စစ်ဧကရာဇ် လီကွမ်ရီ Book 1 (...

By Azure5549

44K 3.3K 25

Review မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immo... More

မိတ်ဆက် + ရှင်းလင်းချက်
၁ - ၅
၆ - ၁၀
၁၁ - ၁၅
၁၆ - ၂၀
၂၁ - ၂၅
၂၆ - ၃၀
၃၁ - ၃၅
၃၆ - ၄၀
၄၁ - ၄၅
၄၆ - ၅၀
၅၁ - ၅၅
၅၆ - ၆၀
၆၁ - ၆၅
၆၆ - ၇၀
၇၁ - ၇၅
၇၆ - ၈၀
၈၁ - ၈၅
၈၆ - ၉၀
၉၁ - ၉၅
၉၆ - ၁၀၀
၁၀၁ - ၁၀၅
၁၀၆ - ၁၁၀
၁၁၁ - ၁၁၅
၁၁၆- ၁၂၀
၁၂၁ - ၁၂၅
၁၂၆ - ၁၃၀
၁၃၁ - ၁၃၅
၁၃၆ - ၁၄၀
၁၄၁ - ၁၄၅
၁၄၆ - ၁၅၀
၁၅၁ - ၁၅၅
၁၅၆ - ၁၆၀
၁၆၁ - ၁၆၅
၁၆၆ - ၁၇၀
၁၇၁ - ၁၇၅
၁၇၆ - ၁၈၀
၁၈၁ - ၁၈၅
၁၈၆ - ၁၉၀
၁၉၁ - ၁၉၅
၁၉၆ - ၂၀၀
၂၀၁ - ၂၀၅
၂၀၆ - ၂၁၀
၂၁၁ - ၂၁၅
၂၁၆ - ၂၂၀
၂၂၁ - ၂၂၅
၂၂၆ - ၂၃၀
၂၃၁ - ၂၃၅
၂၃၆ - ၂၄၀
၂၄၁ - ၂၄၅
၂၄၆ - ၂၅၀
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421- 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
စာဖတ်သူများကို အနူးအညွတ်တောင်းပန်ခြင်း
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516- 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 - 860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

766 - 770

129 15 0
By Azure5549


စစ်ဧကရာဇစ်(Chapter:766)
(အနက်ရောင်အရိုး)
..............................
     ဟွမ်ဖုဘိုးဘေးမှာမူ ငါးကြင်းမြစ်ဂိုဏ်းရဲ့ မဟာဘိုးဘေးလို သူ့ကိုယ်သူ နိမ့်ချခြင်းမရှိပေ။ တကယ်တော့ သူ့ရဲ့လက်ရှိကျင့်ကြံခြင်း အဆင့်အတန်းအရ ကြောက်မက်ဖွယ် ကောင်းသည်မှာ မှန်သည်။ သို့သော် ကောင်းကင်ဘုံးကမ္ဘာတစ်ခုထဲကသာ သူ့ကို နတ်ဘုရားစစ်သည်တော်တစ်ယောက်အဖြစ် အသိအမှတ်ပြုကြသေးသည်။ ကျန်တဲ့ ကမ္ဘာရှစ်လုံးက သူ့ကို အသိအမှတ်ပြုဖို့ဝေးပြီး သိပင် မသိကြပေ။

    သို့သော် ဟွမ်ဖုဘိုးဘေးက ထိုအရာတွေကို ဂရုမစိုက်ပေ။ ကောင်းကင်ဘုံကမ္ဘာရဲ့ အသိအမှတ်ပြုမှုတစ်ခုနဲ့တင် နတ်ဘုရားစစ်သည်တော်တစ်ယောက်အဖြစ် သူ့ကိုယ်သူ အလွန်အမင်း ဂုဏ်ယူနေခဲ့သည်။ ယခုမူ လီကွမ်ရီက သူ့ကို ဂရုမစိုက်ဟန်နဲ့ ပြုမူနေခဲ့သည်။ ဘယ်လိုလုပ် သည်းခံနိုင်တော့မည်နည်း။

     "တိရိစ္ဆာန်ကောင်၊ မင်းကို အမျိုးမျိုး နှိပ်စက်ပြီးမှ သတ်ပေးမယ်၊ မင်းမသေခင်မှာ ဝေဒနာအမျိုးမျိုး ခံစားသွားစေရမယ်"
ဟွမ်ဖုဘိုးဘေးက လီကွမ်ရီကို ဒေါသတကြီး ကြိမ်းမောင်းသည်။ သူ့ခန္ဓာကိုယ်အနှံ့မှာလည်း သတ်ဖြတ်ချင်စိတ်တွေ ဖြာထွက်နေခဲ့သည်။ သူ့ရဲ့သွေးသားစွမ်းအင်တွေကလည်း ယခင်ထက် ပိုမိုအားကောင်းလာခဲ့တော့သည်။

     မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ကြောက်မက်ဖွယ် အော်ရာတွေက နဂါးငွေ့တန်းအလား အရာအားလုံးကို ဖုံးလွှမ်းခဲ့သည်။ တစ်ဆက်ထဲမှာ ဟွမ်ဖုဘိုးဘေးရဲ့ ကံစွမ်းအားလက်နက်ဖြစ်တဲ့ လက်စွပ်လေးက ယခင်ထက် ပိုမိုတောက်ပြောင်လာခဲ့ပြန်သည်။ ထိုအချိန်မှာပင် လက်စွပ်ရဲ့အလယ်တည့်တည့်မှာ ဧရာမလက်ဝါးကြီးတစ်ခု ကျဆင်းလာခဲ့တော့သည်။ ယင်းက အရာအားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိဟန်ရပြီး အညာအတာ ကင်းမဲ့စွာ ကျဆင်းလာခဲ့သည်။ ချက်ချင်းပင် စံအိမ်အတွင်းရှိနေတဲ့ အဆိပ်ကောင်တွေအားလုံးကို အေးခဲသွားစေတော့သည်။

     ကျစ်ယန်ရဲ့ မိစ္ဆာဝါးမြိုခြင်းရတနာမှာလည်း ဟွမ်ဖုဘိုးဘေးရဲ့ကြောက်မက်ဖွယ်အော်ရာတွေအောက် အရောင်အဝါတွေ မှေးမှိန်သွားရတော့သည်။ ဒါကို ကြည့်ခြင်းအားဖြင့် ဟွမ်ဖုဘိုးဘေးရဲ့ တိုက်ခိုက်မှုက မည်မျှ ပြင်းထန်သည်ဆိုတာကို အရိပ်အမြွက်တော့ သိရှိနိုင်ပေသည်။

     အမှောင်ထဲ ပုန်းအောင်းနေကြတဲ့ အဖွဲ့အစည်းအသီးသီးမှ ဘိုးဘေးတွေပင် ဧရာမ လက်ဝါးကြီးကို ကြည့်ပြီး အလွန်အမင်း တုန်လှုပ်သွားကြရတော့သည်။ အခြားသူတွေမှာ ဆိုဖွယ်ရာ မရှိတော့ပေ။ ဟွမ်ဖုဘိုးဘေးကား တကယ့်ကို အားကောင်းလွန်းသည်ဟု ဆိုရမည် ဖြစ်သည်။

     "သာမန်ပိုးမွှားတွေက ငါ့အရှေ့မှာ အမြဲတမ်း တုန်လှုပ်နေကြရမယ်၊ ဟွမ်ဖုကလန်ကို ရန်စစော်ကားခြင်းရဲ့ အကျိုးဆက်က ဆိုးရွားတဲ့ အဆုံးသတ်ကို ကြုံတွေ့ရမှာပဲ"
ထိုစဉ် ဟွမ်ဖုဘိုးဘေးက လီကွမ်ရီကို ကြည့်ပြီး လှောင်ပြောင်သည်။ တစ်ဆက်ထဲမှာ သူ့ရဲ့ လက်ဝါးရိုက်ချက်က မြေပြင်ပေါ်ရှိ အရာအားလုံးကို ဖိနှိပ်စေလိုက်သည်။ အခြားတစ်ဖက်တွင် ထျဲရီနဲ့ ရှန်းဘိုးဘေးက ကောင်းကင်ယံမှာ တိုက်ခိုက်နေကြသည်။ သူတို့နှစ်ယောက်ထံမှလည်း ပြင်းထန်တဲ့ ဖိအားတွေ ထွက်ပေါ်နေ၍ လက်ရှိမှာ မြေပြင်ပေါ်ရှိနေသူအားလုံးက စကြာဝဠာအဆင့် သုံးယောက်ရဲ့ ဖိအားတွေကို အပြင်းအထန် ခံစားနေကြရတော့သည်။

     ထိုအချိန်မှာပင် ဟွမ်ဖုဘိုးဘေးရဲ့လက်က မိစ္ဆာဝါးမြိုခြင်းအိုးထံ ကျဆင်းလာပြန်သည်။ ချက်ချင်းပင် ဆူညံ‌သံတွေ ထွက်ပေါ်လာပြီး  အကြိတ်အနယ် အားပြိုင်မှုတစ်ခုကို ဖြစ်ပေါ်လာစေသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ကျစ်ယန်နဲ့ ဟွမ်ဖုဘိုးဘေးတို့ရဲ့ အဆင့်ချင်းကွားခြားမှုကြောင့် မိစ္ဆာဝါးမြိုခြင်းအိုးမှာ အလွန်အမင်း အားနည်းလာခဲ့ရတော့သည်။ နောက်ဆုံးမှာတော့ မိစ္ဆာဝါူမြိုခြင်းအိုးက ဟွမ်ဖုဘိုးဘေးရဲ့ လက်ထဲကို အပြီးပိုင် ကျဆင်းသွားရတော့သည်။

     "အရာအားလုံး ပြီးသွားပြီ"
အားလုံးမှာ သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး သက်ပြင်းချလိုက်မိကြသည်။ သူတို့အားလုံးရဲ့ စိတ်ထဲတွင် မိစ္ဆာဝါးမြိုခြင်းအိုးက ဟွမ်ဖုဘိုးဘေးရဲ့လက်ထဲ ကျဆင်းသွား၍ အရာအားလုံး ပြီးဆုံးတော့မည်ဟု ထင်လိုက်ကြတော့သည်။

     "စိတ်ပျက်စရာကောင်းတဲ့ နတ်ဘုရားစစ်သည်တော်အဆင့်က ငါ့အရှေ့မှာ ဝင့်ကြွားရဲနေတာလား"
ထိုအချိန်မှာပင် လီကွမ်ရီက ဟွမ်ဖုဘိုးဘေးကို ကြည့်ပြီး အေးစက်စွာ ပြောသည်။ တစ်ဆက်ထဲမှာ မရဏချုပ်နှောင်ခြင်းကျင့်စဉ်ကို ထုတ်ဖော်လိုက်သည်။ ချက်ချင်းပင် သူ့ရဲ့ ခန္ဓာကိုယ်အနှံ့၌ မီးခိုးရောင် သေဆုံးခြင်းစွမ်းအင်တွေ လွှမ်းခြုံလာခဲ့သည်။ ထိုသေဆုံးဆုံးခြင်းစွမ်းအင်တွေက လီကွမ်ရီရပ်နေတဲ့ မြေပြင်အောက်မှ ထွက်ပေါ်လာခဲ့ကြခြင်း ဖြစ်သည်။

     "ဝုန်း"
ထိုစဉ် လီကွမ်ရီနဲ့ မနီးမဝေး၌ ရှိနေတဲ့ တောင်တစ်လုံးက တစ်စစီ အက်ကွဲသွားသည်။ ပြီးနောက် အနက်ရောင်အရိုးတစ်ချောင်း ပေါ်ထွက်လာသည်။ ယင်းက လှံတစ်ချောင်းအလား ကောင်းကင်အနှံ့ မိုင်ထောင်ပေါင်းများစွာ အကွာအဝေးအထိ လျင်မြန်စွာ ပျံထွက်သွားခဲ့သည်။ တစ်ဆက်ထဲမှာ ဟွမ်ဖုဘိုးဘေးရဲ့ နောက်ကျောဘက်သို့ အရှိန်အဟုန်ပြင်းစွာ ပျံသန်းပြီး လက်တစ်ဖက်ကို ထိုးဖောက်ပစ်လိုက်သည်။

     "ဟမ်၊ ဘယ်သူက ငါ့ကို ချောင်းမြောင်းတိုက်ခိုက်နေတာလဲ"
ဟွမ်ဖုဘိုးဘေးမှ ရုတ်တရက် တိုက်ခိုက်ခံရမှုကြောင့် တုန်လှုပ်သွားရသည်။ ဒါ့အပြင် သူ့စိတ်ထဲ လွန်စွာ ကြောက်မက်ဖွယ်ကောင်းတဲ့ အန္တရာယ်အငွေ့အသက်တွေကိုလည်း ခံစားလိုက်ရသည်။

     "ရွှီး"
ထိုစဉ် အနက်ရောင်အရိုးက ဟွမ်ဖုဘိုးဘေးထံ နောက်တစ်ကြိမ် ဝင်ရောက်လာခဲ့ပြန်သည်။

     "သေစမ်း"
ဟွမ်ဖုဘိုးဘေးမှာ ရှောင်တိမ်းဖို့ အချိန်မရတော့ဘဲ အကြောက်အကန် ပြန်လည်ခုခံသည်။ သူ့စိတ်ထဲ လွန်စွာ ကြောက်မက်ဖွယ်ကောင်းတဲ့ အငွေ့အသက်တွေ ခံစားနေမ်သည်။ နောက်ဆုံးမှာတော့ မပေါ့ဆရဲတော့ပဲ အနက်ရောင် အရိုးရှိရာသို့ လက်သီးပေါင်းများစွာ ပစ်သွင်းပြီး တိုက်ခိုက်ပစ်လိုက်တော့သည်။

     "ဘုန်း ... ဘုန်း ... ဘုန်း"
ဟွမ်ဖုဘိုးဘေးရဲ့ လက်သီးတွေက နေရာအနှံ့ကို အဆက်မပြတ် ပြေးဝင်သွားကြသည်။ အားလုံးမှာ ထိုမြင်ကွင်းကို ကြည့်ပြီး ကြက်သေ သေနေမိကြတော့သည်။ သူတို့အားလုံးရဲ့အမြင်တွင် ဟွမ်ဖုဘိုးဘေးရဲ့လက်သီးတွေက ကောင်းကင်ကို ထိုးဖောက်နေသည်ဟုပင် မြင်ယောင်နေမိကြသည်။ အနက်ရောင်အရိုးကိုမူ မည်သူကမှ မတွေ့ကြသေးပေ။

     "ဟမ်၊ အဲ့ဒီဟာက ဘာကြီးလဲ"
ထိုအချိန်မှာပင် ဘိုးဘေးတစ်ယောက်က အနက်ရောင်အရိုးကို သတိထားမိသွားသည်။ သူ့စိတ်တွင် အလွန်အမင်း ရှုပ်ထွေးနေမိပြီး အနက်ရောင်အရိုးကို နောက်တစ်ကြိမ် ပြန်ကြည့်သည်။ သို့သော် သူ့ရဲ့ အမြင်အရ အနက်ရောင် အရိုးပေါ်၌ မည်သည့် ထူးခြားမှုမှ မတွေ့ရပေ။ သေချာသည်ကတော့ ဒါက အကြိမ်ပေါင်းများစွာ မီးရှို့လောင်ကျွမ်းခံထားရတဲ့ အရိုးလေးတစ်ချောင်းထက် မပိုပေ။

     သို့သော် ဒီအရိုးလေးက ဟွမ်ဖုဘိုးဘေးရဲ့ တိုက်ခိုက်မှုတွေကို ခံနိုင်ရည် ရှိနေခဲ့သည်။ ဒါက ဘာကိုဆိုလိုသနည်း။ နတ်ဘုရားစစ်သည်တော်တစ်ယောက်ရဲ့ တိုက်ကွက်ကို ခံနိုင်ရည်ရှိနေမှုတစ်ခုထဲနှင့်ပင် ဒီအရိုးလေးက မည်မျှ ကြောက်မက်ဖွယ်ကောင်းမှန်း သိသာစေပေသည်။

     ကျင့်ကြံသူအများအပြားမှာလည်း ယခုမှသာ အနက်ရောင်အရိုးလေးကို သတိထားမိသွားကြသည်။ ဒီမတိုင်ခင် ဟွမ်ဖုဘိုးဘေးကို တိုက်ခိုက်နေတာက အနက်ရောင်အရိုးလေးဖြစ်နေမည်ဟု မည်သူကမှ မထင်ထားခဲ့ကြပေ။

     "နတ်ဘုရားစွမ်းအား"
ထိုအချိန်မှာပင် ဟွမ်ဖုဘိုးဘေးက ကျယ်လောင်စွာ အော်ဟစ်မာန်သွင်းသည်။ ပြီးနောက် သူ့ရဲ့ အားအကောင်းဆုံး တိုက်ကွက်ကို ထုတ်ဖော်သည်။ တစ်ဆက်ထဲမှာ သူ့ရဲ့ကံစွမ်းအားလက်နက်အပေါ်သို့ သက်ရှည်သွေးရည်ကြည်တစ်စက်ကို ပေါင်းစပ်စေလိုက်သည်။ တကယ်ဆိုလျှင် သူ့ထံ၌ သွေးသားစွမ်းအင်တွေ ခမ်းခြောက်နေပြီဖြစ်သည်။ ယခုလို သက်ရှည်သွေးရည်ကြည်တစ်စက် ထုတ်သုံးခြင်းက ထိခိုက်မှုတွေ ဖြစ်ပေါ်လာနိုင်ပေသည်။

     သို့သော် ယခုအချိန်မှာတော့ သူက မစွန့်စား၍ မရတော့ပေ။ အကယ်၍ သူသာ ယခုလို မစွန့်စားပါက အနက်ရောင်အရိုးလေးရဲ့ သတ်ဖြတ်မှုကို ခံရနိုင်သည်ဟု သူ့စိတ်ထဲ ခံစားနေမိသည်။

     "ဝုန်း"
ဟွမ်ဖုဘိုးဘေးရဲ့ တိုက်ခိုက်မှုက အနက်ရောင်အရိုးလေးထံ ပြင်းထန်စွာ ကျဆင်းသွားခဲ့သည်။ ထိုတိုက်ခိုက်မှုက လွန်စွာ ပြင်းထန်လွန်းရကား ကြယ်တာယာတွေကိုပင် ပေါက်ကွဲသွားစေသည်။ ဒါ့အပြင် အနက်ရောက် အရိုးလေးမှ ထွက်ပေါ်နေတဲ့ မရေမတွက်နိုင်တဲ့ ဥပဒေသတွေကိုလည်း တစ်စစီ ပိုင်းခြားပစ်လိုက်သည်။

     "ဝုန်း"
နောက်ဆုံးမှာတော့ ကျယ်လောင်တဲ့ ပေါက်ကွဲသံတစ်ချက်နဲ့အတူ အနက်ရောင်အရိုးလေးမှာ တစ်စစီ ပေါက်ကွဲပျက်စီးသွားရတော့သည်။ အရိုးအပိုင်းအစတွေက နေရာအနှံ့ကို လွင့်ထွက်သွားပြီး တစ်ကွဲတစ်ပြားစီ ဖြစ်သွားခဲ့သည်။ သို့သော် မည်သူတစ်ဦးတစ်ယောက်ကမှတော့ ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိပေ။

     "သေစမ်း"
အနက်ရောင်အရိုးလေး ပျက်စီးသွားပြီးနောက်မှာတော့ လီကွမ်ရီရဲ့ မျက်လုံးတွေက လွန်စွာ အေးစက်ခက်ထန်သွားခဲ့သည်။ သူက အေးတိအေးစက် အော်ဟစ်လိုက်ပြီး တစ်ဆက်ထဲမှာ မရဏအချုပ်အနှောင်ကျင့်စဉ်ကို ပြန်လည်ထုတ်ဖော်သည်။ ပြီးနောက် တစ်စစီဖြစ်သွားတဲ့ အရိုးအပိုင်းအစတွေကို ပြန်လည်စုစည်းစေပြီး ခန္ဓာကိုယ်တစ်ခုအဖြစ် တည်ဆောက်လိုက်သည်။

     "ဒါ ... ဒါက ဘယ်လို ငှက်မျိုးလဲ"
အားလုံးမှာ အသစ်တစ်ဖန် ပြန်ဖြစ်ပေါ်လာတဲ့ အရိုးစုကြီးကို ကြည့်ပြီး တုန်လှုပ်သွားကြရတော့သည်။ သို့သော် အရိုးစုငှက်ကြီးက ခန္ဓာကိုယ်အစိတ်အပိုင်းတွေ စုံလင်ခြင်း မရှိတော့ပေ။ မှန်သည် ... ဒီငှက်က မပြည့်စုံတော့တဲ့ အရိုးအချို့နဲ့သာ ပြန်လည်ဖွဲ့စည်းထားခြင်း ဖြစ်သည်။

     ထိုအချိန်မှာပင် အရိုးစုငှက်ကြီးက သူ့ရဲ့အတောင်ပံတွေကို ဖြန့်ကားပြီး ကောင်းကင်ယံအနှံ့ ပျံဝဲသည်။ ပြီးနောက် ကြောက်မက်ဖွယ် အော်သံတစ်ချက်ပြုသည်။ ဒါ့အပြင် သူ့ရဲ့အတောင်ပံခတ်ချက်တွေက ကောင်းကင်ယံကိုပင် ပြိုပျက်စေနိုင်စွမ်း ရှိပုံရသည်။ သူ့ရဲ့ အတောင်ပံတစ်ချက် ခတ်လိုက်တဲ့ အင်အားက လေထုထဲမှာ ဒဏ်ရာပုံရိပ်အချို့ ကျန်ရှိနေစေခဲ့သည်။

     ထိုစဉ် အရိုးစုငှက်ကြီးက သူ့ရဲ့ အတောင်ပံတွေ ဖြန့်ကားရင်း ဟွမ်ဖုဘိုးဘေးထံ ထိုးဆင်းလာခဲ့တော့သည်။ ဟွမ်ဖုဘိုးဘေးကလည်း အကြောက်အကန် ပြန်လည်တိုက်ခိုက်သည်။ သို့သော် ဒီတစ်ကြိမ်မှာတော့ မလွယ်ကူတော့ပေ။ ချက်ချင်းပင် ဟွမ်ဖုဘိုးဘေးရဲ့အားအကောင်းဆုံးတိုက်ကွဲက တဒင်္ဂအတွင်း ဖျက်ဆီးခံလိုက်ရတော့သည်။

     "ဝုန်း"
နောက်ဆုံးမှာတော့ ဟွမ်ဖုဘိုးဘေးမှာ အရှိန်ပြင်းစွာ လွင့်ထွက်သွားရတော့သည်။ သူ့ရဲ့သွေးတွေကလည်း နေရာအနှံ့ ပျံ့နှံ့နေခဲ့သည်။ ထိုအချိန်မှာပင် အရိုးစုငှက်ကြီးက လဲကျနေတဲ့ ဟွမ်ဖုဘိုးဘေးထံ ပျံဝဲလာပြန်သည်။ တစ်ဆက်ထဲမှာ အော်မြည်သံတစ်ချက်ပြုပြီး ဟွမ်ဖုဘိုးဘေးရဲ့ရင်ဘတ်ကို ထိုးဖောက်ပစ်လိုက်တော့သည်။ ပြီးနောက် ကောင်းကင်ယံအထက် ပျံဝဲပြီး အောင်နိုင်သူတစ်ယောက်အလား ဝင့်ကြွားစွာ ရပ်နေခဲ့သည်။

     "ဒါ ... ဒါက မဖြစ်နိုင်ဘူး"
အားလုံးမှာ သူတို့အရှေ့မှ မြင်ကွင်းကို ကြည့်ပြီး တုန်လှုပ်ချောက်ချားသွားကြရသည်။ မည်သူတစ်ဦးတစ်ယောက်ကမှ လက်ရှိအဖြစ်အပျက်တွေကို လက်သင့်မခံနိုင်ကြသေးပေ။ နတ်ဘုရားစစ်သည်တော်အဆင့်တစ်ယောက်က အရိုးစုငှက်ကို ရှုံးနိမ့်ခဲ့သည်။ မည်သူက ယုံကြည်နိုင်ကြမည်နည်း။ အကယ်၍ ကိုယ်တိုင်မြင်တွေ့ရခြင်း မဟုတ်ဘဲ အခြားတစ်ယောက်ပြောပြလို့ သိရပါက ထိုသူကိုသာ အရူးတစ်ယောက်ဟု ဆဲဆိုပြီး နှင်ထုတ်မိကြပေလိမ့်မည်။

     "ငါ့အတွက်တော့ မဖြစ်နိုင်တာ မရှိဘူး"
ထိုစဉ် လီကွမ်ရီက ဟွမ်ဖုဘိုးဘေးရဲ့ အသက်မဲ့နေတဲ့ အလောင်းကို ကြည့်ပြီး ပြုံး၍ ပြောသည်။

     ချက်ချင်းလိုလိုပင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားရတော့သည်။ အားလုံးမှာ အရာအားလုံးက သူတို့အရှေ့ ဖြစ်ပျက်သွားပေမယ့် မယုံကြည်နိုင်ကြသေးပေ။

     "ဒါ ... ဒါက တကယ်ဖြစ်နေတာရော ဟုတ်လို့လား"
ကျင့်ကြံသူတစ်ယောက်က တုန်တုန်ရင်ရင်နဲ့ ရေရွတ်သည်။ သူ့စိတ်ထဲမှာတော့ ယခုအဖြစ်အပျက်တွေကို အိပ်မက်တစ်ခုအလား ထင်မှတ်နေမိသည်။

     မည်သူက ယုံကြည်နိုင်ကြမည်နည်း။ ဟွမ်ဖုဘိုးဘေးက နတ်ဘုရားစစ်သည်အတော့အဆင့် ဖြစ်သည်။ အကယ်၍ နတ်ဘုရားသခင်အဆင့်တစ်ယောက်က သတ်ဖြတ်ခဲ့သည်ဆိုလျှင်တော့ အားလုံးက ခြွင်းချက်မရှိ ယုံကြည်ကြပေမည်။ သို့သော် ယခုမူကား ခန္ဓာကိုယ်အစိတ်အပိုင်းတွေပင် ပြည့်စုံမှုမရှိတော့တဲ့ အရိုးစုငှက်က သတ်ဖြတ်ခဲ့သည်။ ဘယ်လိုလုပ် လက်ခံနိုင်တော့မည်နည်း။ အဖြစ်အပျက်တွေ အားလုံးက တကယ့်ကို အိပ်မက်ဆန်လွန်းလှပေသည်။

     ကျစ်ယန်ကိုယ်တိုင်လည်း လီကွမ်ရီရဲ့ဘေးမှာ ရပ်နေရင်း တုန်လှုပ်နေမိသည်။ သူမအနေနဲ့ ယခုလို အရိုးစုတွေကို ထင်းရှူးတောင်တန်းပေါ်၌ မြင်တွေ့ခဲ့ဖူးသည်။ ထိုအချိန်ကတော့ အရိုးစုတွေ ဘယ်က ရောက်လာသည်ဆိုတာကို မသိခဲ့ပေ။ သို့သော် ယခုတော့ သူမရဲ့ စိတ်ထဲ အရာအားလုံး နားလည်သွားခဲ့ပြီ ဖြစ်သည်။ လီကွမ်ရီက ကျင့်စဉ်တစ်ခုခုကို အသုံးပြုပြီး အရိုးစုတွေ အသက်သွင်းကာ တိုက်ခိုက်စေခြင်း ဖြစ်ရပေမည်။

     "ဝုန်း"
ထိုအချိန်မှာပင် ရှန်းဘိုးဘေးက ထျဲရီထံ လက်သီးတစ်ချက်ပစ်သွင်းသည်။ ပြီးနောက် ဆက်လက်တိုက်ခိုက်ဖို့ မစဉ်းစားတော့ဘဲ အနောက်ကို လှည့်ပြေးသည်။ ဟွမ်ဖုဘိုးဘေးပင် အသတ်ခံခဲ့ရသည်ဖြစ်၍ ဒီနေရာမှာ ဆက်နေပါက သူ့အတွက် မလုံခြုံမှန်း ရိပ်စားမိသည်။ သေချာသည်ကတော့ သူသာ ဒီနေရာမှာ ဆက်ရှိနေပါက လီကွမ်ရီရဲ့ သတ်ဖြတ်ခြင်းကို ခံရနိုင်ပေသည်။ ဒါကြောင့်လည်း အခြား အယ်လ်ခမီနိုင်ငံရဲ့ဘိုးဘေးတွေရှိရာသို့ အလျင်အမြန် လှည့်ပြေးသွားခြင်း ဖြစ်ပေသည်။
                             ***

စစ်ဧကရာဇ်(Chapter:767)
(ပြိုင်ဘက်ကင်းအရိုး)
.................................
     ရှန်းဘိုးဘေးထွက်ပြေးသွားတဲ့ မြင်ကွင်းက အားလုံးကို ဆွံ့အပြီး ကျန်ရစ်နေစေခဲ့သည်။ အခြားတစ်ဖက်တွင် ရှန်းအိမ်တော်အတွင်း အသက်ရှင် ကျန်ရစ်နေတဲ့ တပည့်တွေမှာမူ အလွန်အမင်း စိတ်ဓာတ်ကျသွားရတော့သည်။ သူတို့ရဲ့အားအကောင်းဆုံး ဘိုးဘေးကိုယ်တိုင်တောင်မှ ထွက်ပြေးသွားခဲ့ရပြီ ဖြစ်သည်။ သေချာသည်ကတော့ သူတို့အသက်ရှင်သန်ဖို့ မျှော်လင့်ချက် မရှိတော့ပေ။

     "ဟမ်၊ ထွက်ပြေးချင်နေတာလား၊ အရမ်းနောက်ကျသွားပြီ"
ထိုစဉ် ထွက်ပြေးသွားတဲ့ ရှန်းဘိုးဘေးကို ကြည့်ပြီး အေးစက်စွာ ရေရွတ်သည်။ တစ်ချိန်ထဲမှာ သေဆုံးခြင်းစွမ်းအင်တွေက ပိုမိုအားကောင်းစွာ ထွက်ပေါ်လာခဲ့တော့သည်။ ပြီးနောက် ကောင်းကင်ယံမှာ ရှိနေတဲ့ အရိုးစုငှက်က သူ့ရဲ့အတောင်ပံတွေကို စတင်ရိုက်ခတ်ပြီး ရှန်းဘိုးဘေးအနောက်ကို လျင်မြန်စွာ လိုက်သည်။ ၎င်းရဲ့အမြန်နှုန်းက လွန်စွာ မြန်ဆန်လွန်းလှပြီး ရှန်းဘိုးဘေးထက် အပြတ်အသတ် သာလွန်သည်။ အချိန်တိုအတွင်းမှာပင် ရှန်းဘိုးဘေးကို လိုက်မီသွားခဲ့သည်။

     "ဝုန်း"
အရိုးစုငှက်က သူ့ရဲ့အတောင်ပံတွေကို ဖြန့်ကားပြီး ရှန်းဘိုးဘေးကို စတင်တိုက်ခိုက်သည်။ ရှန်းဘိုးဘေးမှာ ဟွမ်ဖုဘိုးဘေးထက် များစွာအားနည်းလွန်းရကား အရိုးစုငှက်ရဲ့ တိုက်ကွက်တစ်ခုကိုပင် ရှောင်တိမ်းနိုင်စွမ်း မရှိတော့ပေ။ ချက်ချင်းပင် ငှက်ရဲ့အတောင်ပံနဲ့ ရိုပ်ခတ်မိပြီး မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာ ပြုတ်ကျသွားရတော့သည်။ ပြုတ်ကျတဲ့ အရှိန်ကြောင့် မြေပြင်၌ ကြီးမားတဲ့ တွင်းတစ်ခုကို ဖြစ်ပေါ်လာစေခဲ့သည်။ ဒါ့အပြင် ရှန်းဘိုးဘေးရဲ့ သွေးတွေကလည်း နေရာအနှံ့ကို ပျံ့နှံ့သွားခဲ့တော့သည်။

     ရှန်းဘိုးဘေးမှာ နာကျင်မှုကို ဂရုမစိုက်အားပေ။ သူက လွတ်မြောက်ဖို့အတွက်သာ ဆန္ဒပြင်းထန်နေပြီး လဲကျနေရာမှ လျင်မြန်စွာ ထသည်။ ပြီးနောက် ထွက်ပြေးဖို့ ကြိုးစားပြန်သည်။ သို့သော် ထိုအချိန်မှာပင် အရိုးစုငှက်ရဲ့ခြေနှစ်ချောင်းက သူ့ရဲ့ ပခုံးတွေကို တင်းကြပ်စွာ ချုပ်နှောင်ထားလိုက်တော့သည်။ တစ်ဆက်ထဲမှာ အရိုးစုငှက်က သူ့ရဲ့ကံစွမ်းအားကိုလည်း ချုပ်နှောင်လိုက်ပြန်သည်။

     "မဟုတ်ဘူး"
ရှန်းကလန်ရဲ့အသက်ရှင်ကျန်ရစ်သူ အချို့မှာ ရှန်းဘိုးဘေးရဲ့ အဖြစ်ကို ကြည့်ပြီး အလွန်အမင်း တုန်လှုပ်သွားကြရသည်။ ရှန်းဘိုးဘေးသာ သေဆုံးသွားပါက သူတို့ရဲ့ရှန်းကလန်တစ်ခုလုံး ပျက်စီးသွားတာနဲ့ မခြားတော့ပေ။

     အခြားကျင့်ကြံသူအများအပြားမှာလည်း ရှန်းဘိုးဘေးရဲ့ အဖြစ်ကို ကြည့်ပြီး ဆွံ့အတုန်လှုပ်နေမိကြသည်။ ဒီမတိုင်ခင် ဟွမ်ဖုဘိုးဘေးက အရိုးစုငှက်ရဲ့သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ယခုမူ အရိုးစုငှက်က ရှန်းဘိုးဘေးကို ဖမ်းဆီးလိုက်ပြန်သည်။ မည်သူက မတုန်လှုပ်ဘဲ နေနိုင်ကြတော့မည်နည်း။ ဒါတောင်မှ အရိုးစုငှက်က သေဆုံးပြီးသား ဖြစ်သည့်အပြင် ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာလည်း မပြည့်စုံတော့ပေ။ အကယ်၍ ၎င်းသာ အသက်ရှင်သန်နေဆဲ ဖြစ်ပါက မည်မျှ ကြောက်မက်ဖွယ်ကောင်းမည်မှန်း ခန့်မှန်း ကြည့်နိုင်ပေသည်။

     အားလုံးမှာ အရိုးစုငှက်က စကြာဝဠာအဆင့် နှစ်ယောက်ကို ၎င်းရဲ့အစာဖြစ်တဲ့ ပိုးကောင်ငယ်လေးတွေအလား ပြုမူနေ၍ ပြောစရာစကား မရှိအောင် ဖြစ်နေကြရသည်။ ဒီမတိုင်ခင် သူတို့အားလုံးရဲ့ အတွေးထဲ၌ လီကွမ်ရီအသတ်ခံရပြီး ရှန်းဘိုးဘေးအနိုင်ရမည်ဟု ထင်မှတ်ခဲ့ဖူးသည်။ သို့သော် ဖြစ်လာသည်က သူတို့တွေးထားသည်နဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။ ရှန်းကလန် ဖျက်ဆီးခံရသည့်အပြင် ရှန်းဘိုးဘေးက အဖမ်းခံခဲ့ရသည်။ ပို‌ဆိုးသည်မှာ စစ်ကူရောက်နေတဲ့ ဟွမ်ဖုကလန်ရဲ့ မဟာဘိုးဘေး အသတ်ခံခဲ့ရခြင်း ဖြစ်သည်။

     "ငါ့ကို နှောက်ယှက်သူမှန်သမျှကို ငါကလည်း ဘယ်တော့မှ လစ်လျူမရှုတတ်ဘူး"
ထိုစဉ် လီကွမ်ရီက ရှန်းဘိုးဘေးကို ပြုံး၍ ပြောလိုက်သည်။

     "ဂျူနီယာ၊ ငါ့ကို မင်းသတ်လို့ မရပါဘူး"
ရှန်းဘိုးဘေးက တုန်တုန်ရင်ရင်နဲ့ ပြန်ပြောသည်။ အသက်အန္တရာယ်က လက်တစ်ကမ်းအကွာမှာ ရောက်နေပြီမှန်း သူ့စိတ်ထဲ ကောင်းကောင်းကြီး ခံစားမိနေပြီ ဖြစ်သည်။ တကယ်ဆိုရင် သူကာ အခြားသူတွေရဲ့ သေခြင်း၊ ရှင်ခြင်းကို ထိန်းချုပ်ခဲ့သည်ချည်းသာ ဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကမှ သူ့ရဲ့အသက်ကို ခြိမ်းခြောက်နိုင်ခဲ့ခြင်း မရှိပေ။ သို့သော် ယခုမူကား လီကွမ်ရီလို လူငယ်မျိုးဆက်တစ်ယောက်က သူ့ကို ခြိမ်းခြောက်နေခဲ့ပြီ ဖြစ်သည်။

     "ဒီလိုလား"
လီကွမ်ရီက ရှန်းဘိုးဘေးကို ပြုံး၍ ဆက်ပြောသည်။
"မင်းက အယ်လ်ခမီနိုင်ငံရဲ့ဘိုးဘေးတစ်ယောက်ဖြစ်တာနဲ့ပဲ ငါမသတ်ရဲဘူးလို့ ထင်နေတာလား၊ အယ်လ်ခမီနိုင်ငံ မပြောနဲ့ ... လောကမှာ ငါမသတ်ဝံ့တဲ့လူ တစ်ယောက်မှ မရှိဘူး"

     လီကွမ်ရီရဲ့ စကားအဆုံးမှာတော့ ရှန်းဘိုးဘေးမှာ လိပ်ပြာလွင့်မတတ် တုန်လှုပ်သွားရတော့သည်။ သူ့စိတ်ထဲတွင် လီကွမ်ရီက ပြောသည့်အတိုင်း တကယ်လုပ်မည်ကို ခံစားနေမိသည်။ နောက်ဆုံးမှာတော့ သူက စိတ်ဝိညဉ်ကို ထုတ်လွတ်ပြီး တော်ဝင်နန်းတော်ရှိရာသို့ စေလွတ်သည်။ ပြီးနောက် တုန်လှုပ်စွာ ျအာ်ဟစ်အကူအညီတောင်းသည်။
"စီနီယာဦးလေး၊ ကျွန်တော့်ကို ကယ်ပေးပါ"

     ရှန်းဘိုးဘေးရဲ့ စိတ်ဝိညဉ်က တော်ဝင်နန်းတော်အတွင်း ဘိုးဘေးတွေ နေထိုင်ရာသို့ မြှားတံတစ်ချောင်းသဖွယ် လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။ ချက်ချင်းပင် ကောင်းကင်ယံ၌ ကြောက်မက်ဖွယ် အလင်းရောင်အချို့ လင်းလက်လာခဲ့သည်။ ထိုအလင်းတန်းကို ကြည့်ရသည်မှာ နတ်ဘုရားတစ်ပါး နိုးထလာသည့်အလား ထင်မှတ်မှားရသည်။ တစ်ဆက်ထဲမှာ ပြိုင်ဘက်ကင်းအရှိန်အဝါတွေက ဆေးကျောက်တုန်းကမ္ဘာအနှံ့ကို လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ ယင်းက ကမ္ဘာကြီးတစ်ခုလုံးကိုပင် အမှန်အကန် ကိုင်လှုပ်နိုင်ခဲ့သည်။

     ဆေးကျောက်တုန်းကမ္ဘာရှိ အဖွဲ့အစည်းအများအပြားမှာ ပြိုင်ဘက်ကင်း အရှိန်အဝါတွေကို ခံစားမိပြီး အလွန်အမင်း တုန်လှုပ်သွားကြရသည်။ ကျန့်လုံကလန်၊ သားရဲနန်းတော်နဲ့ ကောင်းကင်မြစ်ဂိုဏ်းတို့လို အင်အားကြီး အဖွဲ့အစည်းတွေရှိ ဘိုးဘေးတွေပင် ကြောက်မက်ဖွယ် အရှိန်အဝါတွေကို ခံစားမိပြီး သွေးကျောက်တုန်းအစီအရင်အတွင်း အိပ်ပျော်နေရာမှ လန့်နိုးလာခဲ့ကြတော့သည်။

     "ဘာတွဖြစ်နေတာလဲ"
သွေးကျောက်တုန်း အစီအရင်အတွင်းရှိ ဘိုးဘေးတစ်ယောက်က စိတ်လှုပ်ရှားစွာ ရေရွတ်သည်။ တစ်ဆက်ထဲမှာ ကြောက်မက်ဖွယ် အရှိန်အဝါတွေက အယ်လ်ခမီနိုင်ငံရှိရာမှာ မြစ်ဖျားခံလာကြောင်း သိရှိလိုက်သည်။

     "တစ်ယောက်ယောက်က အယ်လ်ခမီနိုင်ငံကို တိုက်ခိုက်နေတာလား၊ ထူးဆန်းမှု တစ်ခုခု ဖြစ်လို့လား၊ ဘာကြောင့် သူတို့ရဲ့ဘိုးဘေးတွေ နိုးထလာရတာလဲ"
ကျန့်လုံကလန်အတွင်းရှိ ဘိုးဘေးမှာလည်း သွေးကျောက်တုန်းအစီအရင်အတွင်း အိပ်ပျော်နေရာမှ နိုးထလာပြီး စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်ပြန်သည်။

     လက်ရှိအချိန်တွင် အယ်လ်ခမီမြို့တော်အတွင်းရှိ ကျင့်ကြံသူတွေမှာ စိတ်အနှောက်အယှက် ဖြစ်နေမိကြတော့သည်။ အားလုံးမှာ ကြောက်မက်ဖွယ် ဖိအားတွေအောက် မွန်းကျပ်လာပြီး အသက်ရှူဖို့ပင် ခဲယဉ်းနေကြသည်။ သူတို့ရဲ့ဒူးတွေမှာလည်း မြေပြင်ပေါ် မရပ်နိုင်တော့သည်အထိ တဆတ်ဆတ် တုန်ခါနေရတော့သည်။ သေချာတာတစ်ခုကတော့ ယခုထွက်ပေါ်လာသည့် အရှိန်အဝါတွေက ဧကရာဇ်ထွက်ပေါ်လာသည်ထက် အနည်းငယ်မျှသာ အားနည်းသည်ဟု ဆိုရမည်ဖြစ်သည်။ ကောင်းကင်ဘုံအရှင်သခင်တွေပင် မြေပြင်ပေါ် မရပ်နိုင်ကြတော့ဘဲ ဒူးထောက်နေကြရတော့သည်။

     ကျင့်ကြံသူအားလုံးရဲ့ စိတ်ထဲတွင် ကြောက်မက်ဖွယ် အရှိန်အဝါတွေကြောင့် အလိုလို ဦးညွှတ်ချင်စိတ်တွေ ဖြစ်ပေါ်လာခဲ့ကြသည်။ သို့သော် လက်ရှိအချိန်အထိ မည်သူတစ်ဦးတစ်ယောက်ကမှ ယခုထွက်ပေါ်လာသူကို မတွေ့ကြရသေးပေ။

     "တော်ဝင်မိသားစု အသက်ရှည်ပါစေ"
ထိုအချိန်မှာပင် ကျင့်ကြံသူတစ်ယောက်က မြေပြင်ပေါ် ပြားပြားဝပ်ပြီး အော်ဟစ်အရိုအသေ ပေးလိုက်မိသည်။

     "ဝုန်း"
ထိုကျင့်ကြံသူရဲ့အသံအဆုံးမှာပင် ကောင်းကင်ပေါ်မှ ပုံရိပ်က ရှန်းကလန်ရဲ့ စံအိမ်အတွင်း လက်ညှိုးညွှန်လိုက်သည်။ ချက်ချင်းပင် ကြောက်မက်ဖွယ်အရှိန်အဝါတွေက ဆေးကျောက်တုန်းကမ္ဘာကြီးတစ်ခုလုံးကို ရိုက်ခတ်သွားပြန်သည်။ တစ်ချိန်ထဲမှာ လေပြင်းတစ်ချက် ဖြစ်ပေါ်လာပြီး ရှန်းကလန် စံအိမ်အတွင်းမှ အဆိပ်ကောင်တွေအားလုံးကို လွင့်ထွက်သွားစေခဲ့တော့သည်။

     လက်ညှိုးတစ်ချောင်းမျှ လှုပ်ရှားရုံနှင့်ပင် အဆိပ်ကောင်တွေ အားလုံးကို ပျောက်ကွယ်သွားစေခဲ့သည်။ ဒါကိုကြည့်ခြင်းအားဖြင့် ယခု ထွက်ပေါ်လာသူက ဟွမ်ဖုဘိုးဘေးထက် ပို၍ အားကောင်းမှန်း သိသာစေပေသည်။

     "စီနီယာဦးလေး၊ ကျွန်တော့်ကို ကယ်ပါ"
ရှန်းဘိုးဘေးက ကောင်းကင်ယံကို မော့ကြည့်ပြီး သနားစဖွယ် အော်ဟစ်သည်။ ယခုလို အခြေအနေရောက်မှတော့ သူက ရှက်ရွံ့မနေတော့ပေ။ တကယ်တော့ သူက သွေးကျောက်တုန်း အစီအရင်မှ ထွက်ခွာလာချိန်တွင် ဆေးဝါးသန့်စင်ရန် အကြောင်းပြပြီး စီနီယာတွေကို လိမ်ညာ၍ ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။

     ထိုအချိန်မှာပင် ကောင်းကင်ယံ၌ နောက်ထပ် အလင်းတန်းများစွာ ဖြာထွက်လာခဲ့ပြန်သည်။ တစ်ဆက်ထဲမှာ နတ်ဘုရားစစ်သည်တော်အဆင့် အော်ရာတွေက မြို့တော်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။ အားလုံးမှာ လေးလံတဲ့ ဖိအားတစ်ခု ကျဆင်းလာသည့်အလား မြေပြင်ပေါ်ကို ဒူးထောက်ညွှတ်ကျကုန်ကြတော့သည်။ စစ်မှန်တဲ့ နတ်ဘုရားသခက်အဆင့်တစ်ယောက်ရဲ့အော်ရာတွေက တကယ့်ကို ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ မည်သူမဆို ထိုအရှိန်အဝါတွေကို ခံစားမိပါက အလိုအလျောက် ဦးညွှတ်ချင်စိတ်တွေ ဖြစ်ပေါ်လာလိမ့်မည် ဖြစ်သည်။

     "စစ်မှန်တဲ့ နတ်ဘုရားစစ်သည်တော်အဆင့်"
ကျင့်ကြံသူတစ်ယောက်မှာ ကောင်းကင်ယံမှ ပုံရိပ်ကို ကြည့်ပြီး တုန်တုန်ရင်ရင်နဲ့ ရေရွတ်မိလိုက်သည်။ သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း အအေးမိထားသလို အေးခဲနေပြီး ကျောရိုးတွေမှာ လှုပ်ရှားမရအောင် တောင့်တင်းနေရတော့သည်။

     အချိန်တိုအတွင်းမှာပင် မြို့တော်အတွင်း တဒင်္ဂ တိတ်ဆိတ်သွားရတော့သည်။ အားလုံးမှာ အယ်လ်ခမီနိုင်ငံ ဘိုးဘေးတွေအကြောင်း ကြားသိဖူးသည်မှာ မှန်သော်လည်း မည်သူကမှ ကိုယ်တိုင်ကိုယ်ကျ မတွေ့ဖူးခဲ့ကြပေ။ ယခုတော့ လီကွမ်ရီလို လူငယ်တစ်ယောက်ကြောင့် အယ်လ်ခမီနိုင်ငံရဲ့ မဟာဘိုးဘေးကိုယ်တိုင် ထွက်ပေါ်လာခဲ့ရပြီ ဖြစ်သည်။ အားလုံးမှာ ထိုမြင်ကွင်းကို ကြည့်ပြီး အသက်ရှူဖို့ပင် မေ့လျောနေမိကြတော့သည်။

     လက်ရှိအချိန်တွင် လီကွမ်ရီတစ်ယောက်သာ တည်တည်ငြိမ်ငြိမ် ရှိနေခဲ့သည်။ သူက မျက်လုံးတွေ မှေးစင်းရင်း ကောင်းကင်ယံမှ ပုံရိပ်ကို ကြည့်လိုက်သည်။

     "လူငယ်မိတ်ဆွေလေး၊ ပြဿနာကို ဒီမှာပဲ အဆုံးသတ်ကြရအောင်"
ထိုစဉ် ကောင်းကင်ယံမှ ပုံရိပ်က တည်ငြိမ်စွာ ပြောသည်။ ၎င်းရဲ့ အသံကပင် လွန်စွာ အားမာန်ပါလှပြီး လွန်စွာမှ ရှေးကျတဲ့ အငွေ့အသက်တွေ ပေါင်းစပ်ပါဝင်နေကြသည်။

     အားလုံးမှာ ကောင်းကင်ယံမှ ပုံရိပ်ရဲ့ စကားကြောင့် အလွန်အမင်း စိတ်လှုပ်ရှားသွားရသည်။ မဟာဘိုးဘေး ထွက်ပေါ်လာပြီးနောက်မှာ မူလ အခြေအနေကို ပြန်ရောက်သွားမည်ဟု သူတို့အားလုံးက ထင်မှတ်ထားခဲ့သည်။ ပွင့်ပွင့်လင်းလင်း ဆိုရပါမူ လီကွမ်ရီအသတ်ခံရတော့မည်ဟု အားလုံးက ထင်မြင်ခဲ့ကြသည်။ ယခုမူ မဟာဘိုးဘေးက စစ်ပြေငြိမ်းလိုဟန် ပေါက်နေ၍ အားလုံးမှာ နားမလည်နိုင်ကြတော့ပေ။ တစ်ဆက်ထဲမှာ လီကွမ်ရီ မည်သို့ ဆုံးဖြတ်မည်ဆိုတာကို စိတ်ဝင်တစား လှည့်ကြည့်လိုက်မိကြတော့သည်။

     "အဆုံးသတ်ရမှာလား၊ ဒါက ငါ့အတွက် အစပဲ ရှိသေးတယ်"
လီကွမ်ရီက ကောင်းကင်ယံမှ ပုံရိပ်ကို ခေါင်းခါရမ်းရင်း ပြန်ပြောသည်။

     အားလုံးမှာ လီကွမ်ရီရဲ့စကားကြောင့် စိတ်ရှုပ်ထွေးသွားကြရသည်။ တကယ်ဆိုလျှင် လက်ရှိအခြေအနေက လီကွမ်ရီအတွက် နောက်ဆုတ်ဖို့ အသင့်လျော်ဆုံးအချိန်တစ်ခု ဖြစ်သည်။ ရှန်းကလန်ကို ဖျက်ဆီးပြီး ရှန်းဘိုးဘေးကို ဖမ်းဆီးနိုင်ခဲ့သည်။ ဒါ့အပြင် ဟွမ်ဖုကလန်ရဲ့ မဟာဘိုးဘေးကို သတ်ဖြတ်နိုင်ခဲ့သေးသည်။ ဒါတွေအားလုံးကပင် သူ့ကို ဆေးကျောက်တုန်းကမ္ဘာကြီးမှာ ကျော်ကြားဖို့ လုံလောက်နေပြီဖြစ်ပြီး ယဲ့ချင်းချန်၊ မိန်အောင်းနန်တို့နဲ့ နှိုင်းယှဉ်နေနိုင်ပြီ ဖြစ်သည်။

     သို့သော် လီကွမ်ရီက ဤမျှနဲ့ တင်းတိမ်နိုင်ဟန် မရှိသေးပေ။ သူက ရန်လိုမှုနှင့်အတူ သူ့ကိုယ်သူ ယုံကြည်ချက်လည်း လွန်စွာ ပြင်းထန်နေပုံ ရသည်။
                             ***

စစ်ဧကရာဇ်(Chapter:768)
(နတ်ဘုရားစစ်သည်တော်အဆင့်)
...................................................
     အခြေအနေက ပတ်ဝန်းကျင်တစ်ခုလုံးကို တိတ်ဆိတ်နေစေခဲ့သည်။ လီကွမ်ရီရဲ့တုန့်ပြန်မှုက အားလုံးကို အံ့အားသင့်စေခဲ့သလို ကောင်းကင်ယံမှ ပုံရိပ်ကိုလည်း အလွန်အမင်း ဒေါသထွက်သွားစေခဲ့သည်။

     သို့သော် ပုံရိပ်က ဒေါသကို ထိန်းချုပ်လိုက်ပြီး လီကွမ်ရီကို ဖြည်းဖြည်းချင်း ပြန်ပြောသည်။
"လူငယ်မိတ်ဆွေလေး၊ တရားခံအစစ်ဖြစ်တဲ့ ဟွမ်ဖုဘိုးဘေးလည်း သေသွားခဲ့ပြီ၊ ပြီးတော့ မင်းက ရှန်းကလန်ကို ဖျက်ဆီးပြီး ရှန်းဘိုးဘေးကိုလည်း အနိုင်ယူခဲ့ပြီးပြီလေ၊ မင်းက ဘာတွေ ဆက်လုပ်ချင်နေသေးလို့လဲ"

     ပုံရိပ်ရဲ့စကားတစ်လုံးချင်းစီက လွန်စွာအားကောင်းတဲ့ အငွေ့အသက်တွေ ပေါင်းစပ် ပါဝင်နေကြသည်။

     သို့သော် လီကွမ်ရီက ခေါင်းကို ခါရမ်းပြီး အမှုမထားဟန်နဲ့ ပြန်ပြောသည်။
"ငါက အနာဂတ်အကြောင်းကို စိတ်မဝင်စားဘူး၊ အခုလောလောဆယ် ငါ့ရဲ့စိတ်ထဲမှာ ရှန်းဘိုးဘေးကို သေစေချင်တယ်၊ သူ့ကို ဆက်ပြီး အသက်ရှင်သန်ဖို့ ငါခွင့်မပြုနိုင်ဘူး"

     အားလုံးမှာ လီကွမ်ရီရဲ့ စကားကြောင့် အသက်ရှူမှားမတတ် ဖြစ်သွားကြရတော့သည်။ သို့သော် သူတို့အားလုံးရဲ့စိတ်ထဲမှာတော့ လီကွမ်ရီရဲ့ ရဲစွမ်းသတ္တိကို တိတ်တဆိတ် အသိအမှတ် ပြုလိုက်မိကြသည်။ အမှန်တကယ်လည်း အယ်လ်ခမီနိုင်ငံအတွင်း မဟာဘိုးဘေးရဲ့ ဆွေးနွေးညှိနှိုင်းချက်တွေကို ငြင်းဆန်ရဲသူဟူ၍ လီကွမ်ရီတစ်ယောက်သာ ရှိပေလိမ့်မည်။ အခြားသူတွေထဲ မည်သူကမှ လုပ်ဆောင်ရဲမည်မဟုတ်ပေ။

     တစ်ချိန်ထဲမှာ အားလုံးရဲ့ စိတ်ထဲ၌ လီကွမ်ရီကို ကြည့်ပြီး နိမ့်ကျသလို ခံစားနေမိသည်။ အယ်လ်ခမီနိုင်ငံ မဟာဘိုးဘေးရဲ့ ရှေ့မှောက်မှာ အားလုံးက မတ်တပ်ပင် မရပ်ရဲဘဲ ဒူးထောက်ဦးညွှတ်နေကြရသည်။ သို့သော် လီကွမ်ရီကတော့ မဟာဘိုးဘေးရဲ့ အရှေ့၌ ရှန်းဘိုးဘေးကို သတ်ဖြတ်ချင်ကြောင်း ရဲရဲတင်းတင် ပြောဆိုဝံ့နေသည်မဟုတ်ပါလား။

     "မင်း"
ရှန်းဘိုးဘေးမှာ လီကွမ်ရီရဲ့ စကားကြောင့် အလွန်အမင်း ဒေါသထွက်သွားရတော့သည်။ သို့သော် သူ့အနေနဲ့ ဘာမှ မတတ်နိုင်ပေ။ လက်ရှိအချိန်မှာ သူ့ရဲ့အသက်က လီကွမ်ရီလက်ထဲ ရှိနေသည်မဟုတ်ပါလား။ ဒီအဖြစ်အပျက်က သူ့ရဲ့တစ်သက်သာမှာ အကြီးမားဆုံးသော အရှက်ကွဲမှုကြီးဟုဆိုလျှင်လည်း မမှားပေ။

     "လူငယ်မိတ်ဆွေလေး၊ ရန်လိုခြင်းက မကောင်းပါဘူး၊ ဒီနေရာကနေ ထွက်ခွာပြီး ကမ္ဘာကြီး ဘယ်လောက်ကျယ်ဝန်းတယ်ဆိုတာကို လေ့လာပါ၊ ဒါက နှစ်ဦးနှစ်ဖက် အကောင်းဆုံးဖြစ်မှာပါ"
ထိုအချိန်မှာပင် ကောင်းကင်ယံမှ ပုံရိပ်က တိုးညင်းစွာ ဆက်ပြောသည်။
"ငါတို့ရဲ့ အယ်လ်ခမီနိုင်ငံက နိမ့်ချပြီး နေဖို့ ဆန္ဒရှိတယ်၊ ဒါပေမယ့် ငါတို့က အားနည်းလွန်းလို့ မဟုတ်ဘူးနော်၊ မိတ်ဆွေလူငယ်လေးကသာ ဒီထက် လွန်ကဲလာရင်တော့ ငါတို့ကို အပြစ်မတင်ပါနဲ့"

     "ဟမ်၊ မင်းရဲ့စကားတွေက မျှတရဲ့လား"
လီကွမ်ရီက မျက်မှောင်ကြုတ်ရင်း အေးစက်စွာ ဆက်ပြောသည်။
"ငါနဲ့ချောင်ကောယောင်တို့ကြား အသက်ချင်း လောင်းကြေးထပ်ပြီး ပြိုင်ပွဲတစ်ခုလုပ်ခဲ့တယ်၊ ချောင်ကောယောင်က ရှုံးသွားတဲ့အတွက် သူ့အသက်ကို ငါပိုင်တယ်၊ ဒါက မင်းတို့ရဲ့ အယ်လ်ခမီနိုင်ငံနဲ့ ဘာဆိုင်လို့လဲ၊ ဒါပေမယ့် ရှန်းကလန်က သူ့ကို ကာကွယ်ပေးခဲ့တယ်၊ ငါမင်းတို့ကို အခွင့်အရေးပေးတဲ့အနေနဲ့ ချောင်ကောယောင်ကို လွဲပြောင်းပေးဖို့ အရင်ဆုံး တောင်းဆိုခဲ့သေးတယ်လေ"

     လီကွမ်ရီက ကောင်းကင်ယံမှ ပုံရိပ်ကို ကြည့်ပြီး ဆက်ပြောသည်။
"ရှန်းကလန်က ငါ့ရဲ့တောင်းဆိုမှုကို မလိုက်လျောခဲ့ဘူး၊ ဒါကြောင့် သူတို့ကို ဖျက်ဆီးခဲ့တာ၊ အခုတော့ အယ်လ်ခမီနိုင်ငံကပါ ငါ့ကို ရန်သူလို သဘောထားလာတာလား၊ ပွင့်ပွင့်လင်းလင်း ပြောရရင် မင်းတို့ရဲ့ ရှန်းကလန်က ငါ့ဆီက အယ်လ်ခမီတာအိုရဲ့လျှို့ဝှက်ချက်တွေကို ရယူချင်ခဲ့တယ်၊ ဒါကြောင့်လည်း ငါ့ကို ထောင်ချောက်ဆင်ခဲ့တာပဲ"

     "ဟမ်၊ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေ၊ ငါတို့ အယ်လ်ခမီနိုင်ငံမှာ အယ်လ်ခမီဧကရာဇ်လေးပါးရဲ့ လျှို့ဝှက်နည်းစနစ်တွေရှိ ....."
ထိုစဉ် ရှန်းဘိုးဘေးက လီကွမ်ရီကို အကြောက်အကန် ပြောဖို့ ပြင်သည်။ သို့သော် လီကွမ်ရီရဲ့ ဟန့်တားမှုကြောင့် ဆုံးအောင် မပြောလိုက်ရပေ။

     "ပါးစပ်ပိတ်ထားစမ်း"
လီကွမ်ရီက ရှန်းဘိုးဘေးကို ဒေါသတကြီး အော်ငေါက်သည်။ တစ်ဆက်ထဲမှာ သူ့ရဲ့ လက်တစ်ဖက်က လှုပ်ရမ်းသွားပြီး ရှန်းဘိုးဘေးရဲ့ မျက်နှာကို ပြင်းထန်စွာ ရိုက်နှက်ပစ်လိုက်သည်။ ရှန်းဘိုးဘေးမှာ လီကွမ်ရီရဲ့ လုပ်ရပ်ကြောင့် အလွန်အမင်း ဒေါသထွက်သွားရတော့သည်။ လူပုံအလယ်တွင် လူငယ်မျိုးဆက်တစ်ယောက်ရဲ့ ရိုက်နှက်ခံရခြင်းက သူ့အတွက် မဟာအရှက်ကွဲမှုကြီးသာ ဖြစ်ပေတော့သည်။

     စောင့်ကြည့်နေသူအများအပြားမှာလည်း အလွန်အမင်း ဆွံ့အ မင်သက်သွားရပြန်သည်။ ရှန်းဘိုးဘေးကို အယ်လ်ခမီနိုင်ငံအတွင်း ပါးရိုက်သည်တဲ့လား။ ဒါက တကယ့်ကို ရူးသွပ်ဖွယ် ကောင်းလွန်းလှသည်။ ပိုဆိုးသည်မှာ ထိုသို့ ပြုလုပ်သူက လူငယ်တစ်ယောက် ဖြစ်နေခြင်း ဖြစ်သည်။

     "လူငယ်လေး၊ မင်းအရမ်းလွန်လာပြီ"
မဟာဘိုးဘေးပင် လီကွမ်ရီရဲ့ လုပ်ရပ်ကြောင့် မငြိမ်သက်နိုင်တော့ပေ။ အယ်လ်ခမီနိုင်ငံရဲ့ ဘိုးဘေးတစ်ယောက်ကို ရိုက်နှက်ခြင်းက တော်ဝင်မိသားစုရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်တာနဲ့ မခြားပေ။ သေချာတာတစ်ခုကတော့ ဒါက အယ်လ်ခမီနိုင်ငံတစ်ခုလုံးကို စော်ကားလိုက်ခြင်း ဖြစ်ပေသည်။

     မဟာဘိုးဘေးက လီကွမ်ရီကို ကြည့်ပြီး တည်ငြိမ်စွာ ဆက်ပြောသည်။
"မင်းသာ ရှန်းဘိုးဘေးကို လွတ်လိုက်မယ်ဆိုရင် ဒီပြဿနာကို ငါတို့ဘက်က ဒီနေရာတင် ရပ်တန့်ပေးမယ်၊ အယ်လ်ခမီနိုင်ငံက ဒီအကြောင်းတွေ ဘယ်တော့မှ ဆက်ပြောမှာ မဟုတ်ဘူး၊ မဟုတ်ရင်တော့ ဆိုးရွားတဲ့ အကျိုးဆက်ကို ခံစားရလိမ့်မယ်"
မဟာဘိုးဘေးရဲ့အသံက သိပ်ပြီး မတိုးလွန်းသလို အရမ်းလည်း ကျယ်မနေခဲ့ပေ။ သို့သော် အားလုံးရဲ့ နားထဲမှာတော့ မိုးချုန်းသံအလား ကျယ်လောင်စွာ ကြားလိုက်ကြရသည်။

     "ဆိုးရွားတဲ့ အကျိုးဆက်လား၊ ဒီလို စကားလုံးတွေကို အကြိမ်ရေအတော်များများ ငါကြားဖူးတယ်"
လီကွမ်ရီက မဟာဘိုးဘေးကို ပြုံး၍ ဆက်ပြောသည်။
"လာပါ၊ မင်းတို့ အယ်လ်ခမီနိုင်ငံရဲ့ အစွမ်းအစ အစစ်အမှန်ကို ငါသိပါရစေ"

     "ဘုန်း"
လီကွမ်ရီရဲ့စကားအဆုံးမှာတော့ မဟာဘိုးဘေးရဲ့ အရှိန်အဝါတွေက ပိုမိုပြင်းထန်လာခဲ့တော့သည်။ ကြောက်မက်ဖွယ်အလင်းတန်းတွေကလည်း ပိုမို လင်းလက်လာခဲ့သည်။ ကောင်းကင်ယံမှာ ရှိတဲ့ ကြယ်တာယာတွေပင်  ထိုအလင်းတန်းတွေအောက်၌ မှေးမှိန်သွားကြရတော့သည်။ ဒါ့အပြင် လက်ရှိအချိန်အထိ မည်သူကမှ မဟာဘိုးဘေးရဲ့ မျက်နှာကို မမြင်တွေ့ရသေးပေ။ သူက အလင်းတန်းတွေ ခြံရံပြီး နတ်ဘုရားတစ်ပါးလို ဝင့်ထည်စွာ ရှိနေခဲ့သည်။ ကမ္ဘာကိုးခုရှိ အခြားသက်ရှိတွေအားလုံးကို သူ့အရှေ့မှ ပုရွှက်ဆိတ်သာသာမျှသာ ဖြစ်သွားစေခဲ့သည်။

     "မိတ်ဆွေလူငယ်လေး၊ သူ့ကိုလွတ်ပေးဖို့ သိပ်ပြီးနောက်မကျသေးဘူးနော်၊ တကယ်လို့ ငါလှုပ်ရှားလာပြီဆိုရင် မင်းသေသွားနိုင်တယ်"
မဟာဘိုးဘေးက လီကွမ်ရီကို ပြောသည်။ တစ်ဆက်ထဲမှာ နတ်ဘုရားစစ်သည်တော်အဆင့် အရှိန်အဝါတွေကို ဆက်လက် ထုတ်လွတ်သည်။

     အယ်လ်ခမီမြို့တော်အတွင်း ရှိနေသူအာူလုံးမှာ ကြောက်မက်ဖွယ်အရှိန်အဝါတွေအောက် ပြင်းထန်တဲ့ ဖိအားတွေကို ခံစားနေကြရတော့သည်။ အားလုံးမှာ အသက်ရှူဖို့ပင် အနိုင်နိုင် ဖြစ်နေကြရသည်။

     "ငါက ကြမ်းတမ်းတဲ့လမ်းကို လျှောက်ရတာ ပိုပြီး သဘောကျတယ်"
လီကွမ်ရီက မဟာဘိုးဘေးကို ပြုံး၍ ဆက်ပြောသည်။
"လူတွေက ငါ့ကို ခြိမ်းခြောက်လေလေ၊ ငါပိုပြီး သဘောကျလေပဲ"
လီကွမ်ရီရဲ့ စကားအဆုံးတွင် သေဆုံးခြင်းစွမ်ူအင်တွေနဲ့ မီးခိုးရောင်အခိုးအငွေ့တွေက ယခင်ထက် များပြားစွာ ထွက်ပေါ်လာကြတော့သည်။

     "စီနီယာဦးလေး၊ ဒီငမိုက်သား တိရိစ္ဆာန်ကောင်ကိုသတ်ပြီး ရှန်းကလန်အတွက် လက်စားချေပေး ...."
မဟာဘိုးဘေးရဲ့အရှိန်အဝါတွေကို မြင်ပြီးနောက်မှာ လီကွမ်ရီကို သတ်တော့မည်ဟု ရှန်းဘိုးဘေးရဲ့ စိတ်ထဲ ထင်မြင်သွားခဲ့သည်။ ဒါကြောင့် သူက ဝမ်းသာအားရ အော်ပြောသည်။ သို့သော် သူ့ရဲ့စကား‌ကိုတော့ ဆုံးအောင် မပြောလိုက်နိုင်ပေ။ အကြောင်းမှာ အရိုးစုငှက်က သူ့ရဲ့ဦးခေါင်းကို ထက်ခြမ်းကွဲသည်အထိ ထိုးဖောက်လိုက်၍ ဖြစ်သည်။ ချက်ချင်းပင် နေရာအနှံ့ သွေးတွေနဲ့ စိုရွှဲသွားရတော့သည်။ ရှန်းဘိုးဘေးမှာမူ နောက်ထပ်စကားပြောနိုင်တော့မည်မဟုတ်ဘဲ ငြိမ်သက်သွားရတော့သည်။

     မဟာဘိုးဘေးကိုယ်တိုင်လည်း လီကွမ်ရီရဲ့ သေဆုံးခြင်းစွမ်းအင်တွေအောက်မှာ မသက်မသာ ခံစားလိုက်ရသည်။ ချက်ချင်းပင် တိုက်ခိုက်မှုတစ်ခုကို ထုတ်ဖော်သည်။ ဒီတိုက်ခိုက်မှုက လွန်စွာ အားကောင်းလှပြီး ကောင်းကင်နဲ့ မြေကြီးကိုပင် ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။ သို့သော် သူ့ရဲ့လှုပ်ရှားမှုက အနည်းငယ်နောက်ကျသွား၍ ရှန်းဘိုးဘေးကို ကယ်တင်နိုင်ခြင်း မရှိတော့ပေ။

     အယ်လ်ခမီနိုင်ငံရဲ့ ပိုင်နက်အတွင်း ဘိုးဘေးတစ်ဦး သတ်ဖြတ်ခံခဲ့ရသည်။ ပိုဆိုးသည်မှာ လူငယ်တစ်ယောက်က အယ်လ်ခမီနိုင်ငံမဟာဘိုးဘေးရဲ့ ရှေ့မှောက်၌ မကြောက်မရွံ့ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ မည်သူက မတုန်လှုပ်ဘဲ နေနိုင်ကြတော့မည်နည်း။ ယခုလို ဖြစ်ရပ်မျိုးက နောက်နှစ်ပေါင်းတစ်သောင်းအတွင်း ပြန်ဖြစ်လာဖို့ပင် မလွယ်ကူလှပေ။

     "ဝုန်း"
ထိုအချိန်မှာပင် မဟာဘိုးဘေးရဲ့ တိုက်ခိုက်မှုအရှိန်က အရိုးစုငှက်ထံ ကျဆင်းသွားခဲ့သည်။ ချက်ချင်းပင် အရိုးစုငှက်မှာ တစ်စစီ ပျက်စီးသွားရတော့သည်။

     "ပြန်ထွက်လာစမ်း"
လီကွမ်ရီမှာ ပျက်စီးသွားတဲ့ အရိုးစုငှက်ကိုကြည့်ပြီး ဒေါသတကြီး အော်ဟစ်သည်။ စက္ကန့်ပိုင်းအတွင်းမှာပင် သေဆုံးခြင်းစွမ်းအင်တွေ အမြောက်အများ ထွက်ပေါ်လာခဲ့သည်။ တစ်ဆက်ထဲမှာ ပျက်စီးသွားတဲ့ အရိုးစုငှက်က လျင်မြန်စွာ ပြန်လည်စုစည်းသွားတော့သည်။ ငှက်က ဖီးနစ်တစ်ကောင်ရဲ့ အသွင်သဏ္ဍာန်အတိုင်း ကောင်းကင်ယံသို့ ပျံတက်သည်။ ၎င်းရဲ့ လှုပ်ရှားမှုတွေက ကောင်းကင်နဲ့ မြေကြီးအကြား စည်းချက်ကျလွန်းလှပြီး လွန်စွာမှ ကြည့်ကောင်းနေခဲ့သည်။

     "ဘုန်း"
မဟာဘိုးဘေးမှာ အရိုးစုငှက်ကို ကြည့်ပြီး စိုးရိမ်စိတ်တွေ ဝင်ရောက်လာခဲ့သည်။ ချက်ချင်းပင် သူက များပြားလှတဲ့ ဥပဒေသတွေကို ပေါင်းစပ်ပြီး ပြိုင်ဘက်ကင်းကျင့်စဉ်တစ်ခုကို ထုတ်ဖော်သည်။ ပြီးနောက် ငှက်ကို ရပ်တန့်ဖို့ ကြိုးစားသည်။ သို့သော် ဒီတစ်ကြိမ် ဖြစ်ပေါ်လာတဲ့ အရိုးစုငှက်က ပြိုင်ဘက်ကင်းဟန်ရသည်။ အချိန်တိုအတွင်းမှာပင် ၎င်းက မဟာဘိုးဘေးရဲ့တိုက်ခိုက်မှုကို ချေဖျက်နိုင်ခဲ့သည်။ တစ်ဆက်ထဲမှာ ပြင်းထန်တဲ့ တိုက်ပွဲကြီးတစ်ခုက မြို့တော်ရဲ့ ကောင်းကင်ယံထက်မှာ ဖြစ်ပေါ်လာခဲ့တော့သည်။ တိုက်ခိုက်မှုအရှိန်က လွန်စွာ ပြင်းထန်လွန်းရကား မြို့တော်တစ်ခုလုံး ပျက်စီးတော့မတတ် တုန်ခါနေရတော့သည်။

     အားလုံးမှာ နတ်ဘုရားစစ်သည်တော်အဆင့်နဲ့ အရိုးစုငှက်တို့အကြား တိုက်ပွဲကို အသေအချာ တွေ့မြင်ရဖို့အတွက် ကောင်းကင်မျက်လုံးနဲ့ ကောင်းကင်ကြေးမုန်တွေကို ထုတ်ပြီး ကြည့်ဖို့ ပြင်လိုက်ကြသည်။ မည်သူကမှ ယခုလို တိုက်ပွဲကြီးတစ်ခုအား လက်လွတ်မခံနိုင်ကြပေ။

     "ဒီ ... ဒီအရိုးစုကြီးက ဘာကြီးလဲ"
အားလုံးမှာ နတ်ဘုရားစစ်သည်တော်အဆင့်ကိုပင် ရင်ဆိုင်နေနိုင်သည့် အရိုးစုငှက်ကို ကြည့်ပြီး ‌ဆွံ့အတုန်လှုပ်နေမိကြသည်။ ဒီမြင်ကွင်းက သူတို့အားလုံးအတွက်တော့ လက်ခံနိုင်ဖို့ ခဲယဉ်းလွန်းလှသည်။

     "ဒီအရိုးစုကြီးက နတ်ဘုရားစစ်သည်တော်အဆင့်ကိုတောင် တိုက်ခိုက်နေနိုင်တယ်၊ သူအသက်ရှင်စဉ်ကဆိုရင် ဘယ်လောက်ထိများ အစွမ်းထက်လိုက်မလဲ၊ အင်မော်တယ်ငှက်လား၊ ဧကရာဇ်တွေကိုတောင် ရင်ဆိုင်နိုင်ခဲ့တာလား"
ကျင့်ကြံသူတစ်ယောက်မှာ တိုက်ပွဲကို ကြည့်နေရင်း တုန်တုန်ရင်ရင်နဲ့ ရေရွတ်လိုက်မိသည်။

     "လီကွမ်ရီက နတ်ဆိုးကျင့်စဉ်ကို လေ့ကျင့်နေတာလား"
အခြားကျင့်ကြံသူတစ်ယောက်ကလည်း စိတ်လှုပ်ရှားစွာ ပြောသည်။
"သူ့ရဲ့ ရုပ်သေးပညာက အရမ်းကို ထူးဆန်းလွန်းတယ်၊ ပြီးတော့ ဒီလောက်ထိ အစွမ်းထက်တဲ့ ရုပ်သေးမျိုးကို တစ်ခါမှ ငါမတွေ့ဖူးသေးဘူး"

     အားလုံးမှာ တိုက်ပွဲကို ကြည့်ရင်း တစ်ယောက်တစ်ပေါက် ပြောနေမိကြသည်။ သို့သော် အရိုးစုငှက်နှင့်ပတ်သက်ပြီး မည်သူကမှ တိတိကျကျ မသိကြပေ။

     လီကွမ်ရီနဲ့ အမြဲတမ်းလိုလို အနီးကပ် ရှိနေကြတဲ့ ကျစ်ယန်နဲ့ ယွမ်ချိုက်ဟယ်တို့ပင် အရိုးစုငှက်ကို ကြည့်ပြီး အံ့အားသင့်နေမိကြသည်။ အရိုးစုတစ်ခုက နတ်ဘုရားစစ်သည်တော်အဆင့်ကို ဘာကြောင့် ရင်ဆိုင်နေနိုင်မှန်း သူမတို့ နှစ်ယောက်လဲ မသိကြပေ။

     အခြားတစ်ဖက်တွင် ထျဲရီကလည်း အရိုးစုငှက်ကို ကြည့်ပြီး ငြိမ်သက်စွာ တွေးတောနေမိသည်။ သို့သော် အနည်းငယ်ကြာပြီးနောက်မှာတော့ သူ့တစ်ကိုယ်လုံး တုန်ခါသွားပြီး ထိတ်လန့်တကြား အော်ဟစ်သည်။

     "မဖြစ်နိုင်ဘူး"
ထျဲရီက မယုံကြည်နိုင်စွာ ရေရွတ်သည်။ သူ့အနေနဲ့ ထိုဒဏ္ဍာရီကို မယုံကြည်ခဲ့ပေ။ သို့သော် အရိုးစုငှက်က သူ့အရှေ့မှာ ရှိနေခဲ့ပြီဖြစ်သည်။
                            ***

စစ်ဧကရာဇ်(Chapter:769)
(အင်ပါယာမီးတောက်အိုး)
........................................
     ကောင်းကင်ယံမှာတော့ မဟာဘိုးဘေးနဲ့ အရိုးစုငှက်တို့က ပြင်းထန်စွာ တိုက်ခိုက်နေကြဆဲ ဖြစ်သည်။ မဟာဘိုးဘေးမှာ လက်နက်မဲ့ တိုက်ခိုက်နေခြင်း ဖြစ်ပေမယ့် သူ့ရဲ့တိုက်ကွက်တွေက ကြယ်တာယာတွေကိုပင် တစ်စစီ ပြိုပျက်စေနိုင်စွမ်းအပြည့်ရှိသည်။ သူ့ရဲ့တိုက်ခိုက်မှုတစ်ခုမျှကပင် သာမန်စကြာဝဠာအဆင့်တွေကို သတ်ပစ်ဖို့ လုံလောက်သည်အထိ စွမ်းအားကြီးမားသည်။

     အချိန်ကြာလာသည်နှင့်အမျှ နှစ်ဖက်လုံးမှာ ဒဏ်ရာတွေ ရရှိလာကြတော့သည်။ မဟာဘိုးဘေးမှာ အရိုးစုငှက်ကို မသတ်နိုင်သေး၍ တဖြည်းဖြည်း ဒေါသထွက်လာရတော့သည်။ တကယ်ဆိုလျှင် သူ့ရဲ့သွေးသားစွမ်းအင်က အနည်းငယ်သာ ကျန်ရှိတော့သာဖြစ်ပြီး သေဆုံးဖို့ နီးနေပြီ ဖြစ်သည်။ ယခုလို တိုက်ခိုက်မှုတွေ ပြုလုပ်ရတာက သူ့အတွက် အခက်အခဲတွေ ကြုံတွေ့လာရတော့မည်ဖြစ်သည်။ ရှန်းဘိုးဘေးရဲ့ အသက်ကို ကယ်တင်ဖို့သာ မဟုတ်ပါက ယခုလို ထွက်ပြီး တိုက်ခိုက်မည်မဟုတ်ပေ။

     သို့သော် တိုက်ပွဲ စတင်ဖြစ်ပွားပြီးချိန်မှာတော့ သူ့စိတ်ထဲ လီကွမ်ရီအပေါ် အလွန်အမင်း ဒေါသထွက်လာခဲ့သည်။ ဒါကြောင့်လည်း သူ့ကိုယ်သူ မငဲ့ကွက်တော့ဘဲ သွေးသားစွမ်းအင်အမြောက်အများကို ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။

     "ဝုန်း"
ရုတ်တရက် ဆေးကျောက်တုန်းကမ္ဘာတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။ မဟာဘိုးဘေးက ရတနာလက်နက်တစ်ခုကို ထုတ်ယူသည်။ လက်နက်ရဲ့အရှိန်အဝါတွေက ကြောက်မက်ဖွယ်ကောင်းလှပြီး ကြယ်တာယာတွေကိုပင် မှေးမှိန်သွားစေနိုင်စွမ်းရှိသည်။

     "ဘုန်း"
ထိုအချိန်မှာပင် ရတနာလက်နက်က အရိုးစုငှက်အပေါ် ကျဆင်းသွားခဲ့သည်။ ချက်ချင်းပင် အရိုးစုငှက်မှာ ကစဥ့်ကလျား ဖြစ်သွားပြီး ကောင်းကင်ယံမှ တစ်ဟုန်ထိုး ပြုတ်ကျသည်။ တစ်ဆက်ထဲမှာ အက်ကွဲသံတွေ ထွက်ပေါ်လာခဲ့ပြီး တစ်ချိန်ထဲမှာ အရိုးအပိုင်းအစတွေအဖြစ် ကျိုးပဲ့သွားရတော့သည်။ အချို့သော အရိုးတွေဆိုလျှင် အစိတ်အမွှာမွှာ ဖြစ်သည်အထိ ကြေမွသွားရတော့သည်။

     "အင်မော်တယ်ဧကရာဇ်ရဲ့ စစ်မှန်တဲ့ရတနာကို ဘယ်သူအသုံးပြုနေတာလဲ"
ဆေးကျောက်တုန်းကမ္ဘာကြီးရှိ နေရာအနှံ့မှာ ရှိနေသူအားလုံးမှာ ကြောက်မက်ဖွယ် အရှိန်အဝါတွေကို ခံစားမိပြီး အလွန်အမင်း တုန်လှုပ်သွားကြရသည်။ မည်မျှ ဝေးလံတဲ့ နေရာတွင် ရောက်ရှိနေသည်ဖြစ်စေ အားလုံးက ကြောက်မက်ဖွယ် အင်အားကို ခံစားမိကြသည်။ သွေးကျောက်တုန်း အစီအရင်အတွင်း ရှိနေတဲ့ စကြာဝဠာအဆင့် ဘိုးဘေးတွေပင် ကြီးမားလေးလံတဲ့ ဖိအားတွေကို ခံစားနေကြရတော့သည်။

     "အင်ပါယာမီးတောက်အိုး"
အယ်လ်ခမီမြို့တော်အတွင်း ရှိနေသူတစ်ယောက်မှာမူ မဟာဘိုးဘေးလက်ထဲမှ ရတနာကို ကြည့်ပြီး စိတ်လှုပ်ရှားစွာ ရေရွတ်သည်။ တစ်ဆက်ထဲမှာ သူ့ခြေထောက်တွေက တဆတ်ဆတ် တုန်ခါလာပြီး မြေပြင်ပေါ်တွင်ပင် မြဲမြံစွာ မရပ်တည်နိုင်တော့ပေ။

     လက်ရှိအချိန်တွင် မဟာဘိုးဘေးရဲ့ လက်ထဲ၌ လွန်စွာ နီရဲတဲ့ ရတနာတစ်ခု ရှိနေခဲ့သည်။ ယင်းက လောင်ကျွမ်းနေတဲ့ အိုးတစ်ခုဖြစ်ပြီး ၎င်းထံမှ ထွက်ပေါ်လာသည့် မီးတောက်တွေက အရာအားလုံးကို လောင်ကျွမ်းပြာချနိုင်စွမ်း ရှိပုံရသည်။ အားလုံးကို ပို၍ ထိတ်လန့်စေသည်မှာ အနီရောင်အိုးလေးထံမှ ဧကရာဇ်ရဲ့ အရှိန်အဝါတွေ ဖြာထွက်နေခဲ့၍ ဖြစ်သည်။

     "ဧကရာဇ်ရဲ့စစ်မှန်တဲ့ ရတနာ"
ကျင့်ကြံသူအများအပြားမှာ မဟာဘိုးဘေးရဲ့လက်ထဲမှ ရတနာကို ကြည့်ပြီး တုန်လှုပ်စွာ ရေရွတ်လိုက်ကြသည်။ ဧကရာဇ်ရဲ့စစ်မှန်တဲ့ ရတနာတွေကို လူငယ်မျိုးဆက်တွေ ထိန်းချုပ်လျှင်တောင်မှ လွန်စွာကြီးမားတဲ့ ကြောက်မက်ဖွယ်အင်အားကို ဖော်ဆောင်နိုင်ပေသည်။ ယခုမူ ရတနာကို အသုံးပြုနေသူက နတ်ဘုရားစစ်သည်တော်အဆင့် ဘိုးဘေးတစ်ယောက် ဖြစ်သည်။ မည်သူက မတုန်လှုပ်ဘဲ နေရဲတော့မည်နည်း။

     ဒါ့အပြင် အင်ပါယာမီးတောက်အိုးက အယ်လ်ခမီနိုင်ငံရဲ့ထင်ရှားတဲ့ ရတနာတစ်ခု ဖြစ်သည်။ ဒါက အင်မော်တယ်ဧကရာဇ် ကျောဟော့ရဲ့ ရတနာတစ်ခုလည်း ဖြစ်သည်။ ကောလဟာလတွေအရ အင်ပါယာမီးတောက်အိုးက မည်သည့်အရာကိုမဆို လောင်ကျွမ်းပြာချနိုင်သည်ဟု ‌ဆိုကြသည်။

     အယ်လ်ခမီနိုင်ငံအနေနဲ့ အင်မော်တယ်ဧကရာဇ် သုံးပါးအထိ ပိုင်ဆိုင်ဖူးခဲ့သည်။ သူတို့ရဲ့ပထမဆုံး ဧကရာဇ်ကတော့ ယောင်ကျူးဖြစ်ပြီး ဒုတိယမြောက်ကတော့ ဧကရာဇ်ပီရှစ်ဖြစ်သည်။ နောက်ဆုံး အင်မော်တယ်ဧကရာဇ်မှာမူ ဧကရာဇ်ကျောဟော့ဖြစ်သည်။ ထူးခြားချက်တစ်ခုမှာ ထိုဧကရာဇ်သုံးပါးလုံးက အယ်လ်ခမီတာအိုကို ကျွမ်းကျွမ်းကျင်ကျင် တတ်ကျွမ်းကြခြင်း ဖြစ်သည်။

     အင်မော်တယ်ဧကရာဇ် ကျောဟော့မှာ မီးနိယာမှာကို အထူးတလည် ကျွမ်းကျင်ပြီး မီးတောက်တွေ ထိန်းချုပ်ရာမှာ ထိပ်တန်းအဆင့် စွမ်းရည်ကို ပိုင်ဆိုင်ခဲ့သည်။ သူက ကမ္ဘာကြီးကိုးခုအနှံ့ လှည့်လည်သွားလာပြီး မတူညီတဲ့ မီးတောက်အမျိုးအစားများစွာကို စုဆောင်းခဲ့သည်။ ပြီးနောက် ကြယ်တစ်ခုရဲ့ အစိတ်အပိုင်းအချို့ကို ယူပြီး အင်ပါယာမီးတောက်အိုးကို သန့်စင်ဖန်တီးခဲ့ခြင်း ဖြစ်သည်။ အချို့သော မှတ်တမ်းတွေ၌ ဖော်ပြထားမှုအရဆိုလျှင် ဧကရာဇ်ကျောဟော့က နေမင်းထံ ပျံသန်းပြီး မီးတောက်အချို့ကို ရယူခဲ့သည်ဟူ၏။ သို့သော် ဒီစကား မှန်မမှန်ကိုတော့ မည်သူကမှ တိတိကျကျ မပြောနိုင်ကြပေ။

     မည်သို့ပင်ဆိုစေကာမူ လက်ရှိခေတ်ကာလ ဆေးကျောက်တုန်းကမ္ဘာကြီး၌ အင်ပါယာမီးတောက်အိုးက ကြောက်စရာအကောင်းဆုံးသော ရတနာလက်နက်တွေထဲ ပါဝင်ပေသည်။ ၎င်းထံမှ ထွက်ပေါ်လာသည် မီးတောက်တွေက အရာအားလုံးကို လောင်ကျွမ်းနိုင်စွမ်းရှိပြီး မည်သူ့ကိုမဆို ကြောက်ရွံ့တုန်လှုပ်စေသည်။

     "ထန် ... ထန် ... ထန်"
ထိုအချိန်မှာပင် အင်ပါယာမီးတောက်အိုးက ကျန်ရှိနေသေးတဲ့ အရိုးစုငှက်ရဲ့ အရိုးတွေကို တစ်စစီ ဖြစ်သွားစေပြန်သည်။ လီကွမ်ရီမှာ အရိုးစုငှက်ကို ထိန်းချုပ်နေသူဖြစ်၍ အရိုးစုငှက်ပျက်စီးသွားခြင်းက သူ့ကိုလည်း ပြင်းထန်စွာ ထိခိုက်သွားစေခဲ့သည်။ သို့သော် မရဏအချုပ်အနှောင် ကျင့်စဉ်ကတော့ ယခုအချိန်အထိ ပြိုပျက်သွားခြင်း မရှိပေ။ ကြည့်ရသည်မှာ အကောင်းဆုံးကျင့်စဉ် လေးခုထဲ တစ်ခုအပါအဝင် ဖြစ်တဲ့ မရဏအချုပ်အနှောင်ကျင့်စဉ်ကို နတ်ဘုရားစစ်သည်တော်အဆင့်တွေလည်း ချိုးဖျက်နိုင်ခြင်း ရှိပုံမရပေ။

     ထိုစဉ် လီကွမ်ရီက မဟာဘိုးဘေးကို ခံစားချက်ကင်းမဲ့စွာ ကြည့်လိုက်သည်။ တစ်ဆက်ထဲမှာ မဟာဘိုးဘေးရဲ့လက်ထဲမှ အင်ပါယာမီးတောက်အိုးကို ကြည့်ပြီး ပြုံးလိုက်မိသည်။ သူက အခြားသူတွေလို အနည်းငယ်မျှပင် ကြောက်လန့်သွားခြင်း မရှိပေ။

     နောက်ဆုံးမှာတော့ လီကွမ်ရီက အသက်ဘီးကို ထုတ်ပြီး များပြားလှတဲ့ သွေးသားစွမ်းအင်တွေကို ထွက်ပေါ်လာစေသည်။ အချိန်တိုအတွင်းမှာပင် သူ့ရဲ့သွေးသားစွမ်းအင်တွေက သမုဒ္ဒယာကြီးအလား ဖြစ်ပေါ်လာပြီး ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့တော့သည်။

     "သေစမ်း"
လီကွမ်ရီက မဟာဘိုးဘေးကို ကြည့်ပြီး အေးစက်စွာ အော်ဟစ်သည်။ ချက်ချင်းပင် တစ်စစီဖြစ်သွားတဲ့ အရိုးအပိုင်းအစလေးတွေက ပြန်လည်စုစည်းသွားခဲ့သည်။ အချိန်တိုအတွင်းမှာပင် အရိုးစုငှက်က ပြန်လည်ဖွဲ့စည်းသွားခဲ့သည်။ ပြီးနောက် ဖီးနစ်အော်မြည်သံတစ်ချက်ပြုပြီး ကောင်းကင်ယံသို့ အရှိန်အဟုန်ပြင်းစွာ ပျံတက်သည်။

     မဟာဘိုးဘေးကလည်း အရိုးစုငှက်ကို အေးစက်စွာ တစ်ချက်ကြည့်သည်။ ပြီးနောက် သွေးသားစွမ်းအင်အချို့ကို ထုတ်ဖော်ပြီး အင်ပါယာမီးတောက်အိုးရဲ့ စွမ်းအားကို ပိုမိုမြင့်တင်လိုက်သည်။ သို့သော် သူ့ရဲ့သွေးသားစွမ်းအင်တွေက ခြောက်ခမ်းနေပြီ ဖြစ်ရကား လုံလောက်တဲ့ ပမာဏကိုတော့ အသုံးပြုနိုင်ခြင်း မရှိပေ။

     ထိုစဉ် မဟာဘိုးဘေးက အင်ပါယာမီးတောက်အိုးရဲ့ အဖုံးကို ဖွင့်လိုက်သည်။ ချက်ချင်းပင် ကြောက်မက်ဖွယ်မီးလျှံတွေ ထွက်ပေါ်လာခဲ့သည်။ မီးတောက်တွေအားလုံးက ပြင်းထန်တဲ့ အပူရှိန်တွေကို ပိုင်ဆိုင်ထားဟန်ရပြီး သူ့ကို ကြည့်ရသည်မှာ လေထုကိုပင် လောင်ကျွမ်းနိုင်ပုံရသည်။ ပိုဆိုးသည်မှာ နတ်ဘုရားသခင်အဆင့်တွေပင် ဒီမီးတောက်တွေနဲ့ ထိတွေ့မိလိုက်ပါက ချက်ချင်း သေဆုံးသွားရဖို့ သေချာသလောက်ရှိသည်။ မြို့အတွင်း ရှိနေသူတွေမှာလည်း မီးတောင်တွေနဲ့ ဝေးကွာတဲ့ နေရာမှာ ရပ်နေကြပေမယ့်လည်း ပြင်းထန်တဲ့ အငွေ့အသက်တွေကို ခံစားနေမိသည်။ သူတို့အားလုံးရဲ့ စိတ်ထဲတွင် မီးတောက်တွေကို ထိမိပါက အလောငပင် မကျန်သည်အထိ လောင်ကျွမ်းခံရမည်ဆိုတာကို ခံစားမိကြသည်။

     "အရမ်းကြောက်စရာ ကောင်းတယ်၊ ဒီမီးတောက်လေးတစ်စက်ကတောင် အသပ်ပေါင်းများစွာကို သတ်ဖြတ်ပစ်နိုင်စွမ်းရှိတယ်"
ထိုစဉ် စကြာဝဠာအဆင့် ဘိုးဘေးတစ်ယောက်က အင်ပါယာမီးတောက်အိုးကို ကြည့်ပြီး တုန်လှုပ်စွာ ရေရွတ်လိုက်မိသည်။

     အားလုံး တုန်လှုပ်နေစဉ်အချိန်မှာပင် မီးတောက်တွေက အရိုးစုငှက်ကို စတင်ဝိုင်းရံလိုက်ကြသည်။ အချိန်တိုအတွင်းမှာပင် အရိုးစုငှက်ကို မမြင်ရတော့ဘဲ အနီရောင် အဝိုင်းကြီးတစ်ခုအဖြစ်သာ မြင်တွေ့ရတော့သည်။ အားလုံးမှာ ထိုမြင်ကွင်းကို ကြည့်ပြီး ကြက်သီးထနေမိကြသည်။ အတော်များများရဲ့ စိတ်ထဲတွင် သူတို့ကိုယ်တိုင် မီးရှို့ခံနေရသည့်အလား ခံစားလိုက်ကြရသည်။

     မီးတောက်တွေက အရိုးစုငှက်ကို လောင်ကျွမ်းနေခြင်းကြောင့် လီကွမ်ရီမှာလည်း မသက်သာလှပေ။ သူ့မျက်နှာတစ်ခုလုံး ပြာနှမ်းနေသလို ကြီးမားလေးလံတဲ့ ဖိအားတစ်ခုကိုလည်း ခံစားနေရသည်။ အနည်းငယ် ကြာပြီးနောက်မှာတော့ သူက မူလနေရာမှာ ရပ်နေနိုင်စွမ်း မရှိတော့ဘဲ အနောက်ကို ခြေလှမ်းများစွာ ဆုတ်ခွာလိုက်ရတော့သည်။

     "ဆရာသခင်"
ကျစ်ယန်မှာ လီကွမ်ရီကို ကြည့်ပြီး အလွန်အမင်း တုန်လှုပ်သွားသည်။ သူမရဲ့ စိတ်ထဲမှာလည်း စိုးရိမ်စိတ်တွေ စတင်ကိန်းအောင်းလာခဲ့သည်။

     သို့သော် လီကွမ်ရီမှာမူ ဝေဒနာပြင်းစွာ ခံစားနေရပေမယ့် ပြုံးနေဆဲ ဖြစ်သည်။ ပြီးမှ မျက်လုံးတွေကို ညင်သာစွာ မှိတ်ပြီး တိုးတိုးလေး ပြောသည်။
"အရမ်းကောင်းတဲ့ ခံစားချက်ပဲ၊ ဒီလိုနာကျင်မှုမျိုးက တကယ်ခံစားလို့ ကောင်းတယ်"

     ကျစ်ယန်နဲ့ ယွမ်ချိုက်ဟယ်တို့မှာ လီကွမ်ရီရဲ့ မှတ်ချက်စကားကြောင့် ဘာပြန်ပြောရမှန်း မသိအောင် ဖြစ်သွားကြရသည်။ သူတို့နှစ်ယောက်ရဲ့ အမြင်တွင် လီကွမ်ရီက ကြီးမားတဲ့ အန္တရာယ်ကြားထဲ ကျရောက်နေသည်ဟု ထင်မြင်ခဲ့ကြသည်။ သို့သော် လီကွမ်ရီက အနည်းငယ်မျှပင် စိုးရိမ်ဟန်မပြပေ။ နာကျင်မှုကို ကောင်းမွန်တဲ့ ခံစားချက်တစ်ခုဟုပင် ပြောနေပေသည်။

     "ရွှီး ... ရွှီး ... ရွှီး"
မီးတောက်တွေက အရိုးစုငှက်ကို ဆက်လက်လောင်ကျွမ်းနေကြဆဲ ဖြစ်သည်။ အချိန်တိုးအတွင်းမှာပင် အရိုးစုငှက်ရဲ့ အစိတ်အပိုင်းတွေက တဖြည်းဖြည်း အရည်ပျော်လာသည်ကို တွေ့လိုက်ရသည်။ ဒီမြင်ကွင်းက ကျင့်ကြံသူအများအပြားကို တုန်လှုပ်သွားစေပြန်သည်။ သူတို့အားလုံးရဲ့ စိတ်ထဲမှာတော့ အရာအားလုံး အဆုံးသတ်တော့မည်ဟု ထင်မြင်မိလိုက်ကြတော့သည်။

     "လီကွမ်ရီက မိုးကောင်းကင်ကိုတောင် ဆန့်ကျင်နိုင်စွမ်းရှိတဲ့ ပါရမီရှင်တစ်ယောက်ပါ၊ ဒါပေမယ့် သူက ရန်မစသင့်သူကို စခဲ့မိတယ်၊ ဒါက စိတ်ပျက်စရာပဲ"
ကျင့်ကြံသူတစ်ယောက်က လီကွမ်ရီနဲ့ အရိုးစုငှက်တို့ကို ကြည့်ပြီး စိတ်ပျက်လက်ပျက် ခေါင်းခါရမ်းကာ ရေရွတ်သည်။

     ယွမ်ချိုက်မှာလည်း စိုးရိမ်စိတ်ကို မထိန်းချုပ်နိုင်တော့ပေ။ သူမက လီကွမ်ရီကို အလျင်အမြန် အော်ဟစ်သတိပေးသည်။
"အစ်ကိုကြီး၊ အရိုးငှက်က ဒီထက်ပိုပြီး ခံနိုင်တော့မှာမဟုတ်ဘူး၊ အားလုံး အရည်ပျော်ကျတော့မယ်"

     "မဟုတ်ဘူး၊ ဒါက ကောင်းတယ်"
လီကွမ်ရီက ယွမ်ချိုက်ဟယ်ကို ပြုံး၍ ပြောသည်။
"တကယ်ဆို ငါက အယ်လ်ခမီနိုင်ငံကိုတောင် ကျေးဇူးတင်ရဦးမယ်၊ ငါက မီးတောက်တွေရဲ့ အကူအညီကို ယူခဲ့ရတယ်လေ"

     မဟာဘိုးဘေးကိုယ်တိုင်မှာလည်း လီကွမ်ရီရဲ့ စကားကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။ ချက်ချင်းပင် သူက အရိုးစုငှင်ကို စစ်ဆေးကြည့်လိုက်သည်။ ထိုအခါမှာတော့ မသင်္ကာဖွယ်အဖြစ်အပျက်တွေကို သတိပြုလိုက်မိတော့သည်။ တကယ်ဆိုလျှင် မီးတောက်တွေ မည်မျှ ပြင်းထန်နေသည်ဖြစ်စေ အရိုးစုငှက်အနေနဲ့ အနည်းငယ်မျှတော့ ရုန်းကန်ခုခံသင့်သည်။ ယခုမူ အရာအားလုံးက ငြိမ်သက်နေခဲ့သည်။ အရိုးစုငှက်ရဲ့ ပုံစံက မီးတောက်တွေကြားထဲ ရည်ရွယ်ချက်ရှိရှိ ငြိမ်သက်နေသည့်အလား ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

     "ပြန်လာစမ်း"
နောက်ဆုံးမှာတော့ မဟာဘိုးဘေးမှာ လီကွမ်ရီလုပ်လိုတာကို ရိပ်စားမိသွားသည်။ ချက်ချင်းပင် သူ့ရဲ့ မျက်နှာပျက်သွားရပြီး အင်ပါယာမီးတောက်အိုးကို ပြန်ဆင့်ခေါ်လိုက်သည်။ သို့သော် ရတနာက သူ့နဲ့ အဆက်အသွယ် မရတော့ပေ။ မဟာဘိုးဘေးမှာ ပို၍ပက် စိုးရိမ်သွားရပြီး နောက်တစ်ကြိမ် ပြန်ဆင့်ခေါ်သည်။ သို့သော် အင်ပါယာမီးတောက်အိုးက သူ့ကို အသိအမှတ်မပြုတော့သည့်အလား အရိုးစုငှက်ကိုသာ မီးတောက်တွေနဲ့ ဆက်လက် လောင်ကျွမ်းနေခဲ့တော့သည်။

     "ဝင်္ကပါ၊ ပွင့်စမ်း ..."
မဟာဘိုးဘေးမှာ စိုးရိမ်တကြီး အော်ဟစ်ပြန်သည်။ အင်ပါယာမီးတောက်အိုးကို ပြန်လည်ဆင့်ခေါ်ဖို့အတွက် ဝင်္ကပါအစီအရင်တစ်ခုကို လျင်မြန်စွာ ဖော်ထုတ်သည်။ လက်ရှိအချိန်တွင် သူ့စိတ်ထဲ၌ အမှန်တကယ်ပင် တုန်လှုပ်နေပြီ ဖြစ်သည်။ အင်ပါယာမီးတောက်အိုးလို ရတနာကိုသာ ဆုံးရှုံးသွားရပါက သူ့အနေနဲ့ အယ်လ်ခမီနိုင်ငံရဲ့ သမိုင်းတစ်လျှောက်မှာ ဆိုးရွားတဲ့ အပြစ်သားတစ်ယောက် ဖြစ်သွားမည်ဖြစ်သည်။

     အခြားတစ်ဖက်တွင်မူ ကျင့်ကြံသူအများအပြားမှာ မဟာဘိုးဘေးကို ကြည့်ပြီး စိတ်ရှုပ်ထွေးနေမိကြသည်။ ဧကရာဇ်ရဲ့ စစ်မှန်တဲ့ ရတနာကို ပြန်ဆင့်ခေါ်ဖို့ အတွက် ဝင်္ကပါအစီအရင်တစ်ခုကိုပင် အလောတကြီး ထုတ်ဖော်နေသည်။ မည်သူက မအံဘဩဘဲ နေနိုင်ကြမည်နည်း။ တကယ်ဆိုလျှင် ဧကရာဇ်ရဲ့ စစ်မှန်တဲ့ ရတနာလက်နက်တွေဆိုတာက မည်သည့်နေရာဒေသမှာ ရှိသည်ဖြစ်စေ သူတို့ရဲ့ မျိုးဆက်အစစ်ဖြစ်ပါက ပြန်လည်ဆင့်ခေါ်နိုင်စွမ်း ရှိကြသည်သာ ဖြစ်သည်။ ယခုမူ မဟာဘိုးဘေးက အရှေ့မှာရှိနေတဲ့ ရတနာကို ပြန်ဆင့်ခေါ်မရ ဖြစ်နေ၍ အားလုံးမှာ ဘယ်လိုမှ နားလည်နိုင်ခြင်း မရှိတော့ပေ။
                           ***

စစ်ဧကရာဇ်(Chapter:770)
(ဒုန်မင်းနတ်ဘုရား ရတနာ)
.........................................
     "ဝုန်း"
ပြင်းထန်တဲ့ မြည်ဟည်းသံတစ်ချက် ထွက်ပေါ်လာခဲ့သည်။ မဟာဘိုးဘေး ထုတ်ဖော်ထားတဲ့ ဝင်္ကပါက လျင်မြန်စွာ အားကောင်းလာပြီး အင်ပါယာမီးတောက်အိုးကို စတင်စုပ်ယူသည်။ ချက်ချင်းပင် ရတနာက ဝင်္ကပါအတွင်း ဝင်ရောက်လာခဲ့တော့သည်။ တစ်ဆက်ထဲမှာ ဝင်္ကပါအစီအရင်က အင်ပါယာမီးတောက်အိုးကို မဟာဘိုးဘေးထံသို့ ပြန်လည်ပို့ဆောင်ပေးလိုက်သည်။

     မဟာဘိုးဘေးမှာ ထိုအခါမှ စိတ်သက်သာရာ ရသွားရသွားတော့သည်။ ဒီမတိုင်ခင် သူ့စိတ်ထဲ၌ ရတနာ ဆုံးရှုံးသွားမှာကို အလွန်အမင်း စိုးရိမ်နေခဲ့ရသည်။

     "ဘာတွေဖြစ်နေတာလဲ၊ အဲ့ဒီဟာက ဘာကြီးလဲ"
ထိုအချိန်မှာပင် ကျင့်ကြံသူအများအပြားက ကောင်းကင်ယံကို မော့ကြည့်ရင်း ဆွံ့အ မင်သက်ကုန်ကြရသည်။ ဒီမတိုင်ခင် သူတို့အားလုံးရဲ့အရှေ့၌ အင်ပါယာမီးတောက်အိုးက အရိုးစုငှက်ကို လောင်ကျွမ်းနေခဲ့သည်။ အရိုးစုငှက်မှာလည်း အစိတ်အပိုင်းအချို့ အရည်ပျော်ကျပြီး ပျက်စီးနေခဲ့ပြီ ဖြစ်သည်။ သို့သော် ယခုမူ တွေ့လိုက်ရသည့် မြင်ကွင်းက အားလုံးကို မယုံကြည်နိုင်အောင် ဖြစ်နေစေတော့သည်။ အကြောင်းမှာ အရိုးစုငှက်ရဲ့ အနက်ရောင်အရိုးတွေက ရွှေရောင်အဆင်း တောက်ပပြီး ဝင်းထိန်နေခဲ့သည်မဟုတ်ပါလား။

     အားလုံးအံ့အားသင့်နေစဉ်မှာပင် ပြောင်းလဲမှုအချို့ စတင်ဖြစ်ပေါ်လာခဲ့သည်။ ပျက်စီးနေတဲ့ အရိုးစုငှက်ရဲ့ အစိတ်အပိုင်းတွေက တဖြည်းဖြည်း ပြန်လည်စုစည်းနေပြီး နောက်ဆုံးမှာတော့ ငှက်တစ်ကောင်ရဲ့ အသွင်သဏ္ဍာန်အတိုင်း ပြန်ဖြစ်သွားတော့သည်။ ၎င်းရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေက မပြည့်စုံသည်မှာ မှန်သည်။ သို့သော် ပြောင်းလဲသွားတဲ့ ရွှေရောင်အဆင်းသဏ္ဍာန်နဲ့တင် အားလုံးကို ဖြုန်သွားစေလောက်သည့် အငွေ့အသက်တွေကို ထုတ်လွတ်နေခဲ့သည်။ ရုတ်တရက် ကြည့်လိုက်ပါက ၎င်းရဲ့လင်းထိန်တဲ့ အရောင်အဆင်းတွေကြောင့် နေနတ်ဘုရားအလား ထင်မှတ်မှားနေရတော့သည်။

     အားလုံးမှာ သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး ပြောစရာစကား မရှိတော့သည်အထိ ဆံ့အနေမိကြသည်။ ဒီမတိုင်ခင် သူတို့အားလုံး ထင်ထားသည်မှာ အင်ပါယာ မီးတောက်အိုးရဲ့လောင်ကျွမ်းမှုကြောင့် အရိုးစုငှက် ပျက်စီးသွားမည်ဟုသာ ဖြစ်သည်။ ယခုမူ အရိုးစုငှက်က မပျက်စီးသွားသည့်အပြင် ဆန့်ကျင်ဘက်အနေနဲ့ ပိုမိုအားကောင်းလာဟန် ရသည်။ အထူးခြားဆုံးမှာ ၎င်းရဲ့ပုံစံအရ အင်ပါယာ မီးတောက်အိုးရဲ့ စွမ်းအားကို ငှားရမ်းပြီး ကိုယ့်ကိုယ်ကိုယ် သန့်စင်ကာ အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာသည့်အလား ဖြစ်နေတော့သည်။

     "မဖြစ်နိုင်ဘူး"
အားလုံးမှာ အရိုးစုငှက်ကို ကြည့်ပြီး တုန်လှုပ်သွားကြသည်။ ခေတ်အဆက်ဆက်တိုင်းမှာ မည်သူကမှ အင်ပါယာ မီးတောက်အိုးရဲ့ လောင်ကျွမ်းခြင်း ခံရပြီးတာနဲ့ ဆက်လက်မရှင်သန်နိုင်ခဲ့ကြပေ။ လွန်စွာ အားကောင်းပြီး သန်မာပါသည်ဆိုတဲ့ အရာမှန်သမျှ မီးတောက်အိုးနဲ့ ယှဉ်ဆိုင်ပြီးတာနဲ့ ဖျက်ဆီးခံရသည်ချည်းသာ ဖြစ်သည်။ သို့သော် ယခုမူကား အရိုးငှက်က ဘာမှ မဖြစ်သည့်အပြင် မီးတောက်အိုးရဲ့ စွမ်းအင်ကို ငှားရမ်းအသုံးချပြီး မိမိကိုယ်ကို သန့်စင်ခဲ့သေးသည်။ မည်သူက ယုံကြည်နိုင်တော့မည်နည်း။

     "ဒါက ဒဏ္ဍာရီထဲက သားရဲနတ်ဘုရားလား၊ ဒါမှမဟုတ် အင်မော်တယ်ငှက်အမျိုးအစားလား"
အင်အားကြီးကလန်တစ်ခုမှ ဘိုးဘေးတစ်ယောက်မှာ အရိုးစုငှက်ကို ကြည့်ပြီး စိတ်ရှုပ်ထွေးနေဟန်နဲ့ ရေရွတ်သည်။ တစ်ဆက်ထဲမှာ သူ့စိတ်ထဲ၌ သားရဲနတ်ဘုရားတွေအကြောင်း တွေးတောနေမိတော့သည်။

     သားရဲနတ်ဘုရားတွေက အမျိုးအစားများစွာ ရှိကြပြီး ၎င်းတို့အားလုံးက ထိပ်တန်းအဆင့် စွမ်းအားတွေကို ပိုင်ဆိုင်ထားကြသည်။ ဥပမာ - ဖီးနစ်နဲ့ ချီလင်ငှက်တို့က နတ်ရဲနတ်ဘုရားတွေ ဖြစ်ကြသည်။ ဝမ်းနည်းစရာကောင်းသည်မှာ ဒါတွေက ဒဏ္ဍာရီထဲမှာသာရှိပြီး မည်သူတစ်ဦးတစ်ယောက်ကမှ စစ်မှန်တဲ့ ဖီးနစ်နဲ့ ချီလင်ငှက်တို့ကို မတွေ့ဖူးကြပေ။ သို့သော် အားလုံးရဲ့ စိတ်ထဲတွင်မူ ဒီအရာတွေက အပြင်လောက၌ တကယ်ရှိသည်ဟု ခိုင်ခိုင်မာမာ ယုံကြည်ထားကြပေသည်။

     ထိုအချိန်မှာပင် လီကွမ်ရီက မဟာဘိုးဘေးနဲ့ အင်ပါယာမီးတောက်အိုးကို ခံစားချက်ကင်းမဲ့စွာ ကြည့်လိုက်သည်။ တစ်ဆက်ထဲမှာ သူ့ရဲ့ဦးခေါင်းအထက်မှာ ရှိနေတဲ့ ရွှေရောင်အရိုးစုငှက်ကို ပြုံး၍ ကြည့်သည်။ ပြီးနောက် မရဏအချုပ်အနှောင်ကျင့်စဉ်ကို နောက်တစ်ကြိမ် ထုတ်ဖော်လိုက်ပြန်သည်။ ချက်ချင်းလိုလိုပင် သေဆုံးခြင်းစွမ်းအင်တွေ ထွက်ပေါ်လာပြီး တစ်ချိန်ထဲမှာ အရိုးစုငှက်က ယခင်ထက် တောက်ပတဲ့ ရောင်ဝါတွေကို ပိုမိုထုတ်လွတ်လာနေတော့သည်။ ၎င်းရဲ့ အသွင်အပြင်က တကယ့်ကို နေနတ်ဘုရားတစ်ပါးအလား ထင်မှတ်မှားရပေသည်။

     ကျစ်ယန်နဲ့ ယွမ်ချိုက်ဟယ်တို့ကိုယ်တိုင်ပင် ရွှေရောင်အရိုစုငှက်ကြီးကို ကြည့်ပြီး တုန်လှုပ်လာရသည်။ အရိုးစုငှက်က သူမတို့နှစ်ယောက်နဲ့ အနည်းငယ် အလှမ်းကွာဝေးနေသည်မှာ မှန်သော်လည်း ပြင်းထန်တဲ့ အော်ရာတွေကိုတော့ ခံစားနေမိကြရသည်။

     "ဟမ် ... သေပြီးသားသူတွေကို ထိန်းချုပ်ဖို့အတွက် မိစ္ဆာကျင့်စဉ်ကို အသုံးပြုနေတာလား"
မဟာဘိုးဘေးကလည်း အရိုးစုငှက်ကို တစ်ချက်ကြည့်ပြီးမှ လီကွမ်ရီကို အေးစက်စွာ ပြောသည်။ တစ်ဆက်ထဲမှာ သူ့ရဲ့အမူအရာတွေက တဖြည်းဖြည်း လေးနက်လာခဲ့တော့သည်။ ယခုအဖြစ်အပျက်တွေ မတိုင်ခင်ကဆိုလျှင် သူက လီကွမ်ရီနဲ့ စစ်ပြေငြိမ်းလိုခဲ့သည်။ သို့သော် ယခုမူ သူ့စိတ်ထဲ၌ လီကွမ်ရီကို သတ်ဖြတ်ဖို့တစ်ခုသာ ကြီးစိုးလာခဲ့တော့သည်။

     "မိစ္ဆာကျင့်စဉ်လား"
လီကွမ်ရီက ပြုံးသည်။ ပြီးနောက် ခေါင်းခါရမ်းကာ စိတ်ပျက်လက်ပျက်နဲ့ ဆက်ပြောသည်။
"မင်းက နတ်ဘုရားစစ်သည်တော်အဆင့်ဖြစ်လို့ ငါလေးစားပါတယ်၊ ဒါပေမယ့် အခုလို စကားတွေ ပြောလာတာက မင်းရဲ့ အသိပညာမရှိမှုကို ဖော်ပြနေတာပဲ၊ ငါ့ရဲ့ကျင့်စဉ်နည်းစနစ်တွေက အင်မော်တယ်ဧကရာဇ်တွေရဲ့နည်းလမ်းတွေထက်တောင် ပိုပြီး ဖြောင့်မတ်မှန်ကန်တယ်"

     "မင့်ဆီမှာ ပြောစရာ စကားတွေ ရှိသေးလား"
မဟာဘိုးဘေးကလည်း ခံစားချက်ကင်းမဲ့နေဟန်နဲ့ ဆက်ပြောသည်။
"မင်းက ရန်လိုသူတစ်ယောက် ဖြစ်လို့ အယ်လ်ခမီနိုင်ငံက မင်းကို ဖျက်ဆီးပစ်တော့မယ်၊ မင်းလို မိစ္ဆာလမ်းစဉ် လိုက်စားသူတစ်ယောက်က အသက်ရှင်မနေသင့်တော့ဘူး"

     "ငြင်းခုန်ရတဲ့ အလုပ်ကို ငါအရမ်းပြင်းနေပြီ၊ မင်းသိထားဖို့က အစွမ်းကုန်ကြိုးစားမယ်ဆိုရင်တောင် မင်းဖြစ်ချင်သလို ဖြစ်လာမှာ မဟုတ်ဘူး"
လီကွမ်ရီက ခံစားချက် ကင်းမဲ့နေဟန်နဲ့ ဆက်ပြောသည်။
"ကောင်းပြီ၊ ဒီနေ့တော့ အယ်လ်ခမီနိုင်ငံကို မြေလှန်ပစ်ရတော့မယ်၊ သေကြစမ်း"

     လီကွမ်ရီရဲ့ စကားအဆုံးမှာ အရိုးငှက်က ကျယ်လောင်စွာ တစ်ချက် အော်မြည်သည်။ ပြီးနောက် မဟာဘိုးဘေးထံသို့ အရှိန်အဟုန်ပြင်းစွာ ပျံသန်းသွားခဲ့သည်။ ၎င်းရဲ့ပုံစံက တကယ့်ကို သက်ရှိထင်ရှားရှိနေတဲ့ ဖီးနစ်တစ်ကောင်အလား ဖြစ်နေပေသည်။ အားလုံးမှာ ထိုမြင်ကွင်းကို ကြည့်ပြီး အလွန်အမင်း တုန်လှုပ်သွားကြရပြန်သည်။ တကယ်ဆိုလျှင် မဟာဘိုးဘေး ရှိနေတဲ့ နေရာက တော်ဝင်နန်းတော်ရဲ့ တားမြစ်နေရာတစ်ခုဖြစ်တဲ့ ဘိုးဘေးမြေပြင် ဖြစ်သည်။ ဒီနေရာက အယ်လ်ခမီနိုင်ငံရဲ့ အားအကောင်းဆုံးနေရာတစ်ခုဆိုလည်း မမှားပေ။ သို့သော် လီကွမ်ရီက တွေဝေခြင်း မရှိဘဲ အရိုးစုငှက်ကို ဘိုးဘေး‌မြေပြင် စေလွတ်လိုက်သည်။ မည်သူက မတုန်လှုပ်ဘဲ နေနိုင်ကြမည်နည်း။ အကယ်၍ အရိုးစုငှက်သာ တစ်ခုခု ဖြစ်သွားပါက ၎င်းကို ထိန်းချုပ်နေသူကိုယ်တိုင်လည်း အန္တရာယ်ကြီးကြီးမားမား ဖြစ်သွားနိုင်သည်မဟုတ်ပါလား။

     "ဟမ်၊ ဘယ်လောက်တောင် ဝင့်ကြွားလွန်းရတာလဲ"
ထိုအချိန်မှာပင် ဘိုးဘေးမြေပြင်အတွင်းမှ နောက်ထပ်မဟာဘိုးဘေးတစ်ယောက် ထွက်လာခဲ့သည်။ သူကလည်း နတ်ဘုရားစစ်သည်တော်အဆင့် ဖြစ်ပြီး သူ့ရဲ့ခန္ဓာကိုယ်အနှံ့မှာ ရှေးခေတ်ရဲ့ ကြောက်မက်ဖွယ်အငွေ့အသက်တွေ ထွက်ပေါ်နေခဲ့သည်။

     "ဘုန်း"
နတ်ဘုရားစစ်သည်တော်အဆင့် နှစ်ယောက်က တွေဝေခြင်းမရှိဘဲ အရိုးစုငှက်ကို တစ်ပြိုင်နှက် တိုက်ခိုက်လိုက်ကြတော့သည်။ သို့သော် အင်ပါယာမီးတောက်အိုးကိုမူ အသုံးပြုခြင်း မရှိတော့ပေ။ ဒီရတနာကို အသုံးပြုပြီး တိုက်ခိုက်တာက အလုပ်မဖြစ်သည်ကို ဘိုးဘေးနှစ်ယောက်လုံးက သိသွားကြပြီ ဖြစ်သည်။ သို့သော် မည်သို့ပင် ဆိုစေကာမူ နတ်ဘုရားစစ်သည်တော့အဆင့်ဆိုတာက လက်နက်မဲ့ တိုက်ခိုက်လျှင်ပင် ကမ္ဘာပြိုမတတ် စွမ်းအားတွေကို ထုတ်ဖော်နိုင်စွမ်း ရှိကြသည်။ ဒါကြောင့် နတ်ဘုရားစစ်သည်တော်အဆင့်နှစ်ယောက် ပူးပေါင်းတိုက်ကွက်က မည်မျှပြင်းထန်မည်ဆိုတာကို အနည်းအကျဉ်းတော့ ခန့်မှန်းသိရှိနိုင်ပေသည်။

     အချိန်တိုအတွင်းမှာပင် မတူညီတဲ့ ကြောက်မက်ဖွယ် အားလှိုင်းနှစ်ခုက အယ်လ်ခမီမြို့တော်ကို ကြီးမားတဲ့ ဖိအားတွေအောက် ကျဆင်းစေလိုက်တော့သည်။ အားလုံးမှာ ပြင်းထန်တဲ့ အော်ရာတွေကြောင့်  ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခုကြား ကျဆင်းသွားရသလို ခံစားလိုက်ကြရတော့သည်။ လက်ရှိအချိန်တွင် အယ်လ်ခမီမြို့တော်အတွင်းရှိ မည်သူတစ်ဦးတစ်ယောက်ကမှ အသက်ကိုပင် ရဲရဲဝံ့ဝံ့ မရှူရဲကြတော့ပေ။ အားနည်းသူတွေဆိုလျှင် မြေပြင်ပေါ်မှာပင် မရပ်နိုင်တော့ဘဲ ဒူးထောက်လဲကျကုန်ကြရတော့သည်။

     "ဝုန်း"
ကြောက်မက်ဖွယ် အော်‌ရာတွေက အရိုးစုငှက်ကိုလည်း ပြင်းထန်စွာ ရိုက်ခတ်သွားကြသည်။ အရိုးစုငှက်မှာ ယခင်ထက် ပိုမိုအားကောင်းလာသည်မှာ မှန်သည်။ သို့သော် နတ်ဘုရားစစ်သည်တော်အဆင့်နှစ်ယောက်ရဲ့ အင်အားကို ဘယ်လိုလုပ် တောင့်ခံနိုင်မည်နည်း။ အချိန်တိုအတွင်းမှာပင် ရွှေရောင်အရိုးတွေက တစ်စစီ ကျိုးပဲ့သွားကြရတော့သည်။ အရိုးစုငှက် ပျက်စီးသွားခြင်းက လီကွမ်ရီကိုလည်း ပြင်းထန်စွာ ထိခိုက်သွားခဲ့ပြီး အနောက်ကို အရှိန်ပြင်းစွာ လွင့်ထွက်သွားရတော့သည်။ သူ့ပုံစံကလည်း လွန်စွာ နွမ်းလျပြီး ချိနဲ့နေခဲ့သည်။

     "ဒါ ... ဒါက နောက်ထပ် နတ်ဘုရားစစ်သည်တော်အဆင့်လား"
အားလုံးမှာ ယခုထွက်ပေါ်လာသူကို ကြည့်ပြီး တုန်လှုပ်သွားကြရပြန်သည်။ တစ်ချိန်ထဲမှာပင် ကျင့်ကြံသူတစ်ယောက်က ဒုတိယမြောက် ဘိုးဘေးရဲ့လက်ထဲမှ ရတနာကို ကြည့်ပြီး တုန်တုန်ရင်ရင်နဲ့ ရေရွတ်မိလိုက်သည်။
"ဒါ ... ဒါက ဒုန်မင်းနတ်ဘုရားရတနာ မဟုတ်လား"

     လက်ရှိအချိန်တွင် အားလုံးရဲ့ ခန္ဓာကိုယ်ပေါ်၌ ချွေးစေးတွေနဲ့ စိုရွှဲနေကြတော့သည်။ သူတို့အားလုံးအတွက် နတ်ဘုရားစစ်သည်တော်အဆင့် ဘိုးဘေးတစ်ယောက်ကပင် အိပ်မက်ဆန်လွန်းနေပြီ ဖြစ်သည်။ ယခုမူ နတ်ဘုရားစစ်သည်တော်အဆင့်နှစ်ယောက်ကို တစ်ပြိုင်နှက်တွေ့လိုက်ရ၍ အားလုံးမှာ အမျိုးအမည်မသိတဲ့ ခံစားချက်တွေ ဖြစ်ပေါ်နေရတော့သည်။

     နောက်ဆုံးမှာတော့ အယ်လ်ခမီနိုင်ငံရဲ့နတ်ဘုရားစစ်သည်တော်အဆင့်နှစ်ယောက်က ထွက်ပေါ်လာရပြီ ဖြစ်သည်။ တစ်ယောက်က အင်ပါယာမီးတောက်အိုးကို ကိုင်ထားပြီး ယခု ထွက်လာသည့် ဘိုးဘေးကတော့ ဒုန်မင်းနတ်ဘုရားဟု အမည်ရတဲ့ ရတနာကို ကိုင်ဆောင်ထားခဲ့သည်။ ဒီရတနာနှစ်ခုလုံးက သံသယရှိစရာမလိုလောက်အောင် ‌အစွမ်းထက်လှပြီး လေုကကိုးပါးတစ်ခွင်ကို ကိုင်လှုပ်နိုင်စွမ်း ရှိသည်။ နတ်ဘုရားစစ်သည်တော်အဆင့် ဘိုးဘေးနှစ်ယောက်နဲ့ ပေါင်းစပ်လိုက်ပါက ရတနာရဲ့အင်အားက မည်မျှမြင့်မားလာမည်ဆိုတာကိုပင် ခန့်မှန်းဖို့ မလွယ်ကူတော့ပေ။

     အားလုံးမှာ သူတို့အရှေ့မှ မြင်ကွင်းကို ကြည့်ပြီး မင်သက်နေမိကြသည်။ တစ်ဆက်ထဲမှာ အယ်လ်ခမီနိုင်ငံရဲ့ ကျော်ကြားမှုက အကြောင်းရင်းမရှိဘဲ ဖြစ်လာသည်မဟုတ်မှန်း သဘောပေါက်သွားကြတော့သည်။ အဖွဲ့တစ်ဖွဲ့၊ နတ်ဘုရားစစ်သည်တော်အဆင့် နှစ်ယောက် ... ဒီအရာက တကယ့်ကို ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

     "နတ်ဘုရားသခင်အဆင့် ရောက်လာခဲ့ရင်တောင်မှ အခုချိန်မှာ ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး၊ သူ့ဆီမှာ အစွမ်းထက် ရတနာတစ်ခုခု မရှိရင် အယ်လ်ခမီနိုင်ငံရဲ့ မဟာဘိုးဘေးနှစ်ယောက်လုံးကို ရင်ဆိုင်ဖို့ဆိုတာ မလွယ်ဘူးလေ"
ကျင့်ကြံသူတစ်ယောက်က ဘိုးဘေးနှစ်ယောက်ကို ကြည့်ပြီး စိတ်လှုပ်ရှားစွာ ပြောသည်။ သူ့ရဲ့စကားက မှားယွင်းသည်ဟု မဆိုနိုင်ပေ။ အင်ပါယာမီးတောက်အိုးနဲ့ ဒုန်မင်းနတ်ဘုရားရတနာတို့ကို ကိုင်ဆောင်ထားတဲ့ နတ်ဘုရားစစ်သည်တော်အဆင့် နှစ်ယောက်အား နတ်ဘုရားသခင်တစ်ယောက်အနေနှင့်ပင် လက်နက်မပါဘဲ အနိုင်ယူဖို့ မဖြစ်နိုင်လှပေ။

     "ရွှီး"
ထိုအချိန်မှာပင် လီကွမ်ရီက မရဏအချုပ်အနှောင် ကျင့်စဉ်ကို ထုတ်ဖော်ပြီး အရိုးစုငှက်ကို ပြန်လည်တည်ဆောက်သည်။ တဒင်္ဂအတွင်းမှာပင် အရိုးစုငှက်က ပြည်လည်စုစည်းသွားပြီး ဖီးနစ်အော်သံတစ်ချက် ပြုသည်။ ပြီးနောက် ကောင်းကင်ယံသို့ အရှိန်အဟုန်ပြင်းစွာ ပျံတက်သွားခဲ့သည်။

     "ဆက်ပြီး ကြိုးစားရင်လည်း ဘာမှ ပြောင်းလဲလာမှာ မဟုတ်ဘူး"
ထိုစဉ် အရင်ဆုံး ထွက်လာခဲ့တဲ့ ဘိုးဘေးက လီကွမ်ရီကို အေးတိအေးစက် ပြောသည်။
"မင်းက မိုးကောင်းကင်ကို အန်တုနိုင်ရင်တောင်မှ ဘာမှ ဖြစ်လာတော့မှာ မဟုတ်ဘူး၊ အသာတကြည် လက်နက်ချပြီး အဖမ်းခံလိုက်ပါ"

     "ဝိုး ... မင်းတို့ကို ပြစရာတစ်ခု ရှိတယ်"
လီကွမ်ရီက ပြုံး၍ ပြန်ပြောသည်။ တစ်ဆက်ထဲမှာ မတိုးလွန်း၊ မကျယ်လွန်းတဲ့ အသံနဲ့ အော်ဟစ်လိုက်သည်။
"ပွင့်စမ်း ..."

     လီကွမ်ရီက သက်ရှည်သွေးရည်ကြည်တစ်စက်ကို မရဏစိတ်ဝိညဉ်နဲ့ ပေါင်းစပ်စေလိုက်သည်။ ချက်ချင်းပင် မရဏစိတ်ဝိညဉ်က သက်ရှည်သွေးရည်ကြည်ကို အငမ်းမရ စုပ်ယူသည်။ ပြီးနောက် သေဆုံးခြင်းစွမ်းအင်တွေအဖြစ် ပြန်လည်ထုတ်လွတ်လိုက်သည်။

     "ဝုန်း"
သေဆုံးခြင်းစွမ်းအင်တွေက ကြောက်မက်ဖွယ်ကောင်းလောက်အောင် များပြားလာခဲ့သည်။ တစ်ဆက်ထဲမှာ ‌မရေမတွက်နိုင်တဲ့ ဥပဒေသများစွာက မြေအောက်ထဲ ဝင်ရောက်သွားကြသည်။ ယင်းက အယ်လ်ခမီမြို့တော်ရဲ့မြေအောက် နေရာအနှံ့ကို လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ ချက်ချင်းပင် မြို့တော်အနှံ့ ပေါက်ကွက်သံတွေ အဆက်မပြတ် ထွက်ပေါ်လာသည်။ ထိုပေါက်ကွဲသံတွေနဲ့အတူ မီးတောက်တစ်ခုက မြို့တော်အတွင်းရှိ တောတောင်နဲ့ မြစ်ချောင်းတွေပါမကျန် အားလုံးကို လျင်မြန်စွာ လွှမ်းခြုံသွားခဲ့တော့သည်။

     "ဒါ ... ဒါက မြို့ကို မီးလောင်တိုက်သွင်းနေတာလား"
အားလုံးမှာ တဖြည်းဖြည်း များပြားလာနေတဲ့ မီးပင်လယ်ကြီးကို ကြည့်ပြီး အလွန်အမင်း တုန်လှုပ်ခြောက်ခြားနေကြရတော့သည်။ တစ်ဆက်ထဲမှာ အားလုံးက မီးတောက်တွေရဲ့အင်အားကို သတိပြမိလိုက်ကြသည်။ ကမ္ဘာပေါ်တွင် မီးတောက်အမျိုးအစားပေါင်းများစွာ ရှိကြပေမယ့် မည်သည့် မီးတောက်ကမှ ယခုတွေ့ရတဲ့ မီးတောက်လို ထပ်တူ ပူပြင်းနိုင်မည်မဟုတ်ပေ။ ဒီမီးတောက်တွေက အနက်ရောင်အဆင်းရှိပြီး မိုးကောင်းပင်ကိုပင် လောင်ကျွမ်းနိုင်ဟန်ရသည်။ အားလုံးမှာ မီးတောက်တွေနဲ့ ဝေးကွာတဲ့နေရာမှာ ရပ်နေပေမယ့်လည်း သူတို့ကိုယ်တိုင် မီးပင်လယ်ကြီးထဲ ကျဆင်းနေရသည့်အလား ခံစားနေမိကြတော့သည်။

     "ဒါက မယုံနိုင်ဖွယ် မီးပင်လယ်ကြီးတစ်ခုပဲ"
ထိုစဉ် ဘိုးဘေးတစ်ယောက်က အယ်လ်ခမီမြို့တော်အတွင်း လောင်ကျွမ်းနေတဲ့ မီးတောက်တွေကို ကြည့်ပြီး စိတ်လှုပ်ရှားစွာ ရေရွတ်မိလိုက်သည်။

     "ဒါ ... ဒါက ဒဏ္ဍာရီထဲမှာရှိတဲ့ မရဏမီးလျှံ အမျိုးအစားလား၊ ဒီလိုဆိုရင်တော့ အရာအားလုံးကို လောင်ကျွမ်းနိုင်စွမ်းရှိတယ်"
နောက်ထပ် ဘိုးဘေးတစ်ယောက်မှာလည်း အံ့အားသင့် တုန်လှုပ်နေဟန်နဲ့ ပြောသည်။ သူ့ရဲ့ မျက်လုံးအစုံကတော့ အလွန်အမင်း ပြူးကျယ်နေပြီး လက်ရှိအဖြစ်အပျက်တွေကို လက်ခံနိုင်သေးပုံမရချေ။

     "မဖြစ်နိုင်ဘူး"
နတ်ဘုရားစစ်သည်တော်အဆင့် နှစ်ယောက်မှာလည်း အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားကြရသည်။ ယခုလို ပြင်းထန်တဲ့ မီးတောက်တွေကို သူ့တို့တစ်သက်၌ တစ်ကြိမ်တစ်ခါမှ မတွေ့ဖူးခဲ့ပေ။ ယခုတော့ လီကွမ်ရီလို လူငယ်မျိုးဆက်တစ်ယောက်က မရဏမီးလျှံကိုပင် ထိန်းချုပ်ပြနေခဲ့သည်။ နတ်ဘုရားစစ်သည်တော်အဆင့် နှစ်ယောက်မှာ သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး အချိန်အတော်ကြာသည်အထိ ဆွံ့အ တုန်လှုပ်နေမိကြတော့သည်။
                           ***

Continue Reading

You'll Also Like

25.9K 4.8K 125
အိုအာဗီရဲ့မြန်မာဘာသာပြန် credit အပြည့်အစုံမပေးတာက CRမိမှာကြောက်လို့ပါ။စာရေးသူတွေရဲ့နာမည်ကိုပျက်စေလိုခြင်းအလျင်းမရှိပါ။ဝတ္ထုကို Eလိုဖတ်ချင်ပါက ကိုယ့်ဆ...
46.4K 5.5K 53
This is not my own. I just translated so credit to original one. All content with (U&Z) သူစတင်ကူးပြောင်းတုန်းက ချန်လီကောက ဒါကို လက်မခံချင်ခဲ့ဘူး... ဒ...
43.9K 7.2K 31
Author: 檀幽筑梦 Alternative Names: 神级赌石师 (星际) Buy the Raws (Chinese Version): http://www.jjwxc.net/onebook.php?novelid=5272569 Type: Web Novel (CN) Gen...
202K 13.8K 55
Jeon Jungkook x Kim Taehyung