"ဟင်.....မေမေ သတိရနေပြီ "
"အာ့! ကျွတ်ကျွတ်နာလိုက်တာ "
"ဖြည်းဖြည်း မေမေ ခြေထောက်က ကျိုးသွားလို့ စတီးရိုးထည့်ထားရတယ်။ တော်သေးတာပေါ့ မေမေရယ် မသေကောင်း မပြောက်ကောင်း။ မေမေသာ တစ်ခုခုဖြစ်သွားရင် သားရင်ကျိုးရမှာ"
"မေမေ ဘာမှမဖြစ်တော့ပါဘူးသားရယ် ဒါနဲ့ သားငယ်ရော ဆက်ထုံးလေး ကဘယ်မှာလဲ"
"သားမသိဘူး မေမေ သိလဲမသိချင်ဘူး သူလုပ်ရက်တယ်မေမေ၊ သားခုထိ သူအဲ့လိုလုပ်ရက်မျိုးလုပ်လိမ့်မယ်လို့ မယုံကြည်နိုင်ဘူးဖြစ်နေတယ်"
သားကခေါင်းငုံ့ပြီးမျက်ရည်ကျသည်။
*မေမေ့သားလုပ်နေပြီး အဲ့လောက်တောင် ပျော့ညံ့ရလားသားရယ်*
"မငိုပါနဲ့ သားရယ် လူငယ်ဆိုတာ မှားတတ်ကြပါတယ်။ မေမေ ဆက်ထုံးလေးအပေါ်မှာ ဗွေမယူပါဘူးကွယ် မေမေနားလည်ပေးနိုင်ပါတယ်"
"တော်ပါတော့ မေမေရယ် တော်ပါတော့ မေမေ အခုလိုကောင်းပြလေလေ သားကိုသားအပြစ်တင်မိလေလေမို့ပါ၊ သားမှားခဲ့တယ် မိဘစကားကိုနားမထောင်ပဲ နှလုံးသား နောက်လိုက်မိလို့ သားမှားသွားတာ မေမေကို သားဆုံးရူံးလိုက်ရတော့မလို့ သားတောင်းပန်ပါတယ်ဗျာ..."
ဒေါ်ထင်သဏ္ဍန် ဆိုတဲ့ငါ ကြိုးဆွဲရာ အတိုင်းဖြစ်လာတဲ့ဒီဇာတ်မှာ ငါကိုယ်တိုင်းပြီအောင်ကနိုင်ရမယ်။ ငါ့သားကို ငါပိုင်တယ် သက်ဆက်ထုံး..။
"မလိုပါဘူးသားရယ် မေမေအကုန် ခွှင့်လွတ်ပြီးသားပါ "
"မေမေရယ် "
"သား သွယ်လေးရော အဆင်ပြေရဲ့လား "
"ဒီလိုပဲပေါ့ မေမေရယ်"
" မေမေရင်ထဲမှာမကောင်းဘူး သားရယ်။ သွယ်လေးအားကိုးရာမဲ့နေရှာမှာ ။ မေမေ ဆန္ဒ အတိုင်း သွယ်လေးကို စေ့စပ်လိုက်ပါသား။ သမီးမရှိခဲ့တဲ့ အမေတစ်ယောက်မို့ သားသမီးချင်း ကိုယ်ချင်းစာတယ်သား ငွေကြေးဥစ္စာတွေဆိုတာ မလိုအပ်ပါဘူး သားညီမလေးကို သားကယ်မှ ရမှာ ကူညီပေးလိုက်ပါသားရယ်"
"ဆက်ထုံးနဲ့သားက ခုချိန်ထိ.."
"စာချုပ်ပေါ်က လက်မှတ်တစ်ခုက အကျုံးမဝင်ဘူးသား ဒီနိုင်ငံမှာ အမျိုးသားချင်း လက်ထပ်တာဟာ တရားမဝင်ဘူး ။ အဲ့တော့စာချုပ်တစ်ခုအတွက် စာချုပ်တစ်ခုပဲအစားပြန်ပို့ပေးလိုက်ပါ "
မေမေ အခုသူကို ဆက်ထုံးနဲ့ကွာရှင်းလိုက်ဖို့ပြောနေတာလား။ ငါကရော တစ်ကယ်သေချာ ပြတ်သားနိုင်ပြီလား။ ဆက်ထုံး အခုလုပ်သွားတဲ့ လုပ်ရက်အပေါ် သူစိတ်ပျက် စိတ်တိုမိပေ့မယ် ကွာရှင်းဖို့ဆိုတာက လက်တွေ့ကြသူ့စိတ်ကလက်မခံနိုင်သေး။
သူဘာလုပ်ရမလဲ မေမေနဲ့ထုံးကြား ကြာရင်သူရူးသွားရလိမ့်မယ်ထင်ပါတယ်။ ငါ အပေါ်မှာကော သူတစ်ကယ်ပြတ်သားနိုင်လို့ ထွက်သွားတာလား ။ငါစိတ်ဆိုးနေတုန်း မောင်းထုတ်မိတာကို သူသာတစ်ကယ်ချစ်ရင် ထွက်သွားမှာမဟုတ်ဘူး။ ငါဘာလုပ်ရမလဲ ငါဘာလုပ်သင့်လဲ ။
"မေမေ သားလေ..."
"အာ့!! ရင်ဘတ်ထဲကနာလိုက်တာ အောင့်လာသလိုပဲ နေရခက်လိုက်တာသားရယ် "
"မေမေ ဆေးသောက်မလား သားဆရာဝန်ခေါ်လိုက်မယ်"
"နေနေ ရတယ် ဆရာဝန်က မေမေကို စိတ်ဖိစီး မခံရင်ရပြီပြောထားတယ်။ မေမေခဏစိတ်ငြိမ်အောင် ထားလိုက်ဦးမယ်။ သားသေချာစဉ်းစားပါ ဘဝကို လက်တွေ့ကြကြ
စဉ်းစားပါသား တစ်ကယ်လက်ထပ် ခိုင်းတာမဟုတ်သလို နွားဖြစ်ခံစရာလဲမလိုပါဘူး အချိန်တန်ကွာရှင်း လူပျိုပြန်ဖြစ်တယ် ။ အခုချိန်ကိုယ်အရယူနိုင်မှာက Company ပဲသား "
သဏ္ဍန် ငိုင်ကြသွားသည်။ မဖြေရှင်းနိုင်တော့ မဝေခွဲမပိုင်ခြားနိုင်တော့ပါ။ ရူးမလိုမွန်းကြပ်ပိတ်လှောင်နေခဲ့ ပြီ ။ ထုံးကို ငါခွဲနိုင်တာ သေချာရဲ့လား။
"သား.."
"ဖေဖေ.."
သူဖေဖေကို အားကိုးတစ်ကြီးမော့ကြည့်မိသည်။ ဖေဖေ ကသူခေါင်းလေးကို ကိုင်ကာ
"မင်း မေမေအချိန်အကြာကြီး နေဖို့ မသေချာဘူး သား သူရှိနေတဲ့အချိန်လေးမှာ တစ်သက်လုံး ရွှေပေါ်မြတင်နေလာတဲ့ ဒေါ်ထင်သဏ္ဍန်ဟာ အထည်ကြီးပျက်ပါဆိုတဲ့ အသုံးနူန်းမျိုးဟာ သူကိုတစ်ခါထဲရိုက်ချပြစ်လိုက်လိမ့်မယ်။ ဖေဖေကြိုးစားမူ့ ညံဖျင်းခဲ့လို့ မိသားစုကို မကာကွယ်ပေးနိုင်ခဲ့ဘူး ဖခင်ကောင်းတစ်ယောက် ခင်ပွန်းကောင်းတစ်ယောက် မဖြစ်နိုင်ခဲ့ဘူး"
သဏ္ဍန် ခေါင်းကိုသာ ငုံ့ထားမိသည်။ ရင်ဘတ်ထဲမှာ တင်းကြပ်မူ့အပြည့်။
သားကအခု ဆက်ထုံး အပေါ်မှာ ခင်ပွန်းကောင်း မပီသခဲ့ဘူးဆိုရင်တောင် သားရွေးချယ်ခဲ့တဲ့ သားမေမေအပေါ်မှာ သားကောင်း တစ်ယောက်ဖြစ်အောင် သားလုပ်ပေးလိုက်ပါ ၊ ဖေဖေ မင်းကိုပြုစုပျိုးထောင်လာတဲ့ တစ်လျှောက် ဒါပထမဆုံး တောင်းဆိုခြင်းပါသား"
သဏ္ဍန် ကျလာသော မျက်ရည်တွေကို ဥပက္ခာ ပြု လက်သီးကိုစုပ်ထားမိသည်။ သူရင်ထဲက မွန်းကြပ်မူလား အလိုမကျမူ့လား မသိသောအရာကို လျစ်လျူရူလိုက်ကာ သူထရပ်လိုက်သည်။
"ဖေဖေ တို့ကောင်းသလိုသာ စီစဉ်ပါတော့ဗျာ..."
"ခလွမ်း!!"
လဲ့လဲ့ လက်ထဲကချိုင့်အဖုံး လွှတ်ကျသွားသည် ။ ဘာလို့ အဲ့လိုဆုံးဖြတ်ချက်မျိုးကို အမြင်တစ်ခုထဲနဲ့ ဆုံးဖြတ်ချက် ချနိုင်ရတာလဲ ကိုလေးထုံးဘက်သူတို့ မကြည့်ကြတော့ဘူးလား။ထွက်သွားသော အစ်ကိုလေးကို ကြည့်ကာ လဲ့လဲ့ မဲ့ပြုံးပြုံးလိုက်မိသည်။
*သတ္တိ မရှိတဲ့ယောက်ျား ကိုယ်ပိုင်ဆုံးဖြတ်ချက် မရှိတဲ့ယောက်ျား လုပ်ရက်လိုက်တာရှင်အံသြလိုက်တာ*
"ဟဲ့ လဲ့လဲ့! !"
လဲ့လဲ့ တွေးနေရင်း မေမေကြီးအော်လိုက်တာကြောင် ကိုယ်လေးဆတ်ခနဲတုန်သွားသည်။
"ညည်း နမော်နမဲ့ နဲ့ကောင်းကောင်းလုပ်စမ်း ပါးစပ်ကနေ ပရမ်းပတာ တွေ ကိုယ်နဲ့မဆိုင်တာတွေ လျှောက်ပြောဖို့မစဉ်းစားနဲ့နော်။သလို့ကတော့ ညည်းကို အိမ်မှာမထားဘူး ရွာပြန်ပို့ပြစ်မယ် ကြားလား"
"ဟုတ်ကဲ့ပါ မေမေကြီး "
ပါးစပ်က ပြောလိုက်ရပေ့မယ် စိတ်ထဲတွင်တော့ နာကျင်မုန်းမိသည်။
*ဒီလောက်သောက်ကျင့် မကောင်းတဲ့အဘွားကြီး တစ်ခါထဲ မာလကီးယားသွားရမှာ အံသြပ့!!*
>>>>>>>>>>>>>>>>>>>>>>>>
သဏ္ဍန် ကားကို တရကြမ်းမောင်းထွက်ကာ Club တစ်ခုထဲသို့ မောင်းဝင်လာခဲ့သည်။ ခုချိန်မှာ သူစိတ်ကိုဖြေနိုင်တာ ဒီတစ်ခုပဲ ရှိလိမ်မယ်ထင်။ သူတစ်ခွက်ပြီးတစ်ခွက် မော့သောက်ကာ သူရင်ထဲကအပူတွေ မွန်းကြပ်မူတွေကို ဖြေဖျောက်နေမိသည်။
"You !!!တော်တော့ အရမ်းမသောက်နဲ့ တော့ ။ နင်ဒီလိုနေရာတွေ လာလေ့မရှိပါဘူး ဘာဖြစ်ခဲ့လို့လဲ သဏ္ဍန် "
"သွယ် နင်ဘာလို့ ရောက်လာတာလဲ ငါတစ်ယောက်ထဲ အေးဆေးနေချင်လို့ပါဟာ ခဏလေး နေခွင့်ပေးပါ plase "
"အေးပါ သောက်လိုက် ဒီညတော့ မူးအောင်သောက် ငါလူတွေ မင်းဒီရောက်နေတယ် လှမ်းပြောလို့လိုက်လာတာ။ ဘာလဲ ငါနဲ့စေ့စပ်ရမှာမို့ အဲ့လောက်ထိဖြစ်ပျက်ပြနေတာလား သဏ္ဍန်"
"နင်ဘာလို့ ဒီလိုကိစ္စမျိုးကို ပေါ့ပျက်ပျက် ပြောနိုင်ရတာလဲ သွယ် နင်မိန်းကလေးပါ နစ်နာရင်ငါထက်ပိုနစ်နာမှာ ငါမင်းကို ဘယ်တော့မှလက်မထပ်ဘူး။ မင်းကလေးမွေးပြီးတဲ့ထိပဲ ငါရှိနေပေးမှာ ပြီးရင်ငါဘဝငါပိုင်ပြီ"
မြမိုးသွယ် အော်ကာရယ်လိုက်သည်။
"ဘာလဲ ဟိုတောသား သက်ဆက်ထုံးကြောင့် ပဲလား"
"ထုံး ကိုမစော်ကားနဲ့ ငါပြောတဲ့စကား သူနဲ့ဘာမှမဆိုင်ဘူး"
"ဒါပေမယ့် မင်းငါ့ကို လက်မထပ်နိုင်တာ အဲ့အကောင်ကြောင့်ပဲမလား ။ ရပါတယ် ဟင်းဟင်း မြမိုးသွယ် က ယောကျာ်းမရှားပါဘူး လိုချင်သူတွေမှ ငမ်းငမ်းတတ်ပဲ ဒါပေ့မယ့် ငါဗိုက်ထဲက ကလေးကတော့ ငါမပိုင်ဆိုင်လိုက်ရတဲ့ မင်းနာမည်လေးကိုတော့ အဖေနေရာကနေ ငါထားပိုင်ခွင့် ရှိတယ်မလား သဏ္ဍန်"
"ကျေးဇူးပြုပြီး ခဏလောက်တစ်ယောက်ထဲပေးနေပါလား ငါရင်တွေ မွန်းကြပ်နေလို့ပါ ပြီးရင်မင်းတို့ကြိုက်သလိုသာ လုပ်ကြပါတော့ ဒီညတော့ Plase "
"ဟွန်း အဲ့အကောင်ကြောင့် မင်းဆီက ခနခနနှင်ခံရတာများတော့ နဲနဲရင်ခံမိတယ်။ မင်းသိပ်ချစ်နေတဲ့ အဲ့ကောင်က မင်းမရှိလဲ မင်းနေရာကို တစ်ခြားသူအစားထိုးမှာပဲ ဒီမှာကြည့်လေ"
သွယ် သူမျက်နှာ ရှေ့ဖုန်းထိုးပြတော့ သူကြည့်လိုက်မိသည်။
*ဟင် ဟိုကောင် ...ဟိုကောင်နဲ့ပဲလား*
Restaurants
တစ်ခုတွင် ထုံးကိုဂရုတစ်စိုက် မုန့်ကျွေးနေတဲ့ပုံတွေ၊ ဆေးရုံထဲ အတူဝင်သွားတဲ့ပုံတွေ၊ သူတို့နေခဲ့တဲ့တိုက်ခန်း ထိပ်ကဈေးမှာ အတူဈေးဝယ်နေတဲ့ပုံတွေ၊ ပုံတိုင်းမှာ ဟိုကောင့် မျက်နှာက ကြင်နာမူ့အပြည့် ထုံးကတော့ ပုံမှန်အတိုင်း အရယ်ပြုံးသိပ်မရှိပါ။
*ဟက်ငါနဲ့ဝေးသွားတာ သုံးရက်မပြည့်သေးဘူး မင်းကခုလိုတောင်ဖြစ်နေပြီပေါ့ ရက်စက်လိုက်တာ ထုံးရယ် မောင်မှာတော့..*
"မြင်လား သဏ္ဍန် မင်းကသာသူမရှိရင်မဖြစ်တာ သူကမင်းမရှိလဲ တစ်ခြားယောကျာ်းတစ်ယောက်အောက်မှာအော်ညည်းနေဖို့ သူအတွက်မခဲယှဉ်ဘူးအမြဲ အဆင်
သင့်ပဲထင်တယ် "
"ဟာကွာ ဒုန်း ဒုန်း ခလွမ်း ခွမ်း!!"
သဏ္ဍန် အရက်ခွက်တွေကော ပုလင်းတွေပါ အားရပါးရ ရိုက်ခွဲ ပြစ်လိုက်သည်။ ထိုစဉ် ဆိုင်မန်နေဂျာဆိုသူအပြေးလွှားရောက်လာကာ တားရှာသည်။
"ဒီက အစ်ကိုနဲ့အစ်မ ဆိုင်မှာအဲ့လို့လုပ်ခွင့်မရှိပါဘူးခင်မျ"
"ရှင်က ဘာစောက်ဆင့်ရှိလို့ ကျွန်မလူကို လာတားနေတာလဲ ရှင်တို့လိုဆိုင် အဆိုင်တစ်ရာလောက် ဝယ်လို့ရတယ် ရော့ဒီမှာ crad စောက်ပါးစပ်ကိုပိတ်ပြီး လစ်တော့"
မန်နေဂျာ ဆိုသူက crad လေးယူကာ ရိုးကျိုးစွာထွက်သွားသည်။ သဏ္ဍန် လုပ်သမျှကို မြမိုးသွယ် ထိုင်ကြည့်နေလိုက်သည်။
လောကတွင် ငွေကအရာရာအရေးပါမှန်း သွယ်သိလိုက်သည်။ သူတစ်သက်လုံး မပိုင်ဆိုင်ရတော့ဘူးထင်သည့် သဏ္ဍန်ကို အခုသူပိုင်ဆိုင်ခွင့်ရတော့မည် ဒါဟာလဲငွေကြောင့်။
သူတို့သားကို နွားလုံးလုံးအဖြစ်ခံကာ အားတတ်တစ်ရော ထိုးကျွေးရှာသည့် အန်တီထင်ကလဲ သူကိုသမီးသမီ နဲ့ပါးစပ်ဖျား ကမချ ဒါကလဲငွေကြောင့် ပဲမဟုတ်လား။
"ဟား ဟားဟား! !!အော် ငွေသာရှိရင် အချစ်ဆိုတဲ့ အရာကြီးကိုလဲ ဖျက်စီးပြစ်လို့ ရတာပါပဲလား
ချစ်လိုက်စမ်း အခုတော့ဘာတတ်နိုင်သေးလဲ သဏ္ဍန်သုမောင် မင်းကငါ့အပိုင် ငါလက်ခုပ်ထဲကရေဖြစ်လာတော့မယ် ဟားဟားဟား!!! "
မြမိုးသွယ်ရယ်သံတွေကို မကြားနိုင်လောက်အောင်ထိ သဏ္ဍန်သုမောင်မူးနေခဲ့ပြီ။
>>>>>>>>>>>>>>>>>>>>
"ညီ ဒီနေ့ရော ဘယ်သွားချင်လဲ ဘာလုပ်ချင်လဲ "
ဆက်ထုံး ခေါင်းကိုသွင်သွင်ခါလိုက်သည်။
"မသွားချင်တော့ပါဘူး ကိုခန့်ရာ
ကိုခန့်လဲ နေ့တိုင်းမလာလဲ ရပါတယ်။ ကျွန်တော် အားနာလို့ပါ မမြင့်တို့လဲ ရှိနေတာပဲ ကျွန်တော် လူမမာလဲ မဟုတ်တော့ဘူးလေ"
"မနေ့ကမှ ချုပ်ရိုးဖြည်ထားတာမဟုတ်လား အဲ့တော့ညီက ကိုယ်အတွက် လူမမာပဲ ပြီးတော့ ကိုမလာရင်မင်း ထမင်းစားမှာမဟုတ်ဘူးလေ၊ ကြာရင်မလွယ်ဘူး ညီရဲ့ ကိုယ်ကို့ အားနာရင်မလာစေချင်ဘူးဆိုရင်လဲကိုယ်ကိုကိုယ် ချစ်ရမယ် လေမဟုတ်ဘူးလားကွ"
"ဆရာဝန် မလုပ်ပဲတရားဟောစားပါလား တော်တော် ပေါက်မှာ "
"ဟား တစ်ခြားသူတွေအတွက် မဟောချင်ပါဘူး ညီကိုနားပူရတာပဲ ကြိုက်တယ်"
"အာ့..အဲ့ဒါကတော့ မတရားတာပဲ အဲ့ဒါကြောင့်မို့ လူပျိုကြီး ဖြစ်နေတာ"
"ဟာ ဟိတ်ဟိတ် နိုင်ငံရေး တွေပါမလာနဲ့ ကိုယ်လိုကောင်ချောလေးက မလိုချင်လို့ တစ်ကိုယ်တည်း နေနေတာ မနာလိုမရှိနဲ့"
"ဘာမှ မဆိုင်ဘူး ကြိုက်မယ့်သူ မရှိရင် မရှိဘူးပေါ့"
"မရှာပါ ခုတောင်ကြည့် ညီဘယ်လောက်ခံစားနေရလဲ ကိုယ်မျက်မြင်ပဲလေ အာ "
ပြောပြီမှ ပါးစပ်ကိုလှမ်းပိတ်သော်လဲ မမှီတော့။ သေလိုက်စမ်း ခန့်ငြားရာ ကလေးကို သွားပြီတော့။
"ဟုတ်တယ်နော် ကျွန်တော်ခု အချစ်ကြောင့်ခံစားနေရတာ၊ အချစ်ကြောင့်ပဲ ကျွန်တော့ဘဝ အနိုမ်ခံ အပြောဆိုခံ စိတ်ဆင်းရဲ ခံနေရတာ၊ ဒါပေ့မယ့် ကျွန်တော် ပျော်တယ် ကိုခန့်ရဲ့ အဲ့အရာတွေအကုန်လုံး မောင်ကြောင့် ဖြစ်လာရတယ်ဆိုတဲ့ အသိကတစ်ကယ်ပျော်စေတယ်"
"ညီရာ မင်းအဲ့လောက်တောင်မှလားကွာ"
"ဟက်!! ဒီနေ့ဆို ငါးရက်ရှိပြီ မောင်လာလဲမခေါ်ဘူးကိုခန့် ။ ဖုန်းလဲမဆက်ဘူး မောင်မအားဘူးထင်တယ်။ မောင်ကလေ သူကိုသူတောင် ဂရုစိုက်ဖို့ မေ့တဲ့အထိ အလုပ်လုပ်တာဗျ မောင်က အရမ်းချမ်းသာချင်တယ်တဲ့ သူချမ်းသာမှ ကျွန်တော်နဲ့ ပြည့်စုံတဲဘဝလေး တည်ဆောက်နိုင်မှာတဲ့လေ "
"ဒါပေါ့ အဲ့မို့အလုပ်လုပ်နေတာနေမှာ သူလာခေါ်မှာပါ အဲ့ဒါကြောင့် ညီက ထမင်းကို အချိန်မှန်စား အချိန်မှန်အိပ် ကျန်းမာရေး ကောင်းအောင်နေ နော် ညီ"
"ဟုတ်ကဲ့ ဘုန်းဘုန်း"
"ဟား ကိုယ်ကို လှောင်တယ်ပေါ့ လှောင်တယ်ပေါ့ "
"ဟာကိုခန့် ဆံပင်တွေကို ဖွပြန်ပြီ ဟာအ့မလုပ်နဲ့ မလုပ်နဲ့လို့"
သက်ဆက်ထုံးလေး ဒီနေ့ရယ်နေသည်။ ညီရယ်နေရင် သိပ်အေးချမ်းတာ။ သူများနဲ့မတူပဲ ညိုဝင်းနေသော ညီအသားရည်လေးတွေက ညီကိုပိုသတိထားမိစေတယ်။
တစ်ခါတစ်လေ ညီကသူအမျိုးသားအကြောင်းပြောနေရရင်ကမ္ဘာကြီးကိုတောင်မေ့နေပုံရသည်။ အချစ်ကြီးတဲ့ညီ သိပ်ချစ်တတ်တဲ့ညီ အမြန်ဆုံး ပျော်ရပါစေလို့ ကိုယ်ရင်နာနာနဲ့ ဆုတောင်းပေးပါတယ် ကလေးရယ်။
"ဒေါက် ဒေါက် ဒေါက် !!"
"တံခါး ခေါက်သံကြားတယ် ကိုယ် သွားဖွင့်လိုက်ဦးမယ် ငြိမ်ငြိမ်နေနော် မဟုတ်ရင် ဆံပင်တွေကို "
ဆက်ထုံး တွန်းလွှတ်တော့ ပြုံးစိစိနဲ့ ကိုခန့်ကတံခါးသွားဖွင့်သည်။
"သွားမှာသွားပါ"
ခန့်ငြား တံခါးဖွင့်ပေးလိုက်တော့ deli သမား ။
"ဒါ ကိုသက်ဆက်ထုံး တို့အခန်းဟုတ်ပါတယ်နော် "
"ဟုတ်ပါတယ်ဗျ "
"ပစ္စည်း လာပို့တာပါ လက်မှတ်တစ်ချက်ထိုးပေးပါ"
ခန့်ငြား လက်ခံကြောင်းလက်မှတ်ထိုးပေးကာ လာပို့ပေးသော ရုံးသုံး စာအိတ်အရှည်အား ဇဝေဇဝါနဲ့ ယူလာခဲ့သည်။
"ညီ ဒီမှာ ပစ္စည်း ရောက်လို့တဲ့"
"ဟင် ကျွန်တော် ဘာမှလဲမမှာထားပါဘူး "
ဆက်ထုံး လဲ ဇဝေဇဝါနဲ့ စာအိတ်လေးကို ဖွင့်ကြည့်လိုက်တော့ စာရွက်တစ်ရွက်။ ထိုစာရွက်ကသူဘဝကို အဆုံးသတ်လိုက်မယ့် စာရွက်၊ သူရင်ကိုအပိုင်းပိုင်း စုတ်ဖြဲ ပြစ်လိုက်မယ့် စာရွက်။
ဆက်ထုံး အသားတွေတစ်ဆတ်ဆတ်တုန်ကာ စာရွက်ကိုကြည့်၍ မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျလာသည်။
ပါးစပ်ကလဲ တစ်စုံတစ်ခုကိုဆက်တိုက်ရေရွတ်နေမိပြီးဘာတွေမှန်းလဲသူမသိ။
ခန့်ငြား ညီကိုကြည့်၍ စိတ်ပူသွားတာမို့ စာရွက်ကို လုယူကြည့်လိုက်တော့ ကွာရှင်း စာချုပ်။ တစ်ဖက်တွင်ညီအမျိုးသားကလက်မှတ်ထိုးထားသည်။
"မဟုတ်ဘူး လူမှားပို့တာနေမှာ မဟုတ်ဘူး မောင်ဘယ်တော့မှအဲ့လိုလုပ်မှာမဟုတ်ဘူး။ မဟုတ်ဘူးလို့!!!မှားနေတာ ပြန်ပေးလိုက် သူတို့ကို ပြန်ပေးလိုက် ဘာလို့ယူထားလိုက်တာလဲ နေရာမှားနေတာကို မောင်ကငါ့ကို အဲ့လိုမလုပ်ဘူး ဟုတ်တယ် လာခေါ်မှာ မောင်ငါ့ကိုလာခေါ်မှာလို့ အားးးးလာခေါ်မှာပါဆို ငါကိုယ်တိုင်မေးကြည့်မှာ မယုံဘူး ငါလုံးဝမယုံဘူး"
"ညီ သတိထားစမ်း သတိထားစမ်းလို့ ကိုယ်ပြောနေတယ်လေ!!"
ဆက်ထုံး စားပွဲပေါ်က ဖုန်းကိုပြေးယူကာ တုန်ယင်နေသော လက်များဖြင့် မောင့်ဖုန်းကို ခေါ်လိုက်သည်။
"လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ လက်တလော မအားသေးပါသဖြင့်..."
*ဟင် မောင်ကငါ့ကိုဘလော့ထားတာလား အိမ်ဖုန်း ဟုတ်တယ်အိမ်ဖုန်းကိုဆက်ကြည့်ရမယ်*
သူအိမ်ဖုန်းကိုခေါ်တော့ပထမတစ်ခါ ကိုင်မယ့်သူမရှိ။ သူရူးတော့မလိုအသက်ရူဖို့ပင်သူမေ့နေသည်။ ဒုတိယ တစ်ကြိမ် ဝင်သွားတော့ လာကိုင်သည်က မောင့်မေမေ။
"Hello ဘယ်သူပါလဲ!!"
"မောင် မောင်ရှိလား "
(အော်ဟော် ဘယ်သူများလဲ့လို့ သက်ဆက်ထုံးပါလား ။ ဘာလဲ မင်းမောင်ကိုပြန်ခေါ်မလို့လား ။ ဟင်း ဟင်း....ဘာတဲ့ မောင့်ကိုငါပြန်ခေါ်သွားမှာပါတဲ့။ ဟက်!! စိန်ခေါ်ထားသူကြီးက စာချုပ်မရောက်သေးလို့ ဖုန်းဆက်လာတာလာရှင့်)
"မောင့်ကိုပဲ ဖုန်းပေးလိုက်စမ်းပါ
ငါမောင်နဲ့ပြောမယ် အခုပေးလိုက်!!"
(အော်သားလား သဘက်ခါစေ့စပ်ပွဲအတွက် အင်္ကျီသွားတိုင်တယ်အိမ်မှာမရှိဘူး ဟင်းဟင်း)
"ဘာ!!!"
ဆက်ထုံး ဖုန်းကိုကိုင်လျက်
ပြိုလဲကာ ကျသွားတော့သည်။
"ညီ ဘာဖြစ်တာလဲ ဘာတဲ့လဲ ဘာပြောတာလဲ ညီ ကိုယ်ခေါ်နေတာကြားလား ညီ စိတ်ကိုထိန်းစမ်း"
ညီကို ခေါ်လို့မရ စကားလဲ ပြန်မဖြေတော့ပေ။ မျက်လုံးထဲကမျက်ရည်တွေဆက်တိုက်ကျကာ ဒီအတိုင်းကြီး အရုပ်ကျိုးပြတ်ကြီးထိုင်နေသည်။အဆက်မပြတ်ကျနေသော ညီမျက်ရည်တွေကို သူသုတ်ပေးလိုက်ပြီး
"ညီ အဲ့လိုပျော့ညံလိုက်လို့မရဘူး စိတ်ကိုထိန်းစမ်း ညီ ယောက်ျားမဟုတ်ဘူးလား ညီကိုယ်ပြောနေတာကြားလား ညီ ဟာ ညီလို့!!"
ဆက်ထုံး ကိုခန့်ခေါ်သံတွေကို ကြားပါသည်။ သူပြန်ထူးလို့မရ
ပါးစပ်ဟဖို့ပင် သူမတတ်နိုင်တော့ ။ သူကို မောင်ကထားခဲ့ပြီ ထာဝရအတွက်ထားခဲ့ပြီ ။ သူကိုမောင်တစ်ကယ်ကြီး ထားသွားခဲ့ပြီသူအော်ဟစ်ငိုပြစ်လိုက်ချင်သည်။
သို့သော်ငိုလို့မရ သူမှာ သူအနားမှာကော သူဘဝထဲမှာကော မောင်မရှိတော့ဘူးဆိုတဲ့အသိက သူစိတ်ကိုသတ်ပြစ်လိုက်သလိုပင်။ မောင်သူကိုတစ်ကယ်ကြီးစွန့်လွှတ်သွားခဲ့ပြီ။ မောင်မရှိပဲ မရပ်တည်ချင်တော့ပေ။ သူမျက်လုံးများကလဲ စိတ်ချလက်ချ ကို မှိတ်ကျသွားခဲ့ပြီ။
"ဟာ ညီဟာ ဟေ့ ညီ!!ညီလို့ ဟာကွာ!!"
AhShin💛
(ဒီအပိုင်းလေးကို ရေးရင်း ငိုခဲ့ရပါတယ် ဆက်ထုံးလေးကိုသနားလွန်းလို့ မွန်းကြပ်စွာနဲ့ upပေးလိုက်ပါပြီ လပ်ယူအော💗💨)