Chapter 11 (Unicode)

6.7K 436 6
                                    

Chapter 11

ကျွန်တော် သူ့ ရင်ခွင်ထဲ ရောက်နေသောကြောင့် အရှက်သည်းစွာ ပြန်ထဖို့ ကြိုးစားလိုက်သည် ။
သို့သော် အချည်းနှီးပင် ။

လူက ပြန်ပြီး ယိုင်သွားကာ သူ့ရင်ခွင်ထဲ ပြန်ရောက်သွားရသည် ။

" အဆင်ပြေပါတယ်... ကျွန်တော် ကိုယ့်ဘာသာကိုယ် အိမ်ပြန်နိုင်တယ်... "

Mcqueen က ကျွန်တော့်ကို ပြုံးကြည့်ပြီး ပြောသည် ။

" ရထားဘူတာတွေ ဒီအချိန် ပိတ်ပြီလေ Ed ရဲ့... ကိုယ် မင်းကို လိုက်ပို့ပေးပါရစေ... "

Janine ကလည်း ဝင်ပြောသည် ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Janine ကလည်း ဝင်ပြောသည် ။

" Mcqueen ကိုပဲ လိုက်ပို့ခိုင်းလိုက်ပါ Ed ရဲ့... Ed အခု အရမ်းမူးနေတဲ့ဟာကို... "

ကျွန်တော် ဆက်မငြင်းနိုင်တော့ ။

Mcqueen ၏ ပွေ့တင်ပေးမှုဖြင့် သူ့ကားပေါ်သို့ ရောက်လာခဲ့ရသည် ။

Mcqueen ၏ ကားကလေးက တစ်လှိမ့်ချင်း ထွက်လာသည် ။

ကျွန်တော် ကားပေါ်ထိုင်ရင်း တွေးနေမိသည် ။

ငါ ဘာလို့ ဒီလောက်တောင် မူးသွားတာပါလိမ့် ။
မိုးရွာတဲ့နေ့မှာ ရုပ်ရှင်ကားကောင်း တစ်ကား ကြည့်လိုက်မိလို့လား ။
ဒါမှမဟုတ် Mcqueen ရဲ့ ဝိုင်ကြောင့်လား ။

" Ed... Glennmcqueen. com website ကို ဝင်ဖို့ ID နဲ့ Password ယူမလား... ?"

Mcqueen က တိတ်ဆိတ်မှုကို ဖြိုခွင်းသည့်အနေဖြင့် စကားစလိုက်သည် ။

" ပြီးတော့ မင်းရဲ့ အရင်အပိုင်းတွေကို ကိုယ်တို့တွေ ဘယ်လို edit လုပ်ပြီး တင်ထားသလဲကော မသိချင်ဘူးလား... ?"

" Umm.... သိချင်ပါတယ်.... ဒါပေမယ့် ကျွန်တော် အဲ့လိုတွေ ကြည့်ရတာ သိပ်စိတ်မဝင်စားလို့ပါ  ... "

ရေပြင်ပေါ်၌ လမ်းလျှောက်ခြင်း Completed ( မြန်မာဘာသာပြန်)Where stories live. Discover now