၁၀၆ - ၁၁၀

295 23 0
                                    

စစ်​ဧကရာဇ်​ ( Chapter:106)
....................................
( တာအိုလုလင် ရှန်းထိန် ၂)
...................................
" သူ့ကို မြန်မြန်ရိုက်နှက်ပစ်လိုက် "
ထိုစဉ် လီကွမ်ရီက ပြုံးပြီး ပြောလိုက်သည်။

" ချွင်....ချွင်...."
လီကွမ်ရီရဲ့ စကားဆုံးသည်နှင့် လီရှောင်းရန်က ရုတ်တရက် လှုပ်ရှားလိုက်သည်။ ကြယ်အလင်းရောင်တွေအရှုံးပေးရလောက်အောင် လင်းလက်တဲ့ ဓားတစ်လက် ထွက်ပေါ်လာပြီး ရှန်းထိန်ကို တိုက်ခိုက်လိုက်သည်။ လီရှောင်းရန်ရဲ့ ရုတ်တရက် တိုက်ခိုက်လာမှုကြောင့် ရှန်းထိန်က အံ့အားသင့်သွားမိပြီး ပြောလိုက်သည်။

" မင်းသမီးလီကရော ငါနဲ့ တိုက်ခိုက်ချင်နေတာလား "

ရှန်းထိန်က လီရှောင်းရန်ကို ကြည့်ပြီး လှောင်ပြောင် ပြောဆိုလိုက်ပြန်သည်။
" မင်းသမီးလီက ဘာဟိုဂျီယာအိုကို မနာလိုနေတာလား၊ ခက်တာက မိန်းမလှလေးနှစ်ယောက်ကို ငါက တစ်ပြိုင်နက်ထဲတော့ လက်မထပ်နိုင်ဘူးနော်...ဟား...ဟား...ဟား..."

" ဒီခွေးမသားက သူ့ကိုယ်သူ အထင်ကြီးနေတာဘဲ၊ ရှောင်းရန် သူ့ကို ငါ့ကိုယ်စား သတ်ဖြတ်ပစ်လိုက်စမ်း "
လီကွမ်ရီက ရှန်းထိန်ကိုစိတ်ပျက်စွာ ကြည့်ပြီး လီရှောင်းရန်ကို ပြောလိုက်သည်။

" မင်းသေချင်နေပြီ ထင်တယ် "
ထိုစဉ် ရှန်းထိန်က လီကွမ်ရီကို ဒေါသတကြီး ကြည့်ပြီး တိုက်ခိုက်လိုက်သည်။

" ချွင်....."
သို့သော် လီရှောင်းရန်က လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး လီကွမ်ရီကို တိုက်ခိုက်လာတဲ့ ရှန်းထိန်ကို ကြားဖြတ်တိုက်ခိုက်လိုက်သည်။ လီရှောင်းရန်ထံမှ အေးစက်တဲ့ ဓားစွမ်းအင်တွေရုတ်တရက် ထွက်ပေါ်လာပြီး ရှန်းထိန်ရဲ့ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။

ရှန်းထိန်မှာ သူ့ကို လွှမ်းခြုံသွားတဲ့ ဓားစွမ်းအင်တွေကို ပေါ့ပေါ့ဆဆ မလုပ်ဝံတော့ဘဲ သူ့ရဲ့ အမူအယာတွေက ရုတ်ချည်း လေးနက်သွားသည်။ ချက်ချင်းပင် ရှန်းထိန်ရဲ့ လက်က စက်ဝိုင်းပုံ လှုပ်ရှားသွားပြီး သူ့လက်ထဲမှာ အသက်ရတနာလက်နက်တစ်ခု ရောက်ရှိလာခဲ့သည်။

များစွာသော ကျင့်ကြံသူတွေမှာ တိုက်ပွဲကို ကြည့်ပြီး အံ့အားသင့်နေကြသည်။ လီရှောင်းရန်အနေနဲ့ လီကွမ်ရီရဲ့ အမိန့်ကို ဘာကြောင့် လိုက်နာနေမှန်းကို သူတို့အားလုံးက နားမလည်နိုင်အောင် ဖြစ်နေမိကြသည်။ သူတို့အားလုံးသိထားသည်မှာ လီရှောင်းရန်က ကောင်းကင်ဘုံရဲ့ သမီးပျိုတစ်ယောက်ဖြစ်ပြီး နိုလ်ဘယ်အဆင့်ကို ရောက်ရှိနေပြီ ဖြစ်သည်။ သို့သော် လီကွမ်ရီလို နန်းတော်အရှင်အဆင့်မှ လူတစ်ယောက်ရဲ့ အမိန့်ကို လိုက်နာနေ၍ ကြည့်ရှုနေသူအားလုံးမှာ စိတ်ရှုတ်ထွေးသွားရတော့သည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now