Chapter 52 (Zawgyi)

2.1K 57 0
                                    

Chapter 52

" ဒါ မင်း ရည်းစားလား... "

ချန်းကောက ကျွန်တော့်ဘေးက လူကို ကြည့်ရင်း မေးလိုက်ခြင်းဖြစ်သည် ။

" အင်း... ဟုတ်တယ်... "
ကျွန်တော် အရွဲ့တိုက်ကာ ပြန်ဖြေလိုက်ခြင်း ဖြစ်သည် ။

" ဒီကောင်မလေးကကော... ချန်းကောရဲ့ ကောင်မလေးလား... "

" မဟုတ်ဘူး... ငါသူ့ကို ပိုက်ဆံနဲ့ ငှားလာတာ... "

ချန်းကောကမူ အတည်ပြောနေပုံရသည် ။
ကောင်မလေးက အတော်လေး ကြည့်ကောင်းသော မိန်းကလေးမျိုး ဖြစ်ပြီး တစ်ညတာ အတွက် အတော်လေး ကြေးကြီးမည့်ပုံ ပေါ်လေသည် ။

" တကယ်လား... ကောင်းတာပေါ့... ဒါနဲ့ ဘာလို့များ ကျွန်တော့်ကို မဝယ်စားတာလဲ ... "
ကျွန်တော် ချန်းကောကို ရယ်ကျဲကျဲဖြင့် ရွဲ့၍ ပြောလိုက်သည် ။

ထို့နောက်တွင် ချန်းကောကို ကျော်ပြီး ဂျွန်နီနှင့် အတူ ထွက်သွားဖို့ လုပ်လိုက်သည် ။
ချန်းကောက ကျွန်တော့် ပုခုံးကို သူ့လက်ဖြင့် လှမ်းဆွဲလေသည် ။

" မသွားနဲ့... "

ထို့နောက်တွင် ကျွန်တော့် ဂုတ်ပိုးနားသို့ သူ့နှုတ်ခမ်းများကို ကပ်ချလာပြီး မေးလေသည် ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ထို့နောက်တွင် ကျွန်တော့် ဂုတ်ပိုးနားသို့ သူ့နှုတ်ခမ်းများကို ကပ်ချလာပြီး မေးလေသည် ။

" မင်း ဘာလို့ ငါ့ရုံးခန်းကို ထပ်မလာတော့တာလဲ ယော့ဝန်း... အင်း... ဒါပေမယ့် မင်းမလာတာလည်း ကောင်းပါတယ်လေ... ငါတို့ နှစ်ယောက် ရုံးတစ်ရုံးထဲမှာ အတူတူ အလုပ်လုပ်နေကြရင် တခြားလူတွေက ငါ့ကိုလည်း မင်းလိုပဲလို့ ထင်ကုန်ကြမှာပေါ့... ဟုတ်တယ်မလား... "

" နောက်နှစ်အထိပဲ စောင့်ပေး... "

ကျွန်တော့်ပုခုံးများကို ကိုင်ထားသော ချန်းကော၏ လက်ဆီမှ ရုန်းထွက်လိုက်သည် ။

ရေပြင်ပေါ်၌ လမ်းလျှောက်ခြင်း Completed ( မြန်မာဘာသာပြန်)Where stories live. Discover now