၈၁ - ၈၅

315 26 0
                                    

စစ်​ဧကရာဇ်​ (Chapter:81)
..................................
( မော်တယ်ဧကရာဇ် အဆင့်ဘဲလား ၁)
.................................................
" မော်တယ် ဧကရာဇ်က တကယ့်ကို ကြောက်ဖို့ ကောင်းတယ်၊ သူ့ရဲ့ စွမ်းအားအဆင့်က ဘယ်လောက်ကြီးလဲဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်ကြဘူး "
စီရှန်းဟို လက်ထဲမှ အမိန့်တော်ပြားကို ကြည့်ပြီး ကျင့်ကြံသူတစ်ယောက်က စိုမ်းရိမ်စွာနဲ့ ပြောလိုက်သည်။

အမိန့်တော်တွင် ' လွတ်ငြိမ်းခွင့် ' ဆိုတဲ့ စကားလုံးလေးသာ ရေးထွင်းထားသည်။ သို့သော် ထိုစကားလုံးတွင် ထက်မြက်တဲ့ နိုလ်ဘယ်အသိတွေ ပေါင်းစပ်ပါဝင်နေပြီး အရာအားလုံးကို လွမ်းမိုးနိုင်စွမ်းရှိပုံရသည်။ ရှေဟောင်းသန့်ရှင်းနယ်မြေဂိုဏ်းရဲ့ တပည့်အချို့မှာ ထိုအမိန့်တော်ကို ကြည့်ပြီး စိတ်မသက်မသာ ဖြစ်သွားကြတော့သည်။

စီရှန်းဟိုက ယုံကြည်မှု ရှိစွာ ပြုံးပြီး ပြောလိုက်သည်။
" အဖိုးကြီးဂူ၊ မော်တယ်ဧကရာဇ်ရဲ့ အမိန့်တော်က ငါ့လက်ထဲမှာ ရှိတယ်၊ ဒါကြောင့် သူတို့နှစ်ယောက်ကို အခုချက်ချင်း လွတ်ပေးပါ "
စီရှန်းဟိုက အမိန့်တော်ကိုပြပြီး ဒုန်ရှန်လွန်းနဲ့ လန်ချန်းဟို တို့လွတ်မြောက်ခွင့်ရရန် အသဲအသန်ကြိုးစားနေသည်။

ပထမအကြီးအကဲက အမိန့်တော်တွင် ရေးထားသည့် လွတ်ငြိမ်းခွင့် ဆိုတဲ့ စာလုံးကို ကြည့်ပြီး သူ့ရဲ့ ခေါင်းကို ခါရမ်းကာ ပြောလိုက်သည်။
" ဒုန်ရှန်လွန်း နဲ့ လန်ချန်းဟိုတို့က ရှေ့ဟောင်းသန့်ရှင်းနယ်မြေဂိုဏ်းကို ဖျက်ဆီးဖို့ ကြိုးစား ခဲ့ကြတယ်၊ မော်တယ်ဧကရာဇ်ရဲ့ အမိန့်လည်း သူတို့ကို ကယ်နိုင်မှာ မဟုတ်ဘူး၊ သူတို့ကို ကွပ်မျက်ရမှာဘဲ "

ပထမအကြီးအကဲ ရဲ့ စကားကြောင့် စီရှန်းဟိုမှာ မခံမရပ်နိုင်အောင် ဖြစ်သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
" အဖိုးကြီး ဂူ၊ အမှားအယွင်းတွေလုပ်ဖို့ မကြိုးစားပါနဲ့၊ မော်တယ်ဧကရာဇ်ရဲ့ အမိန့်ကို ဖီဆန်တာက ခင်ဗျားတို့ ရှေ့ဟောင်းသန့်ရှင်းနယ်မြေဂိုဏ်းကို တစ်စစီဖြစ်သွားနိုင်တယ်ဆိုတာရော သိလား "

ပထမအကြီးအကဲက သူ့ကို အော်ဟစ်နေတဲ့ စီရှန်းဟိုကို လစ်လျူ ရှုလိုက်ပြီး တပည့်တွေဘက်ကို လှည့်ကာ အမိန့်ပေးလိုက်သည်။
" ကွပ်မျက်လိုက်စမ်း "

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now