Chapter 55 (Unicode)

3.7K 293 9
                                    

Chapter 55

ချန်းကောက ကားထဲမှ ထွက်လိုက်ကာ Mcqueen ဆီသို့ ဒေါသတကြီး ပြောလာသည် ။

" ဟေ့... မင်းအခု ဘာလုပ်နေတာလဲ... "

" ခင်ဗျား ဝင်မပါနဲ့ ချန်းလျှို့... ဒါက ကျွန်တော်တို့ ချစ်သူ နှစ်ယောက်ကြားက ရန်ပွဲ... ခင်ဗျားနဲ့ မဆိုင်ဘူး... "

Mcqueen က ကျွန်တော့်ကိုသာ စူးစိုက် ကြည့်နေရင်း ချန်းကောကို ဂရုမထားသည့် ဟန်ဖြင့် ဆိုလာလေသည် ။
Mcqueen က ကျွန်တော့်ကို သူ့ချစ်သူဟု ဆိုနေသေးသည်လား ။

" ချစ်သူတွေ... ဟုတ်လား... "
ချန်းကောက ခပ်ဟဟ ရယ်လိုက်သည် ။
" ဘယ်သူကများ ချစ်သူ ရှိနေလျက်နဲ့ ယောကျ်ားပြည့်တန်ဆာ အလုပ်ကို လုပ်လို့လဲ... "

" .... "

Mcqueen ရုတ်တရက် ပြောစရာစကား မဲ့သလို ဖြစ်သွားပြီး ကားပေါ်မှ ဆင်းလာသော ကျွန်တော့် လက်မောင်းကို လှမ်းကိုင်လိုက်လေသည် ။

Mcqueen ရုတ်တရက် ပြောစရာစကား မဲ့သလို ဖြစ်သွားပြီး ကားပေါ်မှ ဆင်းလာသော ကျွန်တော့် လက်မောင်းကို လှမ်းကိုင်လိုက်လေသည် ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ကျွန်တော်တို့ နှစ်ယောက် အကြည့်ချင်း ဆုံမိသွားကြသည် ။

" သူ ဘာပဲ ဖြစ်နေနေ ငါ့အတွက် ကိစ္စ မရှိဘူး... "
Mcqueen က အခိုင်အမာ ဆိုလေသည် ။

" သေချာတာပေါ့... "
ချန်းကောက Mcqueen ကို မထီတရီ ကြည့်သည် ။
" Glenn Mcqueen လို လူမျိုးအတွက် ဒါက ဘယ် ကိစ္စ ရှိပါ့မလဲ... "

ထိုစကားကြောင့် Mcqueen အရှိုက်ကို ထိသွားသလို နာကျင်သွားပုံရကာ ငြိမ်သက်သွားလေသည် ။

ချန်းလျှို့က ကျွန်တော့် အရှေ့မှ ရပ်ကာ ကျွန်တော့် ပုခုံးပေါ် သူ့မေးကို တင်လိုက်ရင်း နားနားကပ်၍ Mcqueen ကြားနိုင်လောက်သည့် အသံဖြင့် မေးလာသည် ။

" ယော့ဝန်း... ဒီနေ့ ဘယ်လိုလဲ... ငါ မင်းကို အရမ်းကြီး အကြမ်းပတမ်း လုပ်မိသွားလား... "

ရေပြင်ပေါ်၌ လမ်းလျှောက်ခြင်း Completed ( မြန်မာဘာသာပြန်)Where stories live. Discover now