381 - 385

193 18 0
                                    


စစ်ဧကရာဇ်(Chapter:381)
....................................
(အင်မော်တယ်ဧကရာဇ်ဖေးယန်ရဲ့ အမွေအနှစ်)
..............................................................
လက်ရှိ လီကွမ်ရီရောက်ရှိနေတာက ကိုယ်ပိုင်သီးသန့်နေရာတစ်ခုဟု ဆိုရမည်ဖြစ်သည်။ ဥပမာ အောက်မေ့ခြင်းကျေးရွာက ဒင်္ဂါးပြားရဲ့ တစ်ဖက်မှာ ဆိုရင် လီကွမ်ရီရောက်နေတဲ့ နေရာက ဆန့်ကျင်ဘက် အခြမ်းဟု ဆိုရမည် ဖြစ်သည်။ တိတိကျကျဆိုရလျှင် နေရာနှစ်ခုက ကျောချင်းကပ်အနေအထားဟု ဆိုရမည် ဖြစ်သည်။

ယခု လီကွမ်ရီ နေနေတဲ့ နေရာက အင်မော်တယ်ဧကရာဇ်ဖေးယန် ဖန်တီးထားတဲ့ လေဟာနယ်ကြားကွက်လပ် နေရာတစ်ခုဟု ဆိုလည်း မမှားချေ။ ထိုနေရာတွင် ရှေ့ဟောင်းနေရာများ၊ ဘုရားကျောင်းဆောင်တွေနဲ့ နန်းတော်အမြောက်အများ ရှိသည်။ လီကွမ်ရီရဲ့ အရှေ့တွင် ယင်ယန်အင်မော်တယ် ကြေးမုံနဲ့ ဓာတ်ပြားအပိုင်အစလေးတစ်ခုကို တွေ့ရသည်။ ယင်းတို့ကို ယင်ယန်ငါးလေးတွေက စက်ဝိုင်းပုံ လှည့်ပတ် သွားလာနေကြသည်။

ထိုစဉ် ဓာတ်ပြားအပိုင်းအစလေးက လီကွမ်ရီရှေ့မှာ ရှိနေရင်း ကြီးမားတဲ့ မှန်သားတစ်ချပ်အဖြစ် ပြောင်းလဲသွားသည်။ လီကွမ်ရီက မှန်သားကို ကျင်လည်စွာ ထိန်းချုပ်နေပြီး ခဏအကြာမှာ မှော်စွမ်းအင်လေးတွေ စတင်ထွက်လာခဲ့သည်။ ဆက်လက်ပြီး လောကရဲ့ ဥပဒေသတွေ ထွက်ပေါ်လာကာ လီကွမ်ရီက မှော်စွမ်းအင်နဲ့ ပေါင်းစပ်စေပြီး လျှို့ဝှက်အခန်းတစ်ခုကို ဖန်တီးဖို့ ကြိုးစားနေသည်။

ယခု လီကွမ်ရီ ပြုလုပ်နေတဲ့ နည်းစနစ်ကို ဧကရာဇ်ရဲ့ ချိုးဖျက်ခြင်းနည်းစနစ်ဟု ခေါ်ဝေါ်သည်။ ဒါက အင်မော်တယ်ဧကရာဇ်ဖေးယန်ရဲ့ လျှို့ဝှက်နည်းစနစ်တစ်ခုလည်း ဖြစ်သည်။ ဧကရာဇ်ဖေးယန်သည် နေရာအနှံ့ လှည့်လည်သွားလာခဲ့ပြီး လျှို့ဝှက်ကျင့်စဉ် များစွာ ဖန်တီးခဲ့သည်။ ဒါ့အပြင် အောက်မေ့ခြင်းကျေးရွာကိုလည်း ရန်သူတွေလက်ချက်မှ ကာကွယ်ရန် မှော်အစီအရင် များစွာ ပြုလုပ်ထားခဲ့သည်။ အစီအရင်တွေက နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပေမယ့် ယခုအချိန်ထိ အသက်ဝင်နေဆဲပင် ဖြစ်သည်။

လီကွမ်ရီက ကျီးကန်းနက်အဖြစ်နဲ့ ဧကရာဇ်ဖေးယန်အကြောင်း လေ့လာခဲ့ဖူးပြီး ဧကရာဇ်ရဲ့ လျှို့ဝှက်ချက်အချို့ကို သိရှိခဲ့ရသည်။ ထိုအထဲတွင် အောက်မေ့ခြင်းကျေးရွာလည်း ပါဝင်သည်။ သို့သော် ဧကရာဇ်ဖေးယန်ရဲ့ အဆင့်မြင့်လက်နက်တွေ ဘယ်မှာ ဖွက်ထားလဲဆိုတာကိုတော့ မည်သူမှ မသိကြသေးပေ။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now