591 - 595

139 13 0
                                    

စစ်ဧကရာဇ်(Chapter:591)
(သတ်ဖြတ်ခြင်း)

     အသူရာဂိုဏ်းဘိုးဘေးနဲ့ အင်းဆက်ဂိုဏ်းဘိုးဘေးတို့မှာ လီကွမ်ရီလက်မှ လွတ်မြောက်အောင် မပြေးနိုင်ကြတော့ပေ။ ဒါ့အပြင် ဒီမတိုင်ခင်မှာ သူတို့ရဲ့သွေးသားစွမ်းအင်အားလုံးကို စုစည်းပြီး လီကွမ်ရီကို တိုက်ခိုက်ထားခဲ့သည်။ ဒါကြောင့် လက်ရှိမှာတော့ လီကွမ်ရီကို ပြန်လည်ခုခံဖို့ပင် မတတ်နိုင်ကြတော့ပေ။

     "ဘန်း"
ရုတ်တရက် ကျယ်လောင်တဲ့ပေါက်ကွဲသံကြီးတစ်ချက် ထွက်ပေါ်လာခဲ့သည်။ ကောင်းကင်ယံမှ ကြယ်တာယာတွေပင် မီးရှူးမီးပန်းများသဖွယ် ပေါက်ကွဲသွားကြသည်။ ပြီးနောက် မဟူရာတောင်ကုန်းခေါင်းလောင်းက ဘိုးဘေးနှစ်ယောက်ထံ အရှိန်အဟုန်ပြင်းစွာ ကျဆင်းသွားခဲ့သည်။ နှစ်ယောက်လုံးမှာ အဝေးကိုလွင့်ထွက်သွားကြရပြီး သွေးအနည်းငယ် အန်ထုတ်လိုက်ကြရတော့သည်။ စစ်မှန်တဲ့ဧကရာဇ်လက်နက်တွေက သူတို့ကို ကာကွယ်ပေးထားကြပေမယ့် လီကွမ်ရီရဲ့ သွေးသားစွမ်းအင်အပြည့်နဲ့ တိုက်ခိုက်မှုကိုတော့ ရာနှုန်းပြည့် မခုခံနိုင်ခဲ့ပေ။ စစ်မှန်တဲ့ ဧကရာဇ်လက်နက်တွေသာ သူတို့ကို မကာကွယ်ထားပေးပါက ချက်ချင်းသေ‌ဆုံးသွားရမည် ဖြစ်သည်။

     လီကွမ်ရီက ဂျင်ဆင်းဘိုးဘေးကို အသုံးပြုပြီး သူ့ရဲ့သွေးသားစွမ်းအင်ကို ပြန်လည်ဖြည့်တင်းသည်။ ပြီးနောက် ဘိုးဘေးနှစ်ယောက်ရဲ့ရတနာ၂ခုကို တစ်ချက်ကြည့်ပြီး ပြုံး၍ ပြောသည်။
"မင်းတို့က သူတို့နှစ်ယောက်ကို ဆက်ပြီးကာကွယ်ပေးနေဦးမယ်ဆိုရင်တော့ ငါ့ကိုအပြစ်မတင်ကြနဲ့တော့၊ ဧကရာဇ်ရဲ့စစ်မှန်တဲ့ ရတနာနဲ့ စိတ်ဝိညဉ်ကို မဖျက်ဆီးရတာ ကြာပြီ၊ အခု ငါလုပ်ရတော့မယ်"

     ဒဏ္ဍာရီလာ မှတ်တမ်းတွေအရ ဧကရာဇ်ရဲ့စစ်မှန်တဲ့ ရတနာတိုင်းမှာ သက်ဆိုင်ရာဧကရာဇ်ရဲ့စိတ်ဝိညဉ်တွေ ပေါင်းစပ်ပါဝင်နေသည်ဟု ဆိုထားသည်။ ထိုလက်နက်တွေက အင်မော်တယ်ဧကရာဇ်ကိုယ်တိုင် သန့်စင်ပြီး ဖန်တီးထားခြင်း ဖြစ်၍လည်း စစ်မှန်တဲ့ ဧကရာဇ်ရတနာဟု ခေါ်ဆိုခြင်း ဖြစ်ပေသည်။ ယင်းက သာမာန်ဧကရာဇ်အဆင့် ရတနာတွေထက် များစွာ တန်ဖိုးကြီးမားပြီး အစွမ်းထက်ကြသည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now