541 - 545

130 14 0
                                    


စစ်ဧကရာဇ်(Chapter:541)
(အပန်းဖြေလမ်းလျှောက်ခြင်း)

      လီကွမ်ရီကတော့ လှောင်ပြောင်နေသူတွေကို အမှုထားခြင်း မရှိပေ။ သူ့ရဲ့နှလုံးသားက တည်တည်ငြိမ်ငြိမ်ရှိနေပြီး ရေကန်မျက်နှာပြင်ကို စိုက်ကြည့်နေသည်။ လန်ယွင်ကျူးမှာ လီကွမ်ရီရဲ့တည်ငြိမ်နိုင်စွမ်းကို သတိပြုမိပြီး အံ့ဩဘနန်း ဖြစ်နေရသည်။ ဤတွင် လီကွမ်ရီက လန်ယွင်ကျူး အံ့အားသင့်နေတာကို သိရှိဟန်ဖြင့် ပြုံး၍ ပြောသည်။
"သူတို့ကို လစ်လျူရှုလိုက်ပါ၊ သိပ်မကြာခင် ရတနာတွေအသုံးပြုတာက ဘာမှ အရာမရောက်ဘူးဆိုတာ သူတို့သိသွားလိမ့်မယ်"

     ထိုအချိန်မှာပင် အင်းဆက်ဂိုဏ်းမင်းသားနဲ့ အသူရာလုလင်တို့က ခြေလှမ်း၂၅လှမ်းမြှောက်ကို ရောက်ရှိနေကြပြီ ဖြစ်သည်။ အင်းဆက်ဂိုဏ်းမင်းသားမှာ နောက်တစ်လှမ်း ရွှေ့ဖို့ အလွန်အမင်း ခက်ခဲနေဟန်ရပြီး မျက်နှာတစ်ပြင်လုံး နီရဲနေရတော့သည်။ သို့သော် သူက လက်မလျှော့ဘဲ နောက်တစ်လှမ်း လှမ်းလိုက်ပြန်သည်။ ခြေလှမ်း၂၆လှမ်းမြောက်မှာတော့ သူ့ရဲ့ ခန္ဓာကိုယ်ပေါ်သို့ ကြီးမားတဲ့ ဖိအားကြီးတွေ ကျဆင်းလာခဲ့ပြီး အင်းဆက်ဂိုဏ်းမင်းသားမှာ ပြန်လည်မတွန်းလှန်နိုင်တော့ပေ။ နောက်ဆုံးမှာတော့ သူက လက်လျှော့အရှုံးပေးလိုက်ရပြီး ရေကန်ထဲမှ ပြန်လည်ထွက်ခွာလာခဲ့တော့သည်။

     "ခြေလှမ်း၂၆လှမ်းလား၊ ဒါက တကယ့်ကို အံ့ဖွယ်ပဲ"
တစ္ဆေမျိုးနွယ်အများအပြားမှာ အလွန်အမင်း စိတ်လှုပ်ရှားကြရသည်။ သူတို့အားလုံးက အင်းဆက်ဂိုဏ်းမင်းသားအတွက် အလွန်အမင်း ဂုဏ်ယူနေကြတော့သည်။

     အခြားတစ်ဖက်တွင် အသူရာလုလင်က လက်မလျှော့သေးပေ။ အားလုံးရဲ့အကြည့်တွေကလည်း အသူရာလုလင်ထံ ရောက်ရှိနေကြပြီး မည်မျှ ခြေလှမ်းလှမ်းနိုင်မည်ကို သိရှိလိုနေကြသည်။

     လန်ယွင်ကျူးမှာ အသူရာလုလင်ကို ကြည့်ပြီး အံ့အားသင့်ရသည်။သူမက အနည်းငယ် နားမလည်နိုင်ဟန်နဲ့ ရေရွတ်သည်။
"အသူရာလုလင်က အင်းဆက်ဂိုဏ်းမင်းသားထက် ပိုပြီး အားကောင်းတာလား၊ ဒါမှ မဟုတ် သူ့ရဲ့ဧကရာဇ်အဆင့်ရတနာက ပိုပြီးအားကောင်းလို့များလား"

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now