881 - 885

104 13 0
                                    

စစ်ဧကရာဇ်(Chapter:881)
(စစ်ပွဲ)
..........
     ကျားနဂါးသခင်က ရှုပ်ထွေးလာတဲ့ အခြေအနေကို ကြည့်ပြီး ပြုံးလိုက်သည်။
     "ဟား ... ဟား ... ပိုင်အန်းမြို့တော်ကို စစ်မြေပြင်တစ်ခု လုပ်ပစ်တာက မကောင်းဘူး ထင်တယ်နော်"

     "ဟား ... ဟား၊ ဘာပဲဖြစ်ဖြစ်ပါ၊ ငါတို့တွေလည်း ဝင်တိုက်ကြတာပေါ့"ကျန့်ကလန်ခေါင်းဆောင်က ထောင်လွှားစွာနဲ့ ပြောသည်။
     "လူတွေအားလုံး ဒီမှာ စုနေပြီဆိုတော့ ငါတို့ရဲ့ အကြွေးဟောင်းတွေကို ပြန်ဆပ်နိုင်ပြီ"ကျန့်ကလန်ခေါင်းဆောင်က ပြောပြီးတာနဲ့ ထိုက်ယန်ဝမ်နဲ့ နဂါးပင်လယ်ကလန်တို့ကို ကြည့်လိုက်သည်။

     ထိုအချိန်မှာပင် ယဲ့ချင်းချန်ကလည်း စိတ်ဆန္ဒ ပြင်းပြနေဟန်နဲ့ ဝင်ပြောသည်။
     "လူတွေအားလုံး တစ်စုတစ်ဝေးထဲ ရှိနေပြီဆိုတော့ ကိုယ့်ရဲ့နစ်နာမှုတွေကို ဖြေရှင်းတာက ကောင်းပါတယ်၊ ဒါပေမယ့် ပိုင်အန်းမြို့တော်က ရှေ့ဟောင်းမြို့တော်တစ်ခုဆိုတာတော့ သတိပြုသင့်တယ်၊ တိုက်ပွဲကြောင့် ပျက်စီးသွားရင် ငါတို့အားလုံးအတွက် အရှက်ရစရာတစ်ခုပဲလေ"

     ယဲ့ချင်းချန်က အားလုံးကို တစ်ချက် ဝေ့ဝဲကြည့်ရင်း ဆက်ပြောသည်။
     "သေခြင်းတိုက်ပွဲ ဆင်နွဲလိုမှတော့ ရှေ့ဟောင်းစစ်မြေပြင်တစ်ခုကို ဘာလို့ မဝင်ရဲကြရမှာလဲ၊ အဲ့ဒီနေရာကို သွားပြီး တိုက်ခိုက်ကြတာပေါ့"

     အားလုံးမှာ ယဲ့ချင်းချန်ရဲ့ စကားကြောင့် စိတ်ရှုပ်ထွေးသွားကြရသည်။ သို့သော် မည်သူကမှ ဘာမှ မပြောကြပေ။

     "မှန်တယ်၊ တိုက်ပွဲတစ်ခုအတွက် ဘယ်သူ့ကို ကြောက်နေရဦးမှာလဲ"ထိုစဉ် ကျန့်ကလန်ခေါင်းဆောင်က ပြတ်သားစွာ ပြောသည်။ ပြီးနောက် သူ့ရဲ့ကျန့်ကလန်အဖွဲ့သားတွေကို ခေါ်ဆောင်ပြီး ရှေ့ဟောင်းစစ်မြေပြင် ရှိရာသို့ သွားလိုက်သည်။

     "ငါတို့ ကောင်းကင်မြစ်ဂိုဏ်းရဲ့မျိုးဆက်ကို သတ်တဲ့အတွက် မင်းတို့ကို ဘယ်တော့မှ ခွင့်လွတ်မှာ မဟုတ်ဘူး"ထိုက်ယန်ဝမ်ကလည်း အေးစက်စွာ ပြောသည်။ ပြီးနောက် သူ့အဖွဲ့သားတွေကို ခေါ်ဆောင်ပြီး ကျန့်ကလန်ခေါင်းဆောက်နောက် လိုက်ပါသွားခဲ့သည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now