Chapter 39

4.4K 348 3
                                    

Chapter 39

" မင်းတို့နှစ်ယောက်က အရမ်းအဆင်ပြေနေကြပုံပဲနော်... "
Ryan က ခနဲ့သော လေသံဖြင့် ဆိုလာလေသည် ။

" ပြန်ရောက်ပြီလား Ryan"
ကျွန်တော် မတ်တပ်ရပ်၍ သူ့ကို နှုတ်ဆက်လိုက်သည် ။

" သေချာတာပေါ့... မင်းရဲ့ တစ်အိမ်ထဲအတူနေဖော် ပြန်ရောက်ပါပြီ... "
Ryan က အရက်မူးသမားလို ဒယိမ်းဒယိုင်လည်း ဖြစ်နေလေသည် ။

" Ryan... မင်း ဆေးသုံးထားတာလား... "
Mcqueen က Ryan ကို မျက်မှောင်ကျုံ့၍ မေးလေသည် ။

" ဆေး... ဟုတ်လား... အား... ဟုတ်သားပဲ... အကိုက်ခဲပျောက်ဆေးလေးရယ်... ကိုကင်းလေးရယ် ... အရက်လေးရယ်... အာ... နောက်တစ်ခုက ဘာပါလိမ့်... အော်... ကြွက်သားပျော့ဆေးလေးရယ်... ဘာလို့လဲ ဆိုတော့ ပလိန်းကြီး ခံရတာ အရမ်းနာလို့လေ ... ဟားဟား... "

" Ryan... တော်သင့်ပြီ... မင်း သွားအိပ်တော့... သွား... "

" Mcqueen.... မင်း ငါ့ကို အမူးသမားလို လာမဆက်ဆံနေနဲ့ကွ... ငါ မူးနေတာ မဟုတ်ဘူး... "
Ryan က ဒေါသတကြီး ပြောပြီးနောက် ကျွန်တော့်ဘက်လှည့်ပြီး မထိတထိ ပြုံးလေသည် ။

" မင်းတို့ နှစ်ယောက် ဗီဒီယိုကို ငါတွေ့ပါတယ်... လိုက်ဖက်သားပဲ... အဟဲ... အခုလောက်ဆို မင်းအပေါက်က ဘယ်လောက်ထိ ကျယ်နေမလဲ ဆိုတာ မှန်းကြည့်လို့တောင် ရလောက်တယ်... တချိန်က ငါ့လိုပေါ့... "
Ryan က ပြောရင်း ကျွန်တော့် တင်ပါးများကို သူ့လက်ဖြင့် လာညှစ်လေသည် ။

" ငါမင်းကို တော်တော့လို့ ပြောနေတယ်လေ Ryan... အခု ချက်ချင်း ရပ်တော့... "
Mcqueen က Ryan ကို ဒေါသတကြီး ဆောင့်တွန်းပြီး ကျွန်တော့်အနားက ဖယ်ပစ်လိုက်လေသည် ။

" ဟားဟား... အရမ်းကို ဒေါသကြီးနေပါ့လား Mcqueen ရဲ့... "

" Ryan... ဘယ်ကုမ္ပဏီက ဒီလို တရားမဝင်ဆေးတွေကို သုံးပြီး Porn တွေ ရိုက်နေတာလဲ... မင်းကို ကိုယ် အဲ့လို ဆေးတွေ မသုံးဖို့ ပြောခဲ့တယ် မဟုတ်ဘူးလား... "

" ဘယ်ကုမ္ပဏီနဲ့ ရိုက်ရိုက် ဘာများ ကွာသွားမှာ မို့လို့လဲ... မင်း ကုမ္ပဏီနဲ့ရိုက်ရိုက် တခြားကုမ္ပဏီနဲ့ ရိုက်ရိုက် အားလုံးက Porn တွေပဲလေ... မဟုတ်ဘူးလား... "

ရေပြင်ပေါ်၌ လမ်းလျှောက်ခြင်း Completed ( မြန်မာဘာသာပြန်)Where stories live. Discover now