အိပ်မပျော်တဲ့ညတွေဟာကုန်ဆုံးလို့ မနက်ခင်းနေရောင်ချည်အလင်းက ဝင်ရောက်လာခဲ့ပြီ။ ဆက်ထုံး ဘယ်လိုမှဆက်အိပ်မရတော့တာကြောင့် အိပ်ယာမှထရန် မျက်စိကိုအားယူဖွင့်လိုက်သည်။
ဘေးမှာမောင်ကနှစ်ခြိုက်စွာ အိပ်ပျော်နေသည်။ မောင် မျက်နာလေးကိုထိတွေ့ကာ နဖူးလေးကို မြတ်နိုးစွာ နမ်းရိုက်လိုက်သည်။
"စိတ်ချပါ မောင် မင်းဘာတွေပဲ
မှားခဲ့ မှားခဲ့ ငါကမင်းကိုဘယ်တော့မှ အပြစ်ယူမှာမဟုတ်ဘူး။ မင်းစိတ်တိုင်းကျပျော်ရွှင်စေရပါ့မယ်။ မင်းအနားကသာ ငါ့ကိုထွက်မသွားခိုင်းဘူးဆိုရင် မင်းကြိုက်တာလုပ်ပါ။ ငါ့ကိုတော့ မနှင်ပါနဲ့နော် ငါကမင်းဘာလုပ်လုပ် ခွင့်လွှတ်နားလည်ပေးမှာမို့ငါ့ကိုမနှင်ပါနဲ့နော်။ ငါမင်းမရှိရင်ရူးသွားရလိမ်မယ့် ငါမင်းကို မင်းကိုသိပ်ချစ်တာမောင်ရဲ့"
ဆက်ထုံး မောင့်မျက်နာလေးအား မြတ်နိုးစွာ ငုံကြည့်လျှက် တိုးတိုးလေးပြောနေမိသည်။ အိပ်ယာမှဖြည်းငြင်းစွာထ၍ ရေချိုးရန် ရေချိုးခန်း ထဲသို့ဝင်လိုက်သည်။
အချစ်ကလူတစ်ယောက်ကို အဲ့လောက်ထိနူးညံ့သွားစေပါသလား။
သူလောက်ဆိုးခဲ့ ဂျစ်ခဲ့သူက မောင်နဲ့တွေ့မှ အရာရာပြောင်းလဲခဲ့သလို အရာရာကိုအရူံးပေးချင်စိတ်တွေသာကြီးစိုးနေခဲ့သည်။
သို့ရာတွင်လဲ ထိုဖြစ်တည်မူ့ ထိုပြောင်းလဲမူတွေဟာ မောင်တစ်ယောက်ထဲအတွက်သာ ဖြစ်ပြီး ဘယ်တော့မှ ပြောင်းလဲမသွားမယ့် မောင့်အပေါ် သက်ရောက်မူ့တစ်ခု သာဖြစ်သည်။
ရေချိုးပြီး မနက်ထမင်းဝိုင်းအတွက် ချက်ပြုတ်ရန် သူအခန်းထဲကထွက်လာခဲ့သည်။ ဘုရားရှိခိုးဖို့တတ်လာတဲ့ မောင့်မေမေနဲ့ လဲ့လဲ့ကို လှေကားထိပ်တွင် ဆုံသည်။သူ တစ်ချက်ပြုံးပြလိုက်ကာရှောင်ထွက်သွားရန်ပြင်လိုက်သည်။
"သက်ဆက်ထုံး အန်တီပြောစရာရှိတယ်။ လဲ့လဲ့ဒါလေးတွေ ဘုရားခန်းမှာနေရာသွားချထားနှင့်လိုက်"
ဒေါ်ထင်သဏ္ဍန် လဲ့လဲ့ ကိုပထုတ်လိုက်သည်။
"ဟုတ်ကဲ့ မေမေကြီး"
ဟင်အင့် မကြားလိုပါ ဘာစကားမှလဲ အပြောမခံနိုင်။ ဒီအချိန်သူတို့ပါးစပ်ကဘာပြောမှာလဲ သူအတတ်သိသည်။ ထိုကြောင့် ဘာစကားမှမကြားချင်။
"ကျွန်တော် မှာ ပြောစရာစကား မရှိပါဘူးအန်တီ"
"နားထောင်ရုံပဲ ငါပြောမယ်"
"ကျွန်တော် မအားဘူးအန်တီ!!"
"သက်ဆက်ထုံး ခေါင်းမမာပါနဲ့ မင်းလဲသိသင့်သလောက်သိပြီးလောက်ပါပြီ"
"ဘာကိုလဲ ဘာကိုသိရမှာလဲ ဘာမှမသိချင်ဘူး ဘာမှလဲမသိဘူး "
"သက်ဆက်ထုံး!!"
ဒေါ်ထင်သဏ္ဍန် ဆက်ထုံးရဲ့ လက်ကိုဆောင့်ဆွဲကာအော်လိုက်သည်။
"ဟင်အင့် ဘာကိုလဲ လွှတ် ဘာမှမသိဘူး။ သိလဲမသိချင်ဘူးလို့ ပြောနေတယ်လေ"
"ငါသား ဘဝကောင်းစားဖို့၊ မင်းချစ်တဲ့သူ အမြင့်ရောက်ဖို့ ဒါလေးတောင် မင်း မလုပ်ပေးနိုင်ဘူး သက်ဆက်ထုံး"
"ဟင်အင့် ကျွန်တော်လက်ကိုလွှတ်ပါ ။ မလုပ်ပေးနိုင်ဘူး ကျွန်တော် ခံစားချက်ကရော ကျွန်တော်ခံစားချက်ကိုရောထည့်မတွက်ပေးတော့ဘူးလား။ ကျွန်တော်လက်ကိုလွှတ်ပါ ။ ကျွန်တော်မအော်ချင်ဘူး ။ မောင်နိုးသွားလိမ့်မယ်"
"မင်း အတွက်ယောက်ျားမရှာပါ
ဘူးကွယ် ငါသားအတွက် ငါတို့မိသားစုအတွက်ငဲ့ပေးပါ။ ငါ့သားကို မင်းပိုင်ဆိုင်သင့်သလောက် ပိုင်ဆိုင်ပြီပြီပဲ စွန့်လွှတ်ပေးလိုက်ပါတော့နော်"
"ဟင်အင့် မောင်က ကျွန်တော် ကိုသိပ်ချစ်တာ။ ဘာလို့စွန့်လွှတ်ရမှာလဲ။ ကျွန်တော် ကလဲ မောင်ကိုသိပ်ချစ်တာမို့ အန်တီအဓိပ္ပါယ်မရှိတာတွေ ပြောမနေပါနဲ့တော့။ ဖယ်လက်ကိုအရင်လွှတ်ပါ မောင်မြင်သွားရင် မကောင်းဘူးအန်တီ"
"ပြောရခက်လိုက်တာ မင်းလူလိုနားလည်စမ်းပါ ။ အချစ်ဆိုတာငွေစက္ကူတစ်ရွက်လောက်တောင် တန်ဖိုး မရှိဘူး။ ယောက်ျားလေးနှစ်ယောက်ရဲ့ အချစ်ဆိုတော့ ဘယ်လောက်ရေရှည် တည်မြဲမှာမို့လဲ ငါပြောတာ နားထောင်စမ်းပါ မင်းဘက်ကမနစ်နာစေရပါဘူး "
"အန်တီ!!!သိပ်လွန်မလာနဲ့နော် ပြီးမှ ကျွန်တော် ရိုင်းတယ်မပြောပါနဲ့။ ကျွန်တော် မောင်ဘက်က ထွက်သွားဖို့ မနှင်မချင်း ကျွန်တော် ဘယ်တော့မှထွက်မသွားဘူး ဖယ်လွှတ်စမ်း လက်ကို"
ဒေါ်ထင်သဏ္ဍန် သားစိတ်ကိုသိပါသည်။ ထိုကောင်လေးအား သားကဘယ်တော့မှ လက်လွှတ်မှာမဟုတ်ပါ။ သူဘာလုပ်ရမည်နည်း သားဘက်ကပြတ်သားနိုင်ရင်ပြီပြီ။ သားဘက်ကပြတ်သားအောင်သူဘာလုပ်ရမလဲ။
ဆင်းရဲသည့် ဘဝထဲကိုတော့သူမသွားလိုက်နိုင်ပါ။ ခုကိစ္စသာပြေလည်ရင် သူတို့အရင်လိုပြန်ရပ်တည်နိုင်ပြီ ဟုတ်တယ်သူ ဆက်ထုံးကိုရအောင်ပြောရမယ် ။
"သက်ဆက်ထုံး!!!"
"လွှတ်ပါတော့ မကြားချင်တော့ လို့ပါ။ ကျွန်တော် လက်ကိုလွှတ်ပေးပါ တောင်းပန်ပါတယ်။ လွှတ်လိုက်ပါတော့!!!"
ဒေါ်ထင်သဏ္ဍန် လက်မလျှော့နိုင် ။
"တစ်ခါထဲပါ တစ်ခါလေပဲ နောက်ဆုတ်လိုက်ပါ စေ့စပ်ရုံလေးပဲ စေ့စပ်ရုံလေးပဲ!!"
"အန်တီ!!!"
ဆက်ထုံး လက်ကိုဆောင့်ရူန်းကာ အကျယ်ကြီး အော်ပြစ်လိုက်သည်။ ထိုစဉ်မောင်ကလဲ အခန်းထဲကထွက်လာသည်။
"ဘာဖြစ်နေကြတာ လဲ!!"
ဒေါ်ထင်သဏ္ဍန် တစ်ချက်ပြုံးလိုက်သည်။ ဆက်ထုံးကအရူန်း သားကထွက်အလာ သူကလှေကားပေါ်ကနေလှဲချပြစ်လိုက်သည်။
"အားးးးး!!"
"မေမေ!!!"
"ဟာ အန်တီ!!!"
သဏ္ဍန် ပြေးဆင်းသွားကာ လှေကားရင်းတွင် ပုံပုံလေး လဲကျနေသော မေမေအားဆွဲယူပွေ့ဖက်
လိုက်သည်။
"မေမေ မေမေဘာဖြစ်သွားသေးလဲ မေမေ!! အားးခေါ်လို့မရတော့ဘူး ဖေဖေရေ လဲ့လဲ့!!"
ဆက်ထုံး ပြေးဆင်းလာကာ မောင့်ဘေး ဒူးထောက်ထိုင်ချလိုက်သည်။
"မောင် ငါလုပ်တာမဟုတ်ဘူးနော် မင်းမြင်တယ်မလား။ ငါလုပ်လိုက်တာမဟုတ်ဘူးနော် "
မောင်သူကို စူးရဲစွာ စိုက်ကြည့်လာသည်။
ဟင်အင့် ဘာလဲ ဘာသဘောလဲ။ ငါလုပ်တာမဟုတ်ဘူးလေ။ သူဟာသူလှဲကျသွားတာလေ။ ငါရူန်းလိုက်တာအဲ့လောက်အားမပါပါဘူး။ မောင်ငါ့ကိုဘယ်လိုကြီးကြည့်နေတာလဲ မောင်အထင်မှားနေပြီ။
သူ မောင့်လက်ကို လှမ်းကိုင်လိုက်သည်။
"မဟုတ်ဘူးနော် ....မဟုတ်သေးဘူးမောင် "
"မထိနဲ့! !ငါအသားကိုလဲ မထိနဲ့ ငါ့အမေအသားကိုလဲ မထိနဲ့"
သဏ္ဍန် ဆက်ထုံး ကိုဆောင့်တွန်းပြစ်လိုက်သည်။
"မဟုတ်ဘူး မဟုတ်သေးဘူး မောင်"
"မခေါ်နဲ့!! မပြောနဲ့ဘာစကားမှ ထပ်မပြောနဲ့။ မေမေကမင်းအပေါ်ဘာတွေများ လုပ်လို့ အခုလောက်ထိရက်စက်နိုင်ရတာလဲ ဆက်ထုံးရာ မင်းလုပ်ရက်လိုက်တာကွာ အားးးး"
မောင်အော်သံကြောင် ဆက်ထုံးတစ်ကိုယ်လုံးတုန်ခါသွားသည်။
"မဟုတ်ဘူး မဟုတ်ဘူးလို့ငါပြောနေတယ်လေငါအဲ့လိုလူစားမျိုး မဟုတ်ဘူးမောင် "
"မကြားချင်ဘူး ထွက်သွား!!!ရွံတယ်။ ကိုယ်အမေအရွယ်လောက်ရှိတဲ့သူအပေါ် အဲ့လိုစိတ်မျိုး ထားရက်ခဲ့တဲ့ မင်းကိုရွံတယ်။ ထွက်သွား သွား!!!ငါမင်းကို မမြင်ချင်ဘူး အခု ထွက်သွား"
"ဟင်အင့် ဟင်အင့် "
"သွားပါတော့ ဆက်ထုံးရယ် ငါလဲအရမ်းပင်ပန်းပြီး မွန်းကြပ်နေပြီမို့ ထွက်သွားလိုက်ပါတော့။ ထွက်သွားပါတော့! !!"
သဏ္ဍန် စိတ်ရှိလက်ရှိ အော်ပြစ်လိုက်သည်။
*လုပ်ရက်လိုက်မောင့်ထုံးရယ် မောင် မင်းကိုငါ အဆုံးထိယုံကြည်ထားခဲ့တာ။ မေမေဘာပြောပြော သည်းခံပေးခဲ့တဲ့မင်းကို မောင်က အများကြီးကျေးဇူးတင်နေခဲ့တာ။ အခုတော့ မောင်ကမင်းကိုဘယ်တော့မှ လက်လွှတ်နိုင်မှာမဟုတ်ဘူးလို့ခံယူထားတာအခုတော့ မောင်ယုံကြည်ချက်တွေကို မင်းအလွှဲသုံးစားလုပ်လိုက်တာလားကွာ*
"ဘာဖြစ်နေကြတာလဲ ဟာ ထင်
ထင်ဘယ်လိုဖြစ်ရတာလဲ သား ဆေးရုံကားခေါ်လေ
ဘာဖြစ်တာလဲ "
သဏ္ဍန်ဘာမှပြန်မဖြေပါ ငိုရိုက်နေသော ဆက်ထုံးကို ကြည်ကာ စိတ်ပျက်နေမိသည်။ ဖေဖေ့ ကဘာကိုနားလည်သွားသည်သူမသိ။
"သက်ဆက်ထုံး ခွေးမသား ငါမိန်းမကို မင်းကဘာကောင်မို့လို့ခုလိုလုပ်ရတာလဲ မင်းသေပေတော့!!"
ဖေဖေ ပြောလဲပြော ဆက်ထုံးဆီပြေးသွားကာ မျက်နာကို ဆင့်ထိုးတော့သည်။
"ခွပ်! !ခွပ်ခွပ်!!!"
"အမလေး ကိုလေးထုံး တော်ပါတော့ အန်ကယ် တော်ပါတော့။ မေမေကြီးကို ဆေးရုံပို့ဖို့အရင်လုပ်ရအောင် "
ထိုမှသာ သူတို့သတိရသွားကာ အန်တီကို ကားဖြင့်တင်၍ ဆေးရုံကိုမောင်းထွက်သွားကြသည်။
"ထနိုင်ရဲ့လားကိုလေးထုံး"
"ငါလုပ်တာ မဟုတ်ဘူး လဲ့လဲ့ ငါလုပ်တာမဟုတ်ဘူး"
"သိတယ် လဲ့လဲ့ မြင်တယ် လဲ့လဲ့အကုန်မြင်တာမို့ ဘာမှ စိတ်မပူနဲ့နော် ကြောက်လဲမကြောက်နဲ့ "
"မောင်က ငါကိုထွက်သွားတဲ့ ရွံတယ်တဲ့ အားးး မောင်ငါကိုမုန်းသွားပြီ ငါဘယ်လိုလုပ်ရတော့မှာလဲ"
ပါးစပ်မှ စီးကျနေသော သွေးတွေကို ဆက်ထုံးဂရုမစိုက်အား။ အော်ဟစ်ငိုရင်း ခေါင်းတွေကိုသာ တွင်တွင်ကုတ်နေမိသည်။
"တော်ပါတော့ ကိုလေးထုံးရယ် ပါးစပ်ကသွေးတွေ အရမ်းထွက်နေပြီ ။ စိတ်ထိန်းပါဦး စိတ်ကိုလဲ ထိန်းပါဦးနော်"
လဲ့လဲ့ သွေးရူးတန်ရူးဖြစ်နေသော ကိုလေးထုံးအားကြည့်ကာ စိတ်မကောင်း ။ စိတ်ရင်းကောင်းသော ကိုလေးထုံး အပြုံးအေးအေးလေးတွေနဲ့ သူအပေါ်ညီမလေးတစ်ယောက်လို အမြဲဂရုစိုက်ဟင်းချက်တွေ သင်ကြားပေးသော ကိုလေးထုံး။ လဲ့လဲ့ အခွင့်သာတာနဲ့ အမှန်တရားကို ဖြေရှင်းပေးပါ့မယ်ကိုလေးရယ် ။
>>>>>>>>>>>>>>>>>>>>>>>>
ဆက်ထုံး ထိုနေ့မှ စ၍ သူတို့တိုက်ခန်းလေးဆီ ပြန်ရောက်လာပြီး ဘယ်မှလဲ မသွားတော့သလို ဘာမှလဲကျွေးမရတော့ပါ။ မမြင့်နဲ့ကိုထွန်းလဲ ဆက်ထုံး လေးအားကြည်ကာ စိတ်မကောင်ဲရုံမှလွှဲ ၍ ဘာမှမလုပ်ပေးနိုင်ကြ။
မစားသော်လဲ ဝတ္တရား ရှိသည့်အတိုင်း မမြင့်ကနေ့တိုင်း ချော့ကျွေးရှာသည်။ ကြာရင် ထိုကောင်းလေ လုံးပါးပါးသွားတော့မည် ။
မမြင့် မနိုင်တော့သည့်အဆုံး ကိုခန့်ကို ဆက်သွယ်ဖို့သာတွေးလိုက်တော့သည်။
"ဒီလောက် ဖြစ်နေတာကို အစ်ကိုကဘာလို့မသိရတာလဲ ဆက်ထုံးရာ။ ဘာလဲအစ်ကိုက မင်းအတွက် အဲ့လောက်လေးတောင် လူရာမဝင်ဘူးလား"
ဆက်ထုံး ပြုံးလိုက်သည်။ သို့သော်အသက်မပါ ပါ။
"မဟုတ်ပါဘူး ဒုက္ခရောက်တိုင်း ဒုက္ခ မပေးချင်လို့ပါ ကိုခန့်ရာ"
" ဒုက္ခ တဲ့လား ညီရယ် မဟုတ်ရပါဘူးကွာ ကိုယ်အတွက်မင်းက ဒုက္ခ မဟုတ်ရပါဘူးညီရာ"
ပိန်သွားတဲ့ ညီကို ကြည့်ရင်း သူစိတ်မကောင်း။ မမြင့်ဖုန်းလှမ်းဆက်ဆက်ခြင်း လူနာတွေကို သူငယ်ချင်း နဲ့လွှဲထားခဲ့ကာချက်ချင်း သူပြေးလာခဲ့သည်။
အကြောင်းစုံသိရတော့ ပိုစိတ်မကောင်းဖြစ်မိသည်။ ဒီကလေးအပေါ်မှာမှ ဘာလို့ ကံကြမ္မာကဒီလောက်တောင်ရက်စက်နေရတာလဲသူနားမလည်တော့ပေ။
"ဘာမှ စိတ်မညစ်နဲ့နော် ကိုရှိတယ် သူပြန်မလာလဲ ကိုယ်ကဖြူဖြူစင်စင် စောင့်ရှောက်ပေးမှာမို့ ညီကအခုလိုကြီးတော့ မနေပါနဲ့ကွာ "
"ဟင်အင့် သူပြန်လာမှာ သူပြန်လာခေါ်မှာမို့ ကျွန်တော် ဒီမှာစောင့်နေတာဗျ။ သူသေချာပေါက် ပြန်လာခေါ်မှာ ကိုခန့်ရဲ့ သိရဲ့လား မောင်က ကျွန်တော်ကိုပြစ်မထားဘူး ကိုခန့် သူကပြန်လာခေါ်မှာ နော့်မမြင့်
မမြင့်တို့ သိတယ်မလား မောင်ကကျွန်တော်ကို ဘယ်လောက်ချစ်
လဲ "
မမြင့် ဆက်ထုံးမသိအောင် ရိုက်ငိုရင်း ခေါင်းကိုတစ်ဆတ်ဆတ်ညိတ်လိုက်သည်။ စိတ်ထဲမှာတော့လုံးဝမကောင်း ။
*အချစ်ကြီး လိုက်တာငါ့သားလေးရယ်*
ကိုခန့် ဆက်ထုံးကို ကြည့်ကာမူမမှန်သလို ခံစားနေရသည်။ ဆရာဝန်မို့လို့လားတော့ မပြောတတ်။ သူစိတ်ထဲတစ်ခုခုမကောင်းတဲ့အရာမျိုးခံစားနေရသည်။
"ဟုတ်ပါတယ် ညီ ရဲ့မောင်က ညီကိုပြန်လာခေါ်မှာ။ အခုတော့ အစ်ကိုဝယ်လာတဲ့ ကြေးအိုးလေးကိုစားလိုက်နော် မနေ့ထဲကဘာမှ မစားရသေးဘူးဆို လိမ်မာတယ်နော်အဲ့ဒါမှ မင်းရဲ့မောင်ပြန်လာခေါ်ရင် ကျန်းမာနေမှာပေါ့ညီရဲ့"
"ဟုတ်တယ်နော် စားရမယ် ငါကျန်းမာနေမှ မောင့်ကိုငါစောင့်ရှောက်နိုင်မှာ မောင့်ကလေးကိုလဲ ငါကူထိန်းပေးရဦးမှာ။ ငါကျန်းမာနေမှ ဖြစ်မယ်။ ငါအားရှိမှ ဖြစ်မှာ ပေးပေး ကိုခန့်ကျွန်တော်စားမယ် ပေးပေး "
ကြေးအိုးပန်ကန်းအားယူကာ တစ်ရက်ဆက်ထိုးသွတ်နေသော ညီကိုကြည့်ကာ ခန့်ငြား ကျအံဆဲဆဲ မျက်ရည်တွေကို ထိန်းလိုက်ရသည်။ ညီခေါင်းလေးကို ရင်ခွင့်ထဲထည့်လိုက်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် စုပ်ထားလိုက်မိတော့သည်။
"စိတ်ထိန်းပါညီရယ် စိတ်ကိုထိန်းစမ်းပါကွာ"
>>>>>>>>>>>>>>>>>>>>>>
ဒေါ်ထင်သဏ္ဍန် သတိရလာခဲ့ပြီ မျက်လုံးများကိုအားယူကာ ဖွင့်၍ ဘေးကိုကြည့်လိုက်တော့ သားကသူလက်ကလေးကို ကိုင်ကာ ကုတင်ဘေးတွင် ထိုက်လျှက်သားလေး အိပ်နေရှာသည်။
သူမျက်လုံးများကို ပြန်ပိတ်ကာ ပြုံးလိုက်မိသည်။ သူ အသက်ကိုရင်းရကျိုးနှပ်ခဲ့ပြီ သားကသူအပေါ်တာဝန်ကျေခဲ့သည်။ သားသူကိုဘယ်တော့မှ လွန်ဆန်မှာမဟုတ်ဘူးဆိုတာသာသိပ်သိတာပေါ့။ ကျေကျေနပ်နပ်ကြီး ပြုံးလိုက်ကာ
"ငါသားလေး မွေးရကျိုးနှပ်လိုက်တာ သားရယ်"
Ah Shin💛