Chapter 54 (Unicode)

3.8K 303 23
                                    

Chapter 54

အမှန်တော့ အရာအားလုံးကို ယခုအခြေအနေအထိ သယ်ဆောင်လာခဲ့သူမှာ ကျွန်တော်ကိုယ်တိုင်ပင် ဖြစ်သည် ။

ယခုလို အခြေအနေအထိ ရောက်ရှိလာရသော ကျွန်တော့် ဘဝကြီး တစ်ခုလုံးသည် အမှားအယွင်း တစ်ခုမျှသာ ဖြစ်သည်ဟု ခံစားလာရသည် ။

ချန်းကောသည် ကျွန်တော့်၌ အလွန်တရာ နည်းပါးစွာ ကျန်ရှိနေသော သိက္ခာတရားနှင့် မာနတရားတို့ အားလုံးကို တစ်စက်မှ မကျန်တော့အောင် ဖျက်ဆီးပစ်လိုက်ဖို့ စိတ်ဆုံးဖြတ်ထားခဲ့ပုံ ရလေသည် ။

ကျွန်တော်သည် အကြွေးဆပ်ဖို့အတွက်နှင့် ထိုမျှရူးကြောင်ကြောင်နိုင်သော စွန့်စားမှု တစ်ခုကို မလုပ်သင့်ခဲ့ပေ ။

ချန်းကော၏ ထိုးသွင်းချက်များသည် အညှာအတာမဲ့နေသော်လည်း ခုနကထက်စာလျှင်တော့ ညင်သာလာသည်ဟု ဆိုရပေမည် ။
သာယာသော စိတ်နှင့် မိမိကိုယ်ကို စက်ဆုပ်သော စိတ်တို့သည် ကျွန်တော့်ခန္ဓာကိုယ်ထဲဲ ဒွန်တွဲ နေရာယူနေကြသည် ။

ချန်းကောသည် ကျွန်တော့် လက်နှစ်ဖက်ကို စုထားပြီး မြှောက်ခိုင်းကာ ကျွန်တော့်ခေါင်းပေါ် တင်ထားပြီး သူ့ ထိုးသွင်းမှုတွင် မနှောက်ယှက်နိုင်ရန် ပြုလုပ်ထားလေသည် ။
ယခုအခါတွင် ကျွန်တော်သည် လက်ကလေး တစ်ချက် လှုပ်ဖို့ပင် ပျင်းရိစက်ဆုပ်နေပြီ ဖြစ်သောကြောင့် ငြိမ်သက်စွာ မျက်လုံးများကို မှိတ်ထားမိရလေသည် ။

" အ... အ... ယော့ဝန်း... ယော့ဝန်း... "

ကျွန်တော် နာကျင်မှုကြောင့် ချွေးစေးတွေ ပြန်လာခဲ့သည် ။

ကျွန်တော် ချန်းကောထံမှ လူသားဆန်သော ဆက်ဆံမှု တစ်ခုကို ဘယ်တုန်းကမှ မမျှော်လင့်ခဲ့သင့်ပေ ။
ကျွန်တော် ထိုလူသားကို နားလည်အောင် ခက်ခက်ခဲခဲ မကြိုးစားခဲ့သင့်ပေ ။

ကျွန်တော် Porn ကို မရိုက်ခဲ့သင့်ပေ ။
ကျွန်တော် ယောကျ်ားပြည့်တန်ဆာတစ်ယောက် အဖြစ် မိမိကိုယ်ကို မရောင်းစားခဲ့သင့်ပေ ။

ထိုသို့သာဆိုလျှင် ကျွန်တော် ချန်းလျှို့၏ ပေါက်တတ်ကရ စကားများကို နားထောင်စရာ လိုခဲ့လိမ့်မည် မဟုတ်ပေ ။
ထို့အပြင် ယခုလို ပျက်စီးစုတ်ပြတ်နေသော ဘဝတွင်လည်း နေထိုင်ရန် လိုခဲ့လိမ့်မည် မဟုတ်ပေ ။

ရေပြင်ပေါ်၌ လမ်းလျှောက်ခြင်း Completed ( မြန်မာဘာသာပြန်)Where stories live. Discover now