Chapter 37 (Zawgyi)

2.4K 87 0
                                    

Chapter 37

ဤတိုက်ခန်းတွင် ကျွန်တော် နေခဲ့သည်မှာ ကြာပြီ ဖြစ်သော်လည်း တကယ်တမ်း ပြောင်းရမည် ဆိုတော့လည်း သယ်စရာပစ္စည်းက များများစားစား မရှိလှပေ ။
ထို့ကြောင့် အိမ်ပြောင်းမည့် ကိစ္စမှာ ကျွန်တော့်အတွက် အခက်အခဲ မရှိလှ ။

ပြဿနာမှာ ထို Porn လောကမှ ထွက်ပြီးနောက်တွင် ကျွန်တော့်၌ အပိုဝင်ငွေထပ်ရှာစရာ အလုပ် မရှိခြင်းပင် ဖြစ်သည် ။
ကျွန်တော့်အကြွေးသည်လည်း အတိုးများ တက်လျက် ရှိရာ လက်တလောတွင် ပိုက်ဆံက လိုအပ်နေသေးလေသည် ။

ကျွန်တော် ပျင်းရိစွာဖြင့်ပင် အွန်လိုင်းပေါ်မှ အလုပ်ရှာသော ကြော်ငြာများကို လိုက်ဖတ်နေမိသည် ။
ကြောင်ကလေးက ဘေးတွင် လာပွတ်သပ်နေသောကြောင့် ဖမ်းချီလိုက်ရင်း အောက်တွင် ကျနေသော ကဒ်တစ်ခုကို တွေ့လိုက်သည် ။

" ဟေး Edd... မင်း ငွေလိုလို့ လုပ်ချင်တယ်ဆို ငါ့ကို ဆက်သွယ်လိုက် " ဟု ပြောခဲ့သော စကားများကို ပြန်ကြားယောင်လာပြီး ဂေးဘားတွင်အလုပ်လုပ်ဖို့ ကမ်းလှမ်းထားသော ကဒ်ကို ကျွန်တော် ကောက်ကိုင်လိုက်မိသည် ။

Ummm... Porn တောင် မရိုက်ဘဲ နေပါမယ်ဆိုမှ Gay Bar မှာ အလုပ်လုပ်ဖို့ စဉ်းစားစရာလား ။
ကျွန်တော် ကူကယ်ရာမဲ့စွာဖြင့် ကဒ်ကို ခပ်လှမ်းလှမ်းသို့ လွှင့်ပစ်လိုက်မိသည် ။

ရုတ်တရက် တံခါးခေါက်သံကြောင့် ဒီအချိန်ကြီး ဘယ်သူ ခေါ်ပါလိမ့်ဟု အံ့သြ သွားမိသော်လည်း တံခါး သွားဖွင့်ပေးလိုက်သည် ။
တံခါးဝတွင် ရုတ်တရက် ပေါ်လာသော မျက်နှာကြောင့် အံ့သြသွားရလေသည် ။

" ဟင်... ချန်းကော... "

ချန်းကောက ကျွန်တော့်ဆီ လာလေ့ရှိသူ မဟုတ်သည့်အပြင် ကျွန်တော်တို့ နှစ်ယောက် ဆက်ဆံရေးသည်လည်း ထင်သလောက် မကောင်းလှသည် ဖြစ်သောကြောင့် ကျွန်တော် အနေရခက်စွာ မေးလိုက်မိသည် ။

" ချန်းကော ဒီကို ဘာလာလုပ်တာလဲ "

" အင်း... ကိုယ် ဒီနားဖြတ်ရင်း ဝင်လာတာ... "
ကျွန်တော့်ဆီက ဘာမှ ခွင့်တောင်းခြင်း မရှိဘဲ အိမ်ထဲ တန်းဝင်လာလေသည် ။
" ယော့ဝန်း ... မင်း ဆံပင် ညှပ်လိုက်တာလား... "

ရေပြင်ပေါ်၌ လမ်းလျှောက်ခြင်း Completed ( မြန်မာဘာသာပြန်)Where stories live. Discover now