296 - 300

218 14 0
                                    

စစ်ဧကရာဇ်(Chapter:296)
....................................
(မဟာခန်းမ)
.................
လီကွမ်ရီတို့ ထွက်သွားပြီးနောက်မှာ မိန်းကလေးတစ်ယောက်က ချီရှောင်းတျယ်ကို လျင်မြန်စွာ မေးလိုက်သည်။
" မင်းသမီးချီ၊ အဲ့ကောင်လေးက ဘယ်သူလဲ ၊ ဂိုဏ်းထဲက တပည့်တစ်ယောက်လား "

ထိုမိန်းကလေးရဲ့ မေးခွန်းကြောင့် ချီရှောင်းတျယ်မှာ ရယ်ချင်သွားမိသည်။ တစ်ချိန်ထဲမှာ လီကွမ်ရီနဲ့ သူမတို့ စတွေ့သည့် အချိန်ကို သတိရလိုက်မိသည်။ ထိုအချိန်ကလည်း သူမအနေနဲ့  လီကွမ်ရီကို ယခုမိန်းကလေးတွေအတိုင် အထင်သေးစွာ ဆက်ဆံမိခဲ့ဖူးသည်။ နောက်ပိုင်းမှာမှ လီကွမ်ရီရဲ့ ကြောက်မက်ဖွယ် စွမ်းရည်တွေကို သိရှိပြီး အထင်ကြီး လေးစားလာခဲ့ရခြင်း ဖြစ်သည်။ သို့သော် သူမက အရှေ့မှ မိန်းကလေးတွေကိုတော့ ဘာမှ မပြောလိုက်ပေ။

လီကွမ်ရီမှာမူ ကောင်းကင်ဘုံ တာအိုကျောင်းတော်အတွင်း လှည့်လည် သွားလာပြီး မြေကြောအပြောင်းအလဲတွေကို စတင်လေ့လာနေလိုက်သည်။ အနည်းငယ် လမ်းလျှောက်ပြီးနောက်မှာ သူက ပြောင်းလဲနေတဲ့ မြေကြောအချို့ကို စတင်အာရုံ ခံလိုက်မိသည်။

ထိုစဉ် ဆောင်းဦးလေးက လီကွမ်ရီနောက်မှ လိုက်နေရင်း ရုတ်တရက် ပြောလိုက်သည်။
" ဝိုး...ဒီနေရာက တော်တော် သာယာတာဘဲ၊ ရှုခင်းတွေကို ကြည့်ပြီး ဒီမှာ နေချင်စိတ်တောင် ဖြစ်မိတယ် "

လီကွမ်ရီက ဆောင်းဦးလေးရဲ့ စကားကြောင့် ပြုံးလိုက်မိသည်။ ပြီးနောက် တည်ငြိမ်စွာ ပြန်ပြောသည်။
" ကောင်းကင်ဘုံတာအို ကျောင်းမှာ နေဖို့ စဉ်းစားနေတာလား၊ ဒီနေရာက မင်းအတွက် လုံခြုံမယ်လို့ ထင်လား၊ ဒီမှာ နေရင်တောင် အစပိုင်းဘဲ နေလို့ကောင်းလိမ့်မယ်၊ အချိန်ကြာလာရင် မင်းအတွက် သေချာပေါက် အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်တယ် "

" ဟာ....ငါက ရယ်စရာအဖြစ် ပြောတာပါ၊ သခင်လေးက အတည်ကြီးမှတ်နေပြန်ပြီ "
ဆောင်းဦးလေးမှာ လီကွမ်ရီရဲ့ စကားကြောင့် ရှုံ့မဲ့ပြီး ဆက်ပြောသည်။
" ငါင သခင်လေးသွားတဲ့နောက်ဘဲ လိုက်ချင်တာပါ၊ ကောင်းကင်ဘုံတာအိုကျောင်းမှာ တစ်သက်လုံး နေရလို့ကတော့ ငါရူးသွားနိုင်တယ် "

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now