါကင်မှာ ကုန်လုနီးခဲ့လေပြီ ။

ကျွန်တော်တို့နှစ်ယောက် စကားများ ရန်ဖြစ်ခဲ့ကြသော နေ့၏ မှတ်ဉာဏ်များမှာ ကျွန်တော့် စိတ်ထဲတွင် ဝေဝါးနေလျက် ရှိကြသည် ။
ထိုနေ့က ကျွန်တော့် စိတ် တစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်နေခဲ့သောကြောင့်လည်း ဖြစ်နိုင်ပါသည် ။

ထိုနေ့ကတော့ ကျွန်တော့် အသိတရားတစ်ခုထဲက လာသော စကားများကို Mcqueen ထံသို့ အဆက်မပြတ် ကရားရေလွတ် ထိုးနှက်ကာ ပြောပစ်ခဲ့ဖူးသည် ။

Mcqueen သည် ကျွန်တော့်ဘဝတွင် အရေးမပါသော သူကဲ့သို့ ကျွန်တော် ပြောပစ်ခဲ့ဖူးသည် ။
ယခုတော့ ကျွန်တော့်ဘေးတွင် Mcqueen ရှိမနေတော့ပေ ။
အဆုံးသတ်တွင်မူ ကျွန်တော်သည် တစ်ယောက်ထဲသာ ပြန်ဖြစ်ခဲ့ရမြဲပင် ။

************************

ကုန်လှောင်ရုံများသည် ပိတ်ရက်ရှည်ကြီးများကြောင့် နှစ်ကုန်ပိုင်းနှင့် နှစ်ဦးပိုင်းတို့တွင် လွန်စွာမှ အလုပ်များလျက် ရှိကြလေသည် ။

မှန်သည် ။
လက်တွေ့ဘဝကို ကျွန်တော် ပြန်လည် ရင်ဆိုင်ရန် ဆုံးဖြတ်ပြီးသည့်အခါတွင် ရရာအလုပ်ဖြစ်သော ကုန်လှောင်ရုံတွင် ပစ္စည်းသယ်ဆောင်သည့် အလုပ်ကို ကျွန်တော် ရခဲ့လေသည် ။

ရေပြင်ပေါ်၌ လမ်းလျှောက်ခြင်း Completed ( မြန်မာဘာသာပြန်)Where stories live. Discover now