The Land of Miracles ((အံ့ဖွယ...

Autorstwa NaNa-DH

30.3K 3.4K 236

Two young men Encounter the Destiny. Can they break their fate or ??? Magic & Fantasy ((Both Unicode & Zawgy... Więcej

Intro
Chapter 1+2
Chapter 3+4
Chapter 5+6
Chapter 7+8
Chapter 9+10
Chapter 11+12
Chapter 13+14
Ch 15+16
Chapter 17+18
Chapter 19+20
Chapter 21+22
Chapter 23+24
Chapter 25+26
Chapter 27+28
Chapter 29+30
Chapter 31+32
Chapter 33+34
Chapter 35+36
Chapter 37+38
Chapter 39+40
Chapter 41+42
Chapter 43+44
Chapter 45+46
Chapter 47+48
Chapter 49+50
Chapter 51+52
Chapter 53+54
Chapter 55+56
Chapter 57+58
Chapter 59+60
Chapter 61+62
Chapter 63+64
Notice
Chapter 65+66
Chapter 67+68
Chapter 69+70
Chapter 71+72
Chapter 73+74
Chapter 75/76+77
Chapter 78+79
Chapter 80+81
Chapter 82+83
Chapter 84+85
Chapter 86+87
Chapter 88+89
Chapter 90+91+92+93 (Unicode)
Chapter 90/91/92/93 (Zawgyi)
Chapter 94+95
Chapter 98+99
Chapter 100+101
Chapter 102+103
Chapter 104+105
Chapter 106+107
Chapter 108+109
Chapter 110+111
Chapter 112+113
Chapter 114+115+116+117(Unicode)
Chapter 114+115+116+117(Zawgyi)
Chapter 118+119
Chapter 120+121+122(Unicode)
Chapter 120+121+122(ZawGyi)
Chapter 123+124+125(Unicode)
Chapter 123+124+125(Zawgyi)
Chapter 126+127+128
Chapter 126+127+128(Zawgyi)
Chapter 129+130+131+132(unicode)
Chapter 129+130+131+132(Zawgyi)
Chapter 133+134+135
Chapter 133+134+135(ZawGyi)
Chapter 136+137
Chapter 138+139
Chapter 140+141
Chapter 142+143
Chapter 144+145
Chapter 146+147
Chapter 148+149
Chapter 150+151
Chapter 152+153
Chapter 154+155
Chapter 156+157
Chapter 158+159
Chapter 160+161
Chapter 162+163
Chapter 164+165
Chapter 166+Final (Unicode)
Ch 166+Final(Zawgyi)
စာကြွင်း နှင့် More Info

Chapter 96+97

231 31 0
Autorstwa NaNa-DH

Chapter 96 : Tiger Demon King...
ကျားမိစ္ဆာဘုရင် ...

"နှာခေါင်းနဲ့ပဲစကားပြောတတ်တယ်"
အနီရောင်ဘုရင်မ ရဲ့ တုံ့ပြန်မှုတို့က အေးစက်စက် ..

တုနှိုင်းမဲ့ပုလဲပုံရိပ်ယောင်နယ်မြေ ထဲကနေ ပွဲကြည့်ကောင်းနေသည့် လူသားနှစ်ယောက် ... တစ်ယောက် ကို တစ်ယောက် လှည့်ကြည့်မိကြရင်း -
"မိစ္ဆာရိုင်းမြို့တော် က ကျားမိစ္ဆာဘုရင်ကြီးလား!?"

ဘုရင်ကြီးပြောခဲ့တဲ့စကားထဲမှာ 'သမီးတော်တွေ' ဆိုပြီးပါခဲ့သည်မို့ သူတို့ ထိုသို့ကောက်ချက်ချဆွဲလိုက်ခြင်းဖြစ်တယ်..
အခုအခြေအနေအရဆိုရင် အနီရောင်ဘုရင်မ က သူတို့ကို အမဲလိုက်ရင်း ရောက်လာခဲ့ခြင်းဖြစ်ပုံမရ ၊ ကျားမိစ္ဆာဘုရင်ကြီး လိုက်တိုက်ခိုက်လို့ ခုခံထွက်ပြေးရင်း ရောက်လာပုံရသည်...

လန်ကော တက်ကြွစွါဖြင့် -
"ငါတို့ ကံကောင်းနေတဲ့ပုံပဲ!! မြင်ရတဲ့အတိုင်းဆိုရင် အနီရောင်ဘုရင်မ က ကျားမိစ္ဆာဘုရင်ကြီးရဲ့ ပြိုင်ဖက်အနေအထားမှာ မရှိနေဖူးလေ!!"

ဖာ့ဟွားက -
"အဆုံးရောက်မှ အဖြေပေါ်မှာ ... အနီရောင်ဘုရင်မ ဆိုတာ ရှူဟိုင်တွေ နှစ်ပေါင်းထောင်ချီ အမြဲသတိထားခဲ့ရတဲ့ မြေအောင်းပုရွတ်ဆိတ်နတ်ဆိုးမျိုးနွယ် ... သူမ က သာမာန် မဟုတ်ဖူး"

"ကမ်းလှမ်းချက်ကို သဘောမတူရင်တော့ မင်းသေရလိမ့်မယ်"
ခံစားချက်မရှိ ၊ အေးစက်စက်လေသံဖြင့် ကျားမိစ္ဆာဘုရင်ကြီး က အနီရောင်ဘုရင်မ ကို မျက်စိထဲတောင်မထဲ့သလို .. လက်နောက်ပစ်ရပ်နေလျက် .. သက်သောင့်သက်သာ သာရှိနေ၏..

အနီရောင်ဘုရင်မကလည်း -
"အဆုံးမဲ့ပင်လယ်ပြာထဲက ရေဘီလူးဘုရင်နဲ့တိုက်ခိုက်ခဲ့ချိန် ငါဒဏ်ရာရခဲ့လို့သာ ... မဟုတ်ရင် ငါ့ကို နင် နိုင် နိုင်မယ်များထင်နေလား?? အရှက်မရှိတဲ့လူသားနှစ်ကောင်သာ ငါ့နှလူံး ကို မခိုးသွားခဲ့ရင် .. ငါ့ရှေ့မှာ နင်အခုလို မလေးမစားတွေလုပ်ပြနိုင်မယ်ထင်နေလို့လား?? ငါ့ကို သတ်ချင်နေတယ်ပေါ့?  စိတ်ပါရင်ကြိုးစားကြည့်လိုက်လေ"

စကားအဆုံး သူမရဲ့ လက်တွေကို ဆန့်ထုတ်လိုက်ချိန် အနီရောင်အငွေ့အသက်တွေထုထည်သိပ်သည်းသွားပြီး စက္ကန့်ပိုင်းအတွင်း - ကျိုးပဲ့နေခဲ့သော လက်တံတွေ ၊ ကွဲအက်နေခဲ့သော ချပ်ဝတ်တွေ .. အကုန်လုံး မူလအခြေအနေ အကောင်းပတိ အတိုင်း ပြန်ဖြစ်သွားတယ် ...
ဖြူနုနုမျက်နှာပေါ်မှာ သွေးရောင်တချို့ပါ လွှမ်းသွားသည်မို့ 'ရှက်သွေးဖြာနေသော မိန်းမပျိုလေး' လိုပိုလို့တောင် လှသွေးကြွယ်လာသည်...

ကျားမိစ္ဆာဘုရင်ကြီး က တိုက်ခိုက်ဖို့အတွက် စိတ်လောနေခြင်းမျိုးမရှိပဲ ၊ အနီရောင်ဘုရင်မ ရဲ့ ပြောင်းလဲမှုတွေကိုသာ သေချာအကဲခတ်ကြည့်နေကာ တစ်ခုခုကို သေချာစဉ်းစားနေသည်..
"ကျင့်ကြံမှုအဆင့်က မူလအတိုင်းပြန်ဖြစ်လာအောင်ထိ စွမ်းဆောင်နိုင်တယ်လား?? သာမာန်မိစ္ဆာမျိုးနွယ်တော့မဟုတ်ဖူး ... မင်းလို မိစ္ဆာမျိုးကို အခုမှ ပထမဆုံးအကြိမ် မြင်ဖူးလိုက်တာပဲ .. ကြည့်ရတာ မျိုးတုန်းပျောက်ကွယ်သွားခဲ့တဲ့ ကောင်းကင်နတ်ဆိုးမျိုးနွယ် တွေထဲက တစ်ခုရဲ့ မျိုးဆက် ဖြစ်ပုံရတယ် ...
မင်းကို မသတ်တော့ဖူး ... အရှင်ဖမ်းပြီးပဲ ဘိုးဘွားနန်းဆောင် က အကြီးအကဲတွေဆီမှာ သွားဆက်သရမယ် ! သူတို့ မင်းကို အတော်လေးစိတ်ဝင်စားကြမှာ မလွဲဧကန်ပဲ!!"

"ငရဲသာသွားလိုက်!!"
ကြိမ်းဝါးသံနှင့်အတူ အနီရောင်ဘုရင်မရဲ့ လက်နှစ်ဖက်က ကျောနောက်ရှိ တံစဉ်းလက်တံနှစ်ခုကို ဖြုတ်ယူလိုက်သည် ... ထိုတံစဉ်းလက်တံနှစ်ခုက ဘုရင်မ ရဲ့ လက်ထဲမှာ ထက်မြလှသည့် သလင်းနီဓါးနှစ်ချောင်းကဲ့သို့ ဖြစ်သွား၏ ...

အနီရောင်အလင်းတန်း ဖျက်ကနဲ လက်သွားတာကိုသာ တွေ့လိုက်ရပြီး မျက်စိတမှိိတ်အတွင်း ဘုရင်မက ကျားဘုရင်ကြီးရှေ့ရောက်လို့သွားကာ ဓါးနှစ်လက်ကို ကြက်ခြေခတ်သဏ္ဍာန် (X) ခုတ်ပိုင်းချပစ်တယ် !

ဓါးခုတ်ချက်ကနေ အနီရောင်အလင်းတန်းတွေ လင်းဖြာထွက်လာတာများ!! ကောင်းကင်တစ်ခုလုံး နေဝင်ချိန်ကဲ့သို့ပင် ပုဇွန်ဆီရောင်တွေ သမ်းသွားစေသည့်အထိ ..

သို့သော် ကျားမိစ္ဆာဘုရင်ကြီး က အေးစက်စက်နှာတစ်ချက်သာမှုတ်ပြီး လေထဲကို လက်သီးတစ်လုံး ပစ်သွင်းလိုက်ချိန် ၊ စွမ်းအားတွေအစုလိုက်အပြုံလိုက် ထွက်လာလျက် ... ရွှေရောင်အငွေ့အသက်တွေနှင့်အတူ ကျောနောက်မှာ ရွှေရောင် အတောင်ပံ (၆) ခု ပါ ပေါ်လာ၏ !

"အတောင်ပံပါတဲ့ကျား ဆိုတော့ ကျားနတ်ဆိုးပဲ !!! ပြီးတော့ အတောင် က (၆)ခု !!!! လနတ်ဘုရား အဆင့်!!"
လန်ကော အံ့အားသင့်လျက် ထအော်မိသည်..

မိစ္ဆာနယ်မြေ မှာ မိစ္ဆာမျိုးနွယ်တွေကိုအမျိုးအစားခွဲရတာ တကယ်မလွယ်လှ ! သူတို့က လူသားမျိုးနွယ်တွေလို သို့မဟုတ် နား ခရင်းခွ ကြည့်ရုံနှင့် တန်းသိနိုင်သည့် ရှူဟိုင်မျိုးနွယ်တွေလိုမျိုး မရိုးရှင်းဖူး ...

မိစ္ဆာမျိုးနွယ်တွေကို အလွယ်ကူဆုံးခွဲခြားနိုင်တဲ့အရာကတော့ အတောင်ပံအရေအတွက်ကိုကြည့်ပြီး ကျင့်ကြံစဉ်အဆင့် သိနိုင်ခြင်းပါပဲ ..
ရှင်းအောင်ပြောပြရရင် - မူရင်းအကောင်ပုံသဏ္ဍာန်မှာ အတောင် မပါတဲ့ အကောင်တွေအတွက် ... ကျင့်ကြံရင်း အတောင်တွေ ထွက်လာနိုင်ပါက -  အတောင်ပံ တစ်စုံ ဆိုရင် - ကြယ်နတ်ဘုရားအဆင့် ၊
အတောင်ပံ ၃စုံ ဆိုရင် - လနတ်ဘုရားအဆင့် ၊
အတောင်ပံ ၆စုံ ဆိုရင်တော့ ... အမြင့်ဆုံး နတ်ဘုရား အဆင့် ပေါ့ ...

အတောင် ၃စုံ (၆ခု) နှင့် ကျားမိစ္ဆာဘုရင်ကြီးက အနီရောင်ဘုရင်မ နဲ့ ကျင့်ကြံစဉ်အဆင့် အတူတူပဲဖြစ်နေသည်ပေါ့ ..

ကျားမိစ္ဆာဘုရင်ကြီး ရဲ့ လက်သီးချက်က အနီရောင်ဘုရင်မရဲ့ X သဏ္ဍာန် ဓါးခုတ်ချက် ကို တဲ့တဲ့ သွားထိတယ် ..

ရွှေရောင်လက်သီး နှင့် အနီရောင်ဓါးချက် .. နှစ်ခုထိပ်တိုက်တွေ့ချိန် ... လေထဲမှာ စွမ်းအင်နှစ်ခု လွန်ဆွဲနေပြီး အနီရောင်ဘုရင်မ က အနီရောင် စွမ်းအင်တွေကို ထပ်ဖြည့်ထဲ့ပြီး တွန်းတယ် !
ကျားမိစ္ဆာဘုရင်ကြီး က အေးအေးလူလူဖြင့်သာ ခုခံထားလျက် ...
ရွှေရောင်အငွေ့အသက်တွေက အနီရောင်အငွေ့အသက်တွေကို တဖြေးဖြေးချင်း ဝါးမြိုလို့နေကာ .. အနီရောင် တွေ အားလျော့လာ၏ ..

သူတို့ကို ဗဟိုပြုလျက် မီတာ ၁၀၀၀ ပတ်ပတ်လည်မှာတော့ ပြင်းထန်သည့်စွမ်းအင်လှိုင်းကြီးတွေ ဖြစ်ပေါ်လို့နေသည် ..

ရုတ်တရက် ကျားမိစ္ဆာဘုရင်ကြီး ရဲ့
လက်တစ်ဖက်က လေထဲက တစ်ခုခုကို လှမ်းဆုပ်ကိုင်လိုက်သလို ပြုလုပ်လိုက်ချိန် ...
ရွှေရောင်လက်ကြီးတစ်ခုပေါ်ထွက်လာပြီး ဘုရင်မကို ဆုပ်ကိုင်ဖို့ကြိုးစားတယ် !

အနီရောင်ဘုရင်မက တုန်လှုပ်ခြင်းအလျဉ်းမရှိ ... သလင်းနီဓါးနှစ်လက်ကို လက်နှစ်ဖက်မှာ ခပ်တင်းတင်းဆုပ်ကိုင်ထားရင်း ၊ ကြိမ်းဝါးသံတစ်ချက် ပြုလိုက်လျက် ဓါးနှစ်လက်ကို လွှဲကာ ခုတ်ပိုင်းချပစ်တယ် !!

သူမကို ဆုပ်ကိုင်ဖို့ကြိုးစားခဲ့သည့် ရွှေရောင်လက်ကြီး နှစ်ခြမ်းကွဲထွက်သွားသလို အနီရောင်ဓါးချက် နှစ်ခုက ကျားမိစ္ဆာဘုရင်ကြီး ဆီသို့ပါ ရောက်ရှိလို့သွားသည် !

"ကိုယ့်ကိုကိုယ် ယဇ်ပူဇော်ပြီး တိုက်ခိုက်နေတယ်!? ရူးနေတာပဲ!!"
ကျားမိစ္ဆာဘုရင်ကြီး မျက်မှောင်တစ်ချက်ကြုတ်လျက် အတောင်ပံတွေကို ဖြန့်ကာ အနောက်ကို အမြန် ခုန်ပျံ ရှောင်လိုက်ရ၏ ...

အနီရောင်ဘုရင်မ ရဲ့ တိုက်ကွက်တွေက တစနှင့်တစ ပိုပိုပြီးပြင်းထန်လာလျက် ၊ ပြိုင်ဖက်ဖြစ်သူမှာ နောက်ကိုသာ ဆုတ်နေရတယ် ...

"ကိုယ့်ကိုကိုယ်ယဇ်ပူဖော်တဲ့တိုက်ခိုက်နည်းဆိုတာ .. ဘာကြီးလဲ?"
လန်ကော ဇဝေဇဝါ နှင့် ဖာ့ဟွားကို လှည့်မေးတော့ ..
"ရေကုန်ရေခမ်း တိုက်ခိုက်တာမျိုးဖြစ်လိမ့်မယ်...ယဇ်ပူဖော်တဲ့နည်းက အတော်တော့ စွမ်းအားကြီးပုံရမယ် '. မဟုတ်ရင် ကျားမိစ္ဆာဘုရင်ကြီး အခုလို ကြောက်သွားမှာမဟုတ်ဖူး ..
ဒါပေမဲ့ ... အသုံးပြုသူအတွက် ဘေးထွက်ဆိုးကျိုးကလည်း အတော်လေးပေးဆပ်ရမဲ့ပုံပဲ.."

လန်ကော ခါးသက်စွါ ပြုံးလျက် -
"ဒီဘုရင်မက အတော်လေးသန်မာတယ် .. သူမက လနတ်ဘုရားအဆင့်ရောက်လာဖို့ ကျားကုတ်ကျားခဲ ကြိုးစားခဲ့တယ် .. တကယ်တော့ သူမသာ ရင်ဆိုင်မတိုက်ခိုက်ပဲ ၊ ထွက်ပြေးဖို့ကိုပဲ ရွေးလိုက်ရင်လည်း ကျားမိစ္ဆာဘုရင်ကြီး မလိုက်နိုင်လောက်ဖူး ..
အမ်း ... သူမ က မင်းနှင့်အတော်တူတယ်..."

ဖာ့ဟွားကြောင်သွားရကာ -
"ငါနဲ့တူတယ်??"

လန်ကော ခိုင်မာစွါဖြင့် -
"အမှန်ပဲ! ရှေ့ရက်တွေတုန်းကမှ ရေဘီလူးဘုရင်ကြီးနဲ့ တိုက်ခိုက်ခဲ့တာကို ၊ အခုလည်း ကျားမိစ္ဆာဘုရင်ကြီးနဲ့ အသက်ပဓာနမထားပဲ တိုက်ခိုက်နေပြန်ပြီ ! အိုင်းယား ... မင်းတို့နှစ်ယောက်က ခေါင်းကြောမာတဲ့နေရာမှာ တစ်ပုံစံတည်းပဲ .."

"ကလေးကုလား!! ပျင်းစရာကောင်းတယ်!"
ဖာ့ဟွား လန်ကောကို ဆူလိုက်ပေမဲ့ သူ့အကြည့်တွေကတော့ လနတ်ဘုရားနှစ်ပါးရဲ့ တိုက်ပွဲကနေ နဲနဲလေးမှ မခွါခဲ့ဖူး ..

ဒါက ကျင့်ကြံစဉ်အဆင့်-၁၁ ၊ လနတ်ဘုရား နှစ်ပါး အမှန်တကယ် အကြိတ်အနယ်တိုက်နေသည့်တိုက်ပွဲမို့ မြင်ရခဲလှသည်လေ ..
ပြီးတော့ သူတို့က အလုံခြုံဆုံး ဖန်လုံအိမ်ထဲကနေ အေးအေးလူလူ ထိုင်ကြည့်ခွင့်ရနေသည်မလား??
ကြုံတောင့်ကြုံခဲ ဒီလိုတိုက်ပွဲမျိုးကို ကြည့်ရတာ အသိဥာဏ်တွေ ၊ ဗဟုသုတတွေ တိုးပွါးစေတယ် ...

ကျားမိစ္ဆာဘုရင်ကြီး ဆုတ်မြဲဆုတ်နေရပြီး အနီရောင်ဘုရင်မ က ဖိကာ ဖိကာ တိုက်စစ်ဆင် တိုက်ခိုက်နေတော့ .. အချိန်ကြာလာသည်နှင့်အမျှ ကျားဘုရင်ကြီး ဒေါသတွေ ထွက်လာကာ -
"မင်းကို ငါက ကြောက်နေမယ်များ ထင်နေတာလား?!!"

ဒေါသတကြီး ကြိမ်းဝါးသံအဆုံး ကျားမိစ္ဆာဘုရင်ကြီးရဲ့ ခန္ဓာကိုယ်က ရွှေရောင်အကြည်ပါးအလွှာတစ်ခုလိုဖြစ်သွားပြီး ကိုယ်လုံးက ကြီးထွားလာ၏ ! ၃မီတာခန့် မြင့်သည့် ကိုယ်ထည်ကြီးနှင့် ယခင်ကဝတ်ဆင်ခဲ့သော အဖြူရောင်ဝတ်စုံကွယ်ပျောက်လျက် ၊ တစ်ကိုယ်လုံး ငွေရောင်အမွှေးတို ၊ အညိုစင်းကြားတို့ဖြစ်လာပြီး ချောမောခန့်ညားခဲ့သည့် မျက်နှာသွင်ပြင်က ရုန့်ရင်းကြမ်းတမ်းသည့် တိရစ္ဆာန်တစ်ကောင်အသွင်ဖြစ်လို့လာသည် !!
လက်တွေ ခြေတွေမှာလည်း ၃ပေ ရှည်သည့် လက်သည်းတွေ ခြေသည်းတွေ ထွက်လာလျက် ရင်ကိုကော့ကာ မတ်မတ်ရပ်နေသော လူတစ်ပိုင်း ကျားတစ်ပိုင်း နတ်ဆိုးမိစ္ဆာ ပုံစံအစစ် !!

ကျားမိစ္ဆာဘုရင်ကြီးက လက်နှစ်ဖက်ကို ယှက်သိုင်းလျက် လေထဲကို ကုတ်ချလိုက်သည်နှင့် ရွှေရောင်အလင်းတန်းတွေ စူးကနဲ ဖြာထွက်လာလျက် ၊ ကောင်းကင်တစ်ခုလုံးကို စိုးမိုးထားခဲ့သော အနီရောင် အလင်းတန်းတွေကို တိုက်ခိုက်တော့တယ် ..

ကျားဘုရင်ကြီး၏ အနောက်မှာ မီတာ ၅၀၀ အမြင့်ရှိသည့် ရွှေရောင်ပုံရိပ်ယောင်ကျား တစ်ကောင်လည်း ရှိနေလျက် ၊ ဟိန်းဟောက်ကာ အနီရောင်ဘုရင်မ ဆီ သွားရောက်တိုက်ခိုက်တယ်!

အနီရောင်ဘုရင်မ နှင့် ရွှေရောင်ကျားကြီး ထိပ်တိုက်တွေ့လိုက်ချိန် ...
ကောင်းကင်တခွင်လုံး အရောင်တွေပြောင်း ၊ သူတို့အောက်ခြေ မီတာ ၁၀၀၀ ပတ်ပတ်လည်ရှိ မြေပြင်တစ်ခုလုံးသည်လည်း မွစာကြဲကြေမွကုန်သလို အလယ်တဲ့တဲ့တွင်လည်း မီတာ ၁၀၀ ပတ်လည်ရှိသည့် တွင်းနက်ကြီးတစ်ခုကိုပါ ဖြစ်ပေါ်စေခဲ့သည် !

ဘဝမှာမြင်ဖူးခဲ့မျှ ဘယ်မီးရှူး မီးပန်းမှ ၊ ဒီနေ့ ပေါက်ကွဲတဲ့ အလှ ကို မမှီနိုင်ဖူး !!! ရွှေရောင် အနီရောင် အလင်းတန်းနှစ်ခု ရောယှက်လျက် ပေါက်ကွဲ သွားသည်က ... မြင်ရတာ .. လုံးဝ ရင်သပ် ရှူမောဖွယ်ပါပဲ !!

လနတ်ဘုရားအဆင့် ... နတ်ဘုရားတွေဆိုတာ ဘယ်လောက်စွမ်းအားကြီးကြကြောင်း ဖာ့ဟွားနှင့်လန်ကော ကို အသိဥာဏ်တွေပါ ပွင့်စေခဲ့သည် ..

သန့်စင်လှတဲ့ စွမ်းအင် အစစ်တွေ!!
ထိပ်တိုက်တိုက်ခိုက်မှုက အရာရာကို လုံးဝပျက်သုဉ်းသွားစေမှုပဲ !!

ကောင်းကင်ပြင်မှာ လင်းချင်းနေခဲ့သည့် အလင်းတန်းတွေက ၁၀စက္ကန့်ခန့်ကြာခဲ့ပြီးနောက် ကွယ်ပျောက်သွားချိန် ... နတ်ဘုရားနှစ်ပါး ကိူ ရှင်းရှင်းလင်းလင်း ပြန်မြင်ရပြီ ...

ကျားမိစ္ဆာဘုရင်ကြီး က လူတစ်ပိုင်းကျားတစ်ပိုင်းပုံစံကနေ အသက် ၂၀ အရွယ် လူချောလေးအသွင်သို့ ပြန်ပြောင်းနေပြီဖြစ်ကာ ... သူ့မျက်နှာက အနဲငယ် ဖြူဖတ်ဖြူလျော်ဖြစ်နေလျက် ညာဖက်ပုခုံးပေါ်မှာ ပြတ်ရှရာ သုံး လေးခု ရှိနေကာ .. ထိုဒဏ်ရာတွေကနေ သွေးတွေ စီးကျနေ၏...

ဒါပေမဲ့ ပြိုင်ဖက် အနီရောင်ဘုရင်မ ရဲ့ အခြေအနေက ပိုဆိုးလို့နေတယ် ... သူမရဲ့ လက်ထဲရှိ သလင်းနီဓါးနှစ်ချောင်းက ကျိုးပဲ့ ပျက်စီးသွားပြီ ...
ကိုယ်ပေါ်ရှိ ပတ္တမြားရောင်ချပ်ဝတ်ကလည်း နေရာအတော်များများမှာ အက်ကွဲ ကျိုးပဲ့နေလျက် တစ်ကိုယ်လုံး သွေးသံရဲရဲနှင့် ဖြစ်နေတော့သည် ...
အထူးသဖြင့် အေးတိအေးစက် အမြဲစူးရဲတောက်ပနေခဲ့သည့် သူမရဲ့ မျက်လုံးတွေက အရောင်တွေမှိန်ကျနေတယ် ...

သူမကို ဒီလို အခြေအနေနဲ့ တွေ့လိုက်ရချိန် ... ဘာကြောင့်မှန်းတော့ မသိ ... ဖာ့ဟွားနှင့်လန်ကော ရင်ထဲမှာ ဆစ်ခနဲ နာကျင်သွားပြီး သနားစိတ်တွေ ဖြစ်ပေါ်လာတယ် ...

ရုတ်တရက် ဖြစ်ပေါ်လာသည့် စိတ်ခံစားချက်ကြောင့် နှစ်ယောက်သား လန့်ဖျပ်သွားမိသည် !
သူတို့ကို တစ်ချိန်လုံး အမဲလိုက်နေခဲ့တဲ့ နတ်ဆိုးမ ခံ နေရတာကို ဘယ်ကနေ ဘယ်လို သနားစိတ်တွေက ဝင်လာရတာလဲ??

"သူမရဲ့နှလုံး ကို တုနှိုင်းမဲ့ပုလဲ စားခဲ့လို့များ .. အခုလို ငါတို့စိတ်တွေထဲ ဖြစ်နေတာများလား??"
လန်ကော သူထင်မိသည့် သံသယစိတ် ကို ဖွင့်ဟပြောလာတယ် .. 

ဖာ့ဟွား မျက်မှောင်ကြုတ်သွားကာ -
"ဖြစ်နိုင်တယ် .. အနီရောင်ဘုရင်မရဲ့ နှလုံးကို တုနှိုင်းမဲ့ပုလဲ ဘာကြောင့်စားချင်ခဲ့တာလဲဆိုတာကို နားမလည်နိုင်ပေမဲ့ ... သူမရဲ့ နှလုံးက အတော်စွမ်းအားများမဲ့ပုံပဲ .. သူမကို အဆင့်-၁၂ ဖြစ်အောင်တောင် လုပ်ပေးနိုင်မဲ့ အရာဆိုတော့လေ ... တုနှိုင်းမဲ့ပုလဲ ပုံရိပ်ယောင်နယ်မြေမှာ ပြောင်းလဲမှုတွေ စဖြစ်လာသလို ၊ စွမ်းအင်သက်ရောက်မှုတချို့ကိုလည်း သေချာပေါက် ငါတို့ခံစားရမှာပဲ..."

လန်ကော နှုတ်ခမ်းတွေ တရွရွဖြင့် -
"ဟမ့် ... လောကကြီးကလည်း မျှတလွန်းနေပါရောလား!"

"ငါ့ကို ထိခိုက်အောင်လုပ်ရဲတယ်?!!! မင်းကို အပိုင်းပိုင်း အစစ ဖြစ်သွားအောင်ထိ ငါချိုးဖဲ့ပစ်မယ်!!"
ကျားမိစ္ဆာဘုရင်ကြီးရဲ ကြိမ်းဝါးသံနှင့်အကြည့်တွေက ဒေါသအလွန်အမင်းထွက်နေကြောင်း သိသာလှ၏ ..
ကျားဘုရင်ကြီး လက်နှစ်ဖက်ကို မြောက်လိုက်ချိန် ကောင်းကင်တစ်ခုလုံး ရွှေရောင်တွေလွှမ်းသွားလျက် ၊ လေထုထဲမှာလည်း ရွှေရောင်အငွေ့အသက်တွေ သိပ်သည်းလာတော့ ဖာ့ဟွားနှင့်လန်ကော ကောင်းကောင်း မမြင်ရတော့ဖူး ..

တစ်ချိန်တည်းမှာပဲ ဖြာထွက်လာသည့် မာနကြီးလှသော အနီရောင်အလင်းတန်းတွေက ကောင်းကင်တစ်ဝက်ကို အပိုင်သိမ်းလို့သွားတယ် !!

ဖာ့ဟွား နှင့် လန်ကော မြင်နေရသည်က ရွှေနီရောင် လောကကြီးတစ်ခုသာ ...
လန်ကော ရင်ထိတ်စွါဖြင့် -
"အခြေအနေကို သဲသဲကွဲကွဲမမြင်ရတော့ပေမဲ့ ... အနီရောင်ဘုရင်မ မဟန်တော့တာတော့ သိသာတယ်"

တိုက်ပွဲကြီးကို မျက်မြင်တွေ့လိုက်ရချိန် သူတို့ သိလိုက်ရသည်က - အနီရောင်ဘုရင်မ သူတို့အပေါ် အတော်လေးသက်ညာပေးခဲ့တယ်ဆိုတာပဲ .. သူမ သာ တကယ်သတ်ချင် ဖြတ်ချင် ခဲ့ပါက .. လန်ကော နှင့် ဖာ့ဟွား တို့ အခါ ၁၀၀၀ ၊ ၁၀၀၀၀ မက အကြိမ်ကြိမ် သေခဲ့ပြီးနေပြီ !!

နာရီဝက်ခန့်အကြာ ... အနီရောင်အလင်းအား လျော့နဲကျလာပြီး ၊ လျှက်တပြက်ဆိုသလို အနီရောင်အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားပြီး တစ်နေရာကို ဒဲ့တိုး ဝင်တိုက်ပစ်တယ် !!

"မင်း!! အရူးမ !!"
ကျားဘုရင်၏ နာကျင်ငြီးတွားသံကိုသာ ကြားလိုက်ရပြီး အနီရောင်အလင်းတန်း နှင့် ရွှေရောင်အလင်းတန်း နှစ်ခုလုံး မြေပြင်ပေါ် တရှိန်ထိုး ပစ်ကျလို့သွားတယ် ...

// အုန်း !! ဝုန်း !! //

မြင်ကွင်း ပြန်လည်ရှင်းလင်းသွားသည့်အချိန် ... ပတ်ဝန်းကျင်တစ်ခုလုံးက အရင်ကထပ် ၂ဆ ပိုပျက်စီးနေလျက် ၊ အနီရောင်ဘုရင်မနှင့် ကျားမိစ္ဆာဘုရင် အတူလုံးထွေးပြုတ်ကျသွားခဲ့သည့်နေရာက ချိုင့်ဝှမ်းကြီးတစ်ခုတောင် ဖြစ်ပေါ်နေကာ ...
ချိုင့်ဝှမ်းထဲ မီးတောင်ချော်ရည်ပူ အနီရောင်အရည် တွေ စီးဆင်းနေတာကိုတောင် တွေ့နေရသည် !!

🌱

Chapter 97 : Don't Look at It If You Are insecure ...
စိတ်မလုံရင် မကြည့်နေနဲ့လေ...

အပြင်ဖက်ကမ္ဘာမှာဖြစ်ပျက်နေသည့် စိတ်တုန်လှုပ်စရာတိုက်ပွဲပြီးဆုံးသွားကာ ၊ ပတ်ဝန်းကျင်တစ်ခုလုံးငြိမ်သက်သွားသည်အထိ ဖာ့ဟွားနှင့်လန်ကော အသက်ရှူရန် မေ့နေဆဲ ...
မိနစ်တချို့ကြာသွားမှ ...

"အနီရောင်ဘုရင်မ သေသွားပြီလား?"
လန်ကော ရဲ့ အမေးကို ဖာ့ဟွား ခေါင်းယမ်းပြရင်း -
"မသိတတ်ဖူး .. ဒါပေမဲ့ သူမ ငါတို့ကို အချိန်တစ်ခုကြာတဲ့အထိ အမဲမလိုက်နိုင်တော့မှာတော့ သေချာတယ်"

မိစ္ဆာနယ်မြေပေါ် ကို ထွက်ပြေးဖို့ ဆုံးဖြတ်ချက်ချခဲ့တာ အမှန်ကန်ဆုံးလုပ်ရပ်ပါပဲ !!
မိစ္ဆာရိုင်းမြို့တော်ရဲ့ မြို့တော်ဝန် - ကျားမိစ္ဆာဘုရင်ကြီး က အနီရောင်ဘုရင်မ ကို သူသေကိုယ်သေ ယှဉ်ချနိုင်သည်အထိ သန်မာလွန်းလှသည် !

လနတ်ဘုရား ၂ပါး ၏ တိုက်ပွဲကို ကြည့်လိုက်ရပြီးနောက် သူတို့ကိုယ်သူတို့ ပမွှားလေး ၊ ငါးမြောင် ငါးခြောက်လေးတွေလို့သာ ခံစားမိစေတော့သည်..
မြင်လိုက်ရသည့် စွမ်းအင်အရှိန်အဝါတွေက သူတို့လိုက်မမှီနိုင်လောက်အောင် ခမ်းနားလွန်းလှတယ် ...
မိစ္ဆာနယ်မြေပေါ်ရောက်လာတာက လေ့ကျင့်ဖို့သာမက အတွေ့အကြုံအသစ်တွေပါ ကောင်းကောင်းကြီးရနိုင်၏ !

တစ်ချိန်တုန်းက ... ဖာ့ဟွားနှင့်လန်ကော ဆိုတာ မိုးကောင်းကင်ရဲ့ ချစ်မြတ်နိုးခြင်းကို ခံခဲ့ရသည့် ကောင်းကင် သားတော် ၊ ပါရမီရှင်တွေ အဖြစ် မှော်နယ်မြေ နှင့် အပြာရောင်နယ်မြေ တို့မှာ မော်ကြွား ဂုဏ်ယူခဲ့ကြသည်..
အပြင်လောကကို ခြေဆန့်မိလိုက်တဲ့အချိန်မှ ... ဖာလန်ဂြိုလ်ကြီးက ကြီးမားကျယ်ပြန့်ပြီး သူ့ထက်ငါလူစွမ်းကောင်း ၊ အံ့ဖွယ်တွေနှင့် ပြည့်နေကြောင်း သိခွင့်ရခဲ့တော့သည်...

ဖာ့ဟွားနှင့်လန်ကော အတွေးကိုယ်စီတို့ဖြင့် စကားတစ်ခွန်းမှ ထပ်မဆိုဖြစ်တော့ပဲ ကျင့်ကြံဖို့သာ ပြင်ဆင်လိုက်ကြသည် ...
အချိန်တစ်နာရီကျော် ကြာသွားပြီး တစ်နေ့တာ ကျင့်ကြံမှုရဲ့အထွတ်အထိပ်ကို ရောက်သွားချိန်မှ အပြင်လောကကို ပြန်ထွက်ခဲ့ကြတယ် ...
ချော်ရည်နီတွေပါ ထွက်ခဲ့သည့် ချိုင့်ဝှမ်းအသစ်ကြီးသည်လည်း အချိန်တချို့ကြာသွားချိန် အပူလျော့သွားပြီဖြစ်၏ ...

သို့သော် ဖာ့ဟွားနှင့်လန်ကော မှာ တိုက်ပွဲပတ်ဝန်းကျင်ကို စူးစမ်းနေဖို့အချိန်မပေးနိုင် ၊ ပုံရိပ်ယောင်နယ်မြေထဲက ထွက်လာ ၊ မြေပြင်ပေါ်ခြေချမိသည်နှင့် ဘိုးဘွားနန်းဆောင် ရှိရာကို ခြေကုန်သုတ်ပြေးတော့၏ ...
ကျားမိစ္ဆာဘုရင်ကြီး အသက်ပြင်းလှသော အနီရောင်ဘုရင်မကို အသေမသတ်နိုင်ခဲ့ဖူးဆိုရင်တောင်မှ သူတို့အတွက် အချိန်အတော်များများကို ဖန်တီးပေးနိုင်ခဲ့တယ် ... ရလိုက်တဲ့ အချိန်တွေကို သူတို့နှစ်ယောက် ကောင်းကောင်းကြီး အသုံးချရမယ် !!

မိစ္ဆာနယ်မြေက သိပ်ကိုကျယ်ပြန့်လွန်းတယ် ... သူတို့ရဲ့ အမြန်နှုန်းကို အရင်ကထပ် ထပ်မြင့်ပြီး တောအုပ် ၊ တောင်တန်း ၊ တောင်ကုန်း အကုန်ကျော်ဖြတ် ၊ မနားမနေ ပြေးနေတာတောင်မှ မြေပုံပေါ်မှာ သူတို့ရဲ့ ရောက်ရှိမှုနှုန်းက တစ်လက်မ ကျော်ကျော်လေးသာပဲ ...

ကောင်းကင်က မှောင်ရီသမ်းစပြုလာလျက် ... နီရဲရဲနေလုံးကြီး မိုးကုတ်စက်ဝိုင်းမှာ မြုပ်ကွယ်စပြုလာချိန် ...

"ခဏနားကြရအောင် ... တစ်ခုခုစားပြီးမှ ခရီးဆက်ရအောင်"
သူတို့ တစ်နေ့လည်လုံး မရပ်မနားပြေးခဲ့ပြီးပြီ...
ဖာ့ဟွားနှင့်လန်ကော အတွက် နေ့ရယ် ညရယ် လို့ သတ်မှတ်ချက်မရှိ ... သူတို့ ပင်ပန်းလာလျှင် ပုံရိပ်ယောင်နယ်မြေထဲဝင်ပြီး အနားယူ ၊ တရားကျင့်မယ်... ပြီးရင် ပြန်ဆက်ပြေးမယ် ..
တုနှိုင်းမဲ့ပုလဲနှင့်အတူရှိလာတာကြာလာသည်နှင့်အမျှ ပုလဲကို ကျွမ်းကျင်စွါ သုံးတတ်လာရုံမက ပုံရိပ်ယောင်နယ်မြေကိုပါ ယာယီတဲ အဖြစ်သဘောထား သုံးတတ်ခဲ့ပြီ ..

"အင်း"
လန်ကော ရဲ့ အကြံပြုချက်ကို ဖာ့ဟွားလက်ခံလိုက်တော့ .. လန်ကော သူ့ရဲ့ လေဒြပ်စင်ကို ပြန်သိမ်းလိုက်သည်နှင့် နှစ်ယောက်သား မြေပြင်ပေါ် ခြေချမိကြသည် ...

ယာယီစခန်းအဖြစ် အတန်ငယ်မြင့်သော တောင်ကုန်းတစ်ခုကိုရွေးချယ်လိုက်တယ် ... ဒီနေရာကနေ ကြည့်ရင် ပတ်ဝန်းကျင်တစ်ခုလုံးကို အပေါ်စီးကနေ ကောင်းကောင်းမြင်နိုင်၏...

"မိစ္ဆာနယ်မြေထဲမှာ မိစ္ဆာမျိုးနွယ်မျိုးစုံရှိတယ်လို့ကြားဖူးခဲ့တာ .. ဘာလို့ ခုထက်ထိ အကောင်ကြီးကြီးတွေကို သေချာမတွေ့ ဖြစ်နေရတာလဲ?"
လန်ကော ပတ်ဝန်းကျင်ကို မျက်စိကစားနေရင်း တက်ကြွလို့နေ၏ .. အနီရောင်ဘုရင်မ ရဲ့ အသက်အန္တရာယ် ခြိမ်းခြောက်မှု မရှိတော့သည်နှင့် လန်ကော ရဲ့ အမြဲတက်ကြွသည့်စရိုက် တို့က ပြန်ပေါ်လို့လာပြီ ..

ဖာ့ဟွားက -
"မင်းမှာ ထူးခြားတဲ့ အရည်အချင်း တစ်ခု မရှိနေဖို့တော့ မျှော်လင့်မိတယ်"

"ဟင်?? ဘာအရည်အချင်းမျိုးလဲ??"

"ကျီးကန်းပါးစပ် ဆိုတဲ့ အထူးအရည်အချင်း"

T/N : crow's mouth - ကျီးကန်းပါးစပ် - မကောင်းတာပြောမိရင် တန်းဖြစ်စေသည့် ပါးစပ် (တရုတ်ဗန်းစကား)

"တော်!! တိတ်!!"
လန်ကော အခုချိန်မှာ ဖာ့ဟွားနှင့် အပြိုင်ရန်ဖြစ်ဖို့ စိတ်မပါနေဖူး .. တစ်နေကုန်ပြေးလွှားနေရလို့ ပင်ပန်းနေတာအပြင် ရန်ဖြစ်လည်း ဖာ့ဟွားက လုံးဝ စိတ်မတိုတတ်ဖူးဆိုတာ သူသိခဲ့ပြီးပြီ ..
ဖာ့ဟွားက ဒေါသဖြစ် စိတ်တိုတတ်တဲ့သူမျိုးမဟုတ်ပဲ .. အတွင်းထဲမှာသာ စိတ်ကောက်နေတတ်တဲ့ သူမျိုး ...

နှစ်ယောက်သား အေးအေးလူလူ ထိုင်နေဆဲမှာ ... သူတို့ ခန္ဓာကိုယ်တွေထဲ ရုတ်တရက် အပူစီးကြောင်းတစ်ခု ဖြတ်သန်းသွားတာကြောင့် တုန်တက်သွား၏ !
ထို့အပြင် နဖူးပေါ်ရှိ တုနှိုင်းမဲ့ပုလဲ သင်္ကေတ ဖျက်ခနဲထလက်လာပြီး ရွှေရောင်အငွေ့အသက်တွေ ဖြာထွက်လာလျက် ... သူတို့မျက်စိရှေ့တင် ရွှေရောင်အလုံးတစ်လုံးအဖြစ် ဖွဲ့စည်းလို့သွားတယ် ...
ထိုရွှေရောင်အလုံးထဲမှာ နို့နှစ်ရောင် ပုလဲလုံးလေး နှစ်လုံး ရှိနေတာကိုပါတွေ့ရ၏ ...

မပြောမဆိုနှင့် သူတို့ကိုယ်ထဲကနေ တုနှိုင်းမဲ့ပုလဲ ထွက်ချလာတာကြောင့် ဖာ့ဟွားနှင့်လန်ကော ဘာလုပ်လို့ ဘာကိုင်ရမယ်မသိ ၊ ထိတ်လန့်နေမိသည် !
မင်းတို့သိရဲ့လား! အရင်တခါ ဒီအကျင့်မကောင်းတဲ့ပုလဲ ကိုယ်ထင်ပြလာတဲ့အချိန်က အနီရောင်ဘုရင်မရဲ့ နှလုံး ကို သွားခိုးခါနီးအချိန်ပဲ !!
အခုလည်း ကိုယ်ထင်ပြလာပြန်ပြီ!

ဒါနဲ့ ... တုနှိုင်းမဲ့ပုလဲဆိုတာ ဒီလိုပုံစံမျိုးလား??
သူတို့ ပထမဆုံးအကြိမ်မြင်ဖူးခဲ့တုန်းက အကြည်လွှာအလုံးတစ်လုံး နှင့် အထဲမှာ ရောင်စဉ်တွေယှက်ဖြာနေတာမျိုးပါ ...

ဝှီး ခနဲ တုနှိုင်းမဲ့ပုလဲ က တစ်နေရာကို ပျံသန်းသွားခဲ့တယ် !!

"ငါတို့ ... ဘာလုပ်ကြမလဲ??"
လန်ကော ဖာ့ဟွားကို တွေတွေကြီး ငေးကြည့်ရင်း မေးမိသည် ...

ဖာ့ဟွား လန်ကော ကို ပြန်လှည့်ကြည့်ပြီး ... နှစ်ယောက်သား တပြိုင်တည်းဆိုသလို ...
"သွားခွင့်ပေးလိုက်တော့..."

တုနှိုင်းမဲ့ပုလဲ သူတို့ကိုယ်ထဲက ထွက်သွားသည်နှင့် နှစ်ယောက်ကြား စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှု ပြတ်တောက်သွားခဲ့ပြီဆိုပေမဲ့ ... သူတို့နှစ်ယောက်ရဲ့ တစ်ယောက်အပေါ် တစ်ယောက် နားလည်နိုင်မှုက အတော်အားကောင်းနေခဲ့ပြီ ...

ဒါပေမဲ့ သူတို့စကားအဆုံးမှာပဲ ဆွဲငင်အား တစ်ခု ပေါ်လာပြီး သူတို့ ခန္ဓာကိုယ်တွေက သူ့အလိုလို လေထဲမြောက်တက်သွားကာ ဆွဲငင်မှုနောက် လွင့်ပါလို့သွားတယ် !!
ဆွဲငင်မှု လားရာအရပ်က တုနှိုင်းမဲ့ပုလဲ ပျံထွက်သွားသည့် အရပ် ပဲ !!!

"အကျင့်မကောင်းတဲ့ပုလဲက ထပ်လုပ်ပြန်ပြီ!!!"
လန်ကော ဒေါသတကြီး ကြိမ်းဝါးနေပေမဲ့ လေဒြပ်စင်ကိုအမြန်ထုတ်ပြီး သူနှင့်ဖာ့ဟွားရဲ့ ကိုယ်ကို လွှမ်းခြုံလိုက်ရတယ် ... တုနှိုင်းမဲ့ပုလဲ ဆွဲခေါ်နေသည့်အတိုင်း မြေပြင်ပေါ်မှာ တရွတ်တိုက် လိုက်သွားလို့မှ မဖြစ်ပဲ !

တုနှိုင်းမဲ့ပုလဲက သူတို့ကို ဆွဲခေါ်သွားရင်း အမြင့်ဆုံးအရှိန်နဲ့ တောအုပ်တစ်ခုထဲ ပျံသန်းလို့သွားတယ် ...
ဖာ့ဟွားနှင့်လန်ကောရှေ့ သစ်ပင်ကြီးတစ်ပင် ပေါ်လာချိန် ၊ ဘယ်လိုမှ ရှောင်ရှားချိန်လည်း မရ !!
ဖြတ်ထိုးဥာဏ်ကောင်းသည့် ဖာ့ဟွားကပဲ ဥာဏ်ပညာဒိုင်းကို အမြန်ဆင့်ခေါ်ကာ သစ်ပင်ဝင်တိုက်မှုကနေ ကာကွယ်လိုက်ရသည် !

ဆွဲခေါ်ရာနောက် ပျံသန်းလိုက်ပါနေရင်း လန်ကော က -
"ဒီတခါလည်း မိစ္ဆာကြီးတစ်ကောင်ဆီ ခေါ်သွားမယ်ဆိူ ... ငါတို့ ဘယ်လိုလုပ်ကြမလဲ?"

ဖာ့ဟွား နှုတ်ခမ်းတွေ တရွရွဖြစ်လာပြီး -
"မင်းပဲလိုချင်ခဲ့တာ.."

ချီး !! ဒီ သောက်ကျင့်မကောင်းတဲ့ပုလဲ နဲ့ ငါတို့ နဲ့ လုံးဝကို မပတ်သတ်နေဖူးဟေး !!

တုနှိုင်းမဲ့ပုလဲ ပျံသန်းနေရင်း ရုတ်တရက်ကြီး အရှိန်လျော့ကျသွားတာကြောင့် ဖာ့ဟွားနှင့်လန်ကော တို့ ကို့ရို့ကားယား ဖြစ်သွားရကာ ဂျွမ်းထိုးမှောက်ခုံဖြင့်
// ဗုန်း !! ဗုန်း !! //
သစ်ပင်ကြီးတစ်ပင်နှင့် တိုက်မိပြီး မြေပြင်ပေါ် ပစ်စလတ်ခတ်ပြုတ်ကျကုန်တော့သည် ...

ဖာ့ဟွားနှင့်လန်ကော နာကျင်စွါငြီးငြူးရင်း မြေပြင်ပေါ်ကနေ ကုန်းရုန်းထနိုင်လာချိန် .. ပုလဲက သူတို့ပါးစပ်မဟနိုင်ခင်မှာပဲ နှစ်ခြမ်းကွဲကာ သူတို့နဖူးတွေထဲ ပြန်ဝင်ရောက်ပျောက်ကွယ်သွားတယ် !!!

"ကျိန်စာ !! ဒါက လုံးဝ သေချာပေါက် ကို ကျိန်စာ တစ်ခုပဲ!! ဘိုးဘေးတွေ ဘယ်လိုများ ဒီပုလဲကို ဖန်တီးခဲ့တာလဲလို့!!"
သူတို့တစ်ကိုယ်လုံး ကိုင်ရိုက်ခံထားရသလိူ နာကျင်နေပြီး ခြစ်ရာဗလပွနှင့် ...
"အေ !! ငါ့ရဲ့ ချောမောလှပတဲ့ မျက်နှာလေးကို ထိခိုက်စေခဲ့ရင်တော့ ပုလဲနဲ့ငါ သူသေကိုယ်သေ ချပြီသာမှတ်!!"
လန်ကော ဒေါသတကြီး ကြိမ်းမောင်းနေတော့သည်...

ဖာ့ဟွား သူ့ကိုယ်ပေါ်ရှိ ဖုန်တွေ သဲတွေကို ခါနေရင်း -
"အတ္တပေမဝါဒ သမား"
နှုတ်က တီးတိုးရေရွတ်လိုက်ရင်း ကျမ်းစာအုပ်ကိုဆင့်ခေါ်ကာ စာမျက်နှာ (၇) ကို လှန်လိုက်တော့ ...

T/N : Narcissist - အတ္တပေမဝါဒသမား - တစ်လောကလုံးမှာ ကိုယ်ကသာ အ​ကောင်းဆုံး ၊ အတော်ဆုံး ဟု တွေးထင်နေတတ်သူ ..

စာမျက်နှာ (၇) ကနေ ထွက်ကျလာသည့် ချည်မျှင်တွေတိုင်းက အနီရောင်တွေ !!!
သွေးနီရောင် ကို တောက်နေသည့် အနီရောင်ချည်မျှင်တွေ !!
ဖာ့ဟွား အလျင်အမြန်ပင် -
"သွားစို့!!"
လန်ကော ကို အသိပေးရင် နေရာပြောင်းမန္တာန်ကို သုံးလိုက်ပေမဲ့ ...
ဖာ့ဟွား က ပျောက်မသွား ...
နေရာတွင်သာ မတ်တပ်ရပ်လျက် ရှိနေဆဲ...

လန်ကော ဖာ့ဟွား လက်ကို ဆွဲကိုင်ကာ နေရာပြောင်းမန္တာန်ကို အတူရွတ်လိုက်ပေမဲ့ ...
စက္ကန့်တချို့ကြာချိန် ... နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် မျက်လုံးပြူးကြီးတွေနှင့် ငေးကြည့်လျက် ... နေရာမှာပင် မပြောင်းမလဲ ရှိလို့နေသည် ...

"အကျင့်မကောင်းတဲ့ ပုလဲ!! အလိမ်အညာ ပုလဲ!!"
လန်ကော ပေါက်ကွဲလေပြီ ...

ဘယ်အခြေအနေမဆို မျက်နှာမယွင်း တည်ငြိမ်နေတတ်သည့် ဖာ့ဟွားတောင် မျက်နှာ ပျက်စ ပြုလာပြီ ...

နှစ်ယောက်သား ကျောချင်းအမြန်ပြေးကပ်ပြီး စွမ်းအင်မျှဝေလို့ ရ/မရ စမ်းသပ်ကြည့်တော့ ... စွမ်းအင်တွေက ကောင်းကောင်းမွန်မွန်ပဲ ကူးဖြာ စီးဆင်းနေဆဲ ...
ဒါဆို နေရာပြောင်းမန္တာန်ပဲ အလုပ်မဖြစ်နေတာပေါ့ ??

သူတို့ကျောချင်းကပ်လျက် အချိန်အတော်ကြာ ရပ်နေခဲ့ပေမဲ့ ... ဘာအန္တရာယ်မှ မပေါ်လာ ၊ မရောက်လာခဲ့သေး ...

"အခြေအနေ ဘယ်လိုလဲ?"
လန်ကော ရဲ့ အမေးကို ဖာ့ဟွား ခေါင်းယမ်းပြလျက် -
"မသိတတ်ဖူး .. ချည်မျှင်အနီရောင်တွေချည်းဖြစ်နေပေမဲ့ စိတ်ခံစားမှုအရတော့ အသက်အန္တရာယ်ဖြစ်နိုင်တာမျိုး မဟုတ်ဖူးလို့ ငါထင်နေတယ်.."

"ငါတို့ လိုက်ကြည့်ကြရင်ကောင်းမလား??"

"အင်း"
ဖာ့ဟွား သဘောတူလိုက်သည်နှင့် လန်ကော လက်တစ်ဖက်ကိုဝေ့ယမ်းကာ လေဒြပ်စင်ဖြင့် သူတို့ ခန္ဓာကိုယ်တွေကို လေပေါ်တက်စေလျက် ပတ်ဝန်းကျင်ကို အပေါ်စီးကနေ လှမ်းကြည့်နိုင်ဖို့ကြိုးစားလိုက်သည် ...
အချိန်တိုအတွင်း သူတို့ရဲ့အမြင့်က သစ်ပင်တစ်ပင် ထိပ်ဖျားထိ ရောက်ရှိလာချိန် ..

သူတို့ရောက်ရှိနေသည့် တောအုပ်ကြီးက သီးပင် စားပင် အရိပ်ရသစ်ပင်ကြီးတို့ဖြင့် အုပ်အုပ်ဆိုင်းဆိုင်း နေရာလပ်မရှိ စိမ်းညှိို့နေလျက် ...
ဒါပေမဲ့ တစ်နေရာမှာတော့ ... တိတိကျကျပြောရရင် .. တောအုပ်အလယ် မီတာ ၁၀၀ ပတ်လည် လောက်မှာ သစ်ပင်တွေလုံးဝ မရှိ ၊ ဟာလာဟင်းလင်းကြီး ဖြစ်လို့နေတယ် ...

လန်ကော လေဒြပ်စင်ကို ထိန်းထားလျက် သစ်ပင်တွေပြောင်နေသည့် နေရာသို့ ဖာ့ဟွားနှင့်အတူ ပျံသန်းသွားလိုက်တယ် ...
ဟင်းလင်းပြင် အပေါ်သို့ ရောက်ချိန် ... မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူတို့မှာ အသက်တောင် မရှူရဲတော့ ...

ဒီနေရာက သစ်ပင်တွေတင် ပြောင်သလင်းခါနေတာမဟုတ်ဖူး !!! တွင်းပေါက်ကြီးကို ဖြစ်နေတာ !!
အရေးကြီးတာက - တွင်းနက်ကြီး ရဲ့ အောက်ခြေမှာ လူပုံသဏ္ဍာန်တစ်ခု လဲလျောင်းလျက်အနေအထား နဲ့ ရှိနေတယ် !
ပိုပြီး အရေးကြီးတာက - အဲ့သဏ္ဍာန်ကို အနီရောင်ဆံပင်ရှည်တွေက ဖုံးအုပ်လို့ထားတာပဲ !!

"မဖြစ်နိုင်တာ!!"

ဖာ့ဟွားနှင်လန်ကော လဲလျောင်းနေသည့် သဏ္ဍာန်နှင့် လွှမ်းခြုံထားသော အနီရောင်ဆံပင်ရှည်တို့ကို တွဲမြင်လိုက်ချိန် .. ခေါင်းထဲမှာ တူညီသော အတွေးတစ်ခုသာ ပေါ်လာတော့သည် ...

နီရဲတောက်နေသည့် ဆံနွယ်ရှည်တွေက တစ်ကိုယ်လုံးကို ရေတံခွန်တစ်ခုလို ဖုံးလွှမ်းထားနိုင်သည့် လူပုံသဏ္ဍာန် ဟူ၍ ... သူတို့မြင်ခဲ့ဖူးတာ တစ်ယောက်သာ ရှိသည် !

"ဖြစ်နိုင်ချေ ၈၀% ရှိနေတယ်"
ဖာ့ဟွားက လေးနက်စွါ မှတ်ချက်ပြုပေးလာတော့ ..

"ငါတို့ ဘာလုပ်ကြမလဲ??"
လန်ကော သူ့ရင်ခုန်သံ ကို သူပြန်ကြားနိုင်လောက်သည့်အထိ ရင်ထိတ်တုန်လှုပ်နေပြီ !

သူမ က အတော်လေးအထိနာထားခဲ့ပြီဆိုပေမဲ့ ... သူမက လနတ်ဘုရား တစ်ပါးလေ !! သူတို့ကိုတော့ အလွယ်လေး သတ်နိုင်နေဆဲပဲ !!

"ငါတို့ကို တုနှိုင်းမဲ့ပုလဲက ခေါ်လာတာဆိုတော့ ... တစ်ခုခုတော့အကြောင်း ရှိလိမ့်မယ် ... အောက်ဆင်းပြီး သွားအကဲခတ်ကြည့်ရအောင်.."

တုနှိုင်းမဲ့ပုလဲက သူတို့ကို ဒီအထိ ဆွဲခေါ်လာခဲ့ရုံမက ၊ နေရာပြောင်းမန္တာန်ကိုလည်း သုံးခွင့်မပေးခဲ့ဖူး ...
အနီရောင်ဘုရင်မ ကို ရှာတွေ့စေချင်တာ အသိသာကြီးဆိုပေမဲ့ ... ဘာဆက်လုပ်ရမယ်ဆိုတာကိုကျ သဲလွန်စတောင် မပေးသွားခဲ့ဖူးလေ ...

လန်ကော လေဒြပ်စင်ကိုထိန်းကာ တွင်းထဲကို ဖြေးဖြေးချင်းဆင်းခဲ့ကြတယ် ... တွင်းအောက်ခြေနီးလာသည်နှင့် ဖာ့ဟွား က သန့်စင်သောဝိဥာဏ်တော်ရုပ်ထုကို သူ့ကိုယ်ပေါ်လွှမ်းခြုံစေလျက် ၊ ဒိုင်းကို ရှေ့မှာအသင့်ကာထားပြီး လန်ကောကို သူ့ကျောနောက်မှာနေစေကာ ကာကွယ်ပေးထားသည် ...

တွင်းအောက်ခြေနှင့် ခြေထောက်ထိမိသည်နှင့် ဖာ့ဟွားရဲ့ ဒိုင်းကနေ ခပ်မှိန်မှိန်ဖြင့်သာ ဘုရင်မကို စူးစမ်းကြည့်လိုက်ကြတယ် ...
တွင်းတစ်ခုလုံးပြည့်လုမတတ် အနီရောင်ဆံနွယ်တွေက ပြန့်ကျဲနေသည် ...
ဒိုင်းရဲ့ အလင်းဖျော့ဖျော့အောက် အလင်းပြန်လာသည့် ပြောင်လက်လက် အနီရောင်ချပ်ဝတ်တို့ကြောင့် ... ဒါက ၁၀၀% အနီရောင်ဘုရင်မ !!

ဖာ့ဟွား ဥာဏ်ပညာဓါး / အလင်းမဲ့ဓါး - ဟွေ့ကျင်း ကိုပါ ထပ်ဆင့်ခေါ်လိုက်ပြီး ဘုရင်မ အနားကို တစ်လှမ်းချင်း ထပ်ကပ်သွားကြတယ် ...
သူမ သတိမေ့နေတယ်လို့ ထင်ရပေမဲ့ ရုတ်တရက်ကြီး ထချရင် ဘယ်လိုလုပ်မလဲ??
စိုးရိမ်ရသေးတယ်လေ !!

အနီးဆုံး အကွာအဝေးရောက်လာပြီး ဖာ့ဟွား အနောက်ကို လှည့်ကြည့်လိုက်တော့ လန်ကော ခေါင်းငြိမ့်ပြကာ -
"လုပ်လိုက်လေ.."

ဖာ့ဟွား ပြောစရာစကားမဲ့သွားလျက် -
"မင်းကကျ အနောက်မှာပုန်းနေပြီး!!"

သို့ပေမဲ့ ဖာ့ဟွား စိတ်ကိုတင်းကာ ဓါးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း အနီရောင်ဆံနွယ်တချို့ကို ဓါးဖျားနှင့် မ ကာ ဖယ်ရှားလိုက်တယ် ...
အနီရောင်ဆံနွယ်တွေက အပေါ်ယံမြင်ရုံနဲ့တင် ဘယ်လောက်ပျော့ပြောင်းနူးညံ့လည်း သိစေသည် ...

ဖြေးဖြေးလေးလေး နှင့် ဆံနွယ်တွေကို အသာလေး မ ဖယ်သည့် အလုပ်သေးသေးလေးဆိုပေမဲ့ ... အနီရောင်ဘုရင်မ က အားကြီးလွန်းသူမို့ လန်ကော နဖူးမှာ ချွေးစေးတွေတောင် စို့နေပြီ !

အနီရောင်ဆံနွယ် ဓါးဖျားပေါ် ပါလာချိန် .. ဖာ့ဟွားရဲ့ မျက်နှာ တင်းသွားသည် ..
ဆံနွယ်အောက် ပေါ်လာသည့် အဖြူရောင်အသားစိုင်တွေက ဘုရင်မရဲ့ ပေါင်တံတွေပဲ !!

ဟွေ့ကျင်းဓါး ကို ချက်ချင်းပြန်ရုတ်လိုက်ပြီး ဖာ့ဟွားအကျင့်အရ -
"မကြည့်အပ်တာကို မကြည့်မိစေနဲ့! မကြည့်အပ်တာကို မကြည့်မိစေနဲ့!!"
ထို့နောက်သူက နောက်ကိုချာကနဲလှည့်ကာ ဟွေ့ကျင်းဓါး ကို လန်ကော လက်ထဲ ထိုးထဲ့ပေးလိုက်ပြီး -
"မင်း လုပ်လိုက်"

🌱

7:00pm
22.7.2023
((2ရက်ခြားနေ ထပ်လာပါမည်))

Zawgyi

Chapter 96 : Tiger Demon King...
က်ားမိစၧာဘုရင္ ...

"ႏွာေခါင္းနဲ႔ပဲစကားေျပာတတ္တယ္"
အနီေရာင္ဘုရင္မ ရဲ့ တုံ႔ျပန္မွုတို႔က ေအးစက္စက္ ..

တုႏွိုင္းမဲ့ပုလဲပုံရိပ္ေယာင္နယ္ေၿမ ထဲကေန ပြဲၾကည့္ေကာင္းေနသည့္ လူသားႏွစ္ေယာက္ ... တစ္ေယာက္ ကို တစ္ေယာက္ လွည့္ၾကည့္မိၾကရင္း -
"မိစၧာရိုင္းၿမိဳ႕ေတာ္ က က်ားမိစၧာဘုရင္ႀကီးလား!?"

ဘုရင္ႀကီးေျပာခဲ့တဲ့စကားထဲမွာ 'သမီးေတာ္ေတြ' ဆိုၿပီးပါခဲ့သည္မို႔ သူတို႔ ထိုသို႔ေကာက္ခ်က္ခ်ဆြဲလိုက္ျခင္းျဖစ္တယ္..
အခုအေျခအေနအရဆိုရင္ အနီေရာင္ဘုရင္မ က သူတို႔ကို အမဲလိုက္ရင္း ေရာက္လာခဲ့ျခင္းျဖစ္ပုံမရ ၊ က်ားမိစၧာဘုရင္ႀကီး လိုက္တိုက္ခိုက္လို႔ ခုခံထြက္ေျပးရင္း ေရာက္လာပုံရသည္...

လန္ေကာ တက္ႂကြစြါျဖင့္ -
"ငါတို႔ ကံေကာင္းေနတဲ့ပုံပဲ!! ျမင္ရတဲ့အတိုင္းဆိုရင္ အနီေရာင္ဘုရင္မ က က်ားမိစၧာဘုရင္ႀကီးရဲ့ ၿပိဳင္ဖက္အေနအထားမွာ မရွိေနဖူးေလ!!"

ဖာ့ဟြားက -
"အဆုံးေရာက္မွ အေျဖေပၚမွာ ... အနီေရာင္ဘုရင္မ ဆိုတာ ရွူဟိုင္ေတြ ႏွစ္ေပါင္းေထာင္ခ်ီ အျမဲသတိထားခဲ့ရတဲ့ ေျမေအာင္းပုရြတ္ဆိတ္နတ္ဆိုးမ်ိဳးႏြယ္ ... သူမ က သာမာန္ မဟုတ္ဖူး"

"ကမ္းလွမ္းခ်က္ကို သေဘာမတူရင္ေတာ့ မင္းေသရလိမ့္မယ္"
ခံစားခ်က္မရွိ ၊ ေအးစက္စက္ေလသံျဖင့္ က်ားမိစၧာဘုရင္ႀကီး က အနီေရာင္ဘုရင္မ ကို မ်က္စိထဲေတာင္မထဲ့သလို .. လက္ေနာက္ပစ္ရပ္ေနလ်က္ .. သက္ေသာင့္သက္သာ သာရွိေန၏..

အနီေရာင္ဘုရင္မကလည္း -
"အဆုံးမဲ့ပင္လယ္ျပာထဲက ေရဘီလူးဘုရင္နဲ႔တိုက္ခိုက္ခဲ့ခ်ိန္ ငါဒဏ္ရာရခဲ့လို႔သာ ... မဟုတ္ရင္ ငါ့ကို နင္ နိုင္ နိုင္မယ္မ်ားထင္ေနလား?? အရွက္မရွိတဲ့လူသားႏွစ္ေကာင္သာ ငါ့ႏွလူံး ကို မခိုးသြားခဲ့ရင္ .. ငါ့ေရွ႕မွာ နင္အခုလို မေလးမစားေတြလုပ္ျပနိုင္မယ္ထင္ေနလို႔လား?? ငါ့ကို သတ္ခ်င္ေနတယ္ေပါ့?  စိတ္ပါရင္ႀကိဳးစားၾကည့္လိုက္ေလ"

စကားအဆုံး သူမရဲ့ လက္ေတြကို ဆန့္ထုတ္လိုက္ခ်ိန္ အနီေရာင္အေငြ႕အသက္ေတြထုထည္သိပ္သည္းသြားၿပီး စကၠန့္ပိုင္းအတြင္း - က်ိဳးပဲ့ေနခဲ့ေသာ လက္တံေတြ ၊ ကြဲအက္ေနခဲ့ေသာ ခ်ပ္ဝတ္ေတြ .. အကုန္လုံး မူလအေျခအေန အေကာင္းပတိ အတိုင္း ျပန္ျဖစ္သြားတယ္ ...
ျဖဴႏုႏုမ်က္ႏွာေပၚမွာ ေသြးေရာင္တခ်ိဳ႕ပါ လႊမ္းသြားသည္မို႔ 'ရွက္ေသြးျဖာေနေသာ မိန္းမပ်ိဳေလး' လိုပိုလို႔ေတာင္ လွေသြးႂကြယ္လာသည္...

က်ားမိစၧာဘုရင္ႀကီး က တိုက္ခိုက္ဖို႔အတြက္ စိတ္ေလာေနျခင္းမ်ိဳးမရွိပဲ ၊ အနီေရာင္ဘုရင္မ ရဲ့ ေျပာင္းလဲမွုေတြကိုသာ ေသခ်ာအကဲခတ္ၾကည့္ေနကာ တစ္ခုခုကို ေသခ်ာစဥ္းစားေနသည္..
"က်င့္ႀကံမွုအဆင့္က မူလအတိုင္းျပန္ျဖစ္လာေအာင္ထိ စြမ္းေဆာင္နိုင္တယ္လား?? သာမာန္မိစၧာမ်ိဳးႏြယ္ေတာ့မဟုတ္ဖူး ... မင္းလို မိစၧာမ်ိဳးကို အခုမွ ပထမဆုံးအႀကိမ္ ျမင္ဖူးလိုက္တာပဲ .. ၾကည့္ရတာ မ်ိဳးတုန္းေပ်ာက္ကြယ္သြားခဲ့တဲ့ ေကာင္းကင္နတ္ဆိုးမ်ိဳးႏြယ္ ေတြထဲက တစ္ခုရဲ့ မ်ိဳးဆက္ ျဖစ္ပုံရတယ္ ...
မင္းကို မသတ္ေတာ့ဖူး ... အရွင္ဖမ္းၿပီးပဲ ဘိုးဘြားနန္းေဆာင္ က အႀကီးအကဲေတြဆီမွာ သြားဆက္သရမယ္ ! သူတို႔ မင္းကို အေတာ္ေလးစိတ္ဝင္စားၾကမွာ မလြဲဧကန္ပဲ!!"

"ငရဲသာသြားလိုက္!!"
ႀကိမ္းဝါးသံႏွင့္အတူ အနီေရာင္ဘုရင္မရဲ့ လက္ႏွစ္ဖက္က ေက်ာေနာက္ရွိ တံစဥ္းလက္တံႏွစ္ခုကို ျဖဳတ္ယူလိုက္သည္ ... ထိုတံစဥ္းလက္တံႏွစ္ခုက ဘုရင္မ ရဲ့ လက္ထဲမွာ ထက္ျမလွသည့္ သလင္းနီဓါးႏွစ္ေခ်ာင္းကဲ့သို႔ ျဖစ္သြား၏ ...

အနီေရာင္အလင္းတန္း ဖ်က္ကနဲ လက္သြားတာကိုသာ ေတြ႕လိုက္ရၿပီး မ်က္စိတမွိိတ္အတြင္း ဘုရင္မက က်ားဘုရင္ႀကီးေရွ႕ေရာက္လို႔သြားကာ ဓါးႏွစ္လက္ကို ၾကက္ေျခခတ္သ႑ာန္ (X) ခုတ္ပိုင္းခ်ပစ္တယ္ !

ဓါးခုတ္ခ်က္ကေန အနီေရာင္အလင္းတန္းေတြ လင္းျဖာထြက္လာတာမ်ား!! ေကာင္းကင္တစ္ခုလုံး ေနဝင္ခ်ိန္ကဲ့သို႔ပင္ ပုဇြန္ဆီေရာင္ေတြ သမ္းသြားေစသည့္အထိ ..

သို႔ေသာ္ က်ားမိစၧာဘုရင္ႀကီး က ေအးစက္စက္ႏွာတစ္ခ်က္သာမွုတ္ၿပီး ေလထဲကို လက္သီးတစ္လုံး ပစ္သြင္းလိုက္ခ်ိန္ ၊ စြမ္းအားေတြအစုလိုက္အျပဳံလိုက္ ထြက္လာလ်က္ ... ေရႊေရာင္အေငြ႕အသက္ေတြႏွင့္အတူ ေက်ာေနာက္မွာ ေရႊေရာင္ အေတာင္ပံ (၆) ခု ပါ ေပၚလာ၏ !

"အေတာင္ပံပါတဲ့က်ား ဆိုေတာ့ က်ားနတ္ဆိုးပဲ !!! ၿပီးေတာ့ အေတာင္ က (၆)ခု !!!! လနတ္ဘုရား အဆင့္!!"
လန္ေကာ အံ့အားသင့္လ်က္ ထေအာ္မိသည္..

မိစၧာနယ္ေၿမ မွာ မိစၧာမ်ိဳးႏြယ္ေတြကိုအမ်ိဳးအစားခြဲရတာ တကယ္မလြယ္လွ ! သူတို႔က လူသားမ်ိဳးႏြယ္ေတြလို သို႔မဟုတ္ နား ခရင္းခြ ၾကည့္႐ုံႏွင့္ တန္းသိနိုင္သည့္ ရွူဟိုင္မ်ိဳးႏြယ္ေတြလိုမ်ိဳး မရိုးရွင္းဖူး ...

မိစၧာမ်ိဳးႏြယ္ေတြကို အလြယ္ကူဆုံးခြဲျခားနိုင္တဲ့အရာကေတာ့ အေတာင္ပံအေရအတြက္ကိုၾကည့္ၿပီး က်င့္ႀကံစဥ္အဆင့္ သိနိုင္ျခင္းပါပဲ ..
ရွင္းေအာင္ေျပာျပရရင္ - မူရင္းအေကာင္ပုံသ႑ာန္မွာ အေတာင္ မပါတဲ့ အေကာင္ေတြအတြက္ ... က်င့္ႀကံရင္း အေတာင္ေတြ ထြက္လာနိုင္ပါက -  အေတာင္ပံ တစ္စုံ ဆိုရင္ - ၾကယ္နတ္ဘုရားအဆင့္ ၊
အေတာင္ပံ ၃စုံ ဆိုရင္ - လနတ္ဘုရားအဆင့္ ၊
အေတာင္ပံ ၆စုံ ဆိုရင္ေတာ့ ... အျမင့္ဆုံး နတ္ဘုရား အဆင့္ ေပါ့ ...

အေတာင္ ၃စုံ (၆ခု) ႏွင့္ က်ားမိစၧာဘုရင္ႀကီးက အနီေရာင္ဘုရင္မ နဲ႔ က်င့္ႀကံစဥ္အဆင့္ အတူတူပဲျဖစ္ေနသည္ေပါ့ ..

က်ားမိစၧာဘုရင္ႀကီး ရဲ့ လက္သီးခ်က္က အနီေရာင္ဘုရင္မရဲ့ X သ႑ာန္ ဓါးခုတ္ခ်က္ ကို တဲ့တဲ့ သြားထိတယ္ ..

ေရႊေရာင္လက္သီး ႏွင့္ အနီေရာင္ဓါးခ်က္ .. ႏွစ္ခုထိပ္တိုက္ေတြ႕ခ်ိန္ ... ေလထဲမွာ စြမ္းအင္ႏွစ္ခု လြန္ဆြဲေနၿပီး အနီေရာင္ဘုရင္မ က အနီေရာင္ စြမ္းအင္ေတြကို ထပ္ျဖည့္ထဲ့ၿပီး တြန္းတယ္ !
က်ားမိစၧာဘုရင္ႀကီး က ေအးေအးလူလူျဖင့္သာ ခုခံထားလ်က္ ...
ေရႊေရာင္အေငြ႕အသက္ေတြက အနီေရာင္အေငြ႕အသက္ေတြကို တေျဖးေျဖးခ်င္း ဝါးၿမိဳလို႔ေနကာ .. အနီေရာင္ ေတြ အားေလ်ာ့လာ၏ ..

သူတို႔ကို ဗဟိုျပဳလ်က္ မီတာ ၁၀၀၀ ပတ္ပတ္လည္မွာေတာ့ ျပင္းထန္သည့္စြမ္းအင္လွိုင္းႀကီးေတြ ျဖစ္ေပၚလို႔ေနသည္ ..

႐ုတ္တရက္ က်ားမိစၧာဘုရင္ႀကီး ရဲ့
လက္တစ္ဖက္က ေလထဲက တစ္ခုခုကို လွမ္းဆုပ္ကိုင္လိုက္သလို ျပဳလုပ္လိုက္ခ်ိန္ ...
ေရႊေရာင္လက္ႀကီးတစ္ခုေပၚထြက္လာၿပီး ဘုရင္မကို ဆုပ္ကိုင္ဖို႔ႀကိဳးစားတယ္ !

အနီေရာင္ဘုရင္မက တုန္လွုပ္ျခင္းအလ်ဥ္းမရွိ ... သလင္းနီဓါးႏွစ္လက္ကို လက္ႏွစ္ဖက္မွာ ခပ္တင္းတင္းဆုပ္ကိုင္ထားရင္း ၊ ႀကိမ္းဝါးသံတစ္ခ်က္ ျပဳလိုက္လ်က္ ဓါးႏွစ္လက္ကို လႊဲကာ ခုတ္ပိုင္းခ်ပစ္တယ္ !!

သူမကို ဆုပ္ကိုင္ဖို႔ႀကိဳးစားခဲ့သည့္ ေရႊေရာင္လက္ႀကီး ႏွစ္ျခမ္းကြဲထြက္သြားသလို အနီေရာင္ဓါးခ်က္ ႏွစ္ခုက က်ားမိစၧာဘုရင္ႀကီး ဆီသို႔ပါ ေရာက္ရွိလို႔သြားသည္ !

"ကိုယ့္ကိုကိုယ္ ယဇ္ပူေဇာ္ၿပီး တိုက္ခိုက္ေနတယ္!? ႐ူးေနတာပဲ!!"
က်ားမိစၧာဘုရင္ႀကီး မ်က္ေမွာင္တစ္ခ်က္ၾကဳတ္လ်က္ အေတာင္ပံေတြကို ျဖန့္ကာ အေနာက္ကို အျမန္ ခုန္ပ်ံ ေရွာင္လိုက္ရ၏ ...

အနီေရာင္ဘုရင္မ ရဲ့ တိုက္ကြက္ေတြက တစႏွင့္တစ ပိုပိုၿပီးျပင္းထန္လာလ်က္ ၊ ၿပိဳင္ဖက္ျဖစ္သူမွာ ေနာက္ကိုသာ ဆုတ္ေနရတယ္ ...

"ကိုယ့္ကိုကိုယ္ယဇ္ပူေဖာ္တဲ့တိုက္ခိုက္နည္းဆိုတာ .. ဘာႀကီးလဲ?"
လန္ေကာ ဇေဝဇဝါ ႏွင့္ ဖာ့ဟြားကို လွည့္ေမးေတာ့ ..
"ေရကုန္ေရခမ္း တိုက္ခိုက္တာမ်ိဳးျဖစ္လိမ့္မယ္...ယဇ္ပူေဖာ္တဲ့နည္းက အေတာ္ေတာ့ စြမ္းအားႀကီးပုံရမယ္ '. မဟုတ္ရင္ က်ားမိစၧာဘုရင္ႀကီး အခုလို ေၾကာက္သြားမွာမဟုတ္ဖူး ..
ဒါေပမဲ့ ... အသုံးျပဳသူအတြက္ ေဘးထြက္ဆိုးက်ိဳးကလည္း အေတာ္ေလးေပးဆပ္ရမဲ့ပုံပဲ.."

လန္ေကာ ခါးသက္စြါ ျပဳံးလ်က္ -
"ဒီဘုရင္မက အေတာ္ေလးသန္မာတယ္ .. သူမက လနတ္ဘုရားအဆင့္ေရာက္လာဖို႔ က်ားကုတ္က်ားခဲ ႀကိဳးစားခဲ့တယ္ .. တကယ္ေတာ့ သူမသာ ရင္ဆိုင္မတိုက္ခိုက္ပဲ ၊ ထြက္ေျပးဖို႔ကိုပဲ ေရြးလိုက္ရင္လည္း က်ားမိစၧာဘုရင္ႀကီး မလိုက္နိုင္ေလာက္ဖူး ..
အမ္း ... သူမ က မင္းႏွင့္အေတာ္တူတယ္..."

ဖာ့ဟြားေၾကာင္သြားရကာ -
"ငါနဲ႔တူတယ္??"

လန္ေကာ ခိုင္မာစြါျဖင့္ -
"အမွန္ပဲ! ေရွ႕ရက္ေတြတုန္းကမွ ေရဘီလူးဘုရင္ႀကီးနဲ႔ တိုက္ခိုက္ခဲ့တာကို ၊ အခုလည္း က်ားမိစၧာဘုရင္ႀကီးနဲ႔ အသက္ပဓာနမထားပဲ တိုက္ခိုက္ေနျပန္ၿပီ ! အိုင္းယား ... မင္းတို႔ႏွစ္ေယာက္က ေခါင္းေၾကာမာတဲ့ေနရာမွာ တစ္ပုံစံတည္းပဲ .."

"ကေလးကုလား!! ပ်င္းစရာေကာင္းတယ္!"
ဖာ့ဟြား လန္ေကာကို ဆူလိုက္ေပမဲ့ သူ႔အၾကည့္ေတြကေတာ့ လနတ္ဘုရားႏွစ္ပါးရဲ့ တိုက္ပြဲကေန နဲနဲေလးမွ မခြါခဲ့ဖူး ..

ဒါက က်င့္ႀကံစဥ္အဆင့္-၁၁ ၊ လနတ္ဘုရား ႏွစ္ပါး အမွန္တကယ္ အႀကိတ္အနယ္တိုက္ေနသည့္တိုက္ပြဲမို႔ ျမင္ရခဲလွသည္ေလ ..
ၿပီးေတာ့ သူတို႔က အလုံျခဳံဆုံး ဖန္လုံအိမ္ထဲကေန ေအးေအးလူလူ ထိုင္ၾကည့္ခြင့္ရေနသည္မလား??
ၾကဳံေတာင့္ၾကဳံခဲ ဒီလိုတိုက္ပြဲမ်ိဳးကို ၾကည့္ရတာ အသိဥာဏ္ေတြ ၊ ဗဟုသုတေတြ တိုးပြါးေစတယ္ ...

က်ားမိစၧာဘုရင္ႀကီး ဆုတ္ျမဲဆုတ္ေနရၿပီး အနီေရာင္ဘုရင္မ က ဖိကာ ဖိကာ တိုက္စစ္ဆင္ တိုက္ခိုက္ေနေတာ့ .. အခ်ိန္ၾကာလာသည္ႏွင့္အမၽွ က်ားဘုရင္ႀကီး ေဒါသေတြ ထြက္လာကာ -
"မင္းကို ငါက ေၾကာက္ေနမယ္မ်ား ထင္ေနတာလား?!!"

ေဒါသတႀကီး ႀကိမ္းဝါးသံအဆုံး က်ားမိစၧာဘုရင္ႀကီးရဲ့ ခႏၶာကိုယ္က ေရႊေရာင္အၾကည္ပါးအလႊာတစ္ခုလိုျဖစ္သြားၿပီး ကိုယ္လုံးက ႀကီးထြားလာ၏ ! ၃မီတာခန့္ ျမင့္သည့္ ကိုယ္ထည္ႀကီးႏွင့္ ယခင္ကဝတ္ဆင္ခဲ့ေသာ အျဖဴေရာင္ဝတ္စုံကြယ္ေပ်ာက္လ်က္ ၊ တစ္ကိုယ္လုံး ေငြေရာင္အေမႊးတို ၊ အညိဳစင္းၾကားတို႔ျဖစ္လာၿပီး ေခ်ာေမာခန့္ညားခဲ့သည့္ မ်က္ႏွာသြင္ျပင္က ႐ုန့္ရင္းၾကမ္းတမ္းသည့္ တိရစၧာန္တစ္ေကာင္အသြင္ျဖစ္လို႔လာသည္ !!
လက္ေတြ ေျခေတြမွာလည္း ၃ေပ ရွည္သည့္ လက္သည္းေတြ ေျခသည္းေတြ ထြက္လာလ်က္ ရင္ကိုေကာ့ကာ မတ္မတ္ရပ္ေနေသာ လူတစ္ပိုင္း က်ားတစ္ပိုင္း နတ္ဆိုးမိစၧာ ပုံစံအစစ္ !!

က်ားမိစၧာဘုရင္ႀကီးက လက္ႏွစ္ဖက္ကို ယွက္သိုင္းလ်က္ ေလထဲကို ကုတ္ခ်လိုက္သည္ႏွင့္ ေရႊေရာင္အလင္းတန္းေတြ စူးကနဲ ျဖာထြက္လာလ်က္ ၊ ေကာင္းကင္တစ္ခုလုံးကို စိုးမိုးထားခဲ့ေသာ အနီေရာင္ အလင္းတန္းေတြကို တိုက္ခိုက္ေတာ့တယ္ ..

က်ားဘုရင္ႀကီး၏ အေနာက္မွာ မီတာ ၅၀၀ အျမင့္ရွိသည့္ ေရႊေရာင္ပုံရိပ္ေယာင္က်ား တစ္ေကာင္လည္း ရွိေနလ်က္ ၊ ဟိန္းေဟာက္ကာ အနီေရာင္ဘုရင္မ ဆီ သြားေရာက္တိုက္ခိုက္တယ္!

အနီေရာင္ဘုရင္မ ႏွင့္ ေရႊေရာင္က်ားႀကီး ထိပ္တိုက္ေတြ႕လိုက္ခ်ိန္ ...
ေကာင္းကင္တခြင္လုံး အေရာင္ေတြေျပာင္း ၊ သူတို႔ေအာက္ေၿခ မီတာ ၁၀၀၀ ပတ္ပတ္လည္ရွိ ေျမျပင္တစ္ခုလုံးသည္လည္း မြစာၾကဲေၾကမြကုန္သလို အလယ္တဲ့တဲ့တြင္လည္း မီတာ ၁၀၀ ပတ္လည္ရွိသည့္ တြင္းနက္ႀကီးတစ္ခုကိုပါ ျဖစ္ေပၚေစခဲ့သည္ !

ဘဝမွာျမင္ဖူးခဲ့မၽွ ဘယ္မီးရွူး မီးပန္းမွ ၊ ဒီေန႔ ေပါက္ကြဲတဲ့ အလွ ကို မမွီနိုင္ဖူး !!! ေရႊေရာင္ အနီေရာင္ အလင္းတန္းႏွစ္ခု ေရာယွက္လ်က္ ေပါက္ကြဲ သြားသည္က ... ျမင္ရတာ .. လုံးဝ ရင္သပ္ ရွူေမာဖြယ္ပါပဲ !!

လနတ္ဘုရားအဆင့္ ... နတ္ဘုရားေတြဆိုတာ ဘယ္ေလာက္စြမ္းအားႀကီးၾကေၾကာင္း ဖာ့ဟြားႏွင့္လန္ေကာ ကို အသိဥာဏ္ေတြပါ ပြင့္ေစခဲ့သည္ ..

သန့္စင္လွတဲ့ စြမ္းအင္ အစစ္ေတြ!!
ထိပ္တိုက္တိုက္ခိုက္မွုက အရာရာကို လုံးဝပ်က္သုဥ္းသြားေစမွုပဲ !!

ေကာင္းကင္ျပင္မွာ လင္းခ်င္းေနခဲ့သည့္ အလင္းတန္းေတြက ၁၀စကၠန့္ခန့္ၾကာခဲ့ၿပီးေနာက္ ကြယ္ေပ်ာက္သြားခ်ိန္ ... နတ္ဘုရားႏွစ္ပါး ကိူ ရွင္းရွင္းလင္းလင္း ျပန္ျမင္ရၿပီ ...

က်ားမိစၧာဘုရင္ႀကီး က လူတစ္ပိုင္းက်ားတစ္ပိုင္းပုံစံကေန အသက္ ၂၀ အရြယ္ လူေခ်ာေလးအသြင္သို႔ ျပန္ေျပာင္းေနၿပီျဖစ္ကာ ... သူ႔မ်က္ႏွာက အနဲငယ္ ျဖဴဖတ္ျဖဴေလ်ာ္ျဖစ္ေနလ်က္ ညာဖက္ပုခုံးေပၚမွာ ျပတ္ရွရာ သုံး ေလးခု ရွိေနကာ .. ထိုဒဏ္ရာေတြကေန ေသြးေတြ စီးက်ေန၏...

ဒါေပမဲ့ ၿပိဳင္ဖက္ အနီေရာင္ဘုရင္မ ရဲ့ အေျခအေနက ပိုဆိုးလို႔ေနတယ္ ... သူမရဲ့ လက္ထဲရွိ သလင္းနီဓါးႏွစ္ေခ်ာင္းက က်ိဳးပဲ့ ပ်က္စီးသြားၿပီ ...
ကိုယ္ေပၚရွိ ပတၱျမားေရာင္ခ်ပ္ဝတ္ကလည္း ေနရာအေတာ္မ်ားမ်ားမွာ အက္ကြဲ က်ိဳးပဲ့ေနလ်က္ တစ္ကိုယ္လုံး ေသြးသံရဲရဲႏွင့္ ျဖစ္ေနေတာ့သည္ ...
အထူးသျဖင့္ ေအးတိေအးစက္ အျမဲစူးရဲေတာက္ပေနခဲ့သည့္ သူမရဲ့ မ်က္လုံးေတြက အေရာင္ေတြမွိန္က်ေနတယ္ ...

သူမကို ဒီလို အေျခအေနနဲ႔ ေတြ႕လိုက္ရခ်ိန္ ... ဘာေၾကာင့္မွန္းေတာ့ မသိ ... ဖာ့ဟြားႏွင့္လန္ေကာ ရင္ထဲမွာ ဆစ္ခနဲ နာက်င္သြားၿပီး သနားစိတ္ေတြ ျဖစ္ေပၚလာတယ္ ...

႐ုတ္တရက္ ျဖစ္ေပၚလာသည့္ စိတ္ခံစားခ်က္ေၾကာင့္ ႏွစ္ေယာက္သား လန့္ဖ်ပ္သြားမိသည္ !
သူတို႔ကို တစ္ခ်ိန္လုံး အမဲလိုက္ေနခဲ့တဲ့ နတ္ဆိုးမ ခံ ေနရတာကို ဘယ္ကေန ဘယ္လို သနားစိတ္ေတြက ဝင္လာရတာလဲ??

"သူမရဲ့ႏွလုံး ကို တုႏွိုင္းမဲ့ပုလဲ စားခဲ့လို႔မ်ား .. အခုလို ငါတို႔စိတ္ေတြထဲ ျဖစ္ေနတာမ်ားလား??"
လန္ေကာ သူထင္မိသည့္ သံသယစိတ္ ကို ဖြင့္ဟေျပာလာတယ္ .. 

ဖာ့ဟြား မ်က္ေမွာင္ၾကဳတ္သြားကာ -
"ျဖစ္နိုင္တယ္ .. အနီေရာင္ဘုရင္မရဲ့ ႏွလုံးကို တုႏွိုင္းမဲ့ပုလဲ ဘာေၾကာင့္စားခ်င္ခဲ့တာလဲဆိုတာကို နားမလည္နိုင္ေပမဲ့ ... သူမရဲ့ ႏွလုံးက အေတာ္စြမ္းအားမ်ားမဲ့ပုံပဲ .. သူမကို အဆင့္-၁၂ ျဖစ္ေအာင္ေတာင္ လုပ္ေပးနိုင္မဲ့ အရာဆိုေတာ့ေလ ... တုႏွိုင္းမဲ့ပုလဲ ပုံရိပ္ေယာင္နယ္ေျမမွာ ေျပာင္းလဲမွုေတြ စျဖစ္လာသလို ၊ စြမ္းအင္သက္ေရာက္မွုတခ်ိဳ႕ကိုလည္း ေသခ်ာေပါက္ ငါတို႔ခံစားရမွာပဲ..."

လန္ေကာ ႏွုတ္ခမ္းေတြ တရြရြျဖင့္ -
"ဟမ့္ ... ေလာကႀကီးကလည္း မၽွတလြန္းေနပါေရာလား!"

"ငါ့ကို ထိခိုက္ေအာင္လုပ္ရဲတယ္?!!! မင္းကို အပိုင္းပိုင္း အစစ ျဖစ္သြားေအာင္ထိ ငါခ်ိဳးဖဲ့ပစ္မယ္!!"
က်ားမိစၧာဘုရင္ႀကီးရဲ ႀကိမ္းဝါးသံႏွင့္အၾကည့္ေတြက ေဒါသအလြန္အမင္းထြက္ေနေၾကာင္း သိသာလွ၏ ..
က်ားဘုရင္ႀကီး လက္ႏွစ္ဖက္ကို ေျမာက္လိုက္ခ်ိန္ ေကာင္းကင္တစ္ခုလုံး ေရႊေရာင္ေတြလႊမ္းသြားလ်က္ ၊ ေလထုထဲမွာလည္း ေရႊေရာင္အေငြ႕အသက္ေတြ သိပ္သည္းလာေတာ့ ဖာ့ဟြားႏွင့္လန္ေကာ ေကာင္းေကာင္း မျမင္ရေတာ့ဖူး ..

တစ္ခ်ိန္တည္းမွာပဲ ျဖာထြက္လာသည့္ မာနႀကီးလွေသာ အနီေရာင္အလင္းတန္းေတြက ေကာင္းကင္တစ္ဝက္ကို အပိုင္သိမ္းလို႔သြားတယ္ !!

ဖာ့ဟြား ႏွင့္ လန္ေကာ ျမင္ေနရသည္က ေရႊနီေရာင္ ေလာကႀကီးတစ္ခုသာ ...
လန္ေကာ ရင္ထိတ္စြါျဖင့္ -
"အေျခအေနကို သဲသဲကြဲကြဲမျမင္ရေတာ့ေပမဲ့ ... အနီေရာင္ဘုရင္မ မဟန္ေတာ့တာေတာ့ သိသာတယ္"

တိုက္ပြဲႀကီးကို မ်က္ျမင္ေတြ႕လိုက္ရခ်ိန္ သူတို႔ သိလိုက္ရသည္က - အနီေရာင္ဘုရင္မ သူတို႔အေပၚ အေတာ္ေလးသက္ညာေပးခဲ့တယ္ဆိုတာပဲ .. သူမ သာ တကယ္သတ္ခ်င္ ျဖတ္ခ်င္ ခဲ့ပါက .. လန္ေကာ ႏွင့္ ဖာ့ဟြား တို႔ အခါ ၁၀၀၀ ၊ ၁၀၀၀၀ မက အႀကိမ္ႀကိမ္ ေသခဲ့ၿပီးေနၿပီ !!

နာရီဝက္ခန့္အၾကာ ... အနီေရာင္အလင္းအား ေလ်ာ့နဲက်လာၿပီး ၊ လၽွက္တျပက္ဆိုသလို အနီေရာင္အလင္းတန္း တစ္ခုအျဖစ္ ေျပာင္းလဲသြားၿပီး တစ္ေနရာကို ဒဲ့တိုး ဝင္တိုက္ပစ္တယ္ !!

"မင္း!! အ႐ူးမ !!"
က်ားဘုရင္၏ နာက်င္ၿငီးတြားသံကိုသာ ၾကားလိုက္ရၿပီး အနီေရာင္အလင္းတန္း ႏွင့္ ေရႊေရာင္အလင္းတန္း ႏွစ္ခုလုံး ေျမျပင္ေပၚ တရွိန္ထိုး ပစ္က်လို႔သြားတယ္ ...

// အုန္း !! ဝုန္း !! //

ျမင္ကြင္း ျပန္လည္ရွင္းလင္းသြားသည့္အခ်ိန္ ... ပတ္ဝန္းက်င္တစ္ခုလုံးက အရင္ကထပ္ ၂ဆ ပိုပ်က္စီးေနလ်က္ ၊ အနီေရာင္ဘုရင္မႏွင့္ က်ားမိစၧာဘုရင္ အတူလုံးေထြးျပဳတ္က်သြားခဲ့သည့္ေနရာက ခ်ိဳင့္ဝွမ္းႀကီးတစ္ခုေတာင္ ျဖစ္ေပၚေနကာ ...
ခ်ိဳင့္ဝွမ္းထဲ မီးေတာင္ေခ်ာ္ရည္ပူ အနီေရာင္အရည္ ေတြ စီးဆင္းေနတာကိုေတာင္ ေတြ႕ေနရသည္ !!

🌱

Chapter 97 : Don't Look at It If You Are insecure ...
စိတ္မလုံရင္ မၾကည့္ေနနဲ႔ေလ...

အျပင္ဖက္ကမၻာမွာျဖစ္ပ်က္ေနသည့္ စိတ္တုန္လွုပ္စရာတိုက္ပြဲၿပီးဆုံးသြားကာ ၊ ပတ္ဝန္းက်င္တစ္ခုလုံးၿငိမ္သက္သြားသည္အထိ ဖာ့ဟြားႏွင့္လန္ေကာ အသက္ရွူရန္ ေမ့ေနဆဲ ...
မိနစ္တခ်ိဳ႕ၾကာသြားမွ ...

"အနီေရာင္ဘုရင္မ ေသသြားၿပီလား?"
လန္ေကာ ရဲ့ အေမးကို ဖာ့ဟြား ေခါင္းယမ္းျပရင္း -
"မသိတတ္ဖူး .. ဒါေပမဲ့ သူမ ငါတို႔ကို အခ်ိန္တစ္ခုၾကာတဲ့အထိ အမဲမလိုက္နိုင္ေတာ့မွာေတာ့ ေသခ်ာတယ္"

မိစၧာနယ္ေျမေပၚ ကို ထြက္ေျပးဖို႔ ဆုံးျဖတ္ခ်က္ခ်ခဲ့တာ အမွန္ကန္ဆုံးလုပ္ရပ္ပါပဲ !!
မိစၧာရိုင္းၿမိဳ႕ေတာ္ရဲ့ ၿမိဳ႕ေတာ္ဝန္ - က်ားမိစၧာဘုရင္ႀကီး က အနီေရာင္ဘုရင္မ ကို သူေသကိုယ္ေသ ယွဥ္ခ်နိုင္သည္အထိ သန္မာလြန္းလွသည္ !

လနတ္ဘုရား ၂ပါး ၏ တိုက္ပြဲကို ၾကည့္လိုက္ရၿပီးေနာက္ သူတို႔ကိုယ္သူတို႔ ပမႊားေလး ၊ ငါးေျမာင္ ငါးေျခာက္ေလးေတြလို႔သာ ခံစားမိေစေတာ့သည္..
ျမင္လိုက္ရသည့္ စြမ္းအင္အရွိန္အဝါေတြက သူတို႔လိုက္မမွီနိုင္ေလာက္ေအာင္ ခမ္းနားလြန္းလွတယ္ ...
မိစၧာနယ္ေျမေပၚေရာက္လာတာက ေလ့က်င့္ဖို႔သာမက အေတြ႕အၾကဳံအသစ္ေတြပါ ေကာင္းေကာင္းႀကီးရနိုင္၏ !

တစ္ခ်ိန္တုန္းက ... ဖာ့ဟြားႏွင့္လန္ေကာ ဆိုတာ မိုးေကာင္းကင္ရဲ့ ခ်စ္ျမတ္နိုးျခင္းကို ခံခဲ့ရသည့္ ေကာင္းကင္ သားေတာ္ ၊ ပါရမီရွင္ေတြ အျဖစ္ ေမွာ္နယ္ေၿမ ႏွင့္ အျပာေရာင္နယ္ေၿမ တို႔မွာ ေမာ္ႂကြား ဂုဏ္ယူခဲ့ၾကသည္..
အျပင္ေလာကကို ေျခဆန့္မိလိုက္တဲ့အခ်ိန္မွ ... ဖာလန္ၿဂိဳလ္ႀကီးက ႀကီးမားက်ယ္ျပန့္ၿပီး သူ႔ထက္ငါလူစြမ္းေကာင္း ၊ အံ့ဖြယ္ေတြႏွင့္ ျပည့္ေနေၾကာင္း သိခြင့္ရခဲ့ေတာ့သည္...

ဖာ့ဟြားႏွင့္လန္ေကာ အေတြးကိုယ္စီတို႔ျဖင့္ စကားတစ္ခြန္းမွ ထပ္မဆိုျဖစ္ေတာ့ပဲ က်င့္ႀကံဖို႔သာ ျပင္ဆင္လိုက္ၾကသည္ ...
အခ်ိန္တစ္နာရီေက်ာ္ ၾကာသြားၿပီး တစ္ေန႔တာ က်င့္ႀကံမွုရဲ့အထြတ္အထိပ္ကို ေရာက္သြားခ်ိန္မွ အျပင္ေလာကကို ျပန္ထြက္ခဲ့ၾကတယ္ ...
ေခ်ာ္ရည္နီေတြပါ ထြက္ခဲ့သည့္ ခ်ိဳင့္ဝွမ္းအသစ္ႀကီးသည္လည္း အခ်ိန္တခ်ိဳ႕ၾကာသြားခ်ိန္ အပူေလ်ာ့သြားၿပီျဖစ္၏ ...

သို႔ေသာ္ ဖာ့ဟြားႏွင့္လန္ေကာ မွာ တိုက္ပြဲပတ္ဝန္းက်င္ကို စူးစမ္းေနဖို႔အခ်ိန္မေပးနိုင္ ၊ ပုံရိပ္ေယာင္နယ္ေျမထဲက ထြက္လာ ၊ ေျမျပင္ေပၚေျခခ်မိသည္ႏွင့္ ဘိုးဘြားနန္းေဆာင္ ရွိရာကို ေျခကုန္သုတ္ေျပးေတာ့၏ ...
က်ားမိစၧာဘုရင္ႀကီး အသက္ျပင္းလွေသာ အနီေရာင္ဘုရင္မကို အေသမသတ္နိုင္ခဲ့ဖူးဆိုရင္ေတာင္မွ သူတို႔အတြက္ အခ်ိန္အေတာ္မ်ားမ်ားကို ဖန္တီးေပးနိုင္ခဲ့တယ္ ... ရလိုက္တဲ့ အခ်ိန္ေတြကို သူတို႔ႏွစ္ေယာက္ ေကာင္းေကာင္းႀကီး အသုံးခ်ရမယ္ !!

မိစၧာနယ္ေျမက သိပ္ကိုက်ယ္ျပန့္လြန္းတယ္ ... သူတို႔ရဲ့ အျမန္ႏွုန္းကို အရင္ကထပ္ ထပ္ျမင့္ၿပီး ေတာအုပ္ ၊ ေတာင္တန္း ၊ ေတာင္ကုန္း အကုန္ေက်ာ္ျဖတ္ ၊ မနားမေန ေျပးေနတာေတာင္မွ ေျမပုံေပၚမွာ သူတို႔ရဲ့ ေရာက္ရွိမွုႏွုန္းက တစ္လက္မ ေက်ာ္ေက်ာ္ေလးသာပဲ ...

ေကာင္းကင္က ေမွာင္ရီသမ္းစျပဳလာလ်က္ ... နီရဲရဲေနလုံးႀကီး မိုးကုတ္စက္ဝိုင္းမွာ ျမဳပ္ကြယ္စျပဳလာခ်ိန္ ...

"ခဏနားၾကရေအာင္ ... တစ္ခုခုစားၿပီးမွ ခရီးဆက္ရေအာင္"
သူတို႔ တစ္ေန႔လည္လုံး မရပ္မနားေျပးခဲ့ၿပီးၿပီ...
ဖာ့ဟြားႏွင့္လန္ေကာ အတြက္ ေန႔ရယ္ ညရယ္ လို႔ သတ္မွတ္ခ်က္မရွိ ... သူတို႔ ပင္ပန္းလာလၽွင္ ပုံရိပ္ေယာင္နယ္ေျမထဲဝင္ၿပီး အနားယူ ၊ တရားက်င့္မယ္... ၿပီးရင္ ျပန္ဆက္ေျပးမယ္ ..
တုႏွိုင္းမဲ့ပုလဲႏွင့္အတူရွိလာတာၾကာလာသည္ႏွင့္အမၽွ ပုလဲကို ကၽြမ္းက်င္စြါ သုံးတတ္လာ႐ုံမက ပုံရိပ္ေယာင္နယ္ေျမကိုပါ ယာယီတဲ အျဖစ္သေဘာထား သုံးတတ္ခဲ့ၿပီ ..

"အင္း"
လန္ေကာ ရဲ့ အႀကံျပဳခ်က္ကို ဖာ့ဟြားလက္ခံလိုက္ေတာ့ .. လန္ေကာ သူ႔ရဲ့ ေလျဒပ္စင္ကို ျပန္သိမ္းလိုက္သည္ႏွင့္ ႏွစ္ေယာက္သား ေျမျပင္ေပၚ ေျခခ်မိၾကသည္ ...

ယာယီစခန္းအျဖစ္ အတန္ငယ္ျမင့္ေသာ ေတာင္ကုန္းတစ္ခုကိုေရြးခ်ယ္လိုက္တယ္ ... ဒီေနရာကေန ၾကည့္ရင္ ပတ္ဝန္းက်င္တစ္ခုလုံးကို အေပၚစီးကေန ေကာင္းေကာင္းျမင္နိုင္၏...

"မိစၧာနယ္ေျမထဲမွာ မိစၧာမ်ိဳးႏြယ္မ်ိဳးစုံရွိတယ္လို႔ၾကားဖူးခဲ့တာ .. ဘာလို႔ ခုထက္ထိ အေကာင္ႀကီးႀကီးေတြကို ေသခ်ာမေတြ႕ ျဖစ္ေနရတာလဲ?"
လန္ေကာ ပတ္ဝန္းက်င္ကို မ်က္စိကစားေနရင္း တက္ႂကြလို႔ေန၏ .. အနီေရာင္ဘုရင္မ ရဲ့ အသက္အႏၲရာယ္ ၿခိမ္းေျခာက္မွု မရွိေတာ့သည္ႏွင့္ လန္ေကာ ရဲ့ အျမဲတက္ႂကြသည့္စရိုက္ တို႔က ျပန္ေပၚလို႔လာၿပီ ..

ဖာ့ဟြားက -
"မင္းမွာ ထူးျခားတဲ့ အရည္အခ်င္း တစ္ခု မရွိေနဖို႔ေတာ့ ေမၽွာ္လင့္မိတယ္"

"ဟင္?? ဘာအရည္အခ်င္းမ်ိဳးလဲ??"

"က်ီးကန္းပါးစပ္ ဆိုတဲ့ အထူးအရည္အခ်င္း"

T/N : crow's mouth - က်ီးကန္းပါးစပ္ - မေကာင္းတာေျပာမိရင္ တန္းျဖစ္ေစသည့္ ပါးစပ္ (တ႐ုတ္ဗန္းစကား)

"ေတာ္!! တိတ္!!"
လန္ေကာ အခုခ်ိန္မွာ ဖာ့ဟြားႏွင့္ အၿပိဳင္ရန္ျဖစ္ဖို႔ စိတ္မပါေနဖူး .. တစ္ေနကုန္ေျပးလႊားေနရလို႔ ပင္ပန္းေနတာအျပင္ ရန္ျဖစ္လည္း ဖာ့ဟြားက လုံးဝ စိတ္မတိုတတ္ဖူးဆိုတာ သူသိခဲ့ၿပီးၿပီ ..
ဖာ့ဟြားက ေဒါသျဖစ္ စိတ္တိုတတ္တဲ့သူမ်ိဳးမဟုတ္ပဲ .. အတြင္းထဲမွာသာ စိတ္ေကာက္ေနတတ္တဲ့ သူမ်ိဳး ...

ႏွစ္ေယာက္သား ေအးေအးလူလူ ထိုင္ေနဆဲမွာ ... သူတို႔ ခႏၶာကိုယ္ေတြထဲ ႐ုတ္တရက္ အပူစီးေၾကာင္းတစ္ခု ျဖတ္သန္းသြားတာေၾကာင့္ တုန္တက္သြား၏ !
ထို႔အျပင္ နဖူးေပၚရွိ တုႏွိုင္းမဲ့ပုလဲ သေကၤတ ဖ်က္ခနဲထလက္လာၿပီး ေရႊေရာင္အေငြ႕အသက္ေတြ ျဖာထြက္လာလ်က္ ... သူတို႔မ်က္စိေရွ႕တင္ ေရႊေရာင္အလုံးတစ္လုံးအျဖစ္ ဖြဲ႕စည္းလို႔သြားတယ္ ...
ထိုေရႊေရာင္အလုံးထဲမွာ နို႔ႏွစ္ေရာင္ ပုလဲလုံးေလး ႏွစ္လုံး ရွိေနတာကိုပါေတြ႕ရ၏ ...

မေျပာမဆိုႏွင့္ သူတို႔ကိုယ္ထဲကေန တုႏွိုင္းမဲ့ပုလဲ ထြက္ခ်လာတာေၾကာင့္ ဖာ့ဟြားႏွင့္လန္ေကာ ဘာလုပ္လို႔ ဘာကိုင္ရမယ္မသိ ၊ ထိတ္လန့္ေနမိသည္ !
မင္းတို႔သိရဲ့လား! အရင္တခါ ဒီအက်င့္မေကာင္းတဲ့ပုလဲ ကိုယ္ထင္ျပလာတဲ့အခ်ိန္က အနီေရာင္ဘုရင္မရဲ့ ႏွလုံး ကို သြားခိုးခါနီးအခ်ိန္ပဲ !!
အခုလည္း ကိုယ္ထင္ျပလာျပန္ၿပီ!

ဒါနဲ႔ ... တုႏွိုင္းမဲ့ပုလဲဆိုတာ ဒီလိုပုံစံမ်ိဳးလား??
သူတို႔ ပထမဆုံးအႀကိမ္ျမင္ဖူးခဲ့တုန္းက အၾကည္လႊာအလုံးတစ္လုံး ႏွင့္ အထဲမွာ ေရာင္စဥ္ေတြယွက္ျဖာေနတာမ်ိဳးပါ ...

ဝွီး ခနဲ တုႏွိုင္းမဲ့ပုလဲ က တစ္ေနရာကို ပ်ံသန္းသြားခဲ့တယ္ !!

"ငါတို႔ ... ဘာလုပ္ၾကမလဲ??"
လန္ေကာ ဖာ့ဟြားကို ေတြေတြႀကီး ေငးၾကည့္ရင္း ေမးမိသည္ ...

ဖာ့ဟြား လန္ေကာ ကို ျပန္လွည့္ၾကည့္ၿပီး ... ႏွစ္ေယာက္သား တၿပိဳင္တည္းဆိုသလို ...
"သြားခြင့္ေပးလိုက္ေတာ့..."

တုႏွိုင္းမဲ့ပုလဲ သူတို႔ကိုယ္ထဲက ထြက္သြားသည္ႏွင့္ ႏွစ္ေယာက္ၾကား စိတ္ပိုင္းဆိုင္ရာ ဆက္သြယ္မွု ျပတ္ေတာက္သြားခဲ့ၿပီဆိုေပမဲ့ ... သူတို႔ႏွစ္ေယာက္ရဲ့ တစ္ေယာက္အေပၚ တစ္ေယာက္ နားလည္နိုင္မွုက အေတာ္အားေကာင္းေနခဲ့ၿပီ ...

ဒါေပမဲ့ သူတို႔စကားအဆုံးမွာပဲ ဆြဲငင္အား တစ္ခု ေပၚလာၿပီး သူတို႔ ခႏၶာကိုယ္ေတြက သူ႔အလိုလို ေလထဲေျမာက္တက္သြားကာ ဆြဲငင္မွုေနာက္ လြင့္ပါလို႔သြားတယ္ !!
ဆြဲငင္မွု လားရာအရပ္က တုႏွိုင္းမဲ့ပုလဲ ပ်ံထြက္သြားသည့္ အရပ္ ပဲ !!!

"အက်င့္မေကာင္းတဲ့ပုလဲက ထပ္လုပ္ျပန္ၿပီ!!!"
လန္ေကာ ေဒါသတႀကီး ႀကိမ္းဝါးေနေပမဲ့ ေလျဒပ္စင္ကိုအျမန္ထုတ္ၿပီး သူႏွင့္ဖာ့ဟြားရဲ့ ကိုယ္ကို လႊမ္းျခဳံလိုက္ရတယ္ ... တုႏွိုင္းမဲ့ပုလဲ ဆြဲေခၚေနသည့္အတိုင္း ေျမျပင္ေပၚမွာ တရြတ္တိုက္ လိုက္သြားလို႔မွ မျဖစ္ပဲ !

တုႏွိုင္းမဲ့ပုလဲက သူတို႔ကို ဆြဲေခၚသြားရင္း အျမင့္ဆုံးအရွိန္နဲ႔ ေတာအုပ္တစ္ခုထဲ ပ်ံသန္းလို႔သြားတယ္ ...
ဖာ့ဟြားႏွင့္လန္ေကာေရွ႕ သစ္ပင္ႀကီးတစ္ပင္ ေပၚလာခ်ိန္ ၊ ဘယ္လိုမွ ေရွာင္ရွားခ်ိန္လည္း မရ !!
ျဖတ္ထိုးဥာဏ္ေကာင္းသည့္ ဖာ့ဟြားကပဲ ဥာဏ္ပညာဒိုင္းကို အျမန္ဆင့္ေခၚကာ သစ္ပင္ဝင္တိုက္မွုကေန ကာကြယ္လိုက္ရသည္ !

ဆြဲေခၚရာေနာက္ ပ်ံသန္းလိုက္ပါေနရင္း လန္ေကာ က -
"ဒီတခါလည္း မိစၧာႀကီးတစ္ေကာင္ဆီ ေခၚသြားမယ္ဆိူ ... ငါတို႔ ဘယ္လိုလုပ္ၾကမလဲ?"

ဖာ့ဟြား ႏွုတ္ခမ္းေတြ တရြရြျဖစ္လာၿပီး -
"မင္းပဲလိုခ်င္ခဲ့တာ.."

ခ်ီး !! ဒီ ေသာက္က်င့္မေကာင္းတဲ့ပုလဲ နဲ႔ ငါတို႔ နဲ႔ လုံးဝကို မပတ္သတ္ေနဖူးေဟး !!

တုႏွိုင္းမဲ့ပုလဲ ပ်ံသန္းေနရင္း ႐ုတ္တရက္ႀကီး အရွိန္ေလ်ာ့က်သြားတာေၾကာင့္ ဖာ့ဟြားႏွင့္လန္ေကာ တို႔ ကို႔ရို႔ကားယား ျဖစ္သြားရကာ ဂၽြမ္းထိုးေမွာက္ခုံျဖင့္
// ဗုန္း !! ဗုန္း !! //
သစ္ပင္ႀကီးတစ္ပင္ႏွင့္ တိုက္မိၿပီး ေျမျပင္ေပၚ ပစ္စလတ္ခတ္ျပဳတ္က်ကုန္ေတာ့သည္ ...

ဖာ့ဟြားႏွင့္လန္ေကာ နာက်င္စြါၿငီးျငဴးရင္း ေျမျပင္ေပၚကေန ကုန္း႐ုန္းထနိုင္လာခ်ိန္ .. ပုလဲက သူတို႔ပါးစပ္မဟနိုင္ခင္မွာပဲ ႏွစ္ျခမ္းကြဲကာ သူတို႔နဖူးေတြထဲ ျပန္ဝင္ေရာက္ေပ်ာက္ကြယ္သြားတယ္ !!!

"က်ိန္စာ !! ဒါက လုံးဝ ေသခ်ာေပါက္ ကို က်ိန္စာ တစ္ခုပဲ!! ဘိုးေဘးေတြ ဘယ္လိုမ်ား ဒီပုလဲကို ဖန္တီးခဲ့တာလဲလို႔!!"
သူတို႔တစ္ကိုယ္လုံး ကိုင္ရိုက္ခံထားရသလိူ နာက်င္ေနၿပီး ျခစ္ရာဗလပြႏွင့္ ...
"ေအ !! ငါ့ရဲ့ ေခ်ာေမာလွပတဲ့ မ်က္ႏွာေလးကို ထိခိုက္ေစခဲ့ရင္ေတာ့ ပုလဲနဲ႔ငါ သူေသကိုယ္ေသ ခ်ၿပီသာမွတ္!!"
လန္ေကာ ေဒါသတႀကီး ႀကိမ္းေမာင္းေနေတာ့သည္...

ဖာ့ဟြား သူ႔ကိုယ္ေပၚရွိ ဖုန္ေတြ သဲေတြကို ခါေနရင္း -
"အတၱေပမဝါဒ သမား"
ႏွုတ္က တီးတိုးေရရြတ္လိုက္ရင္း က်မ္းစာအုပ္ကိုဆင့္ေခၚကာ စာမ်က္ႏွာ (၇) ကို လွန္လိုက္ေတာ့ ...

T/N : Narcissist - အတၱေပမဝါဒသမား - တစ္ေလာကလုံးမွာ ကိုယ္ကသာ အ​ေကာင္းဆုံး ၊ အေတာ္ဆုံး ဟု ေတြးထင္ေနတတ္သူ ..

စာမ်က္ႏွာ (၇) ကေန ထြက္က်လာသည့္ ခ်ည္မၽွင္ေတြတိုင္းက အနီေရာင္ေတြ !!!
ေသြးနီေရာင္ ကို ေတာက္ေနသည့္ အနီေရာင္ခ်ည္မၽွင္ေတြ !!
ဖာ့ဟြား အလ်င္အျမန္ပင္ -
"သြားစို႔!!"
လန္ေကာ ကို အသိေပးရင္ ေနရာေျပာင္းမႏၲာန္ကို သုံးလိုက္ေပမဲ့ ...
ဖာ့ဟြား က ေပ်ာက္မသြား ...
ေနရာတြင္သာ မတ္တပ္ရပ္လ်က္ ရွိေနဆဲ...

လန္ေကာ ဖာ့ဟြား လက္ကို ဆြဲကိုင္ကာ ေနရာေျပာင္းမႏၲာန္ကို အတူရြတ္လိုက္ေပမဲ့ ...
စကၠန့္တခ်ိဳ႕ၾကာခ်ိန္ ... ႏွစ္ေယာက္သား တစ္ေယာက္ကို တစ္ေယာက္ မ်က္လုံးျပဴးႀကီးေတြႏွင့္ ေငးၾကည့္လ်က္ ... ေနရာမွာပင္ မေျပာင္းမလဲ ရွိလို႔ေနသည္ ...

"အက်င့္မေကာင္းတဲ့ ပုလဲ!! အလိမ္အညာ ပုလဲ!!"
လန္ေကာ ေပါက္ကြဲေလၿပီ ...

ဘယ္အေျခအေနမဆို မ်က္ႏွာမယြင္း တည္ၿငိမ္ေနတတ္သည့္ ဖာ့ဟြားေတာင္ မ်က္ႏွာ ပ်က္စ ျပဳလာၿပီ ...

ႏွစ္ေယာက္သား ေက်ာခ်င္းအျမန္ေျပးကပ္ၿပီး စြမ္းအင္မၽွေဝလို႔ ရ/မရ စမ္းသပ္ၾကည့္ေတာ့ ... စြမ္းအင္ေတြက ေကာင္းေကာင္းမြန္မြန္ပဲ ကူးျဖာ စီးဆင္းေနဆဲ ...
ဒါဆို ေနရာေျပာင္းမႏၲာန္ပဲ အလုပ္မျဖစ္ေနတာေပါ့ ??

သူတို႔ေက်ာခ်င္းကပ္လ်က္ အခ်ိန္အေတာ္ၾကာ ရပ္ေနခဲ့ေပမဲ့ ... ဘာအႏၲရာယ္မွ မေပၚလာ ၊ မေရာက္လာခဲ့ေသး ...

"အေျခအေန ဘယ္လိုလဲ?"
လန္ေကာ ရဲ့ အေမးကို ဖာ့ဟြား ေခါင္းယမ္းျပလ်က္ -
"မသိတတ္ဖူး .. ခ်ည္မၽွင္အနီေရာင္ေတြခ်ည္းျဖစ္ေနေပမဲ့ စိတ္ခံစားမွုအရေတာ့ အသက္အႏၲရာယ္ျဖစ္နိုင္တာမ်ိဳး မဟုတ္ဖူးလို႔ ငါထင္ေနတယ္.."

"ငါတို႔ လိုက္ၾကည့္ၾကရင္ေကာင္းမလား??"

"အင္း"
ဖာ့ဟြား သေဘာတူလိုက္သည္ႏွင့္ လန္ေကာ လက္တစ္ဖက္ကိုေဝ့ယမ္းကာ ေလျဒပ္စင္ျဖင့္ သူတို႔ ခႏၶာကိုယ္ေတြကို ေလေပၚတက္ေစလ်က္ ပတ္ဝန္းက်င္ကို အေပၚစီးကေန လွမ္းၾကည့္နိုင္ဖို႔ႀကိဳးစားလိုက္သည္ ...
အခ်ိန္တိုအတြင္း သူတို႔ရဲ့အျမင့္က သစ္ပင္တစ္ပင္ ထိပ္ဖ်ားထိ ေရာက္ရွိလာခ်ိန္ ..

သူတို႔ေရာက္ရွိေနသည့္ ေတာအုပ္ႀကီးက သီးပင္ စားပင္ အရိပ္ရသစ္ပင္ႀကီးတို႔ျဖင့္ အုပ္အုပ္ဆိုင္းဆိုင္း ေနရာလပ္မရွိ စိမ္းညႇိို႔ေနလ်က္ ...
ဒါေပမဲ့ တစ္ေနရာမွာေတာ့ ... တိတိက်က်ေျပာရရင္ .. ေတာအုပ္အလယ္ မီတာ ၁၀၀ ပတ္လည္ ေလာက္မွာ သစ္ပင္ေတြလုံးဝ မရွိ ၊ ဟာလာဟင္းလင္းႀကီး ျဖစ္လို႔ေနတယ္ ...

လန္ေကာ ေလျဒပ္စင္ကို ထိန္းထားလ်က္ သစ္ပင္ေတြေျပာင္ေနသည့္ ေနရာသို႔ ဖာ့ဟြားႏွင့္အတူ ပ်ံသန္းသြားလိုက္တယ္ ...
ဟင္းလင္းျပင္ အေပၚသို႔ ေရာက္ခ်ိန္ ... ျမင္လိုက္ရသည့္ ျမင္ကြင္းေၾကာင့္ သူတို႔မွာ အသက္ေတာင္ မရွူရဲေတာ့ ...

ဒီေနရာက သစ္ပင္ေတြတင္ ေျပာင္သလင္းခါေနတာမဟုတ္ဖူး !!! တြင္းေပါက္ႀကီးကို ျဖစ္ေနတာ !!
အေရးႀကီးတာက - တြင္းနက္ႀကီး ရဲ့ ေအာက္ေျခမွာ လူပုံသ႑ာန္တစ္ခု လဲေလ်ာင္းလ်က္အေနအထား နဲ႔ ရွိေနတယ္ !
ပိုၿပီး အေရးႀကီးတာက - အဲ့သ႑ာန္ကို အနီေရာင္ဆံပင္ရွည္ေတြက ဖုံးအုပ္လို႔ထားတာပဲ !!

"မျဖစ္နိုင္တာ!!"

ဖာ့ဟြားႏွင္လန္ေကာ လဲေလ်ာင္းေနသည့္ သ႑ာန္ႏွင့္ လႊမ္းျခဳံထားေသာ အနီေရာင္ဆံပင္ရွည္တို႔ကို တြဲျမင္လိုက္ခ်ိန္ .. ေခါင္းထဲမွာ တူညီေသာ အေတြးတစ္ခုသာ ေပၚလာေတာ့သည္ ...

နီရဲေတာက္ေနသည့္ ဆံႏြယ္ရွည္ေတြက တစ္ကိုယ္လုံးကို ေရတံခြန္တစ္ခုလို ဖုံးလႊမ္းထားနိုင္သည့္ လူပုံသ႑ာန္ ဟူ၍ ... သူတို႔ျမင္ခဲ့ဖူးတာ တစ္ေယာက္သာ ရွိသည္ !

"ျဖစ္နိုင္ေခ် ၈၀% ရွိေနတယ္"
ဖာ့ဟြားက ေလးနက္စြါ မွတ္ခ်က္ျပဳေပးလာေတာ့ ..

"ငါတို႔ ဘာလုပ္ၾကမလဲ??"
လန္ေကာ သူ႔ရင္ခုန္သံ ကို သူျပန္ၾကားနိုင္ေလာက္သည့္အထိ ရင္ထိတ္တုန္လွုပ္ေနၿပီ !

သူမ က အေတာ္ေလးအထိနာထားခဲ့ၿပီဆိုေပမဲ့ ... သူမက လနတ္ဘုရား တစ္ပါးေလ !! သူတို႔ကိုေတာ့ အလြယ္ေလး သတ္နိုင္ေနဆဲပဲ !!

"ငါတို႔ကို တုႏွိုင္းမဲ့ပုလဲက ေခၚလာတာဆိုေတာ့ ... တစ္ခုခုေတာ့အေၾကာင္း ရွိလိမ့္မယ္ ... ေအာက္ဆင္းၿပီး သြားအကဲခတ္ၾကည့္ရေအာင္.."

တုႏွိုင္းမဲ့ပုလဲက သူတို႔ကို ဒီအထိ ဆြဲေခၚလာခဲ့႐ုံမက ၊ ေနရာေျပာင္းမႏၲာန္ကိုလည္း သုံးခြင့္မေပးခဲ့ဖူး ...
အနီေရာင္ဘုရင္မ ကို ရွာေတြ႕ေစခ်င္တာ အသိသာႀကီးဆိုေပမဲ့ ... ဘာဆက္လုပ္ရမယ္ဆိုတာကိုက် သဲလြန္စေတာင္ မေပးသြားခဲ့ဖူးေလ ...

လန္ေကာ ေလျဒပ္စင္ကိုထိန္းကာ တြင္းထဲကို ေျဖးေျဖးခ်င္းဆင္းခဲ့ၾကတယ္ ... တြင္းေအာက္ေျခနီးလာသည္ႏွင့္ ဖာ့ဟြား က သန့္စင္ေသာဝိဥာဏ္ေတာ္႐ုပ္ထုကို သူ႔ကိုယ္ေပၚလႊမ္းျခဳံေစလ်က္ ၊ ဒိုင္းကို ေရွ႕မွာအသင့္ကာထားၿပီး လန္ေကာကို သူ႔ေက်ာေနာက္မွာေနေစကာ ကာကြယ္ေပးထားသည္ ...

တြင္းေအာက္ေျခႏွင့္ ေျခေထာက္ထိမိသည္ႏွင့္ ဖာ့ဟြားရဲ့ ဒိုင္းကေန ခပ္မွိန္မွိန္ျဖင့္သာ ဘုရင္မကို စူးစမ္းၾကည့္လိုက္ၾကတယ္ ...
တြင္းတစ္ခုလုံးျပည့္လုမတတ္ အနီေရာင္ဆံႏြယ္ေတြက ျပန့္က်ဲေနသည္ ...
ဒိုင္းရဲ့ အလင္းေဖ်ာ့ေဖ်ာ့ေအာက္ အလင္းျပန္လာသည့္ ေျပာင္လက္လက္ အနီေရာင္ခ်ပ္ဝတ္တို႔ေၾကာင့္ ... ဒါက ၁၀၀% အနီေရာင္ဘုရင္မ !!

ဖာ့ဟြား ဥာဏ္ပညာဓါး / အလင္းမဲ့ဓါး - ေဟြ႕က်င္း ကိုပါ ထပ္ဆင့္ေခၚလိုက္ၿပီး ဘုရင္မ အနားကို တစ္လွမ္းခ်င္း ထပ္ကပ္သြားၾကတယ္ ...
သူမ သတိေမ့ေနတယ္လို႔ ထင္ရေပမဲ့ ႐ုတ္တရက္ႀကီး ထခ်ရင္ ဘယ္လိုလုပ္မလဲ??
စိုးရိမ္ရေသးတယ္ေလ !!

အနီးဆုံး အကြာအေဝးေရာက္လာၿပီး ဖာ့ဟြား အေနာက္ကို လွည့္ၾကည့္လိုက္ေတာ့ လန္ေကာ ေခါင္းၿငိမ့္ျပကာ -
"လုပ္လိုက္ေလ.."

ဖာ့ဟြား ေျပာစရာစကားမဲ့သြားလ်က္ -
"မင္းကက် အေနာက္မွာပုန္းေနၿပီး!!"

သို႔ေပမဲ့ ဖာ့ဟြား စိတ္ကိုတင္းကာ ဓါးကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားရင္း အနီေရာင္ဆံႏြယ္တခ်ိဳ႕ကို ဓါးဖ်ားႏွင့္ မ ကာ ဖယ္ရွားလိုက္တယ္ ...
အနီေရာင္ဆံႏြယ္ေတြက အေပၚယံျမင္႐ုံနဲ႔တင္ ဘယ္ေလာက္ေပ်ာ့ေျပာင္းႏူးညံ့လည္း သိေစသည္ ...

ေျဖးေျဖးေလးေလး ႏွင့္ ဆံႏြယ္ေတြကို အသာေလး မ ဖယ္သည့္ အလုပ္ေသးေသးေလးဆိုေပမဲ့ ... အနီေရာင္ဘုရင္မ က အားႀကီးလြန္းသူမို႔ လန္ေကာ နဖူးမွာ ေခၽြးေစးေတြေတာင္ စို႔ေနၿပီ !

အနီေရာင္ဆံႏြယ္ ဓါးဖ်ားေပၚ ပါလာခ်ိန္ .. ဖာ့ဟြားရဲ့ မ်က္ႏွာ တင္းသြားသည္ ..
ဆံႏြယ္ေအာက္ ေပၚလာသည့္ အျဖဴေရာင္အသားစိုင္ေတြက ဘုရင္မရဲ့ ေပါင္တံေတြပဲ !!

ေဟြ႕က်င္းဓါး ကို ခ်က္ခ်င္းျပန္႐ုတ္လိုက္ၿပီး ဖာ့ဟြားအက်င့္အရ -
"မၾကည့္အပ္တာကို မၾကည့္မိေစနဲ႔! မၾကည့္အပ္တာကို မၾကည့္မိေစနဲ႔!!"
ထို႔ေနာက္သူက ေနာက္ကိုခ်ာကနဲလွည့္ကာ ေဟြ႕က်င္းဓါး ကို လန္ေကာ လက္ထဲ ထိုးထဲ့ေပးလိုက္ၿပီး -
"မင္း လုပ္လိုက္"

🌱

7:00pm
22.7.2023
((2ရက္ျခားေန ထပ္လာပါမည္))

Czytaj Dalej

To Też Polubisz

52.5K 9.3K 12
I've got permission from English translator! You can read English version here: https://ruiruitranslates.blogspot.com/p/what-is-it-like-to-have-jealo...
125K 23.5K 53
အရင် Acc ကဝင်မရလို့ Book ခွဲလိုက်ပါပြီနော် Book 1 ကို Boရဲ့ Reading list ထဲမှာ ဝင်ကြည့်ပေးကြပါရှင့်
263K 21.6K 55
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024
532K 84.7K 115
Both Unicode and Zawgyi are available! Title - 穿越之灵植师 Author - Ye Yiluo (叶忆落) Type - Web Novel (CN) Status in COO - 397 chapters (Complete) Origina...