ညီ ကို အလောတစ်ကြီး ဆေးရုံတင်လိုက်ရသဖြင့် ကိုထွန်းနဲ့ မမြင့်ကို ချက်ချင်းလှမ်းခေါ်လိုက်ရသည်။ သူတစ်ယောက်ထဲဘယ်လိုမှမဖြစ်နိုင်တော့ပေ။
အကျိုးကြောင်း ရှင်းပြတော့ မမြင့်က သဏ္ဍန်ကိုသတ်မယ့်တစ်ကဲကဲ လုပ်နေလို့သူမှာ မနည်းတားရသေးသည်။ ညီ မနိုးမချင်း ညီဆန္ဒ မပါပဲ ဘာမှသွားမလုပ်ဖို့ သူဖြောင်းဖျပေးရသည်။
သူတို့အားလုံး ညီဆန္ဒကို လေးစားကြရမည်။ ခုချိန် ညီဖြစ်နေတာတွေက စိတ်ကြောင့်ဆိုတော့ ပိုလိုအစစအရာရာ သူတို့သတိထားရမယ်။
"အင်းဟင်း... "
ဆက်ထုံး ယောင်ယမ်းစွာနိုးလာခဲ့သည်။
"ညီနိုးလာပြီလား ဘယ်လိုနေသေးလဲ ညီ ရင်ထဲမှာ တစ်ခုခုနာနေတာမျိုးရှိလား ညီ "
ဆက်ထုံး ခေါင်းပဲ ခါပြကာ ဘာစကားမှ မပြော။ တွေတွေလေးသာငိုင်နေရှာသည်။ မျက်လုံးတွေကတော့တောင်ကြည့်မြောက်ကြည့်ပေါ့။
ကိုထွန်းကလဲတောက်တစ်ခေါက်ခေါက်၊ မမြင့် ကလဲ သူကလေး ကိုလုပ်ရက်လေခြင်းဆိုပြီး ငိုလိုက်တာဆိုတစ်ရူံ့ရူံ့။ ညီစိတ်မကောင်းမှာဆိုး၍ သူကလဲကြားကထိန်းဖို့တားနေရသည်။
"မကြီး "
"ရှင် ဘာဖြစ်လို့လဲ ကလေး မကြီး ဘာလုပ်ပေးရမလဲ "
"မောင် သူ သူ..ဖုန်းခေါ်သေးလားဟင်"
မမြင့် အံကိုကြိတ်လိုက်ပြီးပြန်မဖြေမိ။ သူဘယ်လိုနှလုံးသားနဲ့ ပြန်ဖြေရမလဲသူမသိ ။ ဖြေလဲမဖြေရက်။
"မောင်ကလေ အဲ့လိုလုပ်မှာမဟုတ်ဘူးလို့ ကျွန်တော် ထင်နေတယ် ။အဲ့ဒါတွေအကုန် မောင့်မေမေလုပ်တာဖြစ်လိမ့်မယ်မကြီးရဲ့ ကျွန်တော် မောင်နဲ့တွေ့ချင်သေးတယ် သေချာအောင်မေးကြည့်ချင်တယ်"
"တော်ပါတော့ ဆက်ထုံးရယ် အဲ့လောက်ထိချစပြဖို့ မထိုက်တန်လို့ပါ ကလေးရယ် မေ့ပြစ်လိုက်ပါတော့ သားရယ်"
"မောင်က အဲ့လိုလူစားမျိုးမဟုတ်ဘူး။ ဟုတ်တယ် မောင်ကငါ့ကိုသိပ်ချစ်တာ အဲ့ဒါမောင်လုပ်တာမဟုတ်ဘူးလေ မသိကြဘူးလား။ ကျွန်တော် သိတယ်မမြင့်ရဲ့ ကိုခန့် ကိုခန့်ရောသိတယ်မလား မောင်က မောင်က ကျွန်တော်ကို သိပ်ချစ်တာ "
ထိုစကားကို ဆက်တိုက် ဆက်တိုက် အကြိမ်ဖန်များစွာ ရေရွတ်နေသော ဆက်ထုံးလေး အားကြည့်ကာ မမြင့်ထပ်ငိုရပြန်သည်။ ခန့်ငြားပင်မထိန်းပဲမျက်ရည်များကျလာခဲ့ပြီ။ ညီပုံစံကလုံးဝမူမမှန်တော့ပေ။
"စိတ်ကို ထိန်းစမ်းပါညီရာ ကိုယ်တစ်ကယ်မကြည့်ရက်တော့ဘူး။ ကြာရင် ပိုဆိုးကုန်လိမ့်မယ်ညီ စိတ်ကိုထိန်းပါကွာ "
ခန့်ငြား ဒေါသသံမပါတဲ့ဆူပူမူ့မျိုးနဲ့ဆက်ထုံးရဲ့ပုခုံးကိုကိုင်လှုပ်ကာပြောလိုက်သည်။
"ဟိဟိ ကိုခန့်က ဘာလိုငိုတာလဲ မမြင့်ကရော ဘာလို့ငိုတာလဲ ကလေးတွေလဲမဟုတ်ပဲနဲ့ မငိုနဲ့။ ကျွန်တော်ကို စိတ်မကောင်းဖြစ်နေတာလား စိတ်ချကျွန်တော်ဘာမဖြစ်ဘူး။ ခဏနေရင် မောင် လာခေါ်တော့မှာ ကျွန်တော် အဆင်သင့်ဖြစ်အောင် ရေချိုးထားဦးမယ် ဖယ်ဖယ်ရှေ့က"
ဆက်ထုံး ပြောလဲ ပြောအင်္ကျီတွေကို အတင်းဆွဲချွတ်သည်။ ကိုခန့် ဆက်ထုံးအားမနည်းချုပ်ကာဖက်ထားရသည်။ ကိုထွန်း ဆက်ထုံးကို မကြည့်ရက်တော့၍ အပြင်ကို ပြေးထွက်သွားသည်။
"ကလေးလေးရယ် မမြင့်ရဲ့ ကလေးလေး အဲ့လိုကြီး မလုပ်ပါနဲ့ စိတ်ကိုထိန်းပါအုံးသားရယ် မတန်လိုက်တာကွယ် မင်းရင်းရတာတွေကမတန်လိုက်တာလို့ !!"
မမြင့်က ရင်ဘတ်ကိုဖုရိုက်ပြီးငိုသည်။ ကိုခန့် ရဲ့မျက်ဝန်းထဲမှာလဲ မျက်ရည်တွေနဲ့။ ဆက်ထုံး ဒီလောက်ထိ သူဘ၀ကို အဆုံးရူံးခံဖို့မသင့်။ သူတို့အားလုံးနှမြောစိတ်မကောင်း ရင်ထုမနာဖြစ်ကြရသည်။
"ညီ စိတ်ထိန်းစမ်း ရေချိုးချင်တာလား ခဏအိပ်လိုက် ခဏလေးပဲ ။ နိုးလာရင် အကိုချိုးပေးမယ်နော်ညီ ခဏအိပ်လိုက်နော်.."
"ဟင်အင့် ဟင်အင့် မအိပ်ပါဘူး။ မောင်လာရင်မသိပဲနေမှာပေါ့ ။
မောင့်ကို တွေ့ချင်သေးတယ် လာခေါ်လို့မသိရင် မောင်စိတ်ဆိုးလိမ့်မယ်"
"သဏ္ဍန် လာခေါ်ရင် မမြင့်နိုးပေးမှာပေါ့ ကလေးရဲ့"
"ဟုတ်တယ် ညီ အမျိုးသား လာရင် ကိုသေချာပေါက်နိုးပေးမယ် အင်္ကျီပြန်ဝတ် ပြီးရင်ခဏပြန်
အိပ်လိုက်ဦးနော် "
ကိုခန့် ဆက်ထုံးခေါင်းလေးကို ကိုင်ကာ ချော့ပြောတော့ခေါင်းညိတ်ပြရှာသည်။ ညိုမဲနေသော မျက်ကွင်းလေးနဲ့ သနားစရာညီက သူရင်ကို အစိမ်းလိုက်ခွဲနေသလိုပင်။
"တစ်ကယ်နော် ကတိပေးလား၊ ကတိပေးလားလို့ နိုးပေးမယ်ဆိုတာ "
"ကတိပေါ့ ညီရ ကိုယ်ညီကိုညာဘူးလို့လား။ လာ ကိုချော့သိပ်မယ်"
"ဟင်အင့် ကိုယ်ဟာကို အိပ်လိုက်မယ်လေ။ မောင်က သူများတွေနဲ့ ပတ်သတ်တာ မကြိုက်ဘူး။ အဲ့မို့ကျွန်တော်အသားကို မထိနဲ့နော် ကျွန်တော်အိပ်နေလဲ မထိရဘူးနော် မောင်လာခေါ်လို့မြင်သွားရင် သူစိတ်ဆိုးသွားလိမ့်မယ် "
"အေးပါ... ညီရယ် အေးပါကွာ "
စောင်လေးခြုံကာ မျက်လုံးကို အတင်းမှိတ်ကာ အိပ်သွားသော ညီကိုကြည့်ကာ သူတို့ ရင်ထဲနင့်ကာသက်ပြင်း ချလိုက်ကြသည်။
"ဘယ်လို လုပ်ကြမလဲ မမြင့် ဒီတိုင်းဆို ညီစိတ်ရောဂါ ရတော့မယ်"
"သူကို ရွာပြန်ပို့ရင်ရော ဒေါက်တာအဲ့မှာဆိုရင် သူမိသားစုနဲ့ သူဟာနဲ့သူ စိတ်များ နဲနဲမေ့မေ့ပြောက်ပြောက် ဖြစ်သွားနိုင်မလားလို့လေ"
"မမြင့် သူမိသားစုနဲ့ အဆက်သွယ်ရှိလို့လား "
"သူ့ညီကိုတော့ သိတယ်။ ကျန်တာတော့ မမြင့်တို့လဲမသိဘူး ဒေါက်တာ"
"သူ့ဖုန်းနံပတ်ရှိလား "
"အွန်း ရှိတယ်ခဏလေး "
ခန့်ငြား ဖုန်းနံပတ် ရသည်နှင့် အကျိုးကြောင်း ပြောပြကာ လာခဲ့ဖို့ လှမ်းခေါ်လိုက်သည်။ ညီမိဘတွေကိုတော့ နောက်မှအေးဆေး အသိပေးဖို့သေချာမှာလိုက်ရသေးသည်။
မဟုတ်လျှင် ဒီလို့အခြေနေမျိုးမှာ အခြေနေတွေပိုရူပ်ထွေးကုန်ရင် ညီပိုစိတ်ဒဏ်ရာ ရသွားနိုင်သည်မို့ သူထိုကိစ္စအား သေချာမှာလိုက်ရတော့သည်။
>>>>>>>>>>>>>>>>>>>>
"ခုလောက်ထိ ဖြစ်နေတာတောင် ငါ့ကို အခုမှဆက်သွယ်ရလား ကွာ"
"မမြင့်တို့လဲ ဘာလုပ်ရမလဲ မသိဖြစ်နေလို့ပါ မင်းသန့်ရယ်"
"တောက်! !!!ငါကတော့မင်းနဲ့မို့ ငါ့အစ်ကို ကိုစိတ်ချထားလိုက်ရတာ။ ဒင်းက ခွေးဇာတ်ခင်းသွားတယ်ပေါ့ ။ အောက်တန်းစား ကောင် ငလိုးမသား သွားသတ်မယ်အဲ့ကောင်ကို"
"စိတ်လျော့ပါ ငါ့ညီ ခုချိန်သွားကြမ်းလို့မရဘူး သူတို့ဘက်က ပြည်စုံတယ်။ ကိုယ်ဘက်ကအလွန်ဖြစ်သွားလိမ့်မယ် ခုချိန် ညီ ကိုပဲ ဦးစားပေးပြီး ဘာဆက်လုပ်ရမလဲ တွေးကြရအောင် "
"ဘာဆက်လုပ်ရမလဲ ဒီလိုအောက်တန်းစားကောင်နဲ့ မထားဘူး၊ အရီးတို့သိရင် ဘယ်လောက်စိတ်မကောင်းဖြစ် ရင်ကျိုးလိုက်မလဲ ကိုကြီးဆက်ထုံးကို ကျွန်တော်တို့ အားလုံးက အရမ်းချစ်ကြတာဗျ"
"အဲ့ဒါတွေ ပြောမနေပါနဲ့တော့ညီလေးရာ ညီနိုးလာရင်သာ သူဆန္ဒကိုမေးပြီး အစ်ကိုတို့ တစ်ခုခုဆုံးဖြတ်ကြတာပေါ့"
မင်းသန့် အရမ်းပိန်သွားသော သူအစ်ကို ကိုကြည့်ကာ ငိုတော့သည်။
"လုပ်ရက်လိုက်တာ သဏ္ဍန်ရာ ငါ့အကိုက ငယ်ငယ်ထဲက အရာရာကိုအနိုင်ရဗိုလ်ကျ နေချင်သလိုနေလာတဲ့သူပါ ။ မင်းနဲ့တွေ့မှ ယောက်ျားတစ်ယောက်ရဲ့ မာနတွေသိက္ခာတွေကို ခဝါချပြီး မင်းတို့မိသားစုဆီ အောက်ကျို့ နေပေးခဲ့ရှာတာ။ အရီးဖုန်းဆက်တိုင်း အဆင်ပြေကြောင်း ပျော်နေကြောင်းသာ ပြောပြီး မင်းကိုအပြစ်မြင်မှာလဲ သိပ်ဆိုးတဲ့သူပါကွာ မင်းကတော့ လုပ်ရက်လိုက်တာကွာ တောက်!!!"
မင်းသန့် ဆက်ထုံးလက်ကလေးကိုကိုင်ကာ ပြောပြောပြီးငိုတော့သည်။ တစ်အောင့်ကြာ မင်းသန့်လဲခရီးပန်းလာတာမို့ ခဏ အိပ်ပျော်သွားသည်။
"အားးးမဟုတ်ဘူး ဒုန်းး ခလွမ်း!!!"
ဆက်ထုံး စူးရဲစွာအော်သံကြောင့် မင်းသန့်လန့်နိုးသွားသည်။
"ဟင် ဘာဖြစ်တာလဲ ကိုကြီး ဘာဖြစ်တာလဲ "
"မဟုတ်ဘူး မဟုတ်ဘူးလို့ ဘာလို့အမှားတွေ ပြောနေကြတာလဲ အားးးးးးးး"
လက်နှစ်ဖက်ပိတ်ကာ ဘာမှမေးရမပဲအော်ငိုနေတဲ့ ကိုကြီး ကိုကြည့်ကာ မင်းသန့်လန့်သွားသည်။ ထိန်းလို့မရတဲ့အဆုံး ကိုခန့်ငြားကိုပြေးခေါ်ရတော့သည်။
"ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ
မင်းသန့်"
"မသိဘူးကိုခန့်ငြား ဖုန်းကိုပေါက်ခွဲလိုက်ပြီး အခုလိုအော်ငိုနေတာ"
ချောင်မှာကပ်ကာ နားကိုလက်ဖြင့်ပိတ်၍ အော်ငိုနေသော ညီကိုကြည့်ကာ သူဆက်လုပ်ရမလဲမသိအောင်ဖြစ်သွားသည်။
ညီပေါက်ခွဲ လိုက်သော ဖုန်းကိုယူကြည့်လိုက်တော့အက်ပင်အက်နေပြီ။ သူဖုန်းကိုဖွင့်လိုက်တော့
DADAN Group နှင့် RAIN Group တို့၏ အမွေဆက်ခံသူ ကိုသဏ္ဍန်သုမောင်+မမြမိုးသွယ်တို့၏ စေ့စပ်ကြောင်းလမ်း ခြင်း တဲ့။
ခေါင်းကြီးပိုင်း သတင်းအဖြစ် Facebook ပေါ်တွင်ပါလာခဲ့သည်။ ညီဖြစ်သွားသော အကြောင်းရာကို သူနားလည်လိုက်သည်။
"ညီ ကိုယ်ပြောပြမယ် ညီခဏလေး ကိုယ်ပြောပြတာကို နားထောင်နော်"
"မလာနဲ့!!!လူညာတွေ မလာခဲ့နဲ့ ပြောတော့ မောင်လာခေါ်ရင် နိုးပေးမှာဆို မောင်စိတ်ဆိုးသွားတာနေမှာ ငါအိပ်လိုက်လို့ မောင်စိတ်ဆိုးသွားတာ ခုတော့တစ်ခြားတစ်ယောက်ကို မောင်ခေါ်သွားတာ ခင်များတို့ကျွန်တော်ကို မနိုးပေးလို့ သွား!!!ထွက်သွား လူညာတွေ သွား!!!"
ခုလောက်ထိ ခံစားဖြစ်ပျက်နေတာတောင် ညီ ကသူ့အမျိုးသားပေါ်အပြစ်တစ်ချက်ကလေးမှ မမြင်ခဲ့ပါ။ သူညီကို ကြည့်ပြီး နာကျင်လိုက်တာဆိုတာ ရူးတော့မတတ်ပါပဲ။ ဘယ်လိုရေစက်ကြောင့် ညီ အပေါ်သူဒီလောက်ထိ ပါဝင်ပတ်သတ် ခံစားနေရပါသလဲ ။
"စိတ်ထိန်းပါ ကိုကြီးရာ ဘာမဟုတ်တဲ့ ကောင်အတွက် မင်းစိတ်ကိုထိန်းစမ်းပါ"
"ဟင်အင့် ဟင်အင့် မောင်ကိုခေါ်ပေး မောင့်ကိုခေါ်ပေးလို့ ပြောနေတယ်လေ မောင့်ကိုပဲခေါ်ပေးပါ အားးးး"
ညီအခြေနေက ဘယ်လိုမှ ဆက်ထိန်းမရတော့ပေ။ ဒီတိုင်းဆိုရိုးရိုးလူနာတွေနဲ့ဆက်ထားလို့မရတော့ဘူးလို့ ဆရာဝန်ကြီးက ခေါ်ပြောသဖြင့် သူတို့ ခဏ အခန်းခွဲထားလိုက်ရသည်။
ညီရောဂါအခြေနေကို ဆွေးနွေး ကြည့်တော့ ညီကစိတ်ရောဂါကိုစတင်ခံစားနေရပြီ ဖြစ်ကာ ဆေးကိုစွဲသောက်ရတော့မည်အခြေနေထိရောက်သွားသည်။စိတ်မငြိမ်မချင်း ဆေးရုံတတ်ရမည်တဲ့။ သူတို့အားချင်းပဲ ညီကို စိတ်ကျန်းမာရေးဆေးရုံကြီးကို တင်လိုက်ရတော့သည်။
ဒီနေ့ဆိုရင် ညီဆေးရုံတက်တာ တစ်ပတ်ကျော်ခဲ့ပြီး ညီစိတ်ငြိမ်စပြုနေပေ့မယ့် စကားလဲမပြောတော့ သလို အစာကိုလဲဝင်အောင် မနဲကျွေးရသည်။
မသေရုံတစ်မယ်သာ ထမင်းကိုစားသည်။ လူပ်ရှားမှု့ ဘာမှမရှိတော့ချေ။ ညီကိုကြည့်ရတာ သံပတ်ပေးထားသည့် စက်ရုပ်တစ်ရုပ်လိုပင် ။
နေ့စဉ်သောက်ရမယ့် ဆေးတွေကို ခန့်ငြား သေချာစီစဉ်ပေးကာ တစ်လစာ တစ်လစာ မြို့တွင် မပျက်မကွက်လာရောက်ယူဖို့ မင်းသန့်ကို သေချာမှာပြီး ညီကိုရွာပြန်ပို့ဖို့ လုပ်ရတော့သည်။
"ဆက်ထုံး ကလေးလေး ဘာမှအားမငယ်နဲ့ ဘာမှမတွေးနဲ့နော်။ မမြင့်ကလေ ဆက်ထုံးလေးကို အရမ်းချစ်တာမို့ ရွာလဲ မကြာမကြာလာလည်မယ်နော်ကလေး "
ကိုထွန်း ခင်မျာ မျက်ရည်ခိုးသုတ်လိုက်ပြီး
"ညီ အကိုအတန်တန်မှာပါလျက်
အခုလို အလိုလိုက်ခဲ့လို့ သူဘက်ကိုအမြဲ ကြည့်ပေးခဲ့လို့အခုလိုဖြစ်ရတာ ညီရာ အကိုရင်တွေနာလိုက်တာ တောက်!!"
"ဒါတွေ ကလေးကို ပြောမနေပါနဲ့ တော့ကိုထွန်းရယ်"
"ငါ မခံစားနိုင်လွန်း လို့ပါကွာ။ ငါညီအစ်ကိုတို့က ရွာကိုမကြာမကြာလာမယ်နော်။ သွား. ...သွားတော့ လမ်းခရီးမှာ ကလေးကို သေချာဂရုစိုက်ပါ မင်းသန့်ရာ"
"ကျုပ်အစ်ကို ကျုပ်နဲ့ စိတ်ချပါ ဗျာ "
ခန့်ငြား လိုက်မပို့ဖြစ်တော့။ ဆက်၍ လဲညီပုံစံကိုကြည့်ဖို့သူအင်အားမရှိတော့သလိုစိတ်ရောလူရောအရမ်းလဲ ပင်ပန်းခဲ့ရပြီ။
သူဒီကအလုပ်တွေအကုန်ပြတ်ရင် ခွင့်ရက်ရှည်ယူ၍ ညီနောက်လိုက်လာမယ့်အကြောင်း သေချာမှာတော့ ညီကသူကို ခေါင်းလေးငြိမ့်ပြရှာသည်။
*အခုလို အဖြစ်ဆိုးမျိုးတွေနဲ့ ညီရဲ့ဝဋ်ကြွေးတွေ ကုန်ပါစေတော့ကလေးရယ်။ ညီကို ကိုယ်ကအပြည့်ဝတာဝန်ယူမှာမို့လို့ပါ ညီပျော်အောင်အကိုထားပါ့မယ်။ ညီအနားမှာ အရောင်တွေမပါတဲ့ အချစ်တွေနဲ့ကိုဘက်ကအပြည့်ဝဖြူစင့်ပါ့မယ်ဆိုတာ ညီကိုအမြဲတမ်း ကိုယ်သက်သေပြပါ့မယ် *
အဆင်သင့်ဖြစ်၍ ကားပေါ်တတ်မည်အပြု
" ခဏလေး ယူစရာလေးရှိလို့"
ညီ အပေါ်ထပ်ပြေးတတ်သွားကာ
ဓာတ်ပုံလေးပိုက်၍ပြန် ဆင်းလာခဲ့သည်။
သူနဲ့သူအမျိုးသား ရိုက်ထားသည့်ပုံလေးကို ညီကရင်ခွင်ထဲမှာထွေးပိုက်လို့ သူရင်ထဲ မခံရပ်နိုင်။ အဲ့လောက်ထိချစ်ပြဖို့လိုအပ်ရဲ့လား ညီရာ...
"မမြင့် ကိုထွန်း "
"ပြောလေ သား"
"ကျွန်တော် သွားတော့မယ် ။
ကိုခန့် ကျွန်တော်သွားတော့မယ်နော်"
"ကောင်းကောင်းသွားနော် ကလေး မမြင့် မမြင့်တို့ကလွမ်းနေမယ်"
မမြင့်က ရိုက်၍ ငိုရှာသည်။
"ကိုယ် မကြာခင်လိုက်လာမှာမို့ အခုတော့ဂရုစိုက်ပြန်နော် ညီ"
ဆက်ထုံး ခေါင်းလေးညိတ်ပြကာ
လှည့်ကြည့် လှည့်ကြည့်နှင့် ကားပေါ်တတ်သွားရှာသည်။ မျက်လုံးလေးတွေက ဂနာမငြိမ် ။ တစ်ခုခုကိုရှာဖွေနေသေးသည့်နှယ်။
*ညီရယ် ဘာကိုများ မင်းမျှော်လင့်နေသေးတာလဲကွာ တော်ပါတော့ ညီရာ ဒီလောက်နဲ့ပဲ တော်လိုက်ပါတော့ကွာ*
အချစ်ကြီးသူတစ်ယောက် သိပ်ချစ်တတ်သူတစ်ယောက် အရာရာကို ပြောင်းလဲကာ ချစ်ပြနိုင်ခဲ့သူတစ်ယောက် နောက်ဆုံးပြန်ရလိုက်ခြင်းတွေက မတွေးရဲစရာပါ ။ထွက်ခွာသွားသော ကားလေးကို ကြည့်ရင်း ခန့်ငြား မျက်ရည်ကျမိသည်။
"အတိတ်ဆိုးတွေကို ဒီမှာချန်ထားခဲ့ပြီး ကောင်းမွန်တဲ့ အနာဂတ်တွေကို ဖန်တီးပါတော့ ညီ"
AhShin💛
(ရှင့်တို့ အားလုံးမျှော်နေကြတဲ့အခန်း နောက်တစ်ပိုင်းဆိုလာပြီကွ 😁)