တစ်လခန့်ကြာမြင့်သော်......
ရွာပြန်ရောက်လာသော ဆက်ထုံးလေးကို မေမေတို့အစ်မတို့က ဝမ်းနည်းဝမ်းသာဖြင့် ကြိုဆိုကြသည်။ သူတို့သားလေးအတွက်လဲ ကြားတဲ့သူတိုင်းစိတ်မကောင်းသလိုခံပြင်းသူများကတောက်တစ်ခေါက်ခေါက်နှင့် ဖြစ်ကြရသည်။
ပြန်ရောက်သည့် နေ့မှစ၍ ဆက်ထုံးဘယ်သူနဲ့မှ စကားမပြောပဲနေသည်။တစ်ခါတစ်လေ ပြုံးနေတတ်ပြီး တစ်ခါတစ်လေ တစ်ယောက်ထဲ စကားတွေပြောနေတတ်သည်။
သူ့ရဲ့မောင်ကိုစတွေခဲ့ဖူးတဲ့ ရွာထိပ်ကမဲဇလီပင်တန်းအောက်လေးမှာ ပဲအမြဲသွားထိုင်နေတတ်ကာ ညနေစောင်းမှ အိမ်ပြန်ပြန်လာတတ်သည်။
ဘယ်သူပြောလို့မှလဲသူနားမဝင်၊ ထမင်းကိုလဲ မနည်းကျွေးယူရကာ ဆေးကိုတော့ချော့ပြောလျှင် ပုံမှန်သောက်ရှာသည်။
မြို့က ဒေါက်တာလေးကလဲ တစ်လတစ်ခါလာကာ ဆေးတွေနဲ့အားရှိတဲ့အရာတွေဝယ်လာတတ်သည်။ဆက်ထုံးလေးကိုလဲ ညီအရင်လေးလိုစောင့်ရှောက်ပေးရှာသည်။
ဒေါ်ရွှေမိ တို့ကတော့သားအဖြစ်ကို
ကြည့်ကာ ရင်ကျိုးမတတ်ခံစားကြရသည်။သူအစ်မဆို သူမောင်ကိုမြင်တိုင်း မျက်ရည်တစ်စမ်းစမ်း။
"အချစ်ကြီးလှချည်းလား သားရယ် ဒီအမေ ဘယ်လိုစိတ်နဲ့စိတ်ချထားခဲ့ရမလဲကလေးရယ်"
ဒေါ်ရွှေမိ ဒီတိုင်းဆိုအသေတောင်ဖြောင့်မယ်မထင်တော့ချေ။
"ဟဲ့ ဖိုးထောင် ဆက်ထုံးကို သွားခေါ်ပါဦးအေ ။ ထမင်းစားချိန်ရောက်နေပြီ ထမင်းကျွေးရအောင်"
"ဟုတ်ကဲ့ အရီး"
ဖိုးထောင် လဲသူငယ်ချင်းဖြစ်သူကြည့်ကာ ယူကျုံးမရဖြစ်ရသည်။ သိပ်ကို စွာလန်ကျဲ တဲ့သူ့သူငယ်ချင်းဇာတ်ဇာတ်ကျဲလေးက အခုဆို တိတ်ဆိတ်သွားပြ
လူတစ်ချို့ကိုပင် မဝေခွဲမပိုင်းခြားတတ်တော့ပါ။ သူကိုတောင် မနည်းမှတ်မိအောင် အကြိမ်ကြိမ် ပြောထားရတာဖြစ်သည်။
ဟော တွေ့ပါပြီ အစ်ကိုချောက
မှန်ဘောင်သွင်ထားသော ဓာတ်ပုံလေးအား ရင်မှာပိုက်ကာ အဝေးကိုလှမ်းကြည့်နေသည်ထင်။ တွေတွေငေးငေး လေး စိုက်ကြည့်နေရှာသည့် သူ့ငယ်သူငယ်ချင်းလေးကို ပုခုံးလေးဆုပ်ကိုင်လိုက်သည် ။
"ဆက်ထုံး ပြန်ရအောင်လေ နေလဲဝင်နေပြီ။ အရီးခေါ်ခိုင်းလိုက်တာ"
"ခဏနေပါဦး နေကအကုန်ဝင်ဖို့ နဲနဲကျန်ပါသေးတယ်။ ဒါနဲ့ မင်းကဘယ်သူလဲ "
"ဟာ ...ဒီကောင်မှတ်မထားပြန်ဘူးကွာ။ ငါကတစ်ရွာလုံးမှာ အချောဆုံး အလှဆုံး ပျိုတိုင်းကြိုက်တဲ့ မင်းသူငယ်ချင်းဖိုးထောင်ပါဆို "
"ခွီး ဟုတ်လား "
ဆက်ထုံး ရယ်ပြီးမေးတော့ ဖိုးထောင် အံကြိတ်လိုက်ရင်းခေါင်းငြိမ့်သည်။ သူရင်ထဲမှာတော့ မချိ။
"အဲ့ဆိုလဲဟို....နေလုံးဝင်သွားတဲထိ ခဏစောင့်ပေးကွာ။ သူ ...သူတစ်ကယ်များ လာခဲ့ရင် ငါနဲ့လွှဲသွားမှာဆိုးလို့"
ခေါင်းလေးငုံပြီး လက်နှစ်ဖက်ကိုစုပ်ချေကာ ပြောနေသော သူ့သူငယ်ချင်း ကိုကြည့်ကာ သူငိုချင်နေမိသည်။
*မင်းအခုထိ အသိစိတ်မရှိတာတောင် မသိစိတ်ကမျှော်နေတုန်းလားသားကြီးရာ..*
"အေးပါ အေးပါ ငါကူစောင့်ပေးပါ့မယ်။ ဒါပေ့မယ် ညနေအိမ်ပြန်
ရောက်ရင်တော့ ထမင်းစားရမယ်နော်"
"အွန်းပါ ခဏလေးစောင့်ပေးနော်"
သူအင်္ကျီစကိုဆွဲ၍ပြောလာသူကိုသူပြုံး၍ခေါင်းညိတ်ပြလိုက်သည်။
ဖိုးထောင် စိတ်ရှည်လက်ရှည် ထိုင်စောင့်ပေးနေမိသည်။မှောင်စပြုလာမှ ဆက်ထုံးက သူအင်္ကျီလက်ကလေးအား လာတွဲရှာသည်။
"ပြန် ပြန်ရအောင် ဒီနေ့သူမလာတော့ဘူး၊ မအား..မအားဘူးထင်တယ်"
"သူငယ်ချင်းရာ.... အေးအေး ပြန်ကြတာပေါ့ကွာ "
သူ အင်္ကျီလက်ကလေးကို မရဲတစ်ရဲကိုင်ကာ လိုက်လာသော ဆက်ထုံးကိုကြည့်ကာ ဖိုးထောင်မျက်ရည်တို့မထိန်းနိုင် ။
* အရင်လို လူဆိုးကောင်လေးပဲ ငါပြန်လိုချင်တယ်ဆက်ထုံးရာ*
>>>>>>>>>>>>>>>>
ခန့်ငြား တစ်လစာ ဆေးရက် ပြည့်
ပြီးဖြစ်သည့်အတွက် ညီအတွက်ဆေးလာထုတ်တာဖြစ်သည်။ ဆေးလာထုတ်ရင်း သားဖွားနဲ့မီးယပ်ဆောင်ကိုလဲလမ်းကြုံနေတာမို့ သူငယ်ချင်းဆီ ဝင်ရန် လှည့်လာခဲ့သည်။ ထိုစဉ် ညီအမျိုးသားကို မိန်းမတစ်ယောက်နဲ့သူတွေ့လိုက်သည်။
"ဟင်... ဟိုမှာ ညီအမျိုးသားပါလား"
OG ဋ္ဌာနသို့ဝင်သွားသော ညီအမျိုးသားက အမျိုးသမီးလက်ကိုဆွဲ၍ လှမ်းဝင်သွားသည်။
"ကိုမြတ် အဲ့နှစ်ယောက်က ဘာလာလုပ်တာလဲ"
"ဟ! OG ဆီလာမှာတော့ ဗိုက်လာပြတာပေါ့ဟ ကိုခန့်ရ"
"အော် ...ခဏလေးနော် ကိုမြတ်"
"ဟာ ဟိတ် အခုမှမင်းရောက်တာလေကွာ!!ဘာလဲဟ ဒီကောင်ကြောင်တောင်တောင်နဲ့"
ခန့်ငြား မောင့်အမျိုးသားနောက်ကို ပြေးလိုက်သွားမိသည်။
"ဒီမှာ ညီလေး ခဏလေး! "
သဏ္ဍန် နောက်ကနေ
အော်ကာ လိုက်လာသော သူကြောင့် လှည့်ကြည့်လိုက်သည်။
ဆက်ထုံးနဲ့ ပတ်သတ်နေတဲအကောင်။
"အော် ခင်များကို ဘာကိစ္စလဲ"
သဏ္ဍန် မေးဆတ်ကာပြတော့ သွယ်က ဆွဲခေါ်နေသည်။
"အစ်ကို စကားနဲနဲလောက် ပြောချင်လို့။ အချိန်ခဏလောက်ရမလား ညီ"
"ခင်များနဲ့ ကျုပ်ပြောစရာ ဘာစကားမှမရှိဘူးထင်တယ် "
"ခဏလေး နားထောင်ရုံလေးပါပဲ ခဏပဲ"
ထိုလူ သူကိုခခယယပြောနေသည်မို့ မကောင်းတတ်။ ဆရာဝန်လဲဖြစ်နေတာမို့ သူခဏတွေဝေသွားသည်။
"ကျွတ်!! ရူပ်ရူပ်ယှက်ယှက် ကွာ
သွယ် မင်းကားပေါ်ကစောင့်လိုက် ခဏပဲ"
သွယ်ဆိုသည့်အမျိုးသမီးက သူကိုခြေဆုံးခေါင်းဆုံး မဲ့ရွဲ့ကြည့်လာကာ
"ရူပ်ရူပ်ယှက်ယှက်တွေ မြန်မြန်လာနော် သဏ္ဍန် ငါစောင့်ရတာတွေ စိတ်မရှည်ဘူး "
သဏ္ဍန် ခေါင်းငြိမ့်ပြတော့ သွယ် car parking ဆီသို့ထွက်သွားသည်။ သဏ္ဍန် ထိုလူဘက်လှည့်ကာ
"ဘာကိစ္စလဲပြောအချိန်သိပ်မရဘူး"
"ညီလေးက သဏ္ဍန်သုမောင်နော် ok အစ်ကို သဏ္ဍန်လို့ခေါ်မယ်"
"ပြောစရာရှိတာပြောပါ ပေရှည်တာကျွန်တော်မကြိုက်ဘူး"
"sorry .....ညီ ဆက်ထုံး ဘာတွေ
ဖြစ်နေတယ်ဆိုတာ မင်းသိလား သဏ္ဍန် "
"ဟက်!! ဘာကိုသိရမှာလဲ ဘာဖြစ်နေရမှာသူက ခင်များနဲ့ပဲ ဖြစ်နေမှာပေါ့"
စကားကောင်းပြောမဲ့စိတ်ပြောက်ကာ ခန်ငြား သဏ္ဍန်မျက်နှာကို ဆွဲထိုးပြစ်လိုက်သည်။
"ခွပ်! !!ခွပ် "
ခန့်ငြား ဒေါသထွက်သွားကာ
သဏ္ဍန် မျက်နာကို လက်သီးဖြင့် ပြစ်ထိုးပြစ်လိုက်မိသည်။
သဏ္ဍန် လူးလဲပြန်ထလာကာထိုလူကော်လံတွေကိုဆုပ်ကိုင်လိုက်သည်။
"ခင်များ ကျုပ်ကိုဘာလုပ်တာလဲ ဟာကွာ"
ခန့်ငြား သဏ္ဍန် ရင်ဘတ်ကိုပြန်လည်ဆောင့်ဆွဲသည်။
"အဲ့ဒါ ညီကိုစော်ကားလို့ လုပ်လိုက်တာ။ မင်း ငါ့ကို စော်ကားလို့ရတယ် ။ ညီအချစ်ကို မင်းဘယ်တော့မှ မစော်ကားနဲ့"
"ဟက်!! အဲ့လောက်တောင်နာ တတ်နေရင် ခင်များသူနဲ့အိပ်ယာထဲသွားနေလေ ကျွန်တော်ကို ဇယားလာမကပ်နဲ့ ဖယ် လစ် "
"ဟာ ပြောလေကဲလေကွာ မင်းလိုကောင်မျိုးက ညီနဲ့မတန်ဘူး အခုညီခံစားနေရလို့ ညီအရူးတစ်ပိုင်းဖြစ်နေလို့ မင်းလူလိုများသိတတ်မလားငါလာပြောပြတာ။ ရော့ဒီမှာ
ကြည့်လိုက်"
ခန့်ငြား သဏ္ဍန် မျက်နာကို ညီရဲ့ဆေးစာရွက် များဖြင့်ပြစ်ပေါက်ပေးလိုက်သည်။ သဏ္ဍန်ရုတ်တစ်ရက်ကြောင်သွားပေ့မယ့်အနားကျလာတဲ့ စာရွက်ကိုတော့ ကောက်ကြည့်လိုက်သည်။
"ဟင် ... ဒါတွေကဘာတွေလဲ"
"အချစ်တွေလေ ညီမင်းအပေါ်ထားတဲ့ အချစ်တွေကွ!! အောက်တန်းစား အကောင်ရ ညီကမင်းကို မင်းကိုအဲ့လောက်ထိချစ်တာကွ ခွပ် ခွပ် !!"
ခန့်ငြား သဏ္ဍန်ကိုထပ်၍ဆင့်ထိုးပြစ်လိုက်သည်။ ပြောရင်းကျလာသည့်မျက်ရည်တွေကို လှည့်ကာ သုတ်လိုက်၏။
သူရင်ကွဲရင်ကွဲပါစေ ညီပျော်ဖို့အတွက် ညီစိတ်ချမ်းသာဖို့ ညီမျှော်လင့်နေသေးတဲ့အရာကို ရလိုရငှားကိုယ်ကဆွဲထားပေးကြည့်ပါ့မယ် ညီ။
"အဲ့ဆို ထုံးက ထုံးက.. "
"ဟုတ်တယ် ညီအဲ့ရောဂါခံစားနေရတာ မင်းဆီက ကွာရှင်းစာချုပ် ရောက်လာတဲ့နေ့ထဲကပဲ။ ညီကို စိတ်ကျန်းမားရေး ဆေးရုံတင်လိုက်ရတယ်"
"ဘာ! !!အဲ့လောက်ထိ ဖြစ်တာကျွန်တော်ကို ဘာလို့တစ်ချက်မှလာမပြောကြတာလဲ"
"ဘာကွ မင်းပါးစပ်ကအဲ့စကားပြောထွက်သေးတယ်နော်
ညီကို တစ်ချက်လေး လှည့်ကြည့်ပေးခဲ့ဘူးလား ညီဘာတွေဖြစ်နေလဲ ဘာဖြစ်နေလဲ မင်းမေးခဲ့ဘူးလား မင်းကွာ ညီလိုလူမျိုးကိုမှ လုပ်ရက်တယ် တောက်!!!"
"နေပါဦး ခင်များနဲ့ထုံးက.. "
ခန့်ငြား သဏ္ဍန်ကို စိတ်မထိန်းနိုင်ပဲဆောင့်တွန်းပြစ်လိုက်သည်။
"မင်း စောက်ပါးစပ်ကိုပိတ်ထား! !!မင်းကပြောလေ ကဲလေပါလား ။ ငါနဲ့ညီက ရိုးရိုးသားသားကွ၊ အေးငါ့ဘက်က မရိုးသားချင်လို့ ဖောက်ပြန်ချင်တယ်ဆိုရင်တောင် ညီကလက်မခံဘူးကွ တစ်လောကလုံးမှာ ညီကမင်း တစ်ယောက်ပဲလူထင်တာကွ ငါကွာ... !!"
ခန့်ငြား မြေပေါ်တွင် လဲကျနေသော သဏ္ဍန် ရင်ဘတ်အားစုတ်ကိုင်ကာ သူ ညီ အစား အော်ဟစ်မိလိုက်တော့သည်။
"ဒါဆိုရင် ကျွန်တော် US ရောက်နေတုန်း ထုံးအိမ်ပြန်မလာတာကရော
ဘာတွေလဲ။ မေမေ ပြောတော့
ခင်များနဲ့ တိုက်ခန်းမှာ နေတာဆို။ အဲ့အရာတွေအကုန် နားလည်ပေးပြီး ဆက်ချစ်ဖို့ကြိုးစားခဲ့တာတောင် သူမေမေကို ကိုယ်ထိလက်ရောက် စော်ကားခဲ့တာ စော်ကားခဲ့တာဗျ"
"ညီကို မင်း ယုံကြည်ပေးခဲ့ဖူးလား ညီပြောတဲ့စကားတွေကို လက်ခံနားထောင်ပေးခဲ့ဘူးလား။ ဘာဖြစ်လို့လဲ လို့မင်းသူကိုတစ်ခါလောက် မေးခဲ့ဘူးလား။ သဏ္ဍန် သူလုပ်တာလို့ရော မင်းမျက်စိနဲ့ တပ်အပ်မြင်ခဲ့လား ဟမ်!!"
" တော်ပါတော့!!"
မျက်ရည်တွေ သွင်သွင်ကျနေသော သဏ္ဍန်ကို ကြည့်ကာ ခန့်ငြား မဲ့ပြုံးပြုံးမိသည်။
"ဟက်!! မင်းခံစားရတာတွေက ညီခံစားနေရတာတွေထက်စာရင် မြူတစ်မူန်တောင် မရှိသေးပါဘူး"
သဏ္ဍန် မြေပြင်ပေါ်ဒူးထောက်ထိုင်ချကာ ဆေးစာရွက်များကိုတုန်ယင်စွာစိုက်ကြည့်နေမိသည်။
"မင်း ခရီးသွားတုန်းက သူ ခွဲစိတ်မူ့ခံယူခဲ့ရလို့ အိမ်မှာပြန်မနေတာကွ။မင်း အိမ်မှာပြန်နေခဲ့ရင် သူအိမ်အလုပ်တွေကူလုပ်မိရင် ညော်တွေခံလို့မရတာကြောင့် သူအိမ်မှာပြန်မနေခဲ့တာကွ။ ပြန်နေလဲ မင်းအမေက ကြင်နာပေးခဲ့လား မင်းမိသားစုကသူ့ကိုလူရာသွင်းခဲဖူးလား အိမ်အကူသာသာခိုင်းနေတာပဲမဟုတ်လား ဟမ်"
"ဘာ!!! ထုံးက ထုံးက ဘာကိုခွဲစိတ်မူ့လဲ ဘာကိုခွဲစိတ်ရတာလဲ ကျွန်တော်လဲ ဘာမှသိရပါလား"
"ဟက်!! ဘယ်သိပါ့မလဲ မင်းမေးခဲ့ဘူးလို့လား သူမှာတော့ မင်းခရီးသွားမှာမို့မပြောထွက်ရက်ဘူး၊ သူခင်များ အားငယ်ပြီးကြောက်နေရှာတာတောင် မင်းကို သူအနားမှာနေပေးဖို့ တစ်ချက် မင်းကိုတောင်းဆိုခဲ့ဖူးလား ဟမ်!! မိသားစုမရှိ အသိုင်းအဝိုင်း မရှိပဲ မင်းမျက်နှာတစ်ရွာထင်ပြီး လိုက်လာတဲ့ ညီ ကသူ အူ တွေကိုသတ္တိ ရှိရှိ ဖြတ်ထုတ်ပြစ်ဖို့ သူတစ်ယောက်ထဲ ဆုံးဖြတ်ချက်ချပြီး တစ်ယောက် ထဲ ရင်ဆိုင်ခဲ့ရတာကွ! !"
"ဟင် အူ ထုံး အူ မှာဘာဖြစ်လို့လဲ ဘာဖြစ်လို့ ခွဲထုတ်ပြစ်လိုက်ရတာလဲ"
"မင်း သူနဲ့အတူနေခဲ့စဉ် တစ်လျှောက် comdom
သုံးခဲ့လား lube သုံးခဲ့ဖူးလား
သဏ္ဍန်သုမောင် "
သူ ဘယ်တုန်းကမှ မသုံးခဲ့မိ။သူချွဲတိုင်း ထုံးကဘယ်တော့မှ မငြင်းပဲ ဆက်ဆံပေးခဲ့တာတွေသူပြန်မြင်ယောင်လာခဲ့သည်။
ဒါဆိုသူနက်ဖြန်လိုသွားမယ့်ညက သူထုံးအပေါ် သူဆက်မတွေးရဲတော့ပါ ။ ထုံးကခွဲစိတ်ရတော့မှာ သိသိကြီး နဲ့တောင် သူအပေါ်ငြင်းဆန်ခြင်းမရှိခဲ့ ။
*အားးးးးသူ အဲ့လောက်တောင် စောက်သုံးမကျခဲ့တာလာလား *
"အခု အခု ထုံးဘယ်မှာလဲ ထုံးဘယ်မှာလဲ လို့! !"
"မသိဘူး သိလဲ မပြောပြနိုင်ဘူးကွာ မင်းသူကိုချစ်ခဲ့ရိုးမှန်ရင် မင်းသိရမှာပေါ့ အောက်တန်းစား ကောင်ရဲ့ တာဝန်ယူမူ့မရှိတဲ့ကောင်ရဲ့ ညီ မင်းအတွက် အံဆွဲထဲမှာသူ့စာအုပ်လေးမင်းများတွေ့နိုင်မလားဆို့ပီးချန်ထားခဲ့တယ်လို့ငါ့ကို ပြောဖူးတယ်။ မင်းသွားကြည့်လိုက်ပါ ကြားလူတစ်ယောက်အနေနဲ့ ငါဒီလောက်ပဲ ပါဝင်စွတ်ဖက်နိုင်မယ်ထင်တယ် ငါသွားပြီ ကျန်တာမင်းသမိုင်း"
"နေပါဦး ထုံးကရော ထုံးအခုဘယ်မှာလဲ "
ခန့်ငြား လှည့်မကြည့်ပါ သူပြော
သင့်သလောက် ပြောနိုင်သလောက် သူ ပြောခဲ့ပြီပြီ။ ကျန်တာ ဘာဆက်လုပ်ရမယ့်ဆိုတာ သူတို့ တာဝန်။
ကိုယ်ဒီထက် ဘယ်လိုနှလုံးသားနဲမှ ခံနိုင်ရည်မရှိတော့။ တစ်ခါတစ်လေ ချစ်ရသူကို ပေးဆပ်ခြင်း သပ်သပ်နဲ ချစ်နေရတာလဲ ပူလောင်ခြင်းတစ်မျိုးပင်။
သဏ္ဍန် ထုံးရဲ့ ဆေးစာရွက်များကို
ကြည့်ကာခုချိန်ထိ တုန်ယင်နေမိတုန်းပင်။
"ဒီလောက်တောင်ပဲလား ထုံးကငါ့အပေါ် အဲ့ဒီလောက်တောင်ငါ့ကိုချစ်ခဲ့တာတဲ့လား အားးးထုံးရယ် မင်းမောင့်အပေါ် အဲ့လောက်ထိ အဲ့လောက်ထိချစ်ရတာလားကွာ၊ မောင် လေမောင်မှားပါပြီးကွာ မောင်မှားပါပြီ"
သဏ္ဍန် ဒူးပင်မထောက်နိုင်တော့ပဲ ပြိုလဲကျသွားကာ အရူးတစ်ယောက်လို ငိုမိတော့သည်။
*ဟင်ဟုတ်သားပဲ ထုံးကငါအတွက်ဒိုင်ယာရီ စာအုပ်ချန်ခဲ့တယ်တဲ့ သူအိမ်ပြန်ရမယ် အိမ်ကိုအရင်ပြန်ရမယ်*
သူ Carparking သို့ပြေးကာ တံခါးကိုဝရုန်းသုန်းကားဆွဲဖွင့်ပစ်လိုက်သည်။ ကားဘေးတွင်ရပ်နေသော သွယ် ။
"ဘာလို့ အဲ့လောက်ကြာနေရတာလဲ အခုကလဲဘာဖြစ်လာတာလဲ စောင့်ရတာစိတ်မရှည်ပါဘူးဆို စောက်ရေးမပါလိုက်တာ!!"
ထုံးစံ အတိုင်း စကားကိုရင့်သီးစွာ ပြောတတ်သော သွယ်အား သူစိတ်ပျက်စွာကြည့်၍ တွန်းဖယ်ကာ ကားကို အကြမ်းမောင်းထွက်ခဲ့လိုက်တော့သည်။
*တော်သင့်ပြီ ဒီလောက်ဆို တော်လောက်ပြီ မြမိုးသွယ် ငါဘဝကိုဒီလောက်ပဲ ချယ်လှယ်ပါတော့*
ကျန်ခဲ့သော သူမ မှာတော့
"ငါ့ကို ဘာစောက်ချိုးချိုးသွားတာလဲ သဏ္ဍန်သုမောင်! !!ပြန်လာခဲ့စမ်း တောက် ပြန်လာခဲ့!!!"
သူဘယ်လောက်အော်အော် အချစ်ဇောနဲ့ မောင်းထွက်သွားသော ကားလေးက သူပြောသမျှကို ကြားမယ်မထင်တော့ပါ သူလိုရာခရီးကို မြန်မြန်ရောက်ဖို့သာဦးတည်နေတော့သည်။
Ah Shin💛
(နေ့လည်ကမှားတင်လိုက်တာပါ အားလုံးကိုတောင်းပန်ပါတယ် စာမစစ်ရသေးလို့ပြန်ဖျက်လိုက်တာပါ အလုပ်လဲလုပ်နေရင်းမို့ စိတ်အနှောင့်ယှက်ဖြစ်သွားရင် တောင်းပန်ပါတယ် ရှင့်)