Chapter 34 (Unicode)

5.4K 378 2
                                    

Chapter 34

ကျွန်တော် လက်ချောင်းကလေးတစ်ချောင်း လှုပ်ရန်ပင် အားမရှိတော့ချေ ။
မနေ့ညက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များသည် အိပ်မက်လိုလို မှော်ဆန်ဆန် ဖြစ်ပျက်ခဲ့သလိုပါပင် ။

" ညက ကောင်းကောင်းအိပ်ပျော်ရဲ့လား... "

Mcqueen က သူ့ရင်ခွင်ထဲ၌ အိပ်နေသော ကျွန်တော့်ကို ငုံ့ကြည့်လျက် မေးလေသည် ။

" အင်း... "

ညက အဖြစ်အပျက်သည် အိပ်မက်မဟုတ်ကြောင်းသေချာပါသည် ။

" မင်း မျက်လုံးလေးတွေတောင် ဖောင်းနေပြီ... ညက မျက်ရည်ကျလောက်အောင် ကောင်းခဲ့လို့မဟုတ်လား...  "

Mcqueen က ပြုံးလျက် မေးကာ ကျွန်တော့် နှုတ်ခမ်းများကို နမ်းလာလေသည် ။

ထို့နောက်တွင် မနက်ခင်းအလေ့အထတစ်ခုအဖြစ် မရှောင်လွှဲနိုင်စွာ ထောင်မတ်နေသော Mcqueen ၏ ပစ္စည်းသည် ညကတည်းက ဆက်ဆံထားသောကြောင့် အလိုက်သင့် ပွင့်ဟနေသော ကျွန်တော့်အပေါက်ထဲသို့ တိုးဝင်လာလေသည် ။

" Ah... Mcqueen... Ah... မလုပ်နဲ့... ခဏနေဦး... "

" ကိုယ် မစောင့်နိုင်တော့ဘူး ယော့ဝန်းရယ်... "

Mcqueen က သူ့ပစ္စည်းကို မထုတ်ဘဲ ရှေ့တိုးနောက်ငင် ဆက်လက် ပြုလုပ်နေလေသည် ။

" ဒါဆိုလည်း ဖြည်းဖြည်း ... ဖြည်းဖြည်းပဲ လုပ်ပါ "

" အား... ကောင်းတယ်... ယေ့ဝန်း... "

ပထမ၌ ကျွန်တော့်စကားအတိုင်း အရှိန်လျှော့ပေးခဲ့သော်လည်း ခဏနေတော့ စိတ်ရှိလက်ရှိ ကြမ်းလာပြန်သည် ။

ဒီတစ်ခါတွင်တော့ ကျွန်တော် ကိုယ်တိုင်လည်း အသားကျနေပြီ ဖြစ်သောကြောင့် ပေါင်နှစ်ဖက်ကို မြှောက်ထားပေးရင်း Mcqueen စိတ်ကြိုက် နေပေးလိုက်တော့သည် ။

" Ah... ကိုယ် မရတော့ဘူး... ယော့ဝန်း ... ကိုယ် ပြီးပြီ "

နောက်ဆုံးတွင်မူ နှစ်​ယောက်လုံး အားအင်ကုန်ခန်းစွာဖြင့် ကုတင်ပေါ်၌ ​ခြေကုန်လက်ပန်းကျကုန်လေတော့သည် ။

" ညက အိပ်ရေးကောင်းကောင်းဝခဲ့တယ်မလား Mcqueen "

Mcqueen က ကျွန်တော့်မေးခွန်းကို ခေါင်းခါပြလေသည် ။

ရေပြင်ပေါ်၌ လမ်းလျှောက်ခြင်း Completed ( မြန်မာဘာသာပြန်)Where stories live. Discover now