Chapter 33 (Unicode)

5.7K 422 8
                                    

Chapter 33

မနေ့က သည်းထန်စွာ ရွာခဲ့သော မိုးသည် ဘယ်တုန်းကမှ မရှိခဲ့သည့်နှယ် ရာသီဥတုသည် သာယာနေလေသည် ။

Mcqueen တစ်ယောက် London သို့ သွားသော လေယာဥ်ပေါ်၌ ရှိနေပြီး ရာသီဥတုကောင်းသောကြောင့် လေယာဥ်များ အချိန်နောက်ကျခြင်း မဖြစ်သည်ကိုပင် ကျေးဇူးတင်ရသေးတော့သည် ။

ယမန်နေ့ကသာ လေယာဥ်အချိန်တွေ မှန်ခဲ့လျှင် Lancer လည်း ရိုက်ကွင်းသို့ အချိန်မီ ရောက်လာဖြစ်ခဲ့ပေလိမ့်မည် ။

ထိုသို့ရောက်လာနိုင်ခဲ့မည်ဆိုလျှင် သူ့အနေဖြင့် Edd နှင့်အတူ Edd ၏ ပထမဆုံးအကြိမ် Bottom နေသော Porn ကို ရိုက်ဖြစ်ခဲ့လိမ့်မည် မဟုတ်ဟု Mcqueen တွေးမိသည် ။

သို့သော်လည်း သူ အပြန်ပြန်အလှန်လှန် စဥ်းစားလေလေ ၊ Edd သည် ဤ Porn လောကနှင့် မအပ်စပ်သူဖြစ်သည်ဟု သူ တွေးမိလေလေ ဖြစ်သည် ။

Edd ဆီမှ ပထမဆုံး email ကို ရခဲ့သော နေ့ကို သူ မှတ်မိနေခဲ့သေးသည် ။

Edd ၏ email သည် ယေဘုံယျဆန်ပြီး ဒဲ့ဒိုးမေးထားကာ နည်းနည်းတော့ အရိုအသေတန်သည်ဟု သူ တွေးခဲ့မိသည် ။

" Model လျှောက်လွှာ
မှ Ed Talbot
ကျွန်တော် တစ်ကိုယ်တော် ဗီဒီယိုရိုက်ချင်ပါတယ်
တစ်ခါရိုက်ရင် ဘယ်လောက်ပေးမလဲ ဆိုတာလည်း သိချင်ပါတယ်
အမည် Ed Talbot
အသက် ၂၄ နှစ်
လူမျိုး Asian (Korean)
.....
.....
....."

Edd ဆီမှ ပွင့်လင်းလွတ်လပ်သော အလုပ်လျှောက်လွှာကို ဖတ်ပြီး သူ မအောင့်နိုင်အောင် ရယ်မောမိလေသည် ။

" Janine ကိုယ့်ကို သူ့ပုံ Print ထုတ်ထားတာ ပြဦး... "

Janine ကမ်းပေးသော ဓာတ်ပုံလေးထဲမှ ထိုကောင်လေး၏ ကြည်စင်သော ယောကျ်ားပီသသော မျက်နှာလေးက သူ့ကို ညှို့ယူနိုင်ခဲ့လေသည် ။

" သူ့ကို အမြန်ဆုံး လာရိုက်ဖို့ ရက်တစ်ရက် ရွေးပေးလိုက် Janine "

အာရှသားတစ်ယောက်အနေနှင့် ဤသို့ Porn ရိုက်ရန် လျှောက်လွှာတင်သည်မှာ သူ့အတွက် အနည်းငယ် ဆန်းနေပြီး သူ့ကိုလည်း စိတ်ထဲ အထင်ကြီးမိစေလေသည် ။

Ed Talbot ကို အပြင်၌ စတွေ့တော့ အရပ်က ပုံထဲကထက် ပိုမြင့်ပြီး ခန္ဓာကိုယ် ဖွဲ့စည်းပုံလည်း ကြံ့ခိုင်လှသည်ဟု သူ တွေးမိလေသည် ။

ရေပြင်ပေါ်၌ လမ်းလျှောက်ခြင်း Completed ( မြန်မာဘာသာပြန်)Where stories live. Discover now