၂၄၆ - ၂၅၀

266 18 0
                                    

စစ်ဧကရာဇ် (Chapter:246)
.....................................
( ပြိုင်ဘက်ကင်းအရှိန်အဝါ )
.....................................
အကြီးအကဲဂူ အပါအဝင် ကျန်တဲ့ ရှေ့ဟောင်းသန့်ရှင်းနယ်မြေဂိုဏ်းရဲ့ အကြီးအကဲတွေမှာ ပြောင်းလဲသွားသည့်အခြေအနေကြောင့် မယုံကြည်နိုင်အောင် ဖြစ်နေမိကြသည်။ စစ်နတ်ဘုရားကျောင်းက သူတို့ကို ဒီလောက်အထိ လာရောက်ကူညီမည်ဟု တွေးထင်မထားခဲ့ပေ။

လီကွမ်ရီမှာမူ ယခုအချိန်အထိ ဘာမှ လှုပ်ရှားခြင်းမရှိသေးဘဲ အခြေအနေကို ငြိမ်သက်စွာသာ စောင့်ကြည့်နေသည်။ ဘာဟိုဂျီယာအိုနဲ့ လီရှောင်းရန်တို့ကလည်း လီကွမ်ရီရဲ့ဘေးမှာ ရပ်နေပြီး ပြောင်းလဲသွားတဲ့ အခြေအနေကြောင့် ဝမ်းသာနေကြသည်။ သို့သော် သူမတို့က လီကွမ်ရီ ငြိမ်သက်နေတာကို ကြည့်ပြီး နားမလည်နိုင်အောင် ဖြစ်နေကြသည်။ လီကွမ်ရ္ ဘာတွေတွေးနေလဲ ဆိုတာကို နှစ်ယောက်လုံးက မခန့်မှန်းနိုင်ကြပေ။

" စစ်နတ်ဘုရားကျောင်းကို ငါလေးစားပြီးသားပါ၊ ဒါပေမယ့် အခုအချိန်မှာတော့ စစ်နတ်ဘုရားကျောင်းက ကိုယ့်အခြေအနေကိုယ် သိသင့်တယ်၊ အလယ်ပိုင်းနယ်မြေကို ခင်ဗျားတို့ ချယ်လှယ်နိုင်ဖို့ အင်အားရှိသေးလို့လား "
ထိုစဉ် ချင်းရွှမ်ရှို့က အကြီးအကဲကျန့်ကို ဂရုမစိုက်သည့်ဟန်နဲ့ ပြောလိုက်သည်။

တကယ်တော့ သူဂရုမစိုက်တာလည်း သိပ်ပြီးတော့ မထူးဆန်းလှပေ။ စစ်နတ်ဘုရားကျောင်းက ယခင်အချိန်တွေကထက် အင်အားနည်းပါးလာပြီး သူ့ဟာသူပင် ရပ်တည်နိုင်ဖို့ အနိုင်နိုင်ကြိုးစားနေရပေသည်။ ဒီတော့ မိုးပြာရောင်ရှေ့ဟောင်းနိုင်ငံအနေနဲ့ စစ်နတ်ဘုရားကျောင်းကို ကြောက်စရာမလိုတော့ဘူးဟု ချင်းရွှမ်ရှို့က တွေးထားပေသည်။

ထိုစဉ် အားလုံးက ကောင်းကင်ယံထက်၌ အေးစက်တဲ့ အငွေ့အသက်တွေကို ခံစားမိလိုက်ပြီး လူနှစ်ယောက်ရပ်နေသည်ကို တွေ့လိုက်ကြရသည်။ တစ်ယောက်က အဖိုးအိုဖြစ်ပြီး နောက်တစ်ယောက်က သက်လတ်ပိုင်းအရွယ် လူတစ်ယောက်ဖြစ်သည်။

များစွာသော ကျင့်ကြံသူတွေက သက်လတ်ပိုင်းအရွယ်လူမှာ နတ်ဆိုးဘုရင်လွန်းရီဖြစ်မှန်း ရိပ်မိလိုက်ကြသည်။ သို့သော် အဖိုးအိုကိုမူ သူတို့က မသိရှိကြပေ။ ဒါပေမယ့် နတ်ဆိုးဘုရင် လွန်းရီတောင် အဖိုးအိုရဲ့ နောက်မှာ ရိုကျိုးစွာ ရပ်နေရတာကို ကြည့်ပြီး ထိုအဖိုးအိုရဲ့ အဆင့်က မည်မျှကြောက်မက်ဖွယ် ကောင်းမည်ကို အားလုံးက ခန့်မှန်းမိလိုက်ကြသည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now