၁ - ၅

1.5K 73 2
                                    


Chapter:(1)
(မိစ်ဆာအဘိုးအို)
.....................
     ပဲ ... ပဲ ... ပဲ ...
     သိုး‌တစ်ကောင်၏ ကြောက်လန့်တကြား အော်ဟစ်သံ ထွက်ပေါ်လာသည်။ ထိုအသံက အမြဲတမ်း တိတ်ဆိတ်နေတတ်သည့် တောင်ကြောတစ်လျှောက် ပဲ့တင်ထပ်သွားခဲ့၏။

     တောင်စောင်းထက်၌ သိုးကျောင်းသားလေးတစ်ယောက် ရှိနေသည်။ တစ်ချက်တစ်ချက် တိုက်ခတ်လာသည့် လေအေးတွေက သိုးကျောင်းသားလေး၏ မျက်နှာကို လာရောက်ထိတွေ့နေကြသည်။ သူ၏အမည်က လီကွမ်ရီဖြစ်သည်။ လေပြည်များ တိုက်ခတ်နေသော်လည်း သူသည် မအေးချမ်းနိုင်ပေ။ သူ၏တစ်ကိုယ်လုံး ချွေးစေးများဖြင့် ရွှဲရွှဲစိုနေခဲ့၏။ လီကွမ်ရီသည် ၁၃နှစ်အရွယ် ကောင်လေးတစ်ယောက် ဖြစ်‌၏။ သူက ခွန်အားကုန်သုံးပြီး တောင်ထိပ်သို့ တက်နေခဲ့သည်။ အရွယ်နှင်မမျှတအောင် ရုန်းကန်နေရသည်။ ပင်ပမ်းဆင်းရဲမှုဒဏ်က သူ့ကို အတော်လေး နှိပ်စက်ညဉ်းပမ်းနေသည်ဟု ဆိုရမည်။ ထို့အပြင် အချိန်ကား ညနက်နေပြီတည်း။ ညအမှောင်ရိပ်ကလည်း သူ့အတွက် အနိဌာရုံ မြင်ကွင်းတစ်ခုဟုပြောလျှင် လွန်မည်မထင်။

     တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်က လူအများကို အေးချမ်းစေမည်မှာ အမှန်ပင်။ သို့ရာတွင် လီကွမ်ရီမှာ မအေးချမ်းနိုင်ပေ။ သူ၏စိတ်ထဲ အပူမီးတွေ တဟုန်းဟုန်း တောက်လောင်နေခဲ့၏။ သူ့ကို ဆင်းရဲသည့် မိသားစုတစ်ခု၌ မွေးဖွားခဲ့သည်။ ထို့ကြောင့် အသက်ခုနှစ်နှစ်အရွယ်မှာပင် ဝမ်းစာအတွက် သိုးကျောင်းပြီး ရုန်းကန်နေခဲ့ရ၏။

     သူ၏မျိုးရိုးနာမည်က'လီ'၊ သူ့ကို မွေးပြီး ခုနှစ်ရက်ခုနှစ်လီ မရပ်မနား ငိုကြွေးနေ၍ ကွမ်ရီဟု အမည်ပေးခဲ့ကြ၏။ နာမည်အပြည့်အစုံကား လီကွမ်ရီဖြစ်၏။

     ယနေ့အတွက် လီကွမ်ရီ၏ တာဝန်က ပြီးဆုံးသွားပေပြီ။ ထို့ကြောင့် သိုးတွေကို သိမ်းဖို့ပြင်ဆင်လိုက်၏။ ချက်ချင်းပင် မျက်လုံးတွေပြူးကျယ်ပြီး အထိတ်ထိတ်အပြာပြာ ဖြစ်သွားခဲ့ရသည်။ သိုးအုပ်ထဲမှ သိုးတစ်ကောင် ပျောက်‌ဆုံးနေခဲ့သည်။ တစ်ကိုယ်လုံး တုန်ခါသွားပြီး တောင်တန်းတွေရှိရာသို့ တစ်ဟုန်ထိုးပြေးသည်။ သိုးကို မဖြစ်မနေ ပြန်ရှာရမည်။ သိုးရှိနေမည်ထင်သည့် နေရာတိုင်းကို နှံ့နှံ့စပ်စပ် ရှာဖွေသော်ငြားလည်း သိုး၏ အရိပ်အယောင်မျှပင် မတွေ့ခဲ့ရ။ နောက်ဆုံး၌ လီကွမ်ရီမှာ တဖြည်းဖြည်းနှင့် ခေါင်းမီးတောက်လာရတော့၏။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now