Chapter 43 (Unicode)

4.5K 385 21
                                    

Chapter 43

" ကိုယ့်အကြောင်းကတော့ မင်းသိတဲ့ အတိုင်းပါပဲ... ရမ္မက်ပြင်းပြ ပူလောင်မှုတွေနဲ့ လိင်ဆက်ဆံတာတွေပဲ ရှိခဲ့ဖူးတာ... "
Mcqueen က ကျွန်တော့်လက်ဖဝါးကို ဆွဲယူပြီး သူ့လက်ဖြင့် ဆုပ်ကိုင်ကာ နမ်းလိုက်သေးသည် ။
" ကိုယ် ပြောခဲ့ဖူးတဲ့အတိုင်းပဲ ... ကိုယ့်ရဲ့ အတိတ်က အချစ်ရေးတွေက အတည်တကျလို့ ပြောဖို့ ခက်တယ်... ကိုယ်က တော်တော်လေး ဆိုးတယ်နော်... ဟုတ်တယ်မလား...  "

ကျွန်တော် ပြုံးလိုက်တော့ Mcqueen က ကျွန်တော့်ကို စိုက်ကြည့်ပြီး အတင်းအကျပ် ညှစ်၍ ဖက်လိုက်လေသည် ။
" ဘာလဲ ... မင်းက ကိုယ်ထားဖူးတဲ့ ပထမဆုံး ချစ်သူ ဆိုတာကို ကိုယ့်ကို ပြောစေချင်နေတာလား ... ဟမ်... "
Mcqueen က ပြောရင်း ကျွန်တော့် ခါးကို သူ့လက်ဖြင့် ပွတ်သပ်ရင်း ကစားနေလေသည် ။

" ဟ ဟ... ယားတယ်... ယားတယ်... မလုပ်နဲ့... "
ကျွန်တော် တွန့်လိမ်နေလေတော့ Mcqueen က ကလိဆက်မထိုးတော့ဘဲ ကျွန်တော့် လည်တိုင်တစ်လျှောက်ကို အနမ်းချွေလေသည် ။

" ကိုယ် ကြွားတာတော့ မဟုတ်ဘူး... ဒါပေမယ့် ပြောပြရဦးမယ်... ဟိုတစ်ခါ ဆိုင်မှာ ယော့ဝန်းနဲ့ ကိုယ်နဲ့ တွေ့တုန်းက အငြင်းခံလိုက်ရတယ်ဆိုတဲ့ ဇာတ်ညွှန်းလေ... မှတ်မိတယ်မလား... နောက်ကုမ္ပဏီ တစ်ခုက ဝယ်ဖို့ ကမ်းလှမ်းလာတယ်... ပြီးတော့ အဲ့တာကို ရိုက်ကူးဖြစ်ဖို့ သေချာသလောက် နီးပါး ဖြစ်သွားပြီ... "
Mcqueen က ပြောနေရင်းနှင့် ကျွန်တော့်ကို ပိုမို တင်းကျပ်စွာဖက်လာသည် ။
" ကိုယ် ဒီအကြောင်းကို ပထမဆုံး ပြောပြတဲ့လူက မင်းပဲ ယော့ဝန်း... ကိုယ့်အပျော်တွေ အားလုံးကိုလည်း မင်းနဲ့ပဲ မျှဝေချင်တာ... "

ကျွန်တော် Mcqueen စကားကြောင့် ပျော်သွားပြီး Mcqueen လည်တိုင်တစ်လျှောက်ကို ဖက်ကာ တခစ်ခစ် ရယ်နေမိလေသည် ။

" ဘာလို့ ရယ်နေတာလဲ ပြော... "

" ကျွန်တော် အရမ်းပျော်လို့ပါ... ဂုဏ်ယူပါတယ်နော် Creed... "

 "

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ရေပြင်ပေါ်၌ လမ်းလျှောက်ခြင်း Completed ( မြန်မာဘာသာပြန်)Where stories live. Discover now