"ထုံးကိုပြန်တာဝန်ယူခွင့်ပေးပါ အမေ ။ ကျွန်တော် အနူးညွတ်တောင်းပန်ပါတယ် "
"ဟျောင့်!! မင်းပါးစပ်ကိုပိတ်ထား
ငါလုံးဝလက်မခံနိုင်ဘူး ကွ တောက်!!"
"မင်းသန့် တော်တော့ငါညီ သူတို့မိသားစု ချင်းအရင်ရှင်းကြပါစေ"
မင်းသန့် သဏ္ဍန် ကိုအရမ်းစိတ်ဆိုးမိသည်။ သဏ္ဍန် တောင်းပန်ပေ့မယ့် သူလက်မခံနိုင်။သူအကိုပေးဆပ်ခဲ့ရတာတွေက သူမျက်မြင် မဟုတ်လား။
"ငါတောင်းပန်ပါတယ် မင်းသန့် ငါကိုကူပြောပေးပါအုံးကွာ"
မင်းသန့် သဏ္ဍန်ကို စိတ်ဆိုးနေသော်လဲ ကိုကြီးဆက်ထုံးပျော်ဖို့ကရှိသေးသည်မို့ သူ ကိုခန့်စကားကိုနထောင်ကာ ငြိမ်နေလိုက်သည်။
"ကဲ ဒေါ်ရွှေမိတို့သဘောကရော ဘယ်လိုရှိလဲ "
"ကျွန်မကတော့ လက်မခံချင်ပေမယ့် သားရဲ့စိတ်သဘောကရှိသေးတယ်လေ သားကိုပဲမေးကြည့်ကြတာပေါ့"
"အို..မောင်လေးကဒီလောက်ထိဖြစ်ထားတာ ကျွန်မကတော့ လုံးဝလက်မခံနိုင်ပါဘူး"
"အဲ့လိုမလုပ်ပါနဲ့ အစ်မရယ် ကျွန်တော် အပြစ်တွေ နောင်တတွေကို ပေးဆပ်ရင်း တစ်သက်လုံးနေသွားမှာမို့ အဲ့လိုကြီးတော့မလုပ်ကြပါနဲ့နော်"
သဏ္ဍန် နာကျင်မူ့တွေကိုဂရုမစိုက်အား ထုံး ရဲ့မိသားစုကို ခြေထောက်ဖက်မတတ်တောင်းပန်ရှာသည်။
အမေကအဲ့လောက် မဆိုးပေ့မယ့် မမက အသည်းသန်ငြင်းသည်။
သူမောင် အခုလိုအဖြစ်မျိုးထက်ဖြစ်ခဲ့ရင် ဒီထက်ပိုဆိုးသွားမှာ သူကြောက်ပါသည်တဲ့။ သူတို့ဘက်ကတွေးလျှင်လဲ မှန်ပါသည်။
သို့သော်လဲသူရအောင်တောင်းပန်မည်။ မပိုင်ဆိုင်ရဘူးဆိုရင်တောင် ထုံးသူကိုမှတ်မိလာတဲ့ထိ သူအနားမှာနေရင်း သူဂရုစိုက်ပေးချင်သည်။ဒါသူရဲ့ရင်ထဲကဆန္ဒပါ။
"ကဲ မိသားစု ကိစ္စဆိုတော့ ကျုပ်တို့လဲ အများကြီး ဝင်မပါချင်ဘူးဗျာ သေချာလေး ငြိယူကြပေါ့။ တစ်ခုတော့ရှိတယ် အပျက်ပျက်နဲ့ နှာခေါင်းသွေး မထွက်စေကြနဲ့ ဆက်ထုံးဘက်ကိုငဲ့ပေးကြ"
သူကြီး ပြောစရာရှိတာပြော ဆုံးမစရာရှိတာ ဆုံးမပြီး ပြန်သွားလေသည်။ သဏ္ဍန် မျှော့်လင့်ချက်တွေနဲ့ သူတို့မျက်နာတွေအား လိုက်ကြည့်နေခဲ့သည်။
ဘယ်သူကို ဘယ်လိုတောင်းပန်ရမယ်သူမသိ။ ငယ်ထဲက ဘယ်သူကိုမှအောက်မကျို့ခဲ့ဘူး ။ အခုသူအပြစ်တွေက ခွှင့်လွှတ် ဖို့ထိတောင် မထိုက်တန်နေတော့ သူဒူးထောက်ရမည်ဆိုလဲ သူဝန်လေးနေမည်မဟုတ်ပါ။ သူထုံးအပေါ်ထားတဲ့သူရဲ့အချစ်တွေ ရှိတယ်ဆိုတာသူမြင်အောင်ပြသရပါမည်။
"ကျွန်တော် ဘာလုပ်မှ ဘာလုပ်ပေးမှ ထုံးကို ကျွန်တော်လက်ထဲပြန်
ပေးမှာလဲဟင်"
မင်းသန့် စိတ်ပျက်စွာကျွတ်သပ်လိုက်သည်။ သူ့ သူငယ်ချင်းရဲ့ အရူးမီးဝိုင်းနေတဲ့မျက်နာဟာ သူရင်ကို လှုပ်ခပ်နေသလိုပင်။ သူသနားရမလို့ ပြေးထိုးလိုက်ရမလိုလမ်းပျောက်နေရပြီ။ လွယ်လွယ်နဲ့တော့ မပြေလိုက်ချင်။ သူလုပ်ခဲ့တာတွေတွက် နဲနဲတော့ ပြန်ခံသင့်သေးတယ်သူထင်တယ်။
"သဏ္ဍန် ညီ အစ်ကိုတစ်ခုဝင်ပြောမယ်ကွာ၊ အခုမင်းပြန်လာတာက အရာအားလုံးကို ပြတ်သားနိုင်ခဲ့ပြီးလား အကိုပြောချင်တဲ့ အဓိပ္ပာယ် ကိုငါညီနားလည်မှာပါ။ ခုညီ ဆက်ထုံးကို ပြန်ပေါင်းချင်တယ်ဆိုရင် ညီဘဝထဲကိုတော့ သူဘယ်နည်းနဲ့မှ ပြန်လိုက်လို့မရနိုင်ဘူးလို့ အစ်ကိုထင်တယ် အဲ့တော့သူဘဝထဲကို ငါ့ညီဝင်လာနိုင်လား "
သဏ္ဍန် တွေဝေခြင်းမရှိပါ ။
"ကျွန်တော် အရာအားလုံးကိုပြတ်သားစွာ ဆုံးဖြတ်ခဲ့ပြီပါပြီ။ ဘယ်တော့မှ ထုံး အနားကနေထပ်ပြီးထွက်ခွာသွားဖို့ဆိုတာ ရှိမလာနိုင်တော့ပါဘူး ကျွန်တော်ကိုသာ ထုံးအနားမှာနေဖို့ နောက်ဆုံးအခွင့်ရေးလေးပေးပါ "
"ကိုယ် မင်းစကားတွေကို ဘယ်လိုယုံရမလဲ သဏ္ဍန် ဘာနဲ့သက်သေပြမလဲ ဒီလိုဖြစ်ရပ်မျိုး ထပ်ဖြစ်ခဲ့မယ်ဆိုရင် ကိုယ်တို့ဘယ်လိုမှ ခွင့်လွှတ်နိုင်မှာ မဟုတ်တော့ဘူး သဏ္ဍန်"
"အလုပ်နဲ့ သက်သေပြခွင့်ပေးပါ။ ကျွန်တော် ထုံးအနားမှာ လင်ယောက်ျား တစ်ယောက်အနေမျိုးနဲ့ မဟုတ်ပဲ အစ်ကိုတစ်ယောက်လို အဖေတစ်ယောက်လို အရင်ပေးဆပ်ပါရစေ။ ထုံး ကျွန်တော်ကို မှတ်မိလာမှသာ ကျွန်တော်သူဆန္ဒကို လေးစားစွာ လိုက်နာပါ့မယ်လို့ကတိပေးပါတယ်"
ခန့်ငြား ဆက်ထုံးလေး မိသားစုဘက်ကို လှည့်ကြည့်တော့ ဆက်ထုံး မေမေက ငိုသာငိုနေပြီ အစ်မဖြစ်သူကတော့ ခါးခါးသီးသီးဟိုဘက်လှည့်နေသည် ။
မင်းသန့်ကို အကူညီရလိုရငုား ကြည့်ပြန်တော့လဲ အံကိုကြိတ်ကာ မျက်နာကို တစ်ဖက်လှည့်ထားသည်။ သူကြားကဘယ်လို ညှိပေးရမလဲ သူမသိတော့။
"ပြန်လိုက်ပါတော့ သဏ္ဍန်သုမောင် မှောင်လဲ မှောင်နေပြီ အစ်မတို့ကလဲလက်မခံနိုင်သလို ဆက်ထုံးလေးလဲ မင်းကိုလက်ခံချင်မယ်မထင်တော့ဘူး အဲ့ဒါကြောင့် ပြန်လိုက်ပါ "
သက်မာ ငို၍ သဏ္ဍန်ကို အပြင်ဆွဲထုတ်နေသည်။ အမေကလဲ ဘာမှဝင်မပြောပဲ ဆက်ထုံးကိုဖက်၍ငိုနေသည်။ မင်းသန့်ကလဲ မိသားစုနဲ့ သူငယ်ချင်းကြား မဖြေရှင်းတတ်ရှာတော့မျက်နှာပျက်နေသည်။
အပြင်လူ ကျွန်တော်ကပိုဆိုးသည်။ သက်ပြင်းကိုချကာ သူကြီးအိမ်သို့သာထွက်လာခဲ့လိုက်တော့သည်။ ဒီလိုမြင်ကွင်းတွေ ထပ်မမြင်ချင်တော့ပါ။
"မလုပ်ပါနဲ့ ကျွန်တော်ကတိပေးတာမို့ ကျွန်တော့ဆုံးဖြတ်ချက်ကို လေးစားပေးပါ။အဲ့လို မလုပ်ပါနဲ့ မလုပ်ပါနဲ့ကျွန်တော်မပြန်ဘူးအစ်မ ၊ ကျွန်တော်ကို လက်ခံပေးပါ။ ကျွန်တော်မပြန်ပါရစေနဲ့နော် ထုံး သတိရလာတဲ့ထိ သူကျေနပ်အောင် တောင်းပန်ပြီးရင် ကျွန်တော်ပြန်မှာမို့ အဲ့အချိန်အတိုင်းတာ ထိပဲ လက်ခံပေးပါ ဗျာ ...."
သဏ္ဍန် လက်အုပ်လေးချီကာ တောင်းပန်သော်လဲ အစ်မဖြစ်သူက လက်မခံနိုင် ။ ကိုယ်မောင်လေး ကိုယ်တွေမသိချိန်မှာ ဘယ်လောက်ထိခံစားနေခဲ့ရရှာမလဲ ။
"ဟင်အင့် ဟင်အင့် ငါ့မောင်လေး ထပ်ပြီးနာကျင်မှာမလိုလားတော့ဘူး။ ငါတို့ကလေးအတွက် ဒီလောက်ဆိုရင် လုံလောက်ပြီ မို့
သွားလိုက်ပါ သွားလိုက်ပါတော့ ဟယ်ဟီးအီး!!"
သဏ္ဍန် ဒူးထောက်၍ ထိုင်ချလိုက်သည်။ သူဘာဆက်လုပ်ရတော့မည်နည်း သူဘယ်လိုလုပ်မှ သူကိုလက်ခံပေးမည်နည်း။ ထုံးကို အားကိုးတစ်ကြီးလှမ်းကြည့်ပြန်တော့လဲ ထုံးကအမေနားမှာ ထိုင်ကာ သူကိုတွေဝေငေးမောနေသော မျက်ဝန်းများနဲ့သာ စိုက်ကြည့်နေရှာသည်။ သူပြန်ထနိုင်ဖို့ ခြေထောက်တွေပင် လှုပ်ရှား၍ မရ။
"သဏ္ဍန် မင်းပြန်လိုက်ပါ ခဏဖြစ်ဖြစ် အရင်ပြန်လိုက်။ အားလုံးစိတ်အေးသွားမှ တစ်ခါထပ်စဉ်းစားကြတာပေါ့ ငါမင်းကို ယုံချင်တယ်သူငယ်ချင်း အဲ့ဒါကြောင့်မင်းအရင်ခဏပြန်လိုက်ပါ"
သဏ္ဍန် မျက်နာနှစ်ဖက်ကို လက်ဖြင်အုပ်၍ ရိုက်ကာငိုလိုက်တော့သည်။ ဟုတ်တယ် စိတ်အေးသွားမှတစ်ခါထပ်လာရမည်။
ဒီလောက်လေးနဲ့စိတ်ဓာတ်ကြလက်လွတ်လိုက်ဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါ။ သူအားယူကာထရပ်လိုက်ပြီး ထုံး မျက်နာလေးကို တစ်ချက်ကြည့်ကာ ပြုံးပြလိုက်သည်။ လက်ကလေးကိုဆုပ်ကိုင်တော့ ငြိမ်နေရှာသည်။
"မောင် နက်ဖြန်ပြန်လာမှာမို့ စောင့်နေပေးနော်ကလေး "
သူတိုးတိုးလေးရေရွတ်လိုက်ပြီးလက်လေးကိုပွတ်သပ်လိုက်သည်။ ထုံးအစ်မ ကိုတောင်းပန်တဲ့မျက်ဝန်းတွေနဲ့ကြည့်ကာ လှည့်အထွက် သူလက်ကလေး ကနွေးခနဲ ဖြစ်သွားသည်။
ရုတ်တရက် အံ့သြ
သွားကာ လှည့်အကြည့် ထုံးက သူလက်ကအင်္ကျီအနားစလေးကို ဆွဲထားသည်။ ခေါင်းလေးကိုငုံ၍
"ဘယ်ကို ဘယ်ကိုသွားမလိုလဲ မသွားပါနဲ့ မသွားပါနဲ့နော်.....
မိုးတွေလဲချုပ်..ချုပ်နေပြီလေမသွားပါနဲ့အပြင်မှာကြောက်စရာကောင်းတယ်...."
"အားးး ထုံးရယ် မောင့်ထုံးရယ် မောင်ဘယ်တော့မှ မင်းအနားကထွက်မသွားပါဘူးကွာ ထပ်ပြီးထွက်မသွားတော့ပါဘူး"
သူထုံးကို တင်းကျပ်စွာဖက်၍ ငိုလိုက်မိသည်။ သူကို ထုံး က
ဘယ်တော့မှ ပြစ်ထားမှာမဟုတ်ဘူးဆိုတာ သူသိလိုက်ပါပြီ။
အသိစိတ်ရော မသိစိတ်ရော ထပ်တူကြမနေတဲ့ အချိန်မှာတောင် ထုံးကသူကို ဒုက္ခ ရောက်အောင်ဘယ်တော့မှမလုပ်ပါ။ ရပါပြီထုံးရယ် ဒီလောက်လေးဆွဲထားပေးရင်ကိုရပါပြီ မောင်ကလေ မောင်ကကလေးကိုတစ်သက်လုံး ဆွဲထားတော့မှာမို့ ကလေးက ဒီတစ်ခါလေးဆိုရပါပြီ...။
>>>>>>>>>>>>>>>>>>>>>>>>
RAIN Group နဲ့ DADAN Group တို့ရဲ့ အမွေဆက်ခံ သူ ကိုသဏ္ဍန်သုမောင်နဲ မမြမိုးသွယ်တို့ စေ့စပ်ကြောင်းလမ်း ဖျက်သိမ်းခြင်းဆိုတဲ ခေါင်းကြီးပိုင်းသတင်းတွင်ပါလာပြန်သည်။
ထိုသတင်းရဲ့နောက်ဆက်တွဲ၌ပင် DANAN Group ရဲ့ ရှယ်ယာဈေးတွေ ထိုးကျ ပြီး နူတ်ထွက်သွားကြတဲ့ ရှယ်ယာရှင်များကြောင့် Company ဒေဝါလီခံလိုက်ရသည့်အကြောင်း။
စက်ရုံအလုပ်ရုံများအတွက် အလုပ်သမားတွေကို လျော်ကြေးအမြောက်များပေးရ၍ နလံပင်မထူနိုင်တော့ကြောင်း ဖွဲ့နွဲ့ကာ ရေးထားသည်များက သူများကျရူံးမူ့ကိုမနာလိုနေကြတဲ့ သူတွေလိုပင်။ ထိုသတင်းများကိုကြည့်၍ မြမိုးသွယ်တစ်ချက်ပြုံးလိုက်သည်။
"မလုပ်သင့်တဲ့အရာ မထိသင့်တဲ့အရာတွေကို လာထိမိ ဆွမိရင် ဘယ်လိုဇာတ်သိမ်းရလဲဆိုတာ ကောင်းကောင်းသိပြီးမလား
သဏ္ဍန်သုမောင် ရယ်ဟင်းဟင်း "
တစ်ဖက်တွင်လဲ ထိုသတင်းကိုဖတ်နေသော သွင်ခန့်ငြား ပြုံးလိုက်သည်။ ဆက်ထုံးလေးအတွက် သဏ္ဍန်အရာရာကိုတစ်ကယ်စွန့်ခဲ့ပြီပေါ့ ။ သူလုပ်ပေးခဲ့ရကျိုးနှပ်ပါသည်။
သူရင်တွေကွဲလဲ သူမပိုင်ဆိုင်ရသော်လဲ သူကျေနပ်သည်။ ဆက်ထုံးလေးသာ ပျော်နေမယ်ဆို သူအတွက်ခံစားရတာတွေက မပြောပ့လောက်။
လူတွေက ပြုံးရယ်ကြတာခြင်း တူရင်တောင် တစ်ချို့ကပူလောင်ခြင်းတွေကြောင့်ဖြေသာအောင်ရယ်နေကြရပြီ တစ်ချို့က အရာရာပေးဆပ်ခြင်းတွေကြောင့် အေးချမ်းစွာ ပြုံးရယ်နိုင်ကြသည်။
လောကကြီးတွင် နေတတ်ရင် ကျေနပ်စရာတွေ ကြီးပါ။ ငွေနောက်မလိုက်ပဲ ကိုယ်ပျော်ရွှင်မူ့ ကိုယ်ရဲ့ခံစားချက်တွေကို ဦးစားပေးခဲ့မယ်ဆိုရင် နှလုံးသားရှိသူတိုင်းလှပနိုင်မှာအမှန်ပင် မဟုတ်ပါလား။
အတ္တတွေ လောင်မြိုက်နေတဲ့ ဒေါ်ထင်သဏ္ဍန်ကတော့ ကိစ္စတွေ ဖြစ်ဖြစ်ချင်း ခံနိုင်ရည်မရှိတော့ကာ ဆေးရုံတင်လိုက်ရသည်။ ဖေဖေကတော့ ထုံးစံအတိုင်း မူးမြဲမူးနေဆဲပါတဲ့။
သူရင်ထဲမကောင်းသော်လဲ တော်သင့်ပြီမဟုတ်ပါလား မေမေ မိဘအမွေတွေက မေမေသေသည့်တိုင် စားမကုန်နိုင်ပါ။ ချမ်းသာကြွယ်ဝမူတွေကို ထပ်ခါထပ်ခါ လိုချင်နေတဲ့မေမေကိုတော့သူနားမလည်နိုင်။
သဏ္ဍန်သုမောင်ဆိုတဲ့ကျွန်တော်ဟာ သားကောင်းတစ်ယောက် ဖြစ်ခဲ့ပြီပါပြီ ။ ဖြစ်လဲဖြစ်ပေးခဲ့ပြီပြီမို့ အဝေးကနေစိတ်မကောင်းရုံကလွှဲ၍ သူဘာမှထပ်ပြီးမတတ်နိုင်တော့။
ဒီတစ်ခါသာ သူထွက်ခွာသွားခဲ့ရမယ်ဆိုရင် ဘယ်သောအခါမှ ပြန်မရနိုင်တော့တဲ့ နှလုံးသားရဲ့ ပျှော်ရွှင်မူ့ကို ဆုံးရူံးလိုက်ရမယ်ဆိုတာသူကောင်းကောင်းကြီးသိသည်။
မနက်စောစောထကာ
ဆိုင်ခင်း ၊ဆိုင်သိမ်း စားပွဲထိုးလုပ်နဲ့
ဈေးကူရောင်းပေးတတ်တဲ့
သူဋ္ဌေးသားလေး ဟာနေ့ရက်တိုင်းမငြီးမငြူအားပါ။
တစ်အိမ်လုံး ချိုးရေ သုံးရေထမ်းပေးဖို့လဲ သူမှာမမေ့လျော့ခဲ့သလိုသူသိပ်ချစ်တဲ့ ထုံးကိုရေချိုးပေးရင်း သိပ်ချစ်တဲ့အကြောင်းတွေ နား နားကပ်ကာပြောဖို့လဲသူမမေ့ ။
သူထိုသို့ပြောတိုင်း ရှက်သွားတတ်တဲ့သူအမျိုးသားလေးဟာ သူသိပ်ချစ်မြတ်နိုးရတဲ့ သူရဲ့တစ်ဦးထဲသောကောင်လေးရဲ့ ချစ်သက်သေ ။
ဆိုင်သိမ်းတိုင်း မဲဇလီပင်တန်းလေးကိုသွားကာတစ်စုံတစ်ယောက်ကို သွားကူစောင့်ပေးရတာလဲ သူအတွက်နေ့စဉ်ဝတ္တရားတစ်ခု။
ခုချိန်ထိ သူရဲ့ထုံး ကသူနားမှာရှိနေတဲ့သူကို သတိမထားမိသေးပဲ သူဘယ်သူကိုစောင့်နေတာလဲ မေးတိုင်း သူသိပ်ချစ်ရသူကိုမျှော်နေတာပါတဲ့ ။
မောင့်ထုံးရယ်....။
အသိစိတ်မရှိတဲ့အချိန်မှာတောင်
သူကိုသိပ်ချစ်ပေးခဲ့လို့ သူကိုစောင့်နေပေးသေးလို့ အနားမှာရှိနေရက်နဲ့သူမှာ ဝမ်းပန်းတစ်နည်းငိုမိရတာကလဲ ညနေတိုင်း ထုံးအပေါ်ထားတဲ့သူရဲ့ ချစ်ခြင်းတွေပါ။
*သိပ်မြတ်နိုးရပါတယ် ၊ သိပ်ချစ်ရပါတယ် မောင်ကမင်းကို အမြဲတမ်းပေးဆပ်ရင်း ချစ်မြတ်နိုးရင်း နေရက်တိုင်း မင်းအနားမှာပဲ မှာပဲနေရင်း သစ္စာရှိသွားမှာပါ ကွာ...*
ဆေးတွေ သောက်ရလို့ ဂျီများတိုင်း မင်းအဲ့လိုလုပ်နေရင် မင်းချစ်တဲ့သူကပြန်မလာပဲနေလိမ့်မယ် ပြောတိုင်း အတင်းဆွဲယူလုသောက်လို့ မျက်ရည်ကျရတဲ့နေရက်တွေ့က မရေတွက်နိုင်တော့ပါဘူး။
သူချစ်ခြင်းတွေ သူမေတ္တာ တွေကို အချစ်နတ်ဘုရားတွေက ဒဏ်ခတ်လိုက်လေသလားမသိ အခုချိန်ထိ ပြစ်ဒဏ်သင့်နေဆဲပါ။
ဆိုင်သိမ်း ပြန်လာပြီ နေကပူမောကမောနဲ့မို့ရေချိုးပြစ်လိုက်သည်။ ထုံးကိုသွားကြိုရအုံးမှာမို့ သူမဲဇလီတန်းလေးဆီ ထွက်လာခဲ့လိုက်သည်။
ဒီနေ့ ထူးဆန်းနေပါသည်။ ထုံး လက်ထဲမှာဓာတ်ပုံလေးပါမလာတော့သလို ရွာအပြင်လမ်းမကိုလဲ ငေးမနေတော့ပါ ။ရွာအဝင်လမ်းမထက် သူလျှောက်လှမ်းလာရာကိုသာ ငေးနေသည်မို့ သူခြေလှမ်းများ ယိမ်းယိုင်မတတ်..
"မောင့်ရဲ့ထုံး ဒီနေ့ဘာများဖြစ်လို့လဲ "
သူ့စိုးရိမ်စိတ် များသွားကာအနားကိုအပြေးလေးသွားကာ လက်လေးကိုဆုပ်ကိုင်လိုက်သည်။
"ထုံး မောင့်ထုံး ဘာဖြစ်လို့လဲ သူမလာလို့စိတ်မကောင်းဖြစ်နေတာလား ဘာဖြစ်လို့လဲ ပြောလေမောင့်ကို။ သူမလာသေးလို့ ထုံးကစိတ်ဆိုးနေတာလား..... "
သူကို ထုံးက ရီဝေစွာ ငေးစိုက်ကြည့်နေသည်က သူရင်တွေကို ဗလောင်ဆူစေသည်။ ရင်ခုန်သံတွေကလဲ မညီမညာ။ အဘယ်ကြောင့် ဒီလောက်ထိသူကို ကြည့်နေရပါသလဲ ။ သူထုံးကို တစ်ခုခုပြောရန်အပြု သူပါးစပ်လေးကို လက်နဲ့ပိတ်ကာ ထုံးပြောလိုက်သည်က
"မောင် .......မောင်ကအရူးတဲ့"
AhShin💛
(မျက်စိက အခြေနေဆိုးနေလို့ မနေ့က up မမှန်လိုက့် တဲ့အတွက်အများကြီး တောင်းပန်ပါတယ်
နောက်တစ်ပိုင်းဆို ဇာတ်သိမ်းတော့မယ်နော် တစ်လျှောက်လုံး သေချာရေးလာပြီးမှဇာတ်သိမ်းမှာ ပေါ့သွားမှာ အရမ်းကြောက်မိပါတယ် အခုကြိုးစားဆဲမို့ ဘာမှမဟုတ်တဲ့သူမို့ လိုအပ်ချက်တွေ မကျေနပ်မူတွေ ရှိခဲ့ရင် တောင်းပန်ပါတယ်ရှင့် 💗)