Chapter 44 (Unicode)

4.1K 355 3
                                    

Chapter 44

နောက်ဆုံးမတော့ ကျွန်တော်နှင့် Mcqueen တို့ ရိုက်ခဲ့သည့် DVD အခွေက ထွက်လာခဲ့လေပြီ ။
ယခုတလော Mcqueen တစ်ယောက် ထို DVD အခွေ ကိစ္စနှင့် အလုပ်များနေသောကြောင့် တွေ့ဖို့ပင် ခက်ခဲနေခဲ့ရသော်လည်း ယခုမူ ကျွန်တော်တို့ နှစ်ယောက်စလုံး အားလပ်သွားကြပြီဖြစ်သည် ။

ချန်းကော၏ အလုပ်များမှာလည်း ကူလုပ်ပေးရင်း လုပ်ငန်းလုပ်ရိုးလုပ်စဥ်များကို နားလည်လာသောအခါ ထင်သလောက် မခက်တော့ပေ ။
ချန်းကောက သူ့ဆီ အလုပ်ဆင်းရသော အချို့ရက်များတွင် ညစာအတူခေါ်စားတတ်သည်မှလွဲ၍ ကြီးကြီးမားမား အနှောက်အယှက် မပေးတော့သောကြောင့်သာ တော်သေးတော့သည် ။

ယွမ်ကတော့ ကျွန်တော် ချန်းကောဆီ အလုပ်လာဆင်းသည့် ရက်တိုင်း စားစရာ တစ်ခုမဟုတ် တစ်ခု လာပေးတတ်ပြီး ကျွန်တော့်နား စကားတွေ တတွတ်တွတ် လာပြောနေတတ်သည် ။
ချန်းကောက မောင်းထုတ်လျှင် နှစ်ယောက်သား ကလေးတွေလိုပင် စကားများကြသည်မှာ ရယ်စရာပင် ကောင်းသေးတော့သည် ။

ယနေ့အတွက် ကုမ္ပဏီ အလုပ်က ပင်ပန်းလှသည် ဆိုသော်လည်း ညဘက်တွင် Mcqueen နှင့် တွေ့ဖို့ ချိန်းထားသောကြောင့် ကျွန်တော် စိတ်ထဲ တက်ကြွနေလေသည် ။
အလုပ်ပြီးသည်နှင့် အပြင်ကို အလောတကြီး ထွက်လာလိုက်သည် ။

" ဟေ့... Edd... ဒီလောက် အလောတကြီးနဲ့ ဘယ်သွားမလို့လဲ... ငါတို့ သွားသောက်ကြရအောင်လေ... "
Derek က ကျွန်တော့်ကို အနောက်က သိုင်းဖက်လိုက်ပြီး သောက်ဖို့ ခေါ်လေတော့သည် ။

" ဟင့်အင်း... ငါမအားဘူး... "

" ဘာလို့ မအားရတာတုန်း

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

" ဘာလို့ မအားရတာတုန်း... "
Derek က မကျေမချမ်း ပြောလေသည် ။

" ငါ ဒိတ်ထားတာ ရှိလို့... "

ရေပြင်ပေါ်၌ လမ်းလျှောက်ခြင်း Completed ( မြန်မာဘာသာပြန်)Where stories live. Discover now