Chapter 57 (Zawgyi)

2K 63 0
                                    

Chapter 57

အနည်းငယ်မျှသော ရာသီဥတု သာယာသည့် နေ့ရက်များ ကျော်လွန်လာခဲ့လေပြီ ။

ထို့နောက်တွင် ကောင်းကင်သည် အချိန်မရွေး နှင်းကျတော့မည်ကဲ့သို့ ညိုမှိုင်းနေလျက် ရှိတော့သည် ။

ကျွန်တော် ရေချိုးပြီး ထွက်လာတော့ ကောင်းကင်ကို ကြည့်ရင်း အပြင်ထွက်လျှင် ထီးယူသွားသင့်ကြောင်း တွေးနေမိသည် ။

အဝတ်အစားများ ဝတ်နေချိန်တွင် Ryan က အခန်းထဲသို့ ဝင်လာလေသည် ။

" ဟေး... Edd... ဘယ်သွားမလို့လဲ... ဒီတစ်ခါကော အင်တာဗျူးပဲလား... "

" မဟုတ်ဘူး... "

" မင်းရဲ့ အရင်အလုပ်က စီနီယာရဲ့ အလုပ်အသစ်ဆိုတာကော... အဆင်ပြေလား... "

" သူတို့ဆီက ဘာမှ အကြောင်း ပြန်မလာသေးဘူး... "

" ငါ မုန့်ဈေးကားလေး လျှောက်ထားတာလေ... အဲ့တာက ထင်တာထက်ကို ပိုခက်တာပဲ... အပြိုင်အဆိုင်လျှောက်ကြတဲ့ သူတွေကလည်း အများကြီးပဲ... သူတို့က အတွေ့အကြုံလည်း တောင်းသေးတယ်...  "

" ဒါဆို မင်း အတွေ့အကြုံ ယူဖို့ လိုဦးမှာပေါ့... "

" အင်း... ရလဒ်ကို စောင့်ကြည့်ရဦးမှာပဲ... "

ကျွန်တော် အဝတ်များ ဝတ်ပြီးပြီ ဖြစ်သောကြောင့် အပေါ်က ထပ်ဝတ်မည့် ကုတ်အင်္ကျီကို ရှာနေမိသည် ။

" Edd... မင်း ဘယ်သူနဲ့ သွားတွေ့မလို့လဲ... "

" Mcqueen နဲ့

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

" Mcqueen နဲ့... "

" ဟမ် ... ဘာလို့လဲ... "

" ညစာ အတူစားဖို့... "

" အာ... မဟုတ်ဘူးလေ... ငါ မေးတာက မင်း ဘာလို့ အခုထိ သူနဲ့ တွေ့နေရသေးတာလဲ လို့... "

ရေပြင်ပေါ်၌ လမ်းလျှောက်ခြင်း Completed ( မြန်မာဘာသာပြန်)Where stories live. Discover now