476 - 480

153 11 0
                                    

စစ်ဧကရာဇ်(Chapter:476)
(ချင်ကွမ်းဝမ်)

     အလင်းအကာအရံတစ်ခု ပေါ်လာပြီးနောက်မှာ ချိုးရုန်ဝမ်ရွယ်က သက်ပြင်းချနိုင်တော့သည်။ မဟုတ်လျှင် သူမက impထံမှ ထွက်ပေါ်နေတဲ့ အငွေ့အသက်တွေနဲ့တင် သေဆုံးသွားနိုင်ပေသည်။

     ထိုအချိန်မှာပင် impက များပြားလှတဲ့ မှော်စွမ်းအင်တွေကို ဆက်လက်ထုတ်လွတ်သည်။ သူက ဗိမာန်ရဲ့ တံခါးကို ဖွင့်ဖို့ အစွမ်းကုန် ကြိုးစားနေဟန် ရသည်။ ထိုစဉ် တံခါးဝ၌ သေးငယ်တဲ့ အက်ကွဲကြောင်းတစ်ခု ထင်လာသည်ကို တွေ့ရသည်။ impက တွန့်ဆုတ်မနေဘဲ လျှပ်စီးတန်းလို မြန်ဆန်စွာ ပြေးဝင်သည်။

     "ဘန်း"
သို့သော် ကျယ်လောင်တဲ့ ပေါက်ကွဲသံတစ်သံ ထွက်ပေါလာခဲ့သည်။ တစ်ချိန်ထဲမှာ တံခါးပေါက်မှ ထွက်ပေါ်နေတဲ့ အလင်းတန်းတွေကြောင့် impမှာ ရုပ်ပျက်ဆင်းပျက် လွင့်ထွက်သွားရတော့သည်။ impက စိတ်ပျက်မသွားဘဲ ဆက်ကြိုးစားသည်။ သူက အကြိမ်များစွာ ကြိုးစားနေပေမယ့် အောင်မြင်ခြင်း မရှိသေးပေ။ အနည်းငယ်ကြာပြီးနောက်မှာ သူ့ရဲ့ ခန္ဓာကိုယ့်အနှံ့၌ ဒဏ်ရာဒဏ်ချက်တွေ အများအပြား ဖြစ်ပေါ်လာခဲ့ရတော့သည်။

     နောက်ဆုံးမှာတော့ impမှာ မဟန်နိုင်တော့ဘဲ မြေပြင်ပေါ်ကို အရုပ်ကြိုးပြတ် လဲကျသွားရသည်။ အနည်းငယ် အနားယူပြီး နောက်မှမှာ သူက ပြန်ထနိုင်ပြီး ဒဏ်ရာတွေကို ကုသသည်။ သူ့ရဲ့ မျက်လုံးတွေက မှေးမှိန်နေပြီး လွန်စွာမှ စိတ်ဓာတ်ကျနေဟန်ရသည်။ သူ့အနေနဲ့ ဗိမာန်တံခါးကို ဖွင့်ဖို့လည်း စိတ်ဝင်စားဟန် မရှိတော့ချေ။

     လီကွမ်ရီက impအနားသို့ သွားပြီး ခေါင်းကို ခါရမ်းကာ ပြောသည်။
"မင်းလုပ်နိုင်မှာ မဟုတ်ဘူး၊ ပြီးတော့ ဘယ်သူမှလည်း ဒါကို လုပ်ဖို့ အစွမ်းရှိမှာ မဟုတ်ဘူး"

     impက လီကွမ်ရီကို ပြန်ကြည့်သည်။ ပြီးမှ အလိုမကျစွာနဲ့ ပြောသည်။
"ဒီအတွက် ငါအချိန်အများကြီး ပြင်ဆင်ထားခဲ့ရတာ"

     လီကွမ်ရီက ခေါင်းကို ခါရမ်းရင်း ပြန်ပြောသည်။
"ဒါက လုံးဝအ‌ဓိပ္ပာယ်မရှိဘူး၊ တကယ်လို့များ ဒါက ဖြစ်နိုင်တယ်ဆိုရင် ဘိုးဘေးခြံဝင်းသခင်က ထိုင်စောင့်နေပါ့မလား၊ သူက ဒီကိုချက်ချင်းလာခဲ့တော့မှာပေါ့"

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now