426 - 430

165 13 0
                                    


စစ်ဧကရာဇ်(Chapter:426)
.....................................
(အမှောင်ပင်လယ်)
.........................
ဖမ်ကျွမ်းက မင်းသားယင်းမိုအကြောင်း ဆက်ပြောဖို့ပြင်သည်။ သို့သော် ချိုးရုန်ဝမ်ရွယ်က မျက်ထောင့်နီကြီးနဲ့ စိုက်ကြည့်လာ၍ ဖမ်ကျွမ်းမှာ ပြောလက်စ စကားကို ရပ်တန့်လိုက်ရတော့သည်။ လီကွမ်ရီကလည်း အခြေအနေကို နားလည်ပြီး ချိုးရုန်ဝမ်ရွယ်ကို ပြုံးစိစိနဲ့ ကြည့်သည်။ သို့သော် ချိုးရုန်ဝမ်ရွယ်က ဘာမှမပြောဘဲ မျက်နှာလွဲသွားလိုက်တော့သည်။

သူတို့အဖွဲ့ စီးလာတဲ့ လှေက တဖြည်းဖြည်းနဲ့ အမှောင်ပင်လယ်ထဲကို ရောက်ရှိလာခဲ့ကြသည်။ အမှောင်ပင်လယ်ဆိုသည့်အတိုင်း နာမည်နှင့် လိုက်ဖက်အောက် မှောက်မိုက်နေပြီး ဝင်ရောက်သူအားလုံးမှာ ကြီးမားတဲ့ တွင်းနက်ကြီးတစ်ခုထဲ ကျသွားသလို ခံစားနေကြရသည်။ ဒါ့အပြင် ရေအရောင်ကလည်း နက်မှောင်နေပြီး မိစ္ဆာဆန်တဲ့ အငွေ့အသက်တွေကို ထုတ်လွန်နေပေသေးသည်။

တကယ်တော့ အမှောင်ပင်လယ်က လွန်စွာ အန္တရာယ်များတဲ့ နေရာတစ်ခု ဖြစ်သည်။ ကောင်းကင်ဘုံအရှင်သခင်တွေနဲ့ စကြာဝဠာအဆင့် ကျင့်ကြံသူတွေပင် ရေထဲပြုတ်ကျပါက အစအနရှာမရအောင်ဖြစ်ပြီး သေဆုံးကြရမည် ဖြစ်သည်။ ယုတ်စွအဆုံး ပင်လယ်ရေက သက်ရှိသတ္တဝါတွေအားလုံးကို ဖျက်ဆီးပစ်နိုင်တဲ့ အရာတစ်ခုဟုဆိုလည်း မမှားချေ။

ကောလဟာလများအရာ အင်မော်တယ်ဧကရာဇ်တွေသာ အမှောင်ပင်လယ်ရေနဲ့ ထိတွေ့နိုင်သည်ဟု ဆိုကြသည်။ သို့သော် ဒါက မှန်မမှန်ဆိုတာကိုတော့ မည်သူမှ မသိရှိကြပေ။

ဖမ်ကျွမ်းတို့ အဖွဲ့မှာ လှေပေါ်တွင် ထိုင်နေရင်း စိတ်လှုပ်ရှားနေကြတော့သည်။ သူတို့တွေအနေနဲ့ အနည်းငယ်မှ လှုပ်လှုပ်ရှားရှား မလုပ်ရဲကြတော့ပေ။ မသကာ မတော်တဆဖြစ်ပြီး ပြုတ်ကျသွားပါက သူတို့အတွက် ရလဒ်က ဆိုးရွားသွားမည် မဟုတ်ပါလား.....။ သူတို့အားလုံးမှာ လူငယ်တွေသာ ဖြစ်၍ ဆိုးဆိုးရွားရွား သေဆုံးရမှာကိုတော့ အလွန်အမင်း ကြောက်ရွံ့ပေသည်။

လီကွမ်ရီကိုယ်တိုင်လည်း အမှောင်ပင်လယ် ကို ကြည့်ရင်း ငေးမောနေမိသည်။ သူက အတန်ကြာ တိတ်ဆိတ်နေပြီးမှ တိုးညှင်းစွာ ရေရွတ်သည်။
" အမြဲတမ်း မှောင်မိုက်နေတဲ့ အမှောင်ပင်လယ် "

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now