Chapter 60 (Zawgyi)

1.7K 59 0
                                    

Chapter 60

ချန်းလျှို့ ကျွန်တော့်ကို ပေးခဲ့သည့် စာများမှာ အဖွားလင်းပေါင်နှင့် ကျွန်တော့်ကြားရှိ တစ်ချိန်က ချစ်ခြင်းမေတ္တာ အမှတ်တရများ၏ သက်သေပင် ဖြစ်လေသည် ။

တစ်ချိန်က ကျွန်တော် ကိုယ်တိုင် ရေးခဲ့သော စာများ ဖြစ်သော်လည်း ယခု ပြန်ဖတ်ကြည့်တော့ ကလေးဘဝက အရေးအသားလေးများကြောင့် ပြုံးမိပြီး ကျွန်တော် ရေးခဲ့သည်ဟုပင် မယုံချင်စရာပေ ။

အချိန်အတော်ကြာပြီးနောက် ထိုအရေးအသားများသည် ကျွန်တော်နှင့် အကျွမ်းတဝင် မရှိတော့သော်လည်း စာလုံးတစ်လုံးခြင်းစီတိုင်းက ချစ်ခြင်း မေတ္တာတရားကို လှစ်ဟပြသနေလေသည် ။

အဖွားလင်းပေါင်သည် အယ်လ်ဇိုင်းမား ရောဂါကြောင့် ကျွန်တော်နှင့် သူ့မြေးလေး ရှောင်လင်းတို့ကို အမြဲ အမှတ်မှားခဲ့သည် ။
သို့သော်လည်း ရှောင်လင်းအဖြစ် ဟန်ဆောင်ပြီး နေရလျှင်တောင်မှ ကျွန်တော် ကျေနပ်ခဲ့ပြီး အဖွားလင်းပေါင်ဆီမှ ချစ်ခြင်းမေတ္တာတို့ကို လိုချင်ခဲ့ဖူးလေသည် ။

တစ်ခါမျှ သည်းသည်းလှုပ် အချစ်မခံရခဲ့ဖူးသော ကလေးတစ်ယောက်အနေဖြင့် အချစ်ခံချင်ခဲ့သည့် စိတ်မှာ မမှားခဲ့ပေ ။

******************

New York မှာ ရှိသော အခြား သက်တော်စောင့် ကုမ္ပဏီများဆီသို့ ကျွန်တော် သွားရောက်ကာ လျှောက်လွှာတင်ခဲ့သည် ။
သို့သော်လည်း မည်သည့် ကုမ္ပဏီ ဆီကမှ အကြောင်းပြန်ကြားခြင်း မရှိခဲ့ပါပေ ။

" တစ်ဆိတ်လောက် ... ကျွန်တော် အလုပ် လျှောက်လွှာလေး ဘယ်မှာ တင်ရမလဲဗျ... "

ယနေ့အတွက်လည်း အလုပ်လျှောက်လွှာတွေ လိုက်တင်ခဲ့ပြီးနောက် လေးလံထိုင်းမှိုင်းသော စိတ်ဖြင့် ပြန်ဖို့ ပြင်လိုက်သည် ။

ဒီနေ့ ကျွန်တော် Derek နှင့် တွေ့ဖို့ ချိန်းထားသည်မို့ Derek ဆီသို့ စာပို့လိုက်သည် ။

' ငါတို့ နောက်ဆုံးအကြိမ် ထိုင်ခဲ့တဲ့ Bar မှာ ဆုံရအောင်... '

Derek ဆီမှ စာ ပြန်ဝင်လာလေသည် ။

' အိုကေ Edd... ငါ့အစ်ကို Ash ပါ ပါလာလိမ့်မယ်... '

Ash က သူ့ကုမ္ပဏီ အတွက် ကျွန်တော့်ကို အကြောင်းမပြန်ခဲ့ပေ ။
ယင်းမှာလည်း သူ့အမှား မဟုတ်ပေ ။
ကုမ္ပဏီ အသစ်အနေဖြင့် Risk မယူဝံ့သည်မှာ သဘာဝပင် ဖြစ်သည် ။

ရေပြင်ပေါ်၌ လမ်းလျှောက်ခြင်း Completed ( မြန်မာဘာသာပြန်)Where stories live. Discover now