Final Chapter (Zawgyi)

2.3K 75 6
                                    

Chapter 62 (Final Chapter)

မနက် နှိုးစက်သံကြောင့် ကျွန်တော် နိုးလာတော့ ကျွန်တော့်ကို ကုတင်ပေါ်တွင် ဘေးက ထိုင်ပြီး ကြည့်နေသော Mcqueen ကို ဦးဆုံးမြင်လိုက်ရသည် ။

ကျွန်တော့်ဘေးတွင် Cecil လေးက ကြောင်ကို ဖက်ပြီး အိပ်နေလေသည် ။

ညက Cecil လေးကို သိပ်ရင်း ပင်ပန်းသောကြောင့် ကျွန်တော်ပါ ဘေးတွင် အိပ်ပျော်သွားခဲ့ခြင်း ဖြစ်သည် ။

" ကောင်းကောင်း အိပ်ပျော်တယ် မဟုတ်လား ... "

Mcqueen က ကျွန်တော့်ကို ကြင်နာစွာ ကြည့်ရင်း ဆိုလာလေသည် ။

" Mcqueen ညက အိမ်မပြန်ဘူးလား... "
ကျွန်တော် အပျင်းကြောဆန့်ရင်း မေးလိုက်သည် ။

" ညက မင်း အိပ်ပျော်နေတာလေးကို ခဏလာကြည့်မယ် ဆိုပြီး ပြန်ခါနီး လာကြည့်လိုက်တာ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

" ညက မင်း အိပ်ပျော်နေတာလေးကို ခဏလာကြည့်မယ် ဆိုပြီး ပြန်ခါနီး လာကြည့်လိုက်တာ... မင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာလေးကို ထိုင်ကြည့်ရင်း မနက်မိုးလင်းသွားတာပဲ  ... "

" Ryan နဲ့ စကားပြောတာကော... အဆင်ပြေခဲ့လား... "

" အင်း ... ဒါနဲ့ ဒီနေ့ ယော့ဝန်း ပထမဆုံး အလုပ်သွားရမယ့်ရက် မဟုတ်လား  ... အဆင်သင့် ပြင်ထားဦး...  ကိုယ် မနက်စာ စားပြီးရင် လိုက်ပို့ပေးမယ်လေ... "

ကျွန်တော်တို့ မနက်စာ စားဖို့အတွက် Ryan က ပြင်ဆင်ပေးထားသည်ကို ကြည့်ခြင်းအားဖြင့် Ryan နှင့် Mcqueen ကြားက ဆက်ဆံရေးသည် အရင်ကထက် အဆင်ပြေသွားပြီဟု ကျွန်တော် ခန့်မှန်းနိုင်လေသည် ။

" Ryan... ဒါတွေအကုန် မင်းလုပ်ထားတာလား... "

" ဟုတ်တယ်... စားကြည့်ပါဦး... ဘယ်လို နေလဲ လို့... "

" ဟုတ်တယ်... အကုန် Ryan ချက်ထားတာ... "
Mcqueen က ခုံတွင် ဝင်ထိုင်ရင်း ပြောလိုက်သည် ။
" အစက သူ မုန့်ဈေးကား ရောင်းမယ်ဆိုတော့ ကိုယ်က စိတ်ပူသွားခဲ့တာ... ဒါပေမယ့် အခုမြည်းကြည့်လိုက်တော့ အရမ်းကြီး မဆိုးပါဘူး... မင်း အရမ်းဗိုက်ဆာနေတဲ့အချိန်မျိုးဆိုရင်တော့ စားလို့ရလောက်ပါတယ်... "

ရေပြင်ပေါ်၌ လမ်းလျှောက်ခြင်း Completed ( မြန်မာဘာသာပြန်)Where stories live. Discover now