661 - 665

144 18 0
                                    


စစ်ဧကရာဇ်(Chapter:661)
(အကြပ်ကိုင်ခြင်း)
............................
လက်ရှိအချိန်မှာတော့ အပ်ကျသံကြားရလောက်သည်အထိ အားလုံးက တိတ်ဆိတ်နေကြသည်။ ဒါပေမယ့် ကျစ်ယန်ရဲ့ အနောက်မှာ ရပ်နေတဲ့ နတ်ဆိုးဘုရင် ၁၈ယောက်လုံးရဲ့ ရင်ထဲမှာတော့ ဗလောင်ဆူနေပြီး စိုးရိမ်စိတ်တွေ လွန်ကဲနေကြတော့သည်။ လက်ရှိမှာ သူတို့ရင်ဆိုင်နေရတာက စကြာဝဠာအဆင့် ကျင့်ကြံသူနှစ်ယောက်ဖြစ်သည်။ လီကွမ်ရီသာ တစ်ခုခု လွဲမှားတဲ့ အပြုအမူတွေ လုပ်လိုက်ပါက သူတို့အားလုံး သေဆုံးသွားနိုင်သည် မဟုတ်ပါလား....။

လီကွမ်ရီမှာမူ ထိုင်ခုံပေါ် ပျင်းရိလေးတွဲ့စွာ ထိုင်နေဆဲ ဖြစ်သည်။ သူ့ရဲ့ အမူအယာတွေက အားလုံးကို အလေးမထားမှန်း သိသာလွန်းလှသည်။ ဟွမ်ဖုကလန်ဘိုးဘေးမှာ လီကွမ်ရီရဲ့ အပြုအမူကြောင့် မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်မိပြန်သည်။ ပြီးနောက် ဖြည်းဖြည်းချင်း ပြန်ပြောသည်။
" မင်းက ဟောင်အာကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လိုက်တယ်၊ ဒါကြောင့် ဟောင်အာက ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားခဲ့ပြီး ရှားပါးတဲ့ အကောင်းဆုံးဆေးဝါးတွေကို အသုံးပြုပြီး ဒဏ်ရာကို ပြန်ကုပေးခဲ့ရတယ်....ဒီတော့ ငါတို့ကြား စစ်ပွဲ မဖြစ်စေချင်ရင် ဟောင်အာအတွက် အသုံးပြုခဲ့ရတဲ့ ဆေးဝါးတန်ဖိုးကို လျော်ကြေးအဖြစ် ပေးရလိမ့်မယ်....."

" ဝိုး....လျော်ကြေးလိုချင်တာလား....ဟွမ်ဖုကလန်ရဲ့ ဆုံးရှုံးမှုအတွက် ဘယ်လို လျော်ကြေးမျိုစ လိုချင်တာလဲ...."
လီကွမ်ရီက အံ့အားသင့်ဟန်နဲ့ ပုခုံးနှစ်ဖက်ကို အနည်းငယ် တွန့်ကွေးရင်း ပြန်မေးသည်။

နတ်ဆိုးဘုရင် ၁၈ယောက်လုံးမှာ လီကွမ်ရီရဲ့ မေးခွန်းကြောင့် စိတ်သက်သာရာ ရသွားခဲ့သည်။ ဒီမတိုင်မီက သူတို့ရဲ့ စိတ်ထဲမှာ လီကွမ်ရီအနေနဲ့ ဟွမ်ဖုကလန်ကို တိုက်ခိုက်ဖို့ကိုသာ ရွေးချယ်မည်ဟု ထင်ထားခဲ့ကြသည်။ ယခုတော့ သူတို့ထင်ထားသလို မဟုတ်ပဲ လီကွမ်ရီက လျော်ကြေးအကြောင်း ပြောနေပေသည်။ ဒါကြောင့်လည်း သူတို့အားလုံးက လီကွမ်ရီအနေနဲ့ ဟွမ်ဖုကလန်နဲ့ စေ့စပ်ညှိနှိုင်းဖို့ ကြိုးစားနေသည်ဟု ထင်မြင်မိလိုက်ကြခြင်း ဖြစ်သည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now